BEE BOX

BEE BOX

Share

News and Media

Photos from BEE BOX's post 22/04/2024

ကလေးမြောက်ပိုင်းမှာ နေအိမ်ပေါင်း ရာချီ ဆက်တိုက် မီးရှို့ခံရ

ဧပြီလ ၂၂ ရက်၊ ၂၀၂၄

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် မြောက်ပိုင်းမှာရှိတဲ့ ကျေးရွာတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့လို့ အိမ်ခြေ ရာချီမီးလောင်သွားပါတယ်။

ကလေးမြို့နယ်မှာ အခုဧပြီလဆန်းပိုင်းကနေ စစ်ကြောင်းထိုးခံရတဲ့ ကျေးရွာတွေက နေအိမ် ၆၀၀ ထက်မနည်း မီးလောင်ပျက်စီးတာလို့ Khangthak Media က ချင်းဘာသာနဲ့ ရေးသားထားပါတယ်။

ဧပြီလ ၁၂ နဲ့ ၁၃ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဖွဲ့က ကလေးမြို့မြောက်ပိုင်း ပျဉ်းခုံကြီးရွာကို မီးရှို့လို့ ဘုရားကျောင်း ၅ ကျောင်းအပါအဝင် လူနေအိမ်ရာချီ မီးလောင်ပျက်စီးခဲ့ပြီး ၂ ဖက်တို၊က်ပွဲတွေကြောင့် တောတောင်ထဲ အိုးအိမ်စွန့်ခွါထွက်ပြေးနေတဲ့ စစ်ဘေးရှောင်သောင်းချီရှိနေတယ်လို့ သိရပါတယ်။
------
ဓာတ်ပုံများ - [Khangthak Media, Kalay Township People's Administration]



#မီးရှို့ #ချင်း #ကလေးမြို့

22/04/2024

စစ်ကောင်စီတပ်သားအဖြစ် စစ်မှုထမ်းရန် လူငယ်များကို ဒုတိယအကြိမ်ထပ်မံမဲနှိုက်ခေါ်ယူနေ

ဧပြီလ ၂၂ ရက် ၊ ၂၀၂၄

စစ်ကောင်စီတပ်သားအဖြစ် စစ်မှုထမ်းဖို့ ပထမအပါတ်စဉ်အတွက် မတ်လ ၂၉ ရက်မှာ လူငယ် ၅၀၀၀ ကျော်ကို ခေါ်ဆောင်သွားပြီးနောက် ဒုတိယအကြိမ်အဖြစ် တပ်သားစုဆောင်းရန် မဲနှိုက်ခြင်း လူရွေးချယ်ခြင်းများပြုလုပ်လျှက်ရှိနေပြီဖြစ်တယ်လို့ သတင်းရရှိပါတယ်။

ယခုလို တပ်သားသစ်ခေါ်တာကို အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း ရှိ အရွယ်ရောက်လူငယ် အမျိုးသားတွေကို နာမည်စာရင်းပြုစုကာ မဲနှိုက်ခေါ်ယူနေတာလည်းဖြစ်ပါတယ်။

"ကျွန်တော်တို့ ရွာမှာ ပြီးခဲ့တဲ့ အခေါက်က ၂ ယောက် မဲနှိုက်ပြီးခေါ်သွားတယ် အခုနောက်တကြိမ် ၃ ယောက်မဲပေါက်သွားပါတယ် နာမည်စာရင်းပါတဲ့ လူငယ်တိုင်းအတွက် မိဘတွေက သွားပြီးမဲနှိုက်ရတာပါ။ ကျွန်တော့သားလေး က တော့ မဲနှိုက်တာမပေါက်လိုက်ဖူး တကယ်လို့ ပေါက်ခဲ့ရင်လည်း သူတို့လက်ထဲကို ဘယ်နည်းနဲ့မှ မထည့်လိုက်နိုင်ဘူး"လို့ ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့နယ်ထဲက ရွာသား မိဘတစ်ဦးကပြောပါတယ်။

အလားတူ တွံ့တေးမြို့နယ်မှာလည်း ဧပြီ လတွင် စစ်မှုထမ်းဖို့အတွက် လူငယ် ၂ ယောက် ဒါမှမဟုတ် ၃ ယောက် ပေးရမည်ဟုပြောဆိုကာ မဲနှိုက်ရွေးချယ်နေပြီဖြစ်ကြောင်း သတင်းရရှိပါတယ်။

"တွံ့တေးမြို့နယ် ပဒံရေကျော်ကျေးရွာအုပ်စု ဥက္ကဌ ဦးဝင်းစိန်က ဧပြီ ၄ ရက်‌နေ့က ရာအိမ်မှူး ဆယ်အိမ်မှူးတွေကိုခေါ်ပြီး ကျေးရွာက အများစုဖြစ်တာကြောင့် စစ်မှုထမ်းဖို့ ၂ ယောက် ၊ မရရင် ၃ ယောက် ပေးရမယ်ပြောပြီး တအိမ်ကို တသောင်းခွဲစီထပ်ကောက်နေပါတယ်။ ရွာက အိမ်ခြေ ၉၀၀ ကျော်လောက်ရှိတယ်" လို့ ရွာသားတစ်ဦးကပြောပါတယ်။

"ပထမတုန်း ပြည်သူ့စစ်ဆိုပြီးခေါ်တယ် လူမရှိရင် အစားထိုးဖို့ ပိုက်ဆံပေးရတယ် တအိမ်ထောင်ကို ၅ သောင်းနဲ့ အထက်တွေပေးရတာ ကြောက်တော့လည်းပေးရတာပေါ့ဗျာ ဟော အခုကျ စစ်မှုထမ်းဆိုပြီး အသက် ၁၈ ကနေ ၃၅ ကြားထဲက လူငယ်တွေကိုထပ်ခေါ်တာ ဒါဒုတိယအကြိမ်ဖြစ်နေပြီဗျ ဒီကောင်တွေကြောင့် ကလေးတွေလည်း ကိုယ့်ရပ်ကိုယ့်ရွာမှာမနေရဲတော့ဘဲ တိမ်းရှောင်နေရတယ် နယ်စပ်တွေမှာလည်း တိုက်ပွဲဖြစ်နေတော့ ပိုဆိုးတာပေါ့ဗျာ"လို့ ပဲခူးတိုင်း ဒိုက်ဦးမြို့နယ်ထဲက ရွာသားတစ်ဦးကပြောဆိုပါတယ်။

အခုလို စစ်ကောင်စီတပ်သားအဖြစ် စစ်မှုထမ်းရန်ဟုဆိုကာ အသက် ၁၈ နှစ်မှ ၃၅ အထိ လူငယ်တွေကို ရက်ကွက် သို့မဟုတ် ကျေးရွာတခုလျင် ၂ ယောက်မှ ၃ယောက်အထိ ခေါ်ယူတာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး အများစုက လိုက်ပါရန် ဆန္ဒမရှိတာကြောင့် မဲနှိုက်ရွေးချယ်ကာ ဖိအားပေးခြိမ်းခြောက် ခေါ်ဆောင်ခဲ့တာဖြစ်ပြီး မဲပေါက်ပြီးထွက်ပြေးတိမ်းရှောင်သွားတဲ့လူငယ်တွေနေရာမှာတော့ အိမ်ထောင်စုအသီးသီးထံမှ ငွေကြေးကောက်ခံကာ အစားထိုးခေါ်ယူခဲ့တာတွေလည်း အများအပြားရှိခဲ့တယ်လို့ မြေပြင်သတင်းတွေအရသိရပါတယ်။


Photo- စစ်ကောင်စီ ထံစစ်မှု့ထမ်းရန် အပတ်စဥ် ၁ တပ်သားစုစောင်းစဥ်။


#စစ်ကောင်စီ #စစ်မှုထမ်း #စာရင်းကောက် #ဖမ်းစီး

20/04/2024

AA ကို ဆန္ဒပြသော စစ်တွေက မွတ်ဆလင်များကို ရဲနှင့် စစ်တပ်က လုံခြုံရေးယူပေး

ဧပြီလ ၂၀ ရက် ၊ ၂၀၂၄

ယနေ့ ဧပြီလ ၂၀ ရက်နေ့ နံနက် ၈ နာရီကနေ ၉ နာရီအထိ ရခိုင်ပြည် စစ်တွေမြို့က မွတ်ဆလင် ၂၀၀ ခန့်မှာ AA အား အလိုမရှိဟု ဆန္ဒပြရာ၌ စစ်ကောင်စီ ရဲနှင့် စစ်တပ်က လုံခြုံရေးအပြည့် ယူပေးကြောင်း မျက်မြင်ဒေသခံများက ပြောသည်။

အာဏာသိမ်း စစ်ကောင်စီ၏ ဖိအားကြောင့် စစ်တွေမြို့က မွတ်ဆလင် ၂၀၀ ခန့်မှာ အာရက္ခတပ်တော် AA အား အလိုမရှိဟု ယနေ့ နံနက်တွင် ဆန္ဒထုတ်ဖော် ပြသခဲ့ကြခြင်းဖြစ်သည်။

မျက်မြင်ဒေသခံ မွတ်ဆလင်တစ်ဦးက " မွတ်ဆလင် ၂၀၀ လောက်ပါမယ်။ ဘုမေရပ်ကွက်ကနေ မီးစက်ကြီး အဝိုင်းကို ပတ်ပြီး အဝေးပြေး ကားဂိတ်ဘက် တပ်ထိန်းဂိတ်ကို လမ်းလျှောက်သွားကြပါတယ်။ AA ကို အလိုမရှိဘူးလို့ တောက်လျှောက် အော်ကြတာပေါ့နော်။ ရဲတပ်ဖွဲ့နှင့် စစ်တပ်က လမ်းတစ်လျှောက် တောက်လျှောက်ကို လုံခြုံရေးအပြည့် ယူပေးထားပါတယ်။ တခြားအရပ်သားတွေကို အနားကို လုံးကပ်ခွင့် မပေးဘူး " ဟု ပြောသည်။

မွတ်ဆလင်များ ဆန္ဒမထုတ်ဖော်မီ အချိန်အတွင်း အဆိုပါ လမ်းတစ်လျှောက်ရှိ လမ်းဘေးဈေးသည်များ၊ ကွမ်းယာဆိုင်များ၊ လူသွားလူလာများကို ပိတ်ပင် ရှင်းလင်းထားကြောင်းလည်း နောက်ထပ် မျက်မြင်ဒေသခံတစ်ဦးက ပြောသည်။

" ဆန္ဒမပြခင် နာရီပိုင်းအလိုကတည်းက ဆန္ဒပြမယ့် လမ်း မီးစက်ကြီးကနေ တပ်ထိန်းဂိတ်အထိကို ဘယ်သူမှ ဖြတ်သန်းသွားလာခွင့် မရဘူး။ ဆိုင်တွေဆိုရင်လည်း ပိတ်ခိုင်းပါတယ်။ လက္ဘရည်ဆိုင်လည်း ဖွင့်ခွင့် မရှိဘူး။ ဆန္ဒပြသူတွေဟာ ဘုမေက ထွက်ပါတယ်။ တပ်ထိန်းဂိတ်ကို သွားပါတယ်။ ပြီးတော့ ပြန်လာပြီး ဘုမေရပ်ကွက်ထဲကို ပြန်ဝင်သွားပါတယ်" ဟု ပြောသည်။

ယခု နေ့လယ် ၁၂ နာရီအထိကို စစ်တွေမြို့ထဲက တပ်ထိန်းဂိတ်ဘက်သို့ အသွားကို ရဲနှင့် စစ်တပ်က ပိတ်ပင်ထားပြီး စစ်တွေမြို့ထဲသို့ အဝင်ကိုမူ ဖွင့်ပေးထားကြောင်း စုံစမ်းသိရသည်။

အာဏာသိမ်း စစ်ကောင်စီသည် ရခိုင်ပြည်အတွင်းမှာ မွတ်ဆလင်များကို လက်နက်အားကိုးဖြင့် ခြိမ်းအကျပ်ကိုင်ပြီး AA ဆန္ဒထုတ်ကြရန် ဖိအားပေး ခိုင်းစေနေသည်။

ဘူးသီးတောင်မြို့တွင် အကြမ်းဖက်အဖွဲ့ ARSA နှင့် ARA တို့ကို စစ်သင်တန်းပေး၊ လက်နက်တပ်ဆင်ပေးနေသလို အတင်းအဓမ္မခေါ်ယူ စုဆောင်းထားသော မွတ်ဆလင်အချို့ကိုလည်း လက်နက်ကိုင်ခွင့်ပေးကာ အကြမ်းဖက်မှုကျူးလွန်ခြင်းကို ထောက်ခံအားပေးနေကြောင်း ဒေသခံများထံမှ သိရသည်။

ARSA, ARA နှင့် အကြမ်းဖက် မွတ်ဆလင်အချို့သည် ဘူးသီးတောင်မြို့တွင် ပြီးခဲ့သည့် ဧပြီလ ၁၂ ရက်နေ့ကစ၍ အရပ်သားနေအိမ်များကို မီးရှို့ဖျက်ဆီးနေသလို အပြစ်မဲ့ မွတ်ဆလင်များအပါအဝင် အရပ်သားပြည်သူများကို ဖမ်းဆီးထားကြောင်းနှင့် ဧပြီလ ၁၇ ရက်နေ့က ဘူးသီးတောင်အခြေစိုက် နိုင်ငံတကာကူအညီရေးအဖွဲ့ နယ်စည်းမခြားဆရာဝန်များ ရုံးကို မီးရှို့ဖျက်ဆီးခဲ့ကြသည်။

Western News-

#ရခိုင် #မွတ်ဆလင် #ဘူးသီးတောင် #ဆန္ဒပြ

ပုံစာ- မတ်လ ၁၉ ရက်နေ့က ဘူးသီးတောင်တွင် မွတ်ဆလင်များ ဆန္ဒပြနေသည်ကို တွေ့ရစဥ်။ ဓါတ်ပုံ- CJ

Want your business to be the top-listed Media Company in Dagon?
Click here to claim your Sponsored Listing.

Website

Address


Dagon