Max Cement
Max Cement
မက်စ်ဘိလပ်မြေ
マックスセメント
Build With Quality
Sales Hotline : 09 770 770 770
23/06/2026
မိုးရာသီတွင် ဘိလပ်မြေ ဖျော်စပ်ခြင်းနှင့် အသုံးပြုခြင်း (Mixing & Application)
မိုးရာသီရဲ့ ရာသီဥတုအခြေအနေက ကွန်ကရစ်နဲ့ အင်္ဂတေ ဖျော်စပ်မှုအပေါ် တိုက်ရိုက်သက်ရောက်မှု ရှိပါတယ်။ 🌧️⛈️
(၁) မိုးရေကြောင့် သဲနဲ့ ကျောက်တွေမှာ ရေဓာတ် ပိုမိုပါဝင်နေတတ်လို့ သဲနှင့် ကျောက်တွေကို စစ်ဆေးသင့်ပါတယ်။ 🔍🔍
(၂) ကွန်ကရစ်ဖျော်တဲ့အခါ သတ်မှတ်ထားတဲ့ ရေ-ဘိလပ်မြေအချိုး ($W/C\ Ratio$) မပျက်စေဖို့ ရေပမာဏကို သတိထား ချိန်ညှိသင့်ပါတယ်။ 💦💦
(၃)ဘိလပ်မြေ ဖျော်စပ်တဲ့နေရာ (Mixing Area) ကို မိုးမစိုစေဖို့ ယာယီအမိုးအကာ ပြုလုပ်ထားရပါမယ်။ ☔️☔️
မိုးရာသီတွင် လုပ်ငန်းလိုအပ်ချက်အရ ကွန်ကရစ်သွန်းလောင်းရာ၌ ကွန်ကရစ်၏အရည်အသွေးပ်ိုမိုကောင်းမွန်စေရန် နှင့် အချိန်ကုန်သက်သာပြီး လုပ်ငန်းလျင်မြန်စွာပြီးမြောက်စေနိုင်ရန်အတွက် Concrete Admixture များအား အင်ဂျင်နီယာ၏ညွှန်ကြားချက်များအတိုင်းထည့်သွင်း၍အသုံးပြုနိုင်ပါသည်
#𝗠𝗮𝘅𝗖𝗲𝗺𝗲𝗻𝘁
#မက်စ်ဘိလပ်မြေ
09/06/2026
ဘိလပ်မြေများကို မိုးရာသီတွင် ဘယ်လို သိမ်းဆည်းသိုလှောင်သင့်ပါသလဲ ?
စိုစွတ်တဲ့ မိုးရာသီမှာ အစိုဓာတ်နဲ့အတူ ဓာတ်ပြုခြင်းတွေကြောင့် ဘိလပ်မြေရဲ့ strength ကို လျော့ကျစေနိုင်ပါတယ်။ မိုးရာသီမှာ ဘိလပ်မြေအိတ်များကို သိမ်းဆည်းသိုလှောင်ပုံကလည်း အရေးကြီးတာကြောင့် Max Cement ၏ မိတ်ဟောင်းမိတ်သစ်များ သိရှိနိုင်စေရန် အတွက် မျှဝေပေးလိုက်ပါတယ်။
ဘိလပ်မြေအိတ်များ သိုလှောင်ရာနေရာ (ဂိုဒေါင်) သည် ခြောက်သွေ့ကာ လေဝင်လေထွက် ကောင်းပြီး အစိုဓာတ်ကို ကာကွယ်နိုင်ပြီး မိုးဒဏ်လေဒဏ်ကို ခံနိုင်ရည်ရှိသော နေရာ ဖြစ်ရပါမယ်။ ဘိလပ်မြေအိတ်တွေကို မြေကြီး (သို့မဟုတ်) တမံသလင်းမှာ တိုက်ရိုက်ချထား ခြင်းမပြုလုပ်ရဘဲ ဘိလပ်မြေအိတ် စုပုံရာနေရာ အောက်ခြေကြမ်းပြင်နဲ့ ဘိလပ်မြေအိတ်များကြား သစ်သားခုံ (သို့မဟုတ်) ကွပ်ပျစ်ခင်းကာ အောက်ခြေနှင့် ၆ လက်မ (သို့) ၈ လက်မ အကွာထားပြီး သိုလှောင်သင့်ပါတယ်။
ဘိလပ်မြေများ ခဲခြင်းကို ကာကွယ်နိုင်ရန်အတွက် အမြင့် ၁ဝ အိတ် (သို့) ၁၅ အိတ်ထက်ပို ထပ်ပြီး သိုလှောင်ခြင်းမျိုး မပြုလုပ်ဘဲ အမြင့်နဲ့ ဟန်ချက်ညီသော အလျား (သို့) ၈အိတ်ထက် မပိုသော အလျားအတွင်းမှာသာ သိုလှောင်သင့်ပြီး အမိုးနှင့် ဘိလပ်မြေအိတ်ကြား အနည်းဆုံး၂ပေခန့် ခွာပြီး သိမ်းဆည်း သိုလှောင်ရပါမယ်။
#𝗠𝗮𝘅𝗖𝗲𝗺𝗲𝗻𝘁
#မက်စ်ဘိလပ်မြေ
#マックスセメント
28/05/2026
အစ္စလာမ်ဘာသာဝင်များရဲ့ နေ့ထူးနေ့မြတ် အီဒွလ်အဿွာဟာ (ဘက္ကရီအီးဒ်) နေ့မှာ ပွဲတော်ရဲ့ အနှစ်သာရဖြစ်တဲ့ စွန့်လွှတ်အနစ်နာခံခြင်း၊ မျှဝေခြင်း၊ သစ္စာစောင့်သိခြင်း တရားတွေနဲ့အတူ ကိုယ်စိတ်နှစ်ပါး အေးချမ်းသာယာကြပါစေ။ အလုပ်အကိုင်များ အဆင်ပြေချောမွေ့ပြီး၊ စိတ်ကူးအကြံအစည်မှန်သမျှ အောင်မြင်ပြီး စီးပွားလာဘ်လာဘများ ဒီရေအလားတိုးတက်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။
30/04/2026
ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့)
ဖွား၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ ဆိုသည့် နေ့ထူးရက်မြတ်များနှင့် ပြည်စုံတိုက်ဆိုင်သည့် ကဆုန်လပြည့်နေ့ အချိန်အခါသမယတွင် ဗုဒ္ဓမြတ်စွာ အမှီသဟဲပြု၍ ပွင့်တော်မူရာ ဗောဓိညောင်ပင်ကို ရေသွန်းလောင်းခြင်း၊ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာဖြင့် ကုသိုလ်တရားများ ကျင်ကြံအားထုတ်နိုင်ကြပါစေကြောင်း Max Cement Co.,Ltd.မှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Alanpya Pagoda Road
Dagon
11191
Opening Hours
| Monday | 08:30 - 16:30 |
| Tuesday | 08:30 - 16:30 |
| Wednesday | 08:30 - 16:30 |
| Thursday | 08:30 - 16:30 |
| Friday | 08:30 - 16:30 |