Marvel.Guitar Training Class
Guitar သင်တန်း
03/06/2025
အတန်းချိန်လေးတွေပြောင်းထားပါတယ်
02/06/2025
ဂီတကို ဘာလို့ သင်ယူလေ့လာကြမှာလဲ…..
ဂီတပညာရေးဟာ အဆင့်အတန်းမြင့်မားတဲ့ ပညာရပ်တစ်ခုပါ။ …..
ဂီတဘာသာမှာ သူ့ကိုယ်ပိုင် အက္ခရာ/ညွှန်းကိန်း/အခေါ်ဝေါ်/ သင်ကေတ/
သီအိုရီ/ နည်းစနစ်/ မတူညီတဲ့ တူရိယာများနဲ့ နည်းပညာများစွာ ပါဝင်ပတ်သက်ပါတယ်။
ဒါနဲ့ဆက်စပ်ပြီး - ဂီတကိုဘာကြောင့်လေ့လာသင်ယူသင့်သလဲ?
ဂီတအကြောင်း နားလည်ပြီးရင် ဘာတွေအကျိုးရှိမလဲ?
ဂီတပညာရပ်ကို သင်ယူနေစဉ်မှာ ဘာတွေဖြစ်နိုင်/ရနိုင်မလဲ?
ပီးရင်ဘယ်နေရာမှာအသုံးချမလဲ? စတာတွေ မေးကြပါလိမ့်မယ်။
ဂီတဆိုတာ နိုင်ငံရဲ့ဂုဏ်သိက္ခာပါ.. နိုင်ငံရဲ့ မျက်နှာစာပါ.. ဂီတ အနုပညာ ဆိုတာအရမ်းကို သိမ်မွေ့နူးညံ့ပြီး သင်ယူ နားလည် ခံစား ဖန်တီးနိုင်ဖို့ဆိုတာ တော်ရုံ စိတ်ဓါတ်ခိုင်မာမှု စိတ်ရှည်သည်းခံနိုင်မှု အာရုံစူးစိုက်မှု ဇွဲလုံ့လရှိမှု နဲ့ တော်ရုံလေ့ကျင့်သားအားကောင်းရုံနဲ့ မရနိုင်ပါဘူး။
ဂီတ Music ဆိုတဲ့ ခေါင်းစဉ်အောက်မှာ သင်ယူရတဲ့ အပိုင်းတွေအများကြီးရှိပါတယ်။ ဂီတဆိုတာကို အချို့လူတော်တော်များများက “သီချင်း”လို့နားလည် ထားကြပါတယ်။ သီချင်းနဲ့ ဂီတမတူပါဘူး။ ဂီတ နဲ့ ဂီတာ ဟာလည်း မတူပြန်ပါဘူး။ ဂီတာ ဆိုတာက ဂီတသံစဉ် (သီချင်း)တွေကို ဖန်တီးရာမှာ ပါဝင်တီးခတ်ရတဲ့ တူရိယာ instrument တစ်ခုမျှသာ ဖြစ်ပါဝယ်။ ကဲ …. ဂီတအကြောင်းပဲဆက်ပြောရအောင်…လူတိုင်းနာလည်လွယ်အောင် သီချင်း တစ်ပုဒ်ကို ဉပမာထားပြောရရင်… သီချင်းတစ်ပုဒ်ဖြစ်လာဖို့အတွက် သံစဉ် / စည်းချက် / စာသား / ညဏ်ပညာ/ အတွေ့အကြုံ/ နည်းပညာနဲ့ အခြားအစိတ်အပိုင်းများစွာနဲ့ဖွဲ့စည်းပုံဖေါ်ရပါတယ်။ ဒါကလည်း ဂီတအကြာင်းကို ထဲထဲဝင်ဝင် သင်ယူလေ့လာဖူးသူမှသိနိုင်ကြပါတယ်။
ဒါ့အပြင် …..သီချင်းတစ်ပုဒ်ကို ဖန်တီးဖို့အတွက် တူရိယာ instrument တစ်ခုခုကို တီးတတ်နေရုံနဲ့ မလုံလောက် သေးပါဘူး။ အခြားတွဲဖက် တူရိယာတွေရဲ့အလုပ်လုပ်ပုံကိုလည်း နားလည်သင့်သလောက် နားလည်ထားဖို့လိုပါတယ်။ သီချင်းတစ်ပုဒ်ကို ဖန်တီးသူတွေဟာ တစ်ဉီးချင်း ကျွမ်းကျင်မှု/ တစ်ဉီးနဲ့တစ်ဉီး နားလည်မှု/ ကူညီဖေးမနိုင်မှု/စာနာငဲ့ညှာနိုင်မှု/အပေးအယူညီမျှမှု စတဲ့ အရာတွေနဲ့ ပြည့်စုံပြီး အတ္တမာန်မာနတွေကင်းကြရပါတယ်။ စုဖွဲ့မှု အားကောင်းမှ သီချင်းကောင်း တစ်ပုဒ် ဖြစ်လာတာပါ။
ဂီတကိုသင်ယူခြင်းဟာ စည်းကမ်းလိုက်နာမှု/ စိတ်ရှည် သည်းခံနိုင်မှု/ စိတ်ပိုင်းဆိုင်ရာ ခိုင်မာမှု ရင့်ကျက်မှုနဲ့ ယုံကြည်မှု / အာရုံစူးစိုက်နိုင်စွမ်းရှိမှု/ ဇွဲလုံ့လ ရှိမှု/ စုဖွဲ့မှု/ ချင်းချင်းစာနာနားလည်တတ်မှု/ အပေးအယူမျှတ ညီညွတ်မှု စတာတွေကို တပါတည်းသင်ယူခြင်းနဲ့အတူတူပါပဲ။ ဒီတော့ ဂီတကိုသင်ယူသူ တစ်ယောက်ရဲ့ပညာရေး လူမှုဆက်ဆံရေး အတွေးအခေါ် စတာတွေ တဆင့်ပြီးတဆင့် မြင့်မားလာ နိုင်ဖို့အတွက် ဂီတက အထောက်အကူတစ်ခုဆိုလည်းမမှားပါဘူး။
အင်္ဂလိပ်စာ သင်္ချာ သိပ္ပံဘာသာ စတာတွေ က တစ်ဉီးတစ်ယောက် တည်း ထူးချွန်ပြောင်မြောက်နေပြီး အတ္တတွေထားလို့ရပါသေးတယ်။ ဂီတ နယ်ပယ်မှတော့ တစ်ဉီးတည်း ချွန်ထွက်နေရုံနဲ့မရပါဘူး။ မတူတာတွေကို ညီအောင်ညှိယူရပြီး အားလုံးနဲ့ လိုက်လျောညီထွေအောင် နေတတ်ဖို့ပါ တစ်ပါတည်း သင်ယူရတာဖြစ်ပါတယ်။ လူ့ပတ်ဝန်းကျင်မှာ အတ္တကင်းပြီး နှလုံးသားလှပ စိတ်ထားနူးညံ့သိမ်မွေ့တဲ့ လူသားတွေများများရှိဖို့အတွက် ဂီတပညာဟာ အကောင်းဆုံး အထောက်အကူကောင်းတစ်ခုပါပဲ။
ဒါကြောင့် ဂီတပညာရပ်ကို သင်ယူလေ့လာသင့်ပါတယ်။ ဘာတွေရနိုင်မလဲ? ဘာတွေအကျိုးရှိမလဲ? ဘယ်နေရာမှာ အသုံးချမလဲ ဆိုတာကိုတော့ ကိုယ်တိုင် ဆက်လက်အတွေးနယ်ချဲ့လို့ရပါတယ်။
Sithu Linnlat .....2.6.2025 (12:20 PM)
Click here to claim your Sponsored Listing.
Contact the business
Telephone
Address
မြိတ်လမ်း
Dawei