Postcards from Burma
ကိုယ့်နိုင်ငံမှာ သိပ်လှတဲ့ နေရာတွေ?
16/09/2020
#အလွမ်းပြေ (၆)
ကိုယ်တိုင်က introverted တစ်ယောက်မို့ထင်တယ်။ ကမ်းခြေသွားဖြစ်ရင်တောင် လူသူမရှိတဲ့ ကမ်းခြေမျိုး ရွေးသွားဖြစ်တယ်။ ဒီပုံမှာဆို ရခိုင်ပြည် ဂွမြို့အကျော်က ကြွေချိုင်နားမှာပါ။ အတိအကျဆို ကြွေချိုင်ကနေ နာရီဝက်လောက်ထပ်လှေစီးရတဲ့ ဘဲကျွန်းပေါ်မှာ။ “ ဘာမှလဲမရှိဘဲ မင်းဘာသွားလုပ်လဲ”. လို့မေးရင် ကျနော် က ပြုံးပြလိုက်မိမှာပဲ။ ဒီဘက်ခေတ်မှာ internet မရှိတဲ့ ပတ်ဝန်းကျင်တခုကို New Luxury တစ်ခုအနေနဲ့ တင်စားသတ်မှတ်နေကြပါတယ်။ ကျနော်လည်း အဲ့အယူအဆကို သဘောကျတယ်။ မှတ်မှတ်ရရ အဲ့ဒိနေ့ သူငယ်ချင်း ၂ ယောက်ရဲ့ Honeymoon လဲဖြစ်ခဲ့တယ်။
14/09/2020
#အလွမ်းပြေ (၅)
သွားဖြစ်ခဲ့ ခရီးထဲမှာ အမှန်ခဲ့ဆုံး ၊ပြန်တွေးတိုင်း ပီတိအဖြစ်ဆုံး နဲ့ လက်ရှိနယ်မြေအခြေအနေအရ နောင်ဘယ်တော့လောက်မှ အေးအေးဆေးဆေးထပ်သွားနိုင်မှန်းမသိတဲ့ ခရီးကို ပြောပါဆို မြောက်ဦးသွားခဲ့တဲ့ခရီးပဲ ဖြစ်ပါတယ်။မှတ်မှတ်ရရ မြောက်ဦးဟာ ခရီးလည်းဝေး သွားသူများများစားစားလည်း မရှိတော့ ကျနော် သွားခါနီး မြောက်ဦးအေကြာင်း ရှာရဖွေရ တိုင်ပတ်ရသေးတယ်။ online မှာ active ဖြစ်နေတဲ့မြောက်ဦးသူ/သား တွေလိုက်ရှာ နယ်မြေ အခြေနေ နဲ့ သွားသင့်တဲ့နေရာတွေမေးမြန်းပြီး လူရောကုန်ရောတင်တဲ့expressနဲ့ ၂၄ နာရီကျော်ကြာကားစီးသွားခဲ့ရတယ်။ ဟိုရောက်ခဲတော့ ပင်ပမ်းသည်မှန်သမျှ တန်လိုက်သည်ဖြစ်ခြင်း။ ဘယ်တော့မှန်းမသိသေးပေမယ့် နောက်တစ်ခေါက်ထပ်ရောက်ချင်ပါသေးတယ်။
(မရောက်ဖူးသူတွေ ဖတ်လို့ရအောင်ပါ)
https://www.facebook.com/postcardsfromburma/posts/1871039532980768
03/09/2020
Dream or Real
02/06/2020
ကိုဗစ်ပြီးလို့ ခရီးတွေ စသွားလို့ ရပြီဆိုရင်ကော မြောက်ဦးဟာ ဘာလဲ??ဘယ်လဲ??
Mrauk U , Ancient Rakhine City
https://www.facebook.com/postcardsfromburma/posts/1871039532980768
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Dawei