Travelling Guide
ထား၀ယ်ဒေသနှင့်မြိတ်ကျွန်းစုရှိခရီ?
07/12/2024
ထားဝယ် သီချင်းများ
09/08/2024
🛑မြန်မာပြည်ရဲ့ Top 10 စာရင်းဝင် #မြိတ်မြို့နယ် အကြောင်း သိကောင်းစရာများ။
အမှတ်စဉ် ၉~မြိတ်မြို့
မြို့နယ်လူဦးရေ = ၂၈၆၆၃၂ ၊
ရပ်ကွက် = ၁၂၊
မြို့နယ်ဧရိယာ = ၃.၁၄၇စတုရန်းမိုင်
ကျေးရွှာပေါင်း ၁၄၃ ရွာ ၊
အိမ်ခြေ ၄၇၄၉၉ ၊
အိမ်ထောင်စု = ၅၉၁၁၆ ၊
ပင်လယ်ရေမျက်နှာပြင်အထက်= ၈၄ ပေခန့် ၊
မြို့နယ်အရှေ့ဘက် တနသ်ာရီရိုးမ၊ အနောက်ဘက် ကျွန်းစုမြို့နယ်၊ တောင်ဘက် တနသ်ာရီမြို့နယ်နှင့် မြှောက်ဘက်တွင် ပုလောမြို့နယ်နှင့် နီးစပ်လျက်ရှိ။
မြိတ်မြို့သည် တောင်ကုန်း တောင်တန်းပေါများပြီး မြေမျက်နှာပြင် ညီညာမှုမရှိပါ။
ထင်ရှားသော မြစ်မှာ သမုတ်မြစ်၊ ကျောက်ဖျာမြစ်၊ တနသ်ာရီမြစ်တို့ဖြစ်သည်။
အမြင့်ဆုံးပူချိန်= ၃၈°C ၊
အနိမ့်ဆုံးအပူချိန်=၂၂°C ၊
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ
သစ်တောကြိုးဝိုင်း=၄ခု၊
ကြိုးဖြင့်ကာကွယ်ရေးသစ်တော = ၁ခု ၊
သဘာဝထိန်းသိမ်းရေး နယ်မြေ = ၁ ခု။
ကိုးကွယ်သည့်ဘာသာ
ဗုဓ္ဓဘာသာ ၂၄၇၉၈၀၊
ခရစ်ယာန် ၉၆၉၁၊
Hinduism ၁၉၈၆၊
Islam ၂၆၃၅။
သာဿနိက အဆောက်အဦးများ
ဘုန်းကြီးကျောင်း ၃၇၉၊
သီလရှင်ကျောင်း ၈၃၊
အခြားဘာသာရေး အဆောက်အဦးများ
ခရယာန်ဘုရားကျောင်း ၁၇ကျောင်း Islam ဗလီ၂၁၊
Hinduism ဘုရားကျောင်း ၆ ကျောင်း။
နေထိုင်သည့် တိုင်းရင်းသား မျိုးနွယ်စု
ကချင် ၁၈၊ ကယား ၁၊ ကရင် ၉၈၂၄၊ ချင်း ၃၉၊ မွန် ၁၃၀၄၊ ဗမာ ၂၆၅၇၉၆၊ ရခိုင် ၁၀၉၃၊ ရှမ်း ၃၈။
နိုင်ငံခြားသား နေထိုင်မှု
တရုတ် ၅၀၂၊ India ၂၀၁၊
ပါကစ္စတန် ၅၃၊
ဘဂျလားဒေ့ရှ် ၄၃၊ အခြား ၈၆
မြို့နယ်တွင်းရှိ
စက်မှုဇုန် = ၁၊ စက်ရုံ =၂၀။
ဓာတ်ဆီ၊ဒီဇယ်အရောင်းဆိုင် = ၇ဆိုင်
လေကြောင်းလမ်း = ၁ (မြိတ်လေဆိပ်)
ရေကြောင်းလမ်း = မြိတ်-ထားဝယ်-ကော့သောင်း-မော်လမြိုင်-ရန်ကုန်။
ကားဂိတ်များ =၈ ဂိတ်။
ကားလမ်း= မြိတ်- ရန်ကုန်- မန်းလေးလမ်း။
ဟိုတယ်= ၁၁၊ မိုတယ် = ၆။
ကမ်းခြေနှင့် အပန်းဖြေနေရာ
Power Point ၊ Smill World ၊ ကန်တော်မဂ်လာ။
သမဝါယမအသင်းပေါင်း= ၆၅။
စျေးကြီးများ =၆၊
ကုန်တိုက်= ၂(Myeik Shopping Center & Gree Jade)
ဘဏ်များ = ၁၃ ၊
သောက်သုံးရေစက်ရုံ = ၅။
မီဒီယာလုပ်ငန်းများ
မြန်မာ့အလင်း၊ ကြေးမုံ၊ ဒို့ကျေးရွှာ။
ပညာရေး၊နည်းပညာကောလိပ်၊ မြိတ်တက္ကသိုလ်၊ကွန်ပျုတာ တက္ကသိုလ်၊ နည်းပညာအထက်တန်းကျောင်း။
အထကကျောင်း =၁၇၊
ထခွဲကျောင်း= ၉
အလကကျောင်း = ၉၊
လခွဲကျောင်း = ၁၅၊
မူလတန်းလွန်ကျောင်း = ၂၀၊
အမကကျောင်း =၇၇
မူလတန်းကြိုကျောင်း = ၇၇ ကျောင်း ။
ဘုန်းတော်ကြီးသင် ပညာရေးကျောင်း = ၆ ကျောင်း။
မြို့နယ် စာကြည့်တိုက် = ၃၆။
ဆေးရုံ = ၇၊ ဆေးပေးခန်း = ၁၀။
ကျေးလက်ကျန်းမာရေး ဌာနခွဲ = ၃၁။
မြို့နယ် ဘောလုံးကွင်း = ၂ ကွင်း။
ဂေါက်ကွင်း = ၁ ကွင်း၊ ရုပ်ရှင်ရုံ = ၃ ရုံ။
သမိုင်းဝင် အဆောက်အဦ
မောရစ်ကောလစ် နေထိုင်ခဲ့သည့် အရေးပိုင်အိမ်ကြီး
မြစိမ်းရောင် ကျေးရွာစီမံကိန်း = ၁၆ရွာ
အိမ်ခြေ =၂၈၅၀၊
အိမ်ထောင်စု = ၂၉၁၅
ခွင့်ပြုကျပ်ငွေ = ၄၈၀၀ သိန်း။
ဤအချက်လက်သည် (၂၀၂၀) ခုနှစ်တွင် မြို့နယ်ဒေသဌာနဆိုင်ရာ အသီးသီးမှ စုစည်းထားသော အချက်အလက်များဖြစ်ပါသည်။
(ဖြည့်စွက်ရေးသားရန်များရှိပါက ဆရာတို့ဆရာမတို့ comment တွင်ရေးသားဖြည့်စွက်ပေးထားကြပါခင်ဗျား ၊ Photo& Note
18/10/2023
ထားဝယ်မြို့နံဘေးက ထူးဆန်းအံ့သြဖွယ်သမိုင်းကြောင်းရှိတဲ့
အရှေ့ပုပ္ပါး(ခေါ်)စပါးတောင်
ထားဝယ်မြို့နယ်အတွင်းတွင်တည်ရှိပါသည်။
စပါးတောင် ပေါ်ကိုတက်မယ်ဆိုရင်တောင်ခြေကနေတောင်ပေါ်တလျောက်ကားလမ်းပေါက်ပါတယ်။(အင်ဂျင်ပါဝါကောင်းတဲ့ကားလေးများသာတက်လို့ရမှာဖြစ်ပြီးတောင်ထိပ်အဆုံး မြစိမ်းရောင်စေတီအထိ မီနစ် ၃၀ လောက်ကားမောင်းရပါတယ်)
စပါးတောင်ပေါ်တက်မယ်ဆိုရင် ထားဝယ်-မြိတ်လမ်းမပေါ်က ထားဝယ်မြို့အထွက်ပေါက်တိုင်းတံတားအလွန်မှာရှိတဲ့ ကျောက်ရပ်ရွာလမ်းခွဲလေးကနေအထဲဘက်ကိုဝင်သွားရပါတယ်။ကတ္တရာလမ်းလေးအတိုင်းဝင်သွားရင်လမ်းဆုံတစ်ခုမှာ တောင်ပွားကျောင်းတိုက်ဆိုတဲ့ဆိုင်းဘုတ်ကိုမြင်ရပါမယ်။တောင်ပေါ်တက်ဖို့လမ်းဆုံမှာ လမ်းညွှန်ဆိုင်းဘုတ်ရေးပေးထားပါတယ်။အဲဒီကနေမြေနီလမ်းလေးအတိုင်းတက်လာခဲ့ရင် ဘုန်းကြီးကျောင်းတစ်ခုကိုရောက်ပါမယ်။အဲဒီကျောင်းတိုက်က နိုင်ငံကျော်ပန်းချီဆရာကြီးအလကာင်္ကျော်စွာ ဦးငွေကိုင်မသေခင်အထိတရားအားထုတ်ပြီးနေခဲ့တဲ့ကျောင်းပါ(ကျောင်းပေါ်မှာဆရာဦးငွေကိုင်ဆွဲခဲ့တဲ့ပန်းချီလက်ရာတွေတွေ့နိုင်ပါတယ်)။ဒီတောင်ကြောပေါ်မှာတွေ့နိုင်တဲ့အရာတွေက ပဋ္ဌမံဘိုးဘိုးအောင်ထွက်ရပ်ပေါက်အောင်အဓိဋ္ဌာန်ဝင်ခဲ့တဲ့နေရာ၊နိုင်ငံကျော်ပန်းချီဆရာကြီးဦးငွေကိုင်ရဲ့အုတ်ဂူ၊အလောင်းမင်းတရားကြီးဦးအောင်ဇေယျ ယိုးဒယား(ထိုင်းနိုင်ငံ)ကိုတိုက်ခိုက်သိမ်းပိုက်ပြီးနောက် အောင်မြေလာနင်းပြီး တီးခဲ့တဲ့အောင်စည်အောင်မောင်းကို ဌာပနာထားတဲ့နေရာနဲ့အောင်မြေ၊ထားဝယ်ရာဇဝင်ထဲက ရှင်ဇော ရှင်ဇံမောင်နှမရဲ့စေတီတွေနဲ့
တောင်စောင့်ဘိုးဘိုးကြီးနဲ့ အခြားထူးခြားအံသြဖွယ်ကောင်းတဲ့ရာဇဝင်တွေရှိနေတဲ့စေတီတွေ အဆောက်အဦးတွေရှိနေတာဖြစ်ပါတယ်။တောင်ပေါ်ကနေ ထားဝယ်မြို့နဲ့ပတ်ဝန်းကျင်ကတောင်တန်းတွေ လယ်ကွင်းတွေကိုရှုမြင်ခံစားနိုင်သလို အေးချမ်းတိတ်ဆိတ်တဲ့ဝန်းကျင်နဲ့တောင်ပေါ်ကလေအေးအေးတွေကိုခံစားနိုင်ပါတယ်။
#ပဋ္ဌမံဘိုးဘိုးအောင်ကျောင်း
အဲဒီကျောင်းတိုက်ကနေစပြီးတောင်ကျောပေါ်ကိုတက်လိုက်တာနဲ့ လမ်းရဲ့ညာဘက်မှာပဋ္ဌမံဘိုးဘိုးအောင်ကျောင်းသို့ဆိုတဲ့လမ်းလေးတွေ့ရပါမယ်။လမ်းထဲကိုကားဝင်လို့အဆင်မပြေပါဘူး။၂ မီနစ်လောက်လမ်းဆင်းလျောက်ပြီးဝင်လိုက်တာ့ကျောင်းဆောင်အသေးလေးတွေအများအပြားတွေ့ရပါလိမ့်မယ်။ဒီနေရာက ဝိဇ္ဇာလမ်းကြောင်းကျင့်စဉ်တွေကိုကျင့်ကြံအားထုတ်ခဲ့တဲ့ ပုဂ္ဂိုလ်တွေတရားအားထုတ်ခဲ့တဲ့နေရာဖြစ်ပါတယ်။လက်ရှိတောင်ပေါ်လမ်းကိုဖောက်လုပ်ပြီးစပါးတောင်ကိုပြန်လည်ဖော်ထုတ်ဖို့လုပ်ဆောင်နေတဲ့သူတွေပြောစကားအရ ဒီစပါးတောင်ကြောဟာ အရှေ့ပုပ္ပါးလို့ခေါ်ပြီး ထွက်ရပ်ပေါက်ပုဂ္ဂိုလ်တိုင်း လာရောက်အဓိဋ္ဌာန်ဝင်ကြတဲ့နေရာလို့သိရပါတယ်။ထွက်ရပ်ပေါက်ပုဂ္ဂိုလ်တွေဖြစ်တဲ့ ပဋ္ဌမံဘိုးဘိုးအောင် ၊ဘိုးမင်းခေါင် စတဲ့ပုဂ္ဂိုလ်ကြီးတွေဟာ ဒီတောင်ပေါ်မှာ အဓိဋ္ဌာန်ဝင်ပြီးမှ မြန်မာပြည်အလယ်ပိုင်းမှာရှိတဲ့ ပုပ္ပါးတောင် (အနောက်ပုပ္ပါးတောင်)မှာ အဓိဋ္ဌာန်ဝင်ပြီးထွက်ရပ်ပေါက်ကြတယ်လို့ဆိုပါတယ်။ထွက်ရပ်ပေါက်ဖို့ကျင့်ကြံနေတဲ့သူပုဂ္ဂိုလ်တိုင်း အဓိဌာန်မဖြစ်မနေလာဝင်ရတဲ့နေရာလည်းဖြစ်ပါတယ်။ဒါကြောင့်စပါးတောင်ဟာ ထွက်ရပ်ပေါက်ဖို့ကြိုးစားနေတဲ့ပုဂ္ဂိုလ်တွေရဲ့အဓိဋ္ဌာန်ဝင်ရာနေရာတစ်ခုဖြစ်တဲ့အပြင် အရှေ့ပုပ္ပါးတောင်လည်းဖြစ်ပြီး မြန်မာပြည်အလယ်ပိုင်းကနံမည်ကျော်ပုပ္ပါးတောင် (အနောက်ပုပ္ပါးတောင်)နဲ့ ဆက်နွယ်တဲ့တစ်ခုတည်းသောတောင်လည်းဖြစ်ပါတယ်။
#စပါးတောင်ရဲ့ထူးခြားချက်
ဒီတောင်ပေါ်ကိုအရင်ကဘယ်သူမှတက်လို့မရပါဘူး။ညအိပ်ညနေ နေလို့မရတဲ့အပြင်တစ်ခုခုအမှားလုပ်မိရင်ထူးထူးခြားခြားနိမိတ်ပြတတ်ပြီး ခွေးနက်ကြီးတွေ ကျားနက်ကြီးတွေကိုမြင်ရတတ်တယ်လို့သိရပါတယ်။အဲလိုကြုံပြီးတောင်ပေါ်ကနေဆင်းပြေးရတဲ့သူတွေလည်းရှိခဲ့ဖူးတယ်လို့သိရပါတယ်။တောင်ကြောတစ်ခုလုံးမှာကန့်သတ်ချက်တွေလည်းအများကြီးရှိပါတယ်။အဓိကအားဖြင့်တော့သက်သက်လွတ်နယ်မြေတစ်ခုဖြစ်ပြီးအသားငါးတွေယူဆောင်လာခြင်းမပြုရပါဘူး။ တောင်ပေါ်မှာ လင်မယား ၂ယောက်ညအိပ်အတူနေလို့မရပါဘူး။စကားပြောဆိုမှုကိုအထူးဂရုစိုက်ရမှာဖြစ်တဲ့အပြင် မဖွယ်မရာတွေလုပ်လို့မရပါဘူး။တောင်ရဲ့အရှေ့ဘက်မှာအိမ်သာဆောက်လို့မရပါဘူး။တောင်ပေါ်ကိုတက်ပြီးချက်ချင်းပြန်ဆင်းရင်ဘာမှမထူးခြားပေမယ့် တောင်ပေါ်မှာ ၂ နာရီလောက်နေရင်တစ်ခုခုထူးခြားချက်တွေဖြစ်တယ်လို့သိရပါတယ်(ကျနော်တို့ကိုယ်တိုင်လည်းကြုံခဲ့ရပါတယ်)။တစ်ခုခုအမှားလုပ်မိရင် သတိပေးတတ်ပြီး အိပ်မက်ပေးတတ်တယ်လို့စပါးတောင်ကိုပြန်လည်ဖော်ထုတ်နေသူတွေက ဆိုပါတယ်။တောင်ပေါ်မှာ တရားအားထုတ်လို့ရတဲ့နေရာနဲ့မရတဲ့နေရာလည်းရှိသေးတယ်လို့သိရပါတယ်။တောင်ကြောတစ်ခုတည်းမှာ ၃ နေရာလောက်စည်းခြားထားသလို သီးခြားသတ်မှတ်ချက်တွေရှိနေတယ်လို့ဆိုပါတယ်။ထွက်ရပ်ပေါက်ပုဂ္ဂိုလ်တွေအဓိဋ္ဌာန်ဝင်ခဲ့တဲ့ဂူတွေရှိနေသလို အခြားထူးဆန်းတဲ့အဖြစ်အပျက်တွေ သမိုင်းကြောင်းတွေလည်းအများကြီးရှိနေပါသေးတယ်(နောက်မှအသေးစိတ်လေ့လာပြီးထပ်ရေးပါအုံးမယ်)...
#အလောင်းမင်းတရားဦးအောင်ဇေယျအောင်မြေနှင့်အောင်မောင်းရှင်စေတီ
အလောင်းမင်းတရားကြီးဦးအောင်ဇေယျက(ခန့်မှန်းမြန်မာသက္ကရာဇ် ၁၁၂၂ခုနှစ်ခန့်)ယိုးဒယားကိုသိမ်းယူခဲ့ပြီးအပြန်မှာ စပါးတောင်ကြောပေါ်က ဆင်ခေါင်းတောင်ဆိုတဲ့နေရာကိုရောက်လာခဲ့ပြီး အောင်မြေနင်းပြီးတော့ အောင်စည်အောင်မောင်းတီးခဲ့ပါတယ်(ဦးအောင်ဇေယျတီးခဲ့တဲ့အောင်စည်အောင်မောင်းကိုဌာပနာပြီး အောင်မြေနဲ့အတူ အောင်မောင်းရှင်စေတီတည်ထားပါတယ်)။ဒါကိုလူတော်တော်များများဘယ်သူမှမသိကြသေးပါဘူး။အောင်မောင်းရှင်စေတီက ပန်းချီဆရာဦးငွေကိုင်ရဲ့အုတ်ဂူအနီး ဆင်ခေါင်းတောင်တောရကျောင်း(တောင်တက်လမ်းပေါ်ကကြည့်ရင် ၂ ထပ်တိုက်ကျောင်းမြင်ရပါမယ်)မှာရှိပါတယ်။တောရကျောင်းကနေစောင်းတန်းအတိုင်းတက်သွားရင်အောင်မောင်းရှင်စေတီကိုရောက်ပါတယ်။စေတီရဲ့ဝန်းကျင်ကတိတ်ဆိတ်ငြိမ်သက်နေပြီးအရမ်းအေးချမ်းပါတယ်။
#ရှင်ဇော_ရှင်စံမမောင်နှမရဲ့နောင်တော်စေတီနဲ့ မြစိမ်းရောင်စေတီ
တောင်ကြောအတိုင်းကားနဲ့မီနစ် ၂၀ကျော်လောက်တက်လာရင် ရှင်ဇံမင်းတည်ထားတဲ့နောင်တော်စေတီကိုတွေ့ရပါမယ်။ရှင်ဇောနဲ့ရှင်ဇံဆိုတာက ထားဝယ်မြစ်အနောက်ဘက်ကမ်းမှာရှိတဲ့ သာဂရမြို့ဟောင်း(ယခုအချိန်မှာတော့မြို့ဟောင်းရွာအဖြစ်တည်ထားပြီး ရှေးဟောင်းသုတေသနဦးစီးဌာနကနေ တူးဖော်မှုတွေပြုလုပ်ထားပါတယ်)က ရှင်ကိုးရှင်သမိုင်းဝင် ရှင်ဇလွန်စေတီရဲ့သမိုင်းအဆက်ဖြစ်ပါတယ်။မောင်မယ်ရှောင်ရွာအနီးက မှီအုံးတောင်ပေါ်မှာနေထိုင်တဲ့ ရသေ့ကြီးဟာ တစ်နေ့မှာစမ်းချောင်းအတွင်းကျင်ငယ်ရေစွန့်ရာမှ ကျင်ငယ်ရေကိုငါးခုံးမကသောက်မိပြီး ပဋိသန္ဓေတည်ကာ ရှင်ဇောနဲ့ရှင်ဇံဆိုတဲ့ကလေး၂ ယောက်ကိုမွေးခဲ့ပါတယ်။ငါးခုံးမကတော့ကလေးတွေမွေးပြီးရင်ကွဲသေခဲ့ရတယ်လို့ သမိုင်းရာဇဝင်တွေအရကြားသိရပါတယ်။ရှင်ဇောနဲ့ရှင်ဇံမောင်နှမကိုရသေ့ကြီးကတွေ့လို့မွေးခဲ့ပါတယ်(အခုသာဂရမြို့ဟောင်းမှာတည်ထားတဲ့ရှင်ဇလွန်နဲ့ မြစ်ဖက်ကမ်း မောင်မယ်ရှောင်ရွာ မှာတည်ထားတဲ့ ရှင်ဓါတ်ဝဲက ရှင်ဇော ရှင်ဇံမောင်နှမတည်ထားတဲ့ဘုရားတွေဖြစ်ပါတယ်။ထားဝယ်ရာဇာဝင်သမိုင်းနဲ့ရှင်ကိုးရှင်သမိုင်းတွေထဲမှာရေးသားချက်အပြည့်အစုံပါဝင်ပါတယ်။နောက်မှဆက်လက်ရေးသားပါ့မယ်)။စပါးတောင်ပေါ်မှာတည်ထားတဲ့ နောင်တော်စေတီဟာ ရှင်ဇံမင်းတည်ထားတာဖြစ်ပြီး မြစိမ်းရောင်စေတီကနှမတော်ဖြစ်တဲ့ရှင်ဇောကတည်ထားတာဖြစ်ပါတယ်။ဒီစေတီတော် ၂ ဆူရှိတဲ့တောင်ကုန်းအကြားမှာ အလယ်စေတီနဲ့စကြ္ကာရှင်စေတီဆိုတာလည်းရှိပါတယ်။နောင်တော်စေတီနဲ့နှမတော်စေတီအကြားနေရာက လုံးဝအမှားမခံပါဘူး။နတ်ကြီးတယ်လို့သိရပါတယ်။ရှင်ဇောနဲ့ရှင်ဇံမောင်နှမက အမြဲတမ်းပြိုင်ခဲ့ကြလို့စေတီတည်ထားတဲ့တောင်ကုန်းတွေကလည်းနောင်တော်စေတီဘက်ကကြည့်ရင် နှမတော်စေတီကနိမ့်နေသလိုထင်ရပြီး နှမတော်စေတီဘက်ကကြည့်ရင်နောင်တော်စေတီက နိမ့်နေသလိုထင်ရပါတယ်။ရှင်ကိုးရှင်သမိုင်းထဲကြောင်းထဲကရာဇာဝင်တွေလည်းဒီတောင်ပေါ်မှာရောယှက်နေတာဖြစ်ပါတယ်။
#နိုင်ငံကျော်ပန်းချီဆရာကြီးအလကာင်္ကျော်စွာဦးငွေကိုင်အုတ်ဂူ
တောင်ကြောပေါ် အောင်မောင်းရှင်စေတီနဲ့ ပဋ္ဌမံဘိုးဘိုးအောင်ကျောင်း တို့ရဲ့အလယ်မှာ ပန်းချီဆရာကြီးဦးငွေကိုင်ရဲ့အုတ်ဂူရှိပါတယ်။ဆရာကြီးကိုပန်းချီဆရာကြီးအဖြစ်နဲ့သာသိခဲ့ကြပေမယ့်တကယ်တမ်းမှာတော့ ပန်းချီပညာရပ်အပြင် ထွက်ရပ်ပေါက်ဝိဇ္ဇာ စမ ကျင့်စဉ်ကိုကျင့်ကြံခဲ့တယ်လို့ဆရာကြီးမသေခင်အထိနောက်ဆုံးနေထိုင်ခဲ့တဲ့ဘုန်းကြီးကျောင်းကဆရာတော်ကမိန့်ပါတယ်။ဆရာကြီးဦးငွေကိုင်အပြင် ဆရာကြီးရဲ့မျိုးဆက်ဘိုးဘေးတွေလက်ထက်ကတည်းက ဒီကျင့်စဉ်တွေကိုလေ့လာလိုက်စားခဲ့ကြတယ်လို့သိရပါတယ်။ဆရာကြီးရဲ့အုတ်ဂူနဲ့အတူအခြားသူ ၂ ဦးရဲ့အုတ်ဂူကိုလည်းတွေ့ရပါတယ်။
နောက်ဆုံးအနေနဲ့ပြောပြချင်တာက စပါးတောင်(ခေါ်)အရှေ့ပုပ္ပါးဟာ ထူးမြတ်တဲ့တောင်တစ်ခုဖြစ်ပြီး သမိုင်းကြောင်းရှိတဲ့နေရာတစ်ခုဖြစ်ပါတယ်။ကျနော်ရေးသားတဲ့အထဲမှာအချို့ သမိုင်းအကြောင်းအရာတွေကျန်ခဲ့တာ အနည်းငယ်မှားယွင်းနေတာရှိနိုင်ပါတယ်။ဒါကိုလည်းစာဖတ်သူတွေကိုကြိုတင်တောင်းပန်ပါရစေ။အခုရေးသားတာကအမြည်းအနေနဲ့ရေးသားခဲ့ခြင်းဖြစ်ပါတယ်။မကြာခင်သမိုင်းကြောင်းအချက်အလက်တွေနဲ့ပြည့်ပြည့်စုံစုံ
တင်ပြပေးဖို့ရှိပါတယ်။ဒါပေမယ့်တောင်ပေါ်မှာရှိနေတဲ့အဖြစ်အပျက်တွေအကြောင်းအရာတွေက အမှန်တကယ်တည်ရှိနေတာဖြစ်ပါတယ်။စပါးတောင်နဲ့ပတ်သက်ပြီးထပ်မံလေ့လာစရာတွေလည်းရှိနေပါသေးတယ်။လက်ရှိအခြေအနေမှာစပါးတောင်ပေါ်ကစေတီတွေ အဆောက်အဦးတွေကိုပြန်လည်ပြုပြင်နေဆဲပဲဖြစ်ပါတယ်။လာရောက်လည်ပတ်လေ့လာနိုင်ဖို့အသင့်မဖြစ်သေးပါဘူး။မကြာခင်မှာတော့ စိတ်ပါဝင်စားသူတွေ ဘုရားဖူးဧည့်သည်တွေလာရောက်နိုင်အောင်လုပ်ဆောင်သွားဖို့ရှိနေတယ်လို့သိရပါတယ်။များမကြာခင်ကာလမှာ စပါးတောင်(ခေါ်)အရှေ့ပုပ္ပါးတောင်ဟာမြန်မာပြည်သူတွေ့စိတ်ဝင်တစားလာရောက်ကြမယ့်အထင်ကရနေရာတစ်ခုဖြစ်လာဖို့လည်းရှိနေတာဖြစ်ပါတယ်။
#မူရင်းရေးသားသူဖြိုးဇင်ထံမှထပ်မံကူးယူဖော်ပြထားပါသည်။
09/10/2023
ပုလောမြို့
""""""'"'"''
ပုလောမြို့ သည် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၏ မြောက်ဘက်အစွန်ဆုံးကျသော ပုလောမြို့နယ်၏ မြို့ပိုင်ရုံးစိုက်မြို့ ဖြစ်သည်။ ထားဝယ်ခရိုင် နယ်နိမိတ်နှင့် ပုလောမြို့နယ်သည် စပ်လျက်ရှိသည်။ ပုလောမြို့နယ်သည် မူလက တိုက်နယ်ကလေးမျှသာ ဖြစ်သော်လည်း သတ္တုလုပ်ငန်းဖွံ့ဖြိုးလာသည်နှင့်အမျှ စီးပွားရေးဖွံ့ဖြိုးလာ၍ မြို့နယ်အဖြစ် ရောက်ရှိလာသည်။ ပုလောမြို့နယ်၏ အကျယ်အဝန်းမှာ ၁၁၅၁ စတုရန်းမိုင် ရှိ၍၊ ပုလောမြစ်၏ တောင်ဘက်ရှိ ပင်လယ်ကမ်းခြေ မြို့နယ်ကလေး ဖြစ်သည်။ သစ်တောနှင့် တောင်များ ထူထပ်သော မြို့နယ် ဖြစ်သည်။ ကိုလိုနီခေတ်ဦးကာလ ၁၈၄၀ ပြည့်နှစ် ဝန်းကျင်က ပုလောရွာကြီးတွင် လူဦးရေ ၂၀၀၀ ခန့် နေထိုင်သည်။ ၁၈၆၅ တွင် မော်လမြိုင်မှ နှစ်ပတ် တကြိမ် ခုတ်မောင်းသော မီးသင်္ဘော ဆိုက်ကပ်ရာ ဆိပ်ကမ်း ဖြစ်သည်။ သူကြီးနယ်ပေါင်း (၃၀) ခန့်ပါဝင်၍ မြို့ပေါ်ရှိ လူဦးရေမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ၁၈,၉၃၆ ယောက် ရှိသည်။
ပုလောသည် ပသျှူး(မလေး)စကား ဖြစ်ပြီး၊ ကျွန်းဟု အဓိပ္ပာယ် ရသည်။ ရှေးက ပသျှူးလူမျိုးများ နေထိုင်ရာ အရပ် ဖြစ်ပြီး၊ အနီးဝန်းကျင် ကျွန်းများကိုလည်း ပုလောဂျန်ဂစ်၊ ပုလောတွန်တွန်(ပလုံးတုံးတုံး)၊ ပုလောရေမီးယ၊ ပုလောဘာလီစသည်ဖြင့် အမည် ပေးထားသည်။ ဒဏ္ဍာရီအရ ဘီလူးကျွန်းတွင် နေထိုင်ကြသည့် ဘီလူးများသည် နောင် ပုလောသို့ ပြောင်းရွှေ့လာကာ နန်းတောင်ရွာ၌ ထီးနန်းစိုက်ထူကြသည်။
ပုဂံခေတ်နှောင်းကာလတွင် ယိုးဒယားမင်းက တနင်္သာရီမြို့ကို တည်စဉ် မြို့ရံအဖြစ် ပါဝင်သည်။ ယိုးဒယားမြို့ဝန်များ အုပ်ချုပ်ရာ မြို့တမြို့ ဖြစ်သည်။ တောင်ငူခေတ်နှင့် ကုန်းဘောင်ခေတ်တို့တွင် မြန်မာမင်းပိုင်နက် ဖြစ်သော်လည်း စစ်မှုရေးရာအရ ဖြတ်သန်းသွားသော မြို့တမြို့သာ ဖြစ်သည်။
ပုလောမြို့သည် ထားဝယ်မြို့မှ မြိတ်မြို့သို့သွားသော ကားလမ်းပေါ်တွင် တည်ရှိသည်၊ ထားဝယ်မြို့မှ ၉၈ မိုင်ဝေး၍ မြိတ်မြို့မှ ၅၅ မိုင်ဝေးသည်။ ပုလောမြို့သည် ပင်လယ်ကမ်းခြေတွင် တည်ရှိသဖြင့် မော်လမြိုင်၊ မြိတ်မြို့ စသည်တို့မှ သင်္ဘောများ ဝင်ထွက်သွားလာသောကြောင့် ကုန်ကူးသန်းရောင်းဝယ်ရေးအတွက် ကောင်းမွန်သည်။ ကြေးနန်းဆက်သွယ်ရေးစခန်းတခုကို ၁၈၉၈ ခုနှစ်တွင် တည်ဆောက်သည်။
သတ္တုထွက်ရာဒေသ ဖြစ်သဖြင့် သတ္တုလုပ်ငန်းနှင့် ပင်လယ်ကမ်းခြေနှင့် နီးသဖြင့် ဆားချက်ခြင်း၊ ငါးဖမ်းခြင်း လုပ်ငန်းများအပြင် ငပိ၊ ငါးခြောက်လုပ်ငန်းများ ရော်ဘာ ကွမ်းစသော စိုက်ပျိုးရေးလုပ်ငန်းများထွန်းကားသည်။ မြတ်စွာဘုရား၏ ခြေတော်ရာရှိသဖြင့် ကျော်ကြားသော ကမ္ဘာလှစက်တော်ရာတောင်သည် ပုလောမြို့တောင်ဘက် ၁၈ မိုင်အကွာတွင် တည်ရှိသည်။
ကိုးကား
၁။ (မေ ၂၀၁၅) သန်းခေါင်စာရင်း အစီရင်ခံစာ, ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ အတွဲ-၂. နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန, ၅၄။
၂။ တင်နိုင်တိုး (ဒီဇင်ဘာလ၊ ၂၀၁၃). မြန်မာပြည်တစ်ခွင် လမ်းညွှန်. မဇ္ဈိမစာပေ, ၃၇၇။
၃။ မြန်မာ့စွယ်စုံကျမ်း အတွဲ (၆)၊ စာမျက်နှာ (၃၄၇)
တနင်္သာရီဒေသထွက် ကန်းဇော်စေ့နှင့်ဆေးစွမ်းထက် ကန်းဇော်ဆီ
တနင်္သာရီ ကမ်းရိုးတန်းဒေသရှိ တနင်္သာရီရိုးမ တောင်စဉ်တောင်တန်း တို့နှင့် ယှဉ်တွဲဖြစ်ပေါ် နေတဲ့ မြေနိမ့်ချိုမ့်ဝှမ်း များ၌ ပေါက်ရောက်ပြီး သဘာ၀ ပေါက်ပင်များ အနက် ကန်းဇော်ပင် ဟုခေါ်သော အပင်မှ အသီး၊ ထိုအသီးမှ ထုတ်လုပ်ရရှိသည့် ကန်းဇော်ဆီ အကြောင်းအရာ တို့ကို လေ့လာ ဖော်ပြလို ပါသည်။
ပေါက်ရောက်ရာဒေသ
ကန်းဇော်ပင် သည် မြိတ်ခရိုင်အတွင်းရှိ မြိတ်မြို့နယ်၊ ကျွန်းစုမြို့နယ်၊ တနင်္သာရီမြို့နယ်၊ ပုလောမြို့နယ် များ၌ မြေနိမ့်ချိုမ့်ဝှမ်း၊ ရွှံ့နွံပေါ၍ ရေရရှိသော ဒေသများတွင် အများအားဖြင့် ပေါက်ရောက်ပါသည်။ အပင်အရွယ် အစားမှာ အပင်ကြီး မျိုးစုဖြစ်ပြီး အမြင့်ပေ ၁၀၀ ကျော်အထိ ရှိသည်။ ရုက္ခဗေဒအမည်မှာ Bacourea Sapida ဟု ခေါ်ပါသည်။ အရွက်၏ အလျားမှာ ရှစ်လက်မခန့်ရှိ၍ အနံ နှစ်လက်မခန့် ရှိပြီး ငှက်မွှေးပုံသဏ္ဍန် ဖြစ်ပါသည်။ ဆောင်းနှောင်း တပို့တွဲနှင့် နွေဦးပေါက် တစ်ပေါင်းလတို့တွင် ဒူးရင်း၊ မင်းဂွတ်တို့ ပွင့်ချိန်နှင့်အတူ ပွင့်သီးကြ ပါသည်။ အသီးသီးချိန်မှ ရင့်မှည့်ချိန် အထိ အစိမ်းရောင် အတိုင်းသာ ရှိပြီး ကဆုန်၊ နယုန်လများတွင် ကြွေကျ၍ ကောက်ယူရရှိ နိုင်ပါသည်။
ကန်းဇော်စေ့ ပုံသဏ္ဍာန်
ကန်းဇော်အစေ့၏ ပုံသဏ္ဍာန်မှာ ခရုဖတ်ပုံရှိပြီး ခရေစေ့နှင့်လည်း အပေါ်ယံအားဖြင့် ဆင်တူပါသည်။ အစေ့မှာ ပြောင်ချော၍ နီညိုရောင်၊ ကြက်သွေးရောင် ရှိပါသည်။ ကန်းဇော် စေ့များကို ရှာဖွေကောက်ယူ၍ သုံးရက်ခန့် နေပူ လှမ်းပြီး အစေ့ခွံ ကြွပ်လာသည့်အခါ လက်ဖြင့်ခွာ၍ အတွင်းသား အစေ့များကို ထုတ်ယူရပါသည်။ ယင်း အစေ့များကို လက်ထောင်းဆုံတွင် ညက်အောင်ထောင်းပြီး ရရှိလာသော အမှု့န်များကို လေလုံအောင် ထားရပါသည်။
ကန်းဇော်ဆီ ထုတ်ယူပုံအဆင့်ဆင့်
ကန်းဇော်အစေ့ခွံကို လက်ထောင်းဆုံဖြင့် ထောင်း၍ ရလာသည့် အမှုန့်များကို ယူပြီး မူလက ခွာပြီးထားသည့် အစေ့များဖြင့် ရောနှောကာ ပေါင်းအိုးတွင် ထည့်ရပါသည်။ ရေမပြည့်တပြည့် ထည့်ထားသော ဒန်အိုးကို မီးဖိုပေါ် တင်၍ ကန်းဇော်အမှု့န်များ ထည့်ထားသည့် ပေါင်းအိုးကို အပေါ်မှ တင်ရသည်။ ပေါင်းအိုး၏ အဖုံးလှုံစေရန် ပေါင်းအိုး၀တွင် ငှက်ပျောဖက်အစိမ်းခံ၍ အပေါ်မှ ပန်းကန်ပြားဖြင့် အုပ်ပေးရသည်။ နာရီ၀က်မျှ ကြာလျှင် ပေါင်းအိုး အဖုံးကို ဖွင့်၍ ဝါးချွန်ငယ်ဖြင့် ပေါင်းအိုးအ၀ ရှိသလောက် ထိုးဖောက်ပြီး ဖွပေးရသည်။ နောက်ထပ် ဆယ့်ငါးမိနစ်ကြာလျှင် တစ်ကြိမ် သုံးလေးခါလုပ်ပြီးမှ ကန်းဇော်မှုန့်များ ကျက်မကျက်ကို လက်ဖြင့် ပွတ်၍ စမ်းကြည့် ရသည်။ ဆီများ ထွက်လာလျှင် ကန်းဇော်မှု့န်မှာ ကျက်လောက်ပီဖြစ်၍ အဆီညှစ်ယူရန် ပြင်ဆင် ရသည်။
ပေါင်းအိုးထဲမှ ကန်းဇော်ဆီမှုန့် များကို ကရွတ်ဟု ခေါ်သည့် ဝါးနှီးဖြင့် ရက်လုပ်ထားသော အိတ်ထဲသို့ တစ်ဇွန်းချင်း ခပ်ထည့်ရသည်။ အိတ်ထဲသို့ သုံးပုံနှစ်ပုံခန့် ထည့်ပီးသော် အိတ်အ၀ကို အစသပ်လိပ်ပီး သစ်သား ညစ်ရသည်။ ထွက်လာသော ကန်းဇော်ဆီများကို ဇလုံတစ်ခုတွင် ခံယူ၍ တစ်နေခန့် နေလှမ်းသည့် အခါ ရေများ အငွေ့ပျံသဖြင့် ကန်းဇော်ဆီစစ်စစ် ရရှိပါသည်။ အမှုန့်ကြိတ်စက်ဖြင့် ထုတ်လုပ်ရယူသည့် ကန်းဇော်ဆီမှာ လက်ထောင်းဆုံဖြင့် အမှုန့်ထောင်း ယူထားသည့် ကန်းဇော်ဆီနှင့် ဆေးဖက်၀င် အာနိသင် ကွာခြားသည်။
ကန်းဇော်ဆီများကို ဖန်ပုလင်းများတွင် ထည့်ရင်း ရင်ကန်းအဆို့ဖြင့် ပိတ်ဆို့ထားကြသည်။ ကန်းဇော်ဆီမှာ ပုလင်း များထဲတွင် တစ်ဖြည်းဖြည်း အနည်ထိုင်လာရာ ငါးဆယ်ကျပ်သား၀င် ပုလင်းတစ်လုံးလျှင် တစ်လက်မမျှ ရရှိတတ် ကြသည်။ ၄င်းအနည်များကို ကန်းဇော်ချေးဟု ခေါ်ကြသည်။ ထိုကန်းဇော်ဆီချေး များကို ပြည်စု၊ ပြည်တည်၊ အနာဟောင်း၊ အနာဆွေး၊ အနာဆိုး အနာများတွင် ထည့်ပေးကြသည်။ ကန်းဇော်ဆီကို နှစ်ကာလ ရှည်ကြာစွာ ထားလည်း အရောင်၊ အနံ့၊ အရသာနှင့် ဂုဏ်သတ္တိ အာနိသင်များ မပြောင်းလဲပေ... ကန်းဇော်ဆီ၏ အရောင်မှာ ဆီအုန်းဆီကြမ်း အရောင်နှင့် ဆင်တူပါသည်။ ထုတ်လုပ်ထားစတွင် အနယ်၊ အမှုန့်များ ရှိနေ၍ ဝါဖျော့ဖျော့ ဖြစ်နေ ပါသည်။ အနံ့မှာ ကြမ်းပိုးကောင် ပွတ်ချေပီး ထွက်လာသည့် အနံမျိုးဖြစ်၍ ဆူးကြမ်းပိုး ရွက် အနံ့နှင့် ပိုတူ ပါသည်။ အရသာမှာ ချို၊ ဆိမ့်၊ ခါး နှောနေပါသည်။
အသုံး၀င်ပုံ
ကန်းဇော်ဆီသည် ၀မ်းဗိုက်အတွင်းရှိ အူများနှင့် အစာအိမ်တို့တွင် ဖြစ်တတ်သည့် အနာရောဂါများ၊ သားအိမ် ကင်ဆာ၊ ပန်းနာရင်ကြပ်၊ လေထိုး၊ လေအောင့် ဝေဒနာများကို သက်သာ ပျောက်ကင်းပါသည်။ ၀မ်းတွင်းရှိ အလုံး အကြိတ်များကို ကန်းဇော်ဆီ သောက်ပေးခြင်းဖြင့် ပျောက်ကင်းပါသည်။ ထိခိုက်၊ ရှနာ၊ ပြည်စုနာ၊ အိုင်းအနာ၊ အနာ ပချုပ်၊ အသားတွင်း သွေးပုတ်၊ ပြည်ပုတ် အနာများကို ဂွမ်း၊ ပတ်တီးစ များဖြင့် ထည့်အုံးပေးလျှင် ပျောက်ကင်း ပါသည်။ ဂရင်ဂျီနာ၊ လိပ်ခေါင်း၊ ဒူလာ၊ စအိုပြန်၊ မီးယပ်၊ အသားအရည် ခမ်းခြောက်၊ ထုံကျင် ကိုက်ခဲသည့် ရောဂါများကို လိမ်းပေးခြင်း၊ သောက်ပေးခြင်း တို့ဖြင့် ပျောက်ကင်းပါသည်။ ပူစပ်၊ နာကျင်မှု မရှိဘဲ၊ အနာကောင်းသည့် အခါ အနာရွတ်။ အမဲကွက်များ ထင်ကျန်ခြင်း မရှိဘဲ နဂိုအသားအရည် အတိုင်းပင် ဖြစ်နေပါသည်။
လက်ရှိဈေးနှုန်း ကန်းဇော်ဆီ တစ်လီတာဘူး တစ်ဘူး တစ်သိန်းသုံးသောင်းငါးထောင်ကျပ် ပေါက်ဈေးရှိပါသည်။
ရွှေသာရီမဂ္ဂဇင်းမှ ကူးယူဖေါ်ပြပါသည်။
Crd,
Click here to claim your Sponsored Listing.
Contact the business
Telephone
Website
Address
Kantkaw Street, Back Of Mediland, HospitalDawei, ထားဝယ်, Myanmar (Burma)
Dawei
Opening Hours
| Tuesday | 08:00 - 18:00 |
| Wednesday | 08:00 - 18:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 07:00 - 17:00 |
| Sunday | 06:00 - 17:00 |