Miao Shan

Miao Shan

Share

苗山

21/09/2024

အလှူရှင်များသို့ တိုက်တွန်းပန်ကြားချက်
**************************************
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၉ ရက်

၁။ နိုင်ငံအတွင်း လတ်တလောဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုများကြောင့် ယာယီကယ်ဆယ်ရေး စခန်းများတွင် ခေတ္တလာရောက် နေထိုင်နေသူများနှင့် ရေဘေးသင့်ကျေးရွာ၊ ရပ်ကွက်များရှိ မိမိတို့ ၏ နေအိမ်များတွင် နေထိုင်လျက်ရှိသည့် ပြည်သူများအတွက် အလှူရှင်များက စေတနာသဒ္ဓါတရား ထက်သန်စွာဖြင့် အစားအသောက်များ လာရောက်လှူဒါန်းနေမှုများအား ဝမ်းမြောက်ဝမ်းသာစွာ တွေ့ရှိရပါသည်။

၂။ သို့ရာတွင် ပတ်ဝန်းကျင်ရာသီဥတု အခြေအနေအရ အလှူရှင်များမှ ပြင်ဆင်ချက်ပြုတ်လာ သော အစားအသောက်များအား ချက်ချင်းစားသုံးခြင်းမပြုဘဲ သိုလှောင်သိမ်းဆည်းထားစဉ် အစာ အဆိပ်သင့်ဖြစ်ပွားစေသော ရောဂါပိုးများ ပေါက်ပွားရှင်သန်စေမှုဖြစ်စေနိုင်ခြင်း၊ စားသုံးရန်မသင့် သည့် အခြေအနေများသို့ ရောက်ရှိစေနိုင်ခြင်းနှင့် အဆိုပါ အစားအသောက်များအား စားသောက်မိပါ က အော့အန်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်း စသည့်ကျန်းမာရေးဆိုင်ရာ နောက်ဆက်တွဲ ရောဂါများ ဖြစ်ပေါ်နေမှုများကြောင့် ရေဘေးသင့်ပြည်သူများအတွက် ပိုမို ဒုက္ခကြုံတွေ့စေကြောင်း တွေ့ရှိရပါသည်။

၃။ သို့ပါ၍ အလှူရှင်များအနေဖြင့် အစားအသောက်များ လာရောက်လှူဒါန်းရာတွင် ပြင်ဆင် ချက်ပြုတ်ထားသော အစားအစာများဖြင့် လှူဒါန်းခြင်းမျိုး မပြုဘဲ စခန်းများတွင် နေထိုင်သူများအား ပူပူနွေးနွေး ချက်ပြုတ်ကျွေးမွေးနိုင်ရန် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးခြောက်၊ ကြက်ဥ၊ ဘဲဥနှင့် ချက်ပြုတ်ရန် လတ်ဆတ်သော အသား၊ ငါး စသည်တို့ကို ပေးပို့လှူဒါန်းခြင်း၊ ပေးပို့လှူဒါန်းရာတွင် မြို့နယ်အလိုက် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှိ ကြီးကြပ်ရေးအဖွဲ့၊ စီမံခန့်ခွဲမှု အဖွဲ့များမှတစ်ဆင့်သာ ပေးပို့ လှူဒါန်းခြင်းနှင့် ယာယီကယ်ဆယ်ရေးစခန်းများတွင် တာဝန်ယူဆောင်ရွက်နေကြသော စီမံခန့်ခွဲမှု အဖွဲ့နှင့် ကျန်းမာရေးဝန်ထမ်းများက စခန်းများတွင် လှူဒါန်းကြသော အစားအသောက်များအား ကျန်းမာရေးနှင့် ညီညွတ်စေရန်နှင့် သန့်ရှင်းမှုရှိစေရန် ကြီးကြပ်စစ်ဆေးခြင်းတို့ကို ဆောင်ရွက် ပေးကြပါရန် တိုက်တွန်းနှိုးဆော် ပန်ကြားအပ်ပါသည်။
_
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ

20/09/2024

"ကတိစကားတစ်ခွန်းကြောင့် အသက်ပါဆုံရှုံးခဲ့ရတဲ့ တော်ဝင်စုဖုရားမင်းသမီး"

သီပေါမင်းရဲ့ မိဖုရားခေါင်ကြီး စုဖုရားလတ်ဟာ လင်တော်မောင်ကို အလွန်သဝန်တိုပြီး ဘယ်သူနဲ့မှ မမျှဝေနိုင်တာ အားလုံးသိပြီးသား ​ဖြစ်တယ်။အမတော်ရင်း မိုင်းနောင်စုဖုရားကြီး ကိုတောင်မှ တောင်နန်းမတော် ရာထူးကနေ သူ့ဘာသာ အရှက်ရ ဆင်းပြေးအောင် လုပ်ဆောင်ခဲ့သူဖြစ်တယ်။ မိုင်းနောင်စုဖုရားကြီးဟာ ဘုရားတရား အလွန်လုပ်ပြီး စိတ်ဓာတ်ဟာလည်း မင်းတုန်းမင်းတရားနဲ့ အလွန်တူလို့ အေးချမ်းငြိမ်းအေးစွာ နေတတ်သူဖြစ်တယ်။ ညီမဖြစ်သူနဲ့ ပြိုင်ပြီး လင်လုရမှာ အလွန်ရှက်ရွံ့သူဖြစ်တဲ့ အတွက် စုဖုရားလတ်ကို အရှုံးပေးပြီး နန်းမတော်ဆောင်ကနေ သူ့ဘာသာ မယ်တော်ဆင်ဖြူမရှင်အဆောင်ကို ပြန်ပြေးခဲ့ပါတယ်။

ကြားထဲမှာ ဒိုင်းခင်ခင် အပါအဝင် တခြားခင်နှစ်ခင်ကိုပါ မိဖုရားငယ်များအဖြစ် သီပေါမင်းကိုဆက်ဖို့ ကြံစည်လို့ ရနောင်မောင်မောင်တုတ် နဲ့ တောင်သမန်လယ်စား မောင်ဖေငယ်တို့ တစ်စု အသက်နဲ့ကိုယ်အိုးစားကွဲခဲ့တာလည်း အားလုံးသိ​ပြီးသား ဖြစ်တယ်။ ဒီလို မိဖုရားအဖြစ် ဆက်တာမဟုတ်ပဲ မယ်တော်မိဖုရားနှစ်ပါးရဲ့ သားတော်သမီးတော်တွေ ငယ်ရွယ်စဥ်က ပေးခဲ့တဲ့ နှုတ်ကတိစကားကြောင့် အသက်ဆုံးရှုံး အရှက်ကွဲခဲ့ရတဲ့ မင်းသမီးတစ်ပါးရှိပါသေးတယ်။ သူကတော့ မင်းခင်းစုဖုရား ဖြစ်ပါတယ်။

မင်းခင်းမင်းသမီးဟာ မင်းတုန်းမင်းတရားနဲ့ မကွေးမိဖုရားက ဖွားမြင်ခဲ့တဲ့ သမီးတော်ကြီး ဖြစ်ပါတယ်။ သီရိသုရတနာဒေဝီ ဘွဲ့အသနားခံရပြီး မင်းမျိုးမယ်တော်က မွေးဖွားလို့ စုဖုရား တပ်ခေါ်ခံရတဲ့ သမီးတော်ကြီး တစ်ပါးဖြစ်ပါတယ်။ ဒီမင်းသမီးလိုမျိုး စုဖုရားတပ်ခေါ်ရတဲ့ မင်းသမီးများကတော့ အလယ်နန်းဆင်ဖြူမရှင်က မွေးတဲ့ မိုင်းနောင်စုဖုရားကြီး၊မြတောင်စုဖုရားလတ်နဲ့ ရမည်းသင်းစုဖုရားကလေး၊ သီပေါမင်းမယ်တော် လောင်းရှည်မိဖုရားက မွေးတဲ့ ပခန်းကြီးစုဖုရား၊ မိတ္ထီလာစုဖုရား၊ အရပ်သူမိဖုရားကမွေးပေမယ့် မင်းတုန်းမင်း အထူးသဒ္ဒါတော်မူလို့ စုဖုရားတပ်ခေါ်ရတဲ့ ပင်တိုင်စံ စလင်းစုဖုရား နဲ့ မင်းခင်းစုဖုရား ရဲ့ ညီမတော်ရင်း ပြင်စည်စုဖုရားတို့ဖြစ်တယ်။

ဒီနေရာမှာ အနည်းငယ် ရှင်းပြချင်တာက မင်းတုန်းမင်းရဲ့ မိဖုရားကြီး စကြာဒေဝီနဲ့မြောက်နန်းတော်ခင်သဲတို့ဟာ သားသမီး မရတဲ့အတွက်ကြောင့် နန်းတော်ထဲမှာ မယ်တော်တွေရဲ့မျိုးရိုးအရ အဆင့်အတန်း မြင့်တဲ့ မိဖုရားတွေဖြစ်တဲ့ ဆင်ဖြူမရှင်ရဲ့သမီးတော်တွေနဲ့ လောင်းရှည်မိဖုရား၊မကွေးမိဖုရားကမွေးတဲ့ သမီးတော်တွေသာ စုဖုရား တပ်ခေါ်ခံခွင့်ရခဲ့​ပါတယ်။ ကျန်တဲ့မင်းသမီးတွေကိုတော့ အိမ်တော်ပါ တုန်းကပဲမွေးမွေး မယ်တော်ရဲ့ ရာထူး ဘယ်လောက်ကြီးကြီး ထိပ်ခေါင်တင်သာ တပ်ခေါ်ရပါတယ်။ စလင်းစုဖုရား ကတော့ ချွင်းချက်ပေါ့နော်။

မင်းတုန်းမင်းဟာ သူ့ရဲ့ ညီမတော်တွေ ဖြစ်တဲ့ လောင်းရှည်မိဖုရား၊မကွေးမိဖုရားနဲ့စိန်တုံးမိဖုရား တို့ကို နန်းရမိဖုရားကြီး လေးပါးအောက် ဆောင်ရမိဖုရားကြီးလေးပါး အထက်မှာ ထားပြီးမြှောက်စားခဲ့တဲ့
ထူးထူးခြားခြား မင်းတစ်ပါးဖြစ်ပါတယ်။ ရှေ့သမိုင်းမှာအဲ့လို ရာထူးရတဲ့ မိဖုရားတွေ မရှိပါဘူး။ အဲ့တော့ ရာထူးတူတဲ့အပြင် လောင်းရှည်နဲ့မကွေးမိဖုရားဟာ မင်းတုန်းမင်းက မိဖုရား မမြှောက်ခင် ကိုက မင်းသမီးတွေ ဖြစ်ခဲ့​ကြလို့ တခြားသူတွေနဲ့စာရင် အတော်ရင်းနှီးပုံပေါ်ပါတယ်။ နှစ်ယောက်လုံး သားတော်သမီးတော်တွေ ထွန်းကားလာတဲ့အခါ အရွယ်တူ​ ဖြစ်တဲ့ သားတော်သီပေါနဲ့သမီးတော်မင်းခင်းကို အရွယ်ရောက်ရင် ပေးစားမယ်လို့ ကတိစကား ထားခဲ့ကြတယ်။
ဒါပေမယ့် အရွယ်ရောက်တဲ့အခါ သီပေါမင်းက စုဖုရားလတ်နဲ့ ရည်ငံတာက တစ်ကြောင်း၊မင်းခင်းစုဖုရားမယ်တော် မကွေးမိဖုရားဟာ သာမန်အရပ်သူလုပ်ပြီး အပြင်လူနဲ့ နောက်အိမ်ထောင်ပြုသွားတာက တစ်ကြောင်းမို့ ဒီမင်္ဂလာကိစ္စဟာ ဖြစ်မြောက်မလာပါဘူး။

သီပေါမင်း နန်းတက်လာတဲ့ အခါ မင်းခင်းစုဖုရားဟာ အသတ်ခံရတဲ့ အထဲ မပါပဲ နန်းတော်ထဲက သူ့အဆောင်မှာပဲ ဆက်ကျန်နေရစ်ပါတယ်။ စုဖုရားလတ်ဟာ သူ့အမတော်အရင်းကိုတောင် ရအောင်ဖယ်ထုတ်ခဲ့တဲ့အပြင် တခြား မိဖုရားဖြစ်လာနိုင်သူမှန်သမျှကိုလည်း တစ်နည်းနည်းနဲ့ ရှင်းထုတ်တတ်တာ အားလုံးသိပြီးသားဖြစ်တယ်။ မင်းခင်းစုဖုရားဟာ နန်းတော်မှာ မယ်တော်ကလည်း မရှိ ခမည်းတော်ကလည်း မရှိတော့တာမို့ ညှိုးငယ်စွာနေထိုင်ရစဥ်မှာ သူတို့ငယ်စဥ်က ပေးခဲ့တဲ့ မယ်တော်တွေရဲ့ ကတိစကားတွေကြောင့် စုဖုရားလတ်က သူ့ကို မျက်စိစပါးမွှေးစူးလာပါတယ်။

မင်းခင်းမင်းသမီး ဟာ အရွယ်ရောက်နေတဲ့ မင်းသမီး တစ်ပါးဖြစ်တာမို့ ထိမ်းမြားမယ့်အရွယ်မှာ မြောက်သားတော် ရှိရပါတော့မယ်။ ဒါပေမယ့် အရွယ်ရောက်ပြီးသား မင်းသားအများစုက အဲ့အချိန်မှာ နန်းတွင်းလူသတ်ပွဲကြီးထဲ အကုန်ပါသွားလို့ လက်ထပ်ယူစရာ အရွယ်ရောက်မင်းသားဆိုတာ မရှိသလောက် ရှားနေပါတယ်။ အဲ့တော့ ဖြစ်နိုင်စရာက မိဖုရားလည်းအများအပြားမရှိတဲ့ သီပေါမင်းက မိဖုရားအဖြစ် မြှောက်စားရဖို့ရှိပါတယ်။

ဒါတွေကို ကြိုမြင်နေတဲ့ စုဖုရားလတ်ဟာ မင်းခင်းစုဖုရားကို မကွေးမိဖုရားရဲ့ဘကြီးတော်အိမ်က ခိုင်းတဲ့ ငတုဆိုတဲ့ အခိုင်းအစေနဲ့ နန်းတော်ထဲ ဖောက်ပြားပါတယ်လို့ အမည်တပ်ပြီး ချောက်ချပါတယ်။ စာတွေ ၈၀၀ ကျော်တောင် ကူးလူးပြီးတွေ့တယ်လို့ စွပ်စွဲပေမယ့်
တကယ့်အမှန်က အဲ့ငတုဆိုတဲ့ လူက စာတောင်မရေးတတ်ပါဘူး။
မဖြစ်နိုင်တဲ့ လုပ်ကြံဇာတ်မှန်း သိနေကြပေမယ့် စုဖုရားလတ် ဓားအရမ်းထက်နေတဲ့ကာလမို့ ဘယ်သူမှလည်း ဝင်ရောက်မကယ်ဆယ်ရဲပါဘူး။ မြေနိမ့်ရာ လှံစိုက်ခံရစမြဲမို့ မင်းခင်းမင်းသမီးဟာ စုဖုရားလတ် ချောက်ချကြံစည်သမျှ အကုန်ခံရပြီး ထောင်တွင်းအကျဥ်းချထားစဥ် အစီရင်ခံလိုက်ရပါတယ်။ ကျန်တဲ့ မယ်တော်မကွေးမိဖုရားနဲ့ ညီမတော် ပြင်စည်စုဖုရားတို့ဟာလဲ ချီးမြှင့်မြောက်စားခံရဖို့ဝေး အသက်မသေအောင်သာ နေခဲ့ရပါတယ်။ စုဖုရားလတ်ရဲ့ လင်တော်မောင်အပေါ် သဝန်ကြောင်မှုကတော့ တကယ် အံမခန်းပါပဲ။

ကိုးကား
ဦးမောင်မောင်တင် "ကုန်းဘောင်ခေတ် မဟာရာဇဝင်တော်ကြီး"
မောင်သန်းဆွေ(ထားဝယ်) "ကုန်းဘောင်ရှင်းတမ်း"

crd_to_owner MyatMinHtatKyaw
နော်ဂဲလယ်ထူး (စာပေပရဟိတ)

15/09/2024

အရေးပေါ်ပစ္စည်းလေးတွေ စုံပြီလား

Want your business to be the top-listed Media Company in Dawei?
Click here to claim your Sponsored Listing.

Telephone

Website

Address


Southern Dawei Market Road
Dawei

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00