Dawei Millennium Centre

Dawei Millennium Centre

Share

To share the activities and services of Dawei Millennium Centre. To provide English and Myanmar books for book lovers.

13/04/2026

Dawei Millennium Centre ကို ပိုမိုလွယ်ကူစွာ နှင့် လျင်မြန်စွာ ဆက်သွယ်နိုင်ရန်အတွက် အောက်ပါ လူမှုကွန်ရက် စာမျက်နှာများ ထားရှိပေးထားပါသဖြင့် မိမိသိချင်သော Dawei Millennium Centre ရဲ့ အကြောင်းအရာများကို နှစ်သက်ရာ ပလက်ဖောင်းများမှ မေးမြန်းနိုင်ပါပြီ။

1. Telegram https://t.me/daweimillenniumcentre07

2. TikTok https://www.tiktok.com/?_r=1&_t=ZN-95McuOwYCko

3. Viber +959401984800

4. Hotline 09401984800 ( သင်္ကြန်ပိတ်ရက်အတွင်း ဖြေကြားမည်မဟုတ်ပါ)

30/03/2026

ဘဝ မှာ ချန်ပီယံ တစ်ယောက် ဖြစ်ဖူးချင်သလား။

သင့်အတွက် DMC ရဲ့ Reading Marathon အစီအစဉ်က စောင့်ကြိုလျက်ပါ။

အသက် ၁၂ နှစ် နှင့်အထက် မည်သူမဆို ပါဝင်နိုင်ပါတယ်။

Reading Marathon ဆိုတာက သတ်မှတ်ထားတဲ့ အချိန်ကာလ တစ်ခုအတွင်း အနိမ့်ဆုံးသတ်မှတ်ထားတဲ့ စာအုပ် အုပ်ရေ ပြည့်အောင် ဖတ်ရမဲ့ စိန်ခေါ်မှု အစီအစဉ် တစ်ခု ဖြစ်ပါတယ်။

စာဖတ်ခြင်းက ကောင်းတယ်။ ဗဟုသုတရစေတယ်။ ခံစားချက်ရသတွေ ပေးစွမ်းတယ်။ ဒါပေမဲ့ မဖတ်ဖြစ်ဘူး ဖြစ်နေတယ်။ ဒါ အမြဲတမ်း ဖြစ်နေလေ့ရှိတဲ့ အခြေအနေတစ်ခုပါ။

တစုံတခုသော တွန်းအား မရှိဘူးဆိုရင် လုပ်ဖြစ်မှာ မဟုတ်ပါဘူး။

ကဲ ၂၀၂၆ မှာ သင့်ကို စာတွေ ဖတ်ဖြစ်လာအောင် Reading Marathon အစီအစဉ်က ကြိုဆိုနေပါတယ်။

✅ အချိန်ကာလ

ဧပြီ ၁ မှ မေ ၂၄ အထိ

✅ အသက် အုပ်စု

၁၂ နှစ် မှ ၁၄ နှစ်

၁၅ နှစ် မှ ၁၇ နှစ်

၁၈ နှစ် နှင့်အထက်

✅ အနိမ့်ဆုံး သက်မှတ်စာအုပ် အရေအတွက်

မြန်မာစာအုပ် (၁၀) အုပ် နှင့် အင်္ဂလိပ်စာအုပ် (၁၀) အုပ်

Reading Marathon အစီအစဉ်တွင် ပါဝင်မယ်ဆိုပါက စာဖတ်ဝါသနာတူတွေ နဲ့ မိတ်ဖွဲ့နိုင်မှာ ဖြစ်တဲ့ အပြင် တနင်္ဂနွေ နေ့တိုင်း Book Review နဲ့ မျှဝေခြင်း အစီအစဉ်တွင် ပါဝင်နိုင်မှာ ဖြစ်ပါတယ်။

အချိန် ၁ - တနင်္ဂနွေ မနက် ၈:၃၀ မှ ၉:၃၀

အချိန် ၂ - တနင်္ဂနွေ ညနေ ၄:၀၀ မှ ၅:၀၀

🟢 အကျိုးရလဒ် အနေနဲ့ စာတွေ ဖတ်ဖြစ်သွားမယ်။ မိတ်ဆွေတွေတိုးလာမယ်။ လူအများနဲ့ ပြောဆို မိတ်ဖွဲ့တတ်လာမယ်။ ကိုယ့်အမြင်သူ့အမြင် ဖလှယ်နိုင်လာမယ်။

ဒါ့အပြင် သတ်မှတ်ချက်အတိုင်း ပြီးမြောက်ခဲ့ပါက
🟢Certificate of Completion 🟢ကို ရရှိမှာ ဖြစ်ပါတယ်။

ကြိုးစားရင် ကြိုးစားသလောက် ဆုတွေလည်းရရှိဦးမှာပါ။

4️⃣ Bronze Reader

မြန်မာစာအုပ် (၁၀) အုပ် နှင့် အင်္ဂလိပ်စာအုပ် (၁၀) အုပ် ပြီးမြောက်သူ

3️⃣ Silver Reader

မြန်မာစာအုပ် (၁၅) အုပ် နှင့် အင်္ဂလိပ်စာအုပ် (၁၅) အုပ် ပြီးမြောက်သူ

2️⃣ Gold Reader

မြန်မာစာအုပ် (၂၀) အုပ် နှင့် အင်္ဂလိပ်စာအုပ် (၂၀) အုပ် ပြီးမြောက်သူ

1️⃣ Diamond Reader

မြန်မာစာအုပ် (၂၀) အုပ် အထက် နှင့် အင်္ဂလိပ်စာအုပ် (၂၀) အုပ် အထက် ပြီးမြောက်သူ

🏆 Reading Champion

သတ်မှတ်ချိန်အတွင်း သတ်မှတ်စာအုပ်အုပ်ရေ အများဆုံး ပြီးမြောက်သူ

🎖️ The Best Reviewer

Book Review အစီအစဉ်တွင် Review ကို စိတ်ဝင်စားစရာ ဖြစ်အောင် ပြောပြနိုင်သူ

စဉ်းစားနေဦးမှာလား။ အချိန်ရှိတုန်း ကိုယ့်ရဲ့ လုပ်နိုင်စွမ်းတွေကို စိန်ခေါ်ရင်း ဆုတွေရယူလိုက်ပါ။







P

24/03/2026

ကလေးတွေ ကို စာဖတ်ခြင်းမှာ ပျော်မွေ့စေဖို့ အားထုတ်ရတာ လွယ်ကူမယ် ထင်ပါသလား။

ဖေဖေ၊ မေမေ တို့အနေနဲ့ မိမိတို့ရဲ့ ရင်သွေးငယ်ကို စာဖတ်ပြရင်း ပျော်စရာကောင်းတဲ့ မိသားစုအချိန်လေးကို ဖန်တီးနိုင်ဖို့ဆိုတာ စိတ်ဝင်စားစရာကောင်းမယ့် စာအုပ်တွေက ရှိဦးမှ။

ဆိုလေတော့ အခု ဒီ ဗီဒီယိုလေးမှာ သင့်အနေနဲ့ Dawei Millennium Centre စာကြည့်တိုက်မှာ လာရောက် အသုံးပြု နိုင်တဲ့ ဆန်းသစ်ပြီး စိတ်ဝင်စားစရာ ကောင်းတဲ့ စာအုပ်တွေကို မိတ်ဆက်ပေးထားပါတယ်။

✅ စာရွက်လေးတွေပေါ်မှာ ဝှက်ထားတာလေးတွေကို လှန်ကြည့် အဖြေရှာရတဲ့ Flip Book တွေ

✅ ဖွင့်ဖတ်လိုက်တာနဲ့ ရုပ်ပုံတွေ ကြွတက်လာတဲ့ Pop Up တွေ

✅ အသံလေးတွေနဲ့ တွဲဖက်ဖတ်မှတ်လေ့လာနိုင်တဲ့ Audio Book တွေ

✅ ထိတွေ့ခံစားနိုင်အောင် စီမံထားတယ် Sensory Book တွေ

✅ အနံ့အာရုံခံစားနိုင် Scratch and Sniff Book တွေ

ကိုယ်ပိုင်ဝယ်ဖို့ရာအတွက် စျေးကြီးတဲ့ စာအုပ်တွေဖြစ်ပေမယ့် DMC က သူ့ရဲ့ အသင်းဝင် ဖေဖေမေမေ သားသားမီးမီးတွေ အတွက် စုံစုံလင်လင် ဖြည့်ဆည်းပေးထားတာမို့ လာခဲ့လိုက်ကြတော့နော်။

Photos from Dawei Millennium Centre's post 22/03/2026

ကျောင်းအားရက် တချို့မှာ မိမိတို့ကလေးအပါအဝင် ကိုယ်တိုင် စိတ်အပန်းဖြေဖို့ လိုအပ်ရင် Dawei Millennium Centre က စာအုပ်တွေကို လာကြည့်ရင်း ငှါးရမ်းဖတ်ရှုနိုင်ပါကြောင်း အသိပေးချင်ပါတယ်။

အင်္ဂလိပ်စာ ဖတ်စာတွေထဲ မိဘ နဲ့ သားသမိီး အတူတူဖတ်ကြမှတ်ကြလို့ ရတဲ့ စာအုပ်အမျိုးပေါင်း (၅၀၀) ကျော် ဖြည့်ဆည်းပေးထားတာမို့ အရင်ရှိပြီးသား အင်္ဂလိပ်စာအုပ်တွေနဲ့ ပေါင်းလိုက်ရင် အုပ်ရေ (၁၅၀၀) ကျော်ရှိနေတဲ့ သုတဘဏ်တစ်ခု အဖြစ် ရှိနေပေးလျက်ပါ။

ဖုန်းသုံးတာ လျော့စေချင်တယ်။ အပြင်နေပူပူထဲ မထွက်စေချင်ဘူး။ အတွေးအခေါ်ကောင်းတွေ ရစေချင်တဲ့ အပြင် အင်္ဂလိပ်စာကိုပါ စိတ်ဝင်တစားနဲ့ သွက်သွက်လက်လက် ဖတ်လာနိုင်စေချင်ရင်တော့ အမြန်ဆုံး လှမ်းခဲ့လိုက်ဖို့ ဖိတ်ခေါ်လိုက်ပါရစေ။

Photos from Dawei Millennium Centre's post 10/03/2026

နွေကျောင်းပိတ်ရက်တွေဟာ ရှည်ကြာလွန်းလို့ ငြီးငွေ့စရာများ ဖြစ်နေမလား။

မေမေ ဖေဖေတွေကရော ကိုယ့်ကလေးတွေ ဖုန်းတွေ သုံးတဲ့အချိန်များမှာစိုးလို့ စိတ်ပူနေကြလေမလား။

DMC က ကလေးတို့အတွက် အပြင်းလည်းပြေ ဗဟုသုတလည်း ရစေမယ့် ကလေးစာအုပ်များ အများအပြားကို ဖြည့်ဆည်းပေးထားပါကြောင်း အသိပေးပါရစေ။

ဒီနေ့မှာတော့ မြန်မာဘာသာ ဖြင့်ရရှိနိုင်မယ့် ကလေး စာအုပ်များကို ဖော်ပြပေးချင်ပါတယ်။

✅ ရွှေသွေး စာစဉ်များ

✅ မိုးသောက်ပန်း စာစဉ်များ

✅ တတိုင်းမွှေး စာစဉ်များ

✅ ပုတက် စာစဉ်များ

✅ မြိုင်ရာဇာ တွတ်ပီ စာအုပ်များ

✅ True Learning ထုတ် သိမှတ်ဖွယ်ရာများ

✅ Third Story မှ ပုံပြင်များ

✅ နွယ်နီကံဝင်း မှ ကလေးသုတ စာအုပ်များ

✅ တစ်ထောင့်တစ်ည ပုံပြင်များ

✅ လူထု ဦးလှ ပုံပြင်များ

✅ မြင့်မိုရ်မေမေ ရုပ်ပြများ

✅ ဆုပြည့်စုံထွန်း ရုပ်ပြများ

✅ ပန်းရွှေပြည် ပုံပြင်များ

✅ ကလေး အိပ်ရာဝင်ပုံပြင်များ

နောက်ထပ် ပိုစ့်မှာလည်း အင်္ဂလိပ်ဘာသာနဲ့ ရရှိနိုင်တဲ့ ကလေးစာအုပ်များကို ဖော်ပြပေးပါဦးမယ်။

ကဲ စာဖတ်ခြင်း နဲ့ ကလေးတို့မှာ အ​တွေးအခေါ်၊ အမူအကျင့်ကောင်းလေးတွေ ရလာစေမယ့် အပြင် screen time ကိုပါ လျော့ချပေးနိုင်မှာမို့ Dawei Millennium Centre စာကြည့်တိုက်မှာ အသင်းဝင်ပြီး စိတ်ကြိုက်စာအုပ်တွေလာရောက် ရွေးခြယ်ငှါးရမ်းလိုက်ဖို့ ဖိတ်ခေါ်လိုက်ပါရစေ။

လိပ်စာ

Dawei Millennium Centre

အမှတ် (၄၄၄)၊ အာဇာနည်လမ်း၊ တလိုင်းထိန်ရပ်ကွက်၊ ထားဝယ်မြို့

Want your school to be the top-listed School/college in Dawei?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


No. 444, Arzarni Road, Taline Htein Ward
Dawei
ZIPCODE

Opening Hours

Monday 09:00 - 16:00
Tuesday 09:00 - 16:00
Wednesday 09:00 - 16:00
Thursday 09:00 - 16:00
Friday 09:00 - 16:00
Saturday 09:00 - 16:00
Sunday 09:00 - 16:00