Myantrip

Myantrip

Share

မြန်ထရစ် - လေယာဉ်လက်မှတ်အရောင်းဌာန

31/12/2022

2022 ကနေ 2023 ကို ရောက်လာခဲ့ပြီ။ 2023 ပြီးရင်လည်း 2024, 2025 ရောက်ဦးမှာပါပဲ။ မထူးဆန်းပေမယ့်၊ ရှည်လျားလှတဲ့ ဒီခရီးလမ်းပေါ်မှာ ဆူးညှောင့်ခလုတ်တွေကို ဖယ်ရှားရင်း၊ မညီညာတဲ့နေရာတွေကို ကောင်းမွန်အောင် ပြင်ဆင်ရင်းနဲ့ ခရီးဆက်ကြရမှာပါပဲ။ ဒါမှသာ သာယာ ပျော်ရွှင်စရာကောင်းတဲ့ လမ်းခရီး ဖြစ်စေမှာပါ။

ခရစ်သက္ကရာဇ် 2023 ခုနှစ်ဟာ အားလုံးအတွက် သာယာ၊ ပျော်ရွှင်စရာကောင်းတဲ့ နှစ်သစ်ဖြစ်ပါစေကြောင်း မြစ်ထရစ်မှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

မြန်ထရစ်
1.1.2023

28/12/2022

လေယာဉ်လက်မှတ်ဝယ်တဲ့အခါ အလိမ်မခံရအောင်...............
တစ်နေ့က လေယာဉ်လက်မှတ် ဝယ်တဲ့သူတစ်ယောက် အလိမ်ခံလိုက်ရတဲ့ပို့စ် တွေ့လိုက်မိပါတယ်။ ဝယ်သူက ရန်ကုန် - မန္တလေး ခရီးစဉ်ကို အရေးတကြီးသွားစရာရှိလို့ ဝယ်တဲ့သူတစ်ယောက်ပါ။ ကံဆိုးချင်တော့ လိမ်ရောင်းတဲ့သူနဲ့ တည့်တည့်သွားတိုးတာပါပဲ။

လိမ်ရောင်းတဲ့သူဆိုတာက လက်မှတ်မရှိလည်း ရှိတယ်ပြောမှာပါပဲ။ တင်ထားတဲ့ ss တွေကို လိုက်ကြည့်လိုက်တော့ လိမ်ထားတဲ့အချက်တွေက ပေါ်လွင်နေပါတယ်။

၁။ လေယာဉ်အချိန်နဲ့ဈေးနှုန်း ပို့တဲ့အခါမှာ ဈေးနှုန်းကို ဖျောက်ထားတာပါ။
ခရီးသည်က လေယာဉ်ရှိ/မရှိ မေးကြတဲ့အခါ၊ လေယာဉ်ရှိတယ်ဆိုရင် လေယာဉ်အချိန်နဲ့ဈေးနှုန်းကို ပို့ပေးကြလေ့ရှိပါတယ်။ လိမ်ရောင်းသူပို့ထားတဲ့ ss ထဲမှာဆိုရင် လေယာဉ်အချိန် နေရာလေးကိုပဲကွက်ပြီး ss ရိုက်ပို့ထားတာတွေ့ပါတယ်။ ဈေးနှုန်း မပါပါဘူး။ ဈေးကို စာနဲ့ပဲ ရေးပြထားပါတယ်။ No Seat / Sold Out ဖြစ်နေလားဆိုတာကို မသိနိုင်ပါဘူး။

၂။ ဈေးလျှော့ပေးတာပါ။
လေယာဉ်လက်မှတ် ရောင်းတယ်ဆိုတာက ကော်မရှင်စားနဲ့ ရောင်းကြတာပါ။ လေကြောင်းလိုင်းရဲ့ တိုက်ရိုက်ဈေးအတိုင်း ရောင်းကြတာပါ။ လေကြောင်းလိုင်းဈေးက တချို့လမ်းကြောင်းတွေမှာ ၃/၄ မျိုးလောက်ခွဲပြီး ရောင်းကြပါတယ်။ ဒါကထားပါ။ အခုပြောချင်တာက ကော်မရှင်ကိစ္စ။ ကော်မရှင်က အများကြီးမရပါဘူး။ ခန့်မှန်းကြည့်လို့ရအောင် ပြောရရင် ခရီးစဉ်တစ်ကြောင်းကို 5000 Ks ဝန်းကျင်လို့ပဲ အလွယ်ပြောရပါမယ်။

အခုမှလာဝယ်တဲ့သူတစ်ယောက်ကို ဈေးလျှော့ပေးဦးဆိုတာနဲ့ပဲ ချက်ချင်းကို လျှော့ပေးလိုက်ပါတယ်။ လျှော့တာတောင်မှ ဖောဖောသီသီ 5,000 Ks လောက် ဈေးလျှော့ပေးထားပါတယ်။

၃။ လေယာဉ်လက်မှတ်ဖိုးကို လေဆိပ်ရောက်မှ ပေးလို့မရပါဘူး။
"လေယာဉ်လက်မှတ်ဖိုးကို အခုဒီလောက်ပဲ ပေးထားမယ်။ ကျန်တာကို လေဆိပ်ရောက်မှ ရှင်းမယ်" ဆိုတဲ့ ခရီးသည်တွေကို ကျနော်တို့လည်း အများကြီးတွေ့ကြုံဖူးပါတယ်။ ဒီလိုမျိုး ခွဲပေးလို့ မရပါဘူး။

လေကြောင်းလိုင်းက ငွေအပြည့်မရှင်းဘဲနဲ့ လက်မှတ်ထုတ်ပေးရိုးထုံးစံ မရှိပါဘူး။ ပြီးတော့ လေဆိပ်ရောက်မှ ခရီးသည်ဆီက လက်ကျန်ငွေကောက်ပေးတဲ့ ထုံးစံလည်း မရှိပါဘူး။ လက်မှတ်က confirm ဖြစ်ပြီဆိုရင် booking တင်ထားတဲ့ အေးဂျင့်ကို ငွေအပြည့်ချေပြီးမှပဲ လက်မှတ်ထုတ်ပေးလို့ရပါတယ်။

https://www.facebook.com/permalink.php?story_fbid=pfbid0sHK1zF5pq2JGqxTge4aGhorZTTs3Dk4RFqYJQRbThxjJymUs84tKFYyKoqh3f9Gzl&id=100013862075064

အပေါ်က အချက် ၃ ချက်ကတော့ လေယာဉ်လက်မှတ်ဝယ်တဲ့အခါ အလိမ်မခံရအောင် သတိထားရမယ့်အချက်တွေပါ။ ဒီနေရာမှာ လေယာဉ်လက်မှတ် ဝယ်ရတဲ့ အဆင့်တွေကို ပြောပြပေးပါဦးမယ်။ ဒါမှသာ သူ့အဆင့်နဲ့သူ သွားရင်းနဲ့ ငွေမလွှဲခင်မှာ အတုလား/အစစ်လား သုံးသပ်ကြည့်လို့ရမှာပါ။
...............

၁။ ကိုယ်သွားမယ့်ခရီးစဉ်၊ သွားမယ့်နေ့၊ သွားမယ့်သူအရေအတွက်တွေကို ပြောပြီး လေယာဉ်ရှိ/မရှိ ကြည့်ခိုင်းမယ်။

- လေယာဉ်လက်မှတ်ရောင်းတဲ့ အေးဂျင့်တွေက များသောအားဖြင့် လူဦးရေ ၁ ယောက်နဲ့ပဲ ဈေးနှုန်းအချိန်တွေကို ကြည့်ပေးတတ်ပါတယ်။ ဒီနေရာမှာ ဖြစ်တတ်တာ ၂ ခုရှိပါတယ်။

- ခုံက ၁ ခုံထဲပဲ ကျန်တယ်၊ သွားမယ့်လူက ၂ ယောက်/ ၂ ခုံဆိုရင် မရတော့ပါဘူး။ စောစောကပဲ ရမယ်ပြောပြီး၊ အခု မရတော့ဘူး ပြောပြန်တယ် ဖြစ်တတ်ပါတယ်။ ဒါကြောင့် သွားမယ့်လူဦးရေကို တစ်ခါထဲ ပြောပေးပါ။
- ကလေးပါရင် အသက် ဘယ်လောက်လဲ၊ ဘယ် ၂ ယောက်လဲ တစ်ခါထဲပြောပါ။ ကလေးမှာ မွေးကင်းစက တစ်ဈေး၊ ကလေးဈေးက တစ်ဈေး ၂ မျိုးရှိပါတယ်။ ဈေးမတူ၊ ရတဲ့ဝန်ဆောင်မှုတွေ မတူပါဘူး။
- ကိုယ်ဝန်ဆောင်ဖြစ်ရင်လည်း ဘယ်နှစ်လလဲဆိုတာ ပြောပါ။
- ကျန်းမာရေးအခြေအနေရှိရင်လည်း တစ်ခါထဲပြောပါ။

- နောက်ထပ်ဖြစ်တတ်တာက ၂ ယောက်နဲ့ပြန်ကြည့်လိုက်တဲ့အခါ ဈေးတက်သွားတတ်တာပါ။ လေယာဉ်တွေက တစ်ချို့ခရီးစဉ်တွေမှာ ဈေးကို ၂/၃ မျိုးလောက်ခွဲပြီး ရောင်းတတ်ပါတယ်။ Class ခွဲပြီး ရောင်းတယ်လို့ခေါ်ပါတယ်။ အလွယ်ပြောရရင် ဈေးချိုတာ အရင်ရောင်းပါတယ်။ ဈေးချိုတဲ့ Class က ၁ ခုံပဲကျန်တော့တယ်။ သွားချင်တာက ၂ ယောက်ဆိုရင် ဈေးက Class ပြောင်းသွားပြီး တက်သွားတတ်ပါတယ်။ ဒီလိုမျိုး ဖြစ်တတ်ပါတယ်။

- သွားချင်တဲ့နေ့မှာ လေယာဉ်ရှိရင် အေးဂျင့်တွေက အချိန်နဲ့ဈေးနှုန်း ပို့ပေးပါလိမ့်မယ်။ စစ်ကြည့်ပါ။ စာနဲ့ပဲ ပို့တာဆိုရင် လေကြောင်းလိုင်း website တွေမှာ ဝင်စစ်ကြည့်ပါ။
Air KBZ ဆိုရင် https://www.airkbz.com.mm/
Myanmar National Airlines ဆိုရင် https://www.flymna.com/
အဲသံလွင် ဆိုရင် https://www.airthanlwin.com/
မန်းရတနာပုံ ဆိုရင် https://www.airmyp.com/
လေကြောင်းလိုင်း website တွေမှာပါ လက်မှတ်ရသေးတယ် ဖော်ပြထားရင် အဆင်ပြေပါပြီ။

၂။ Booking တင်ခိုင်းမယ်။

လေယာဉ်လည်းရှိတယ်။ ဈေးနှုန်းကလည်း အဆင်ပြေတယ်ဆိုရင်၊ ကိုယ်ကြိုက်တဲ့ လေကြောင်းလိုင်းကို‌ ပြောပြီး၊ သွားမယ့် လူတွေရဲ့ (လူဦးရေအားလုံးရဲ့) "မှတ်ပုံတင်ထဲက အမည်၊ မှတ်ပုံတင်နံပါတ်၊ မွေးသက္ကရာဇ်" ဒါတွေကို ပို့ပေးပြီး Booking တင်ခိုင်းပါ။ Booking တင်တာ ပိုက်ဆံပေးဖို့မလိုပါဘူး။

အေးဂျင့်က Booking တင်ပြီးတဲ့အခါ Booking တင်ထားတဲ့ ပုံကို ပို့လာပါလိမ့်မယ်။ စာနဲ့ပဲ Booking တင်ပြီးပါပြီ ပြောလို့မရပါဘူး။ ပြီးတော့ တင်ထားတဲ့ Booking က အချိန်ဘယ်လောက်ရတယ်ဆိုတာ ပြောပါလိမ့်မယ်။

Booking တင်ထားတဲ့ပုံရဲ့ အပေါ်ပိုင်းနားမှာ PNR ဆိုတာကို ရှာပါ။ မတွေ့ရင်/မပါရင် အေးဂျင့်ကို မေးပါ။ PNR သိပြီ/တွေ့ပြီဆိုရင် အဲ့ဒီ PNR ရဲ့အနောက်က Code No တွေနဲ့ လေကြောင်းလိုင်း Website တွေမှာ စစ်ကြည့်လို့ရပါတယ်။

ဘယ်လိုစစ်ရမလဲ?
- လေကြောင်းလိုင်း Website ကိုသွားပါ။
- find booking / manage booking ကိုနှိပ်ပါ။
- PNR / Booking Reference ဆိုတဲ့ နေရာမှာ PNR အနောက်က စာသားတွေကိုရေးပါ။
- Last Name နေရာမှာ Booking တင်ထားသူရဲ့ (၁ ယောက်ထက်ပိုနေရင် ၁ ယောက်ယောက်ရဲ့ Last Name) ကိုဖြည့်ပါ။ Oo / Aung Aung (Mr Aung Aung Oo) ဆိုရင် Last Name နေရာမှာ Oo ကိုဖြည့်ပါ။
- ပြီးရင် မှန်ဘီလူးပုံ၊ မြှားပုံ၊ find booking ကိုနှိပ်ပါ။
- အချက်အလက်တွေ မှန်ရင် booking တင်ထားကြောင်း ထွက်လာပါလိမ့်မယ်။ အချက်အလက်တွေ မမှန်ရင် အေးဂျင့်ကို PNR, Last Name မေးပြီး ပြန် Try ကြည့်ပါ။

*မှတ်ချက် - အဲသံလွင်၊ မန်းရတနာပုံ website တွေမှာတော့ ဒီလိုစစ်ဆေးရတာ အခက်အခဲရှိပါတယ်။ ဒါကြောင့် အဲ့ဒီလိုင်းတွေနဲ့ booking တင်ထားရင် လေကြောင်းလိုင်းကို ဆက်သွယ်ပြီးမေးတာ ပိုအဆင်ပြေနိုင်ပါတယ်။*

၃။ Booking တင်ထားတာ မှန်ပြီဆိုရင် ငွေလွှဲပြီး လက်မှတ်ထုတ်လို့ရပါပြီ။ အေးဂျင့်က လေယာဉ်လက်မှတ်ကို မိနစ် ၃၀ ခန့်အတွင်း လက်မှတ်ပို့ပေးပါလိမ့်မယ်။

လက်မှတ်ရလာတဲ့အခါမှာလည်း လက်မှတ်ထဲမှာပါတဲ့ PNR No. နဲ့ အပေါ်ကပြောထားတဲ့ နေရာမှာ ပြန်စစ်ကြည့်ပါ။ လက်မှတ်ထုတ်ပြီးရင် ထုတ်ပြီးသွားကြောင်း ပြနေပါလိမ့်မယ်။
...............

လေယာဉ်လက်မှတ်ကို တစ်နပ်စား လိမ်လည်ရောင်းချဖို့ မကြိုးစားဖို့ မေတ္တာရပ်ခံပါတယ်။ ဒီလိုလိမ်ရောင်းတာထက် ကိုယ့်ဆီက ပုံမှန်ဝယ်နေကျ ခရီးသည်တွေရှိလာအောင် ကြိုးစားကြပါလို့ တိုက်တွန်းပါတယ်။

လိမ်တဲ့သူက အချိန်တန်ရင် အလိမ်ပေါ်လာမှာပါပဲ။ အခုလိုခေတ်ကြီးထဲမှာ ချက်ချင်းလိမ်၊ ချက်ချင်းပေါ်နိုင်ပါတယ်။ တစ်နပ်စားလိမ်ရောင်းတာထက်၊ မှန်မှန်ကန်ကန်နဲ့ ရတဲ့ကော်မရှင်ခလေးယူပြီး ရောင်းမယ်။ ဝယ်နေကျ ခရီးသည်တွေလည်း တိုးတိုးလာမယ်ဆိုရင် အများကြီး အဆင်ပြေလာမှာပါခင်ဗျာ။

မြန်ထရစ်
28.12.2022

#လေယာဉ်လက်မှတ်
#မြန်ထရစ်

Want your business to be the top-listed Travel Agency in Dedaye?
Click here to claim your Sponsored Listing.

Category

Telephone

Address


အမှတ် (၉၆)၊ ပြည်တော်သာလမ်း၊ ဒေးဒရဲမြို့၊ ဧရာဝတီတိုင်းဒေသကြီး။
Dedaye
10261

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 13:00