Perfect English Language Center - Hinthada

Perfect English Language Center - Hinthada

Share

English Proficiency Classes

26/09/2025

Phonics တန်းသစ် November စပါမယ်ရှင်။

🔠 Phonics4Kids 🔠

Phonics သင်ဖို့လိုအပ်လို့လား? ဘာဖြစ်လို့သင်ပေးဖို့လိုတာလဲ?
အဲ့လိုမျိုးစဥ်းစားနေတဲ့ ဖေဖေမေမေတို့ရှိကြလားဟင်။ ရှိကြတယ်ဆိုရင် ကိုယ့်ရဲ့သားသားမီးမီးတွေအတွက် အောက်ကအချက်လေးတွေကိုဖတ်ကြည့်ပေးနော်
ကလေးတွေကို Phonics သင်ပေးခြင်းဟာဆိုရင်
၁။ မိခင်ဘာသာစကားမဟုတ်တဲ့ English စာကိုအသံထွက်မှန်မှန်နဲ့ ကျွမ်းကျင်အောင် ဖတ်တတ်စေဖို့အတွက် အခြေခံအုတ်မြစ်ချပေးတာပါ။
၂။ Spelling နဲ့ Writing တွေကိုတိုးတက်စေပါတယ်။
၃။ စာလုံးတွေကိုအလွတ်ကျက်မှတ်ပီးမှ မှတ်မိတာမျိုးမဟုတ်ဘဲ ဖတ်တတ်စေမှာဖြစ်တဲ့အတွက် ကလေးကိုယ်တိုင်အားကိုးမပါဘဲစာဖတ်တတ်လာမှာဖြစ်ပြီး ယုံကြည်မှုကိုတိုးလာစေမယ်။
၄။ ဝေါဟာရ (Vocabulary) ကြွယ်စေမယ်။
၅။ ရေရှည်မှာ စာပေအမျိုးမျိုးဖတ်တဲ့အခါ သဘောပေါက်နားလည်နိုင်စွမ်းကို မြှင့်တင်ပေးမယ်။
၆။ Phonics ကိုနည်းစနစ်ကျကျသင်ယူလေ့လာခြင်းဟာ စာဖတ်တဲ့နေရာမှာ အခက်အခဲရှိနေတဲ့ ကလေးတွေအတွက် တကယ်ထိရောက်တယ်ဆိုတဲ့ သုတေသနတွေ့ရှိချက်တွေလည်းရှိပါတယ်။
စာဖတ်တတ်မှသာ Writing, Speaking skill တွေတိုးတက်လာမှာဖြစ်တဲ့အတွက် Phonics ကိုသင်ပေးဖို့/ သင်ယူဖို့လိုကိုလိုအပ်ပါတယ်။

၅နှစ်မှ ၇ နှစ်အရွယ်ကလေးတွေအတွက် Phonics ကို စနစ်ကျကျ သင်ယူလေ့လာနိုင်ဖို့ EduPro ရဲ့ Phonics အတန်းကို November လမှာစတင်သင်ကြားပေးတော့မှာပါ။

အတန်းတစ်တန်းကို ၁၀ ယောက်သာလက်ခံမှာဖြစ်တဲ့အတွက် ☎️ 09753433477, 09777559040 တို့ကို ဆက်သွယ်ပီးသင်တန်းကြိုတင်အပ်ထားနိုင်ပါပီ။
🏡လိပ်စာ - အမှတ် ၇၊ တက္ကသိုလ်လမ်းမ၊ ဟင်္သာတမြို့။

Want your school to be the top-listed School/college in Hinthada?
Click here to claim your Sponsored Listing.

Category

Website

Address


Hinthada