May May Mon

May May Mon

Share

Baby Food Recipe & Cooking

12/10/2025

Edit - အတန်းလေး လူပြည့်ပြီးဖြစ်ပါသည်။
ရှေ့အတန်းလေးလုပ်ပြီး ၂လနားထားတဲ့ Character Bento Class ‌Batch-15 လေး ဒီအောက်တိုဘာလထဲ ပြန်စီစဉ်ထားပါတယ် မေမေတို့ရေ... October ဆိုတော့ Halloween အမှီလေးဖြစ်သွားတော့ ဒီအတန်းကမေမေတွေကို Halloween Bento create လုပ်တတ်အောင် ထည့်သင်ပေးသွားပါမယ် 🎃

လူဦးရေကလည်း limit လေးဖြစ်လို့ ဒီပို့စ်မြင်ရင် အမြန်လေးအပ်ဖို့တော့လိုပါမယ်မေမေတို့ရေ...

❣️ ချစ်စရာကောင်းတဲ့ Character Bento အရုပ်ထမင်းဗူးလေးတွေကို ကိုယ်တိုင်ပြင်ဆင်ပေးချင်တဲ့မေမေတို့အတွက် အပြင်လက်တွေ့သင်ပေးမယ့်အတန်းဖြစ်ပါတယ်။ Private Class ဖြစ်တာကြောင့် လူဦးရေအနည်းဆုံးဖြစ်ပြီး တစ်ဦးချင်းစီလိုအပ်ချက်တွေပြောပေးရင်း ပိုမိုထိရောက်အောင်သင်ယူနိုင်ပါမယ်။

✅ သင်တန်းအတွက်ဘာမှယူလာစရာမလိုပါဘူး။ တက်ရောက်ဖို့အတွက် မေမေတို့ဘက်ကစိတ်ဝင်စားမှုတစ်ခုပဲယူလာခဲ့ပါ။ လက်တွေ့သင်ယူနိုင်ဖို့ မေမေမွန်ဘက်က အားလုံးအဆင်သင့်ပြင်ဆင်ပေးထားပါမယ်။

✅ အခြေခံကအစဘာမှမသိ၊ မလေ့လာထားဖူးတဲ့သူလည်း သင်ယူလို့ရပါတယ်။ သင်တန်းပြီးတဲ့အခါ မိမိစိတ်ကူးရှိသလိုရုပ်လုံးပေါ်အောင်ပုံဖော်နိုင်ရုံမက စားချင်စိတ်ကိုဖြစ်စေတဲ့ဟင်းအထားအသိုပညာကိုပါ ကိုယ်တိုင်နားလည်ပြီးပြန်အသုံးချနိုင်အောင် သင်ကြားပေးပါမယ်။

🔷 ဘာတွေသင်ပေးမှာလဲ

▪️ သင်တန်းမှာ ဘယ်လိုအရုပ်ပုံဖော်နည်းဆိုတာမျိုးသင်ပေးသွားမှာမဟုတ်ပဲ Rice Mould ဝယ်ယူကုန်ကျခြင်းမှ Budget သက်သာအောင် မည်သည့်အရုပ်ပုံမဆို မိမိလက်နဲ့ Wrap ကိုင်တွယ်ပုံသွင်းဖန်တီးတတ်စေဖို့၊ ထမင်းတစ်ဗူးလုံးပြည့်စုံအောင်ဟင်း‌နေရာချတတ်အောင်သင်ပေးမှာဖြစ်ပါတယ်။

▪️ Bento Supplyတွေဖြစ်တဲ့ Tools and Accessoriesတွေ ဝယ်ယူတဲ့အခါ မသုံးစွဲဖြစ်ပဲအပိုဝယ်ယူရခြင်းမဖြစ်အောင်၊ လက်တွေ့အသုံးချနိုင်‌အောင်း ရှင်းပြပေးသွားပါမယ်။

▪️ဇာတ်ကောင်အရုပ်လေးတွေတင်မကဘဲ ပေါ်လွင်လှပပြီး စားချင်စဖွယ်ထမင်းဗူလေးအဖြစ် လက်တွေ့နေရာချတတ်အောင်ပါ သင်ကြားပေးမှာဖြစ်ပါတယ်။

▪️ များစွာသော Tips and Tricksများပါ သင်ကြားပေးမယ့်အပြင် Advanced Level ထိပါ ဒီ၂ရက်မှာထိ‌ရောက်အောင် လက်တွေ့သင်ယူနိုင်မှာဖြစ်ပါတယ်။ ဒီသင်တန်းပြီးသွားတဲ့အခါမှာ မေမေတို့စိတ်ကူးရှိသလိုဇာတ်ကောင်တွေကို ကိုယ်ပိုင်ပုံဖော်တတ်စေဖို့ သင်ပေးသွားမှာဖြစ်ပါတယ်။
ထမင်းဘူးအလှဆင်တဲ့နေရာမှာသုံးစွဲရတဲ့ ဂျပန်စားသောက်ကုန်ဆက်စပ်ပစ္စည်းများပါလက်တွေ့အသုံးချ သင်ယူနိုင်မှာဖြစ်ပါတယ်။

🔷 သင်တန်းမှပံ့ပိုးပေးမှာတွေကတော့
▪️သင်တန်းသားတစ်ဦးချင်းစီအတွက် သင်တန်းတက်ချိန်အတွင်းအသုံးပြုရမယ့်အခြေခံ Tools များ Accessoriesများ၊ အသုံးအဆောင်များ၊ ဂျပန်ထမင်းဗူးများမှအစ အားလုံးပြင်ဆင်ပေးထားမှာဖြစ်ပါတယ်။

🔷 သင်ကြားမှုပုံစံ
- Physical Class ဖြစ်တဲ့အပြင် Private Class ဖြစ်တာကြောင့် အပြင်မှာလက်တွေ့တူတူလုပ်ရင်း လိုအပ်ချက်တွေကိုတစ်ယောက်ချင်းစီအနီးကပ်ကြီးကြပ်ပြီး သင်ပေးနိုင်မှာဖြစ်ပါတယ်။
- သိလိုသည်များအဆင်မပြေတာကိုချက်ချင်းပြောပြပေးနိုင်တဲ့အတွက် အများကြီးထိရောက်မယ့်သင်တန်းဖြစ်ပါတယ်။

🔷 သင်တန်းပြီးသွားတဲ့အခါ...
တခါမှ Bentoမပြင်ဆင်ဖူးတဲ့မေမေတို့အနေနဲ့ အရုပ်ပုံလေးတွေ Rice Ballလေးတွေစနစ်တကျပုံသွင်းတတ်ရုံမကပဲ ဟင်းနေရာချထားမှု၊ အရောင်ချထားမှုတွေအပါ ထမင်းတစ်ဗူးလုံးပြင်ဆင်မှုမှာပါလုပ်တတ်လာမှာဖြစ်ပါတယ်။
(ပြန်လည် Bento Lunch Box Service စီစဉ်ရောင်းချမယ့်သူများအတွက်လည်း တိုင်ပင်ဆွေးနွေးခွင့်ပေးသွားပါမယ်)

‌✅ သင်တန်းအသေးစိတ်
🔸နေ့ရက် - (25.10.2025) to (26.10.2025)
(Saturday and Sunday)
🔸အချိန် - 12:30PM to 5:30PM
🔸သင်တန်းရက်‌ - (2)ရက်
🔸နေရာ - ၈မိုင်၊ သီရိမင်္ဂလာလမ်း၊ မရမ်းကုန်းမြို့နယ်
🔸Air Conditioned Room
🔸Free Car Parking
🔸Coffee Break Time
🔸Free Wifi

🌟 🌟 လူဦးရေကန့်သတ်ထားတဲ့ Private Class ဖြစ်တဲ့အတွက် အမြန်စာရင်းပေးသွင်းပြီး သင်တန်းအပ်ပေးဖို့လိုပါတယ်။ သင်တန်းကြေးနှင့်အတူအသေးစိတ်စုံစမ်းခြင်းများအတွက် chatboxမှာဆက်သွယ်နိုင်ပါတယ်။

🎁 သင်တန်းပြီးဆုံးပါက
✔️ May May Mon Customized Apron
✔️ မေမေတို့ကိုယ်တိုင်ပြင်ဆင်ထားသောထမင်းဗူးလေးများကို သင်တန်းပြီးချိန်မှာ အိမ်ကသားသားမီးမီးတို့အတွက် တပါတည်းယူဆောင်သွားနိုင်ပါတယ်။

💕 ဒီ၂ရက်တာအချိန်လေးပေးပြီး မေမေတို့ကိုယ်တိုင် သားသားမီးမီးတို့အကြိုက်ကာတွန်းဇာတ်ကောင်လေးတွေဖန်တီးပေးရင်း ထမင်းတွေကောင်းကောင်းစားဖို့၊ ဟင်းသီးဟင်းရွက်မစားတဲ့ကလေးတို့အတွက် အသင့်တော်ဆုံး Bento ထမင်းဗူးလေးတွေ ဖန်တီးကြရအောင်လားရှင်

23/08/2025

၆လကလေးဖြည့်စွက်စာ၊ အစာသိမ်းနည်း

15/08/2025

သားအလှည့်တုန်းက ဖြည့်စွက်စာချက်နည်းတွေကို ဝန်ထမ်းလည်းဖြစ်နေတော့ video တွေမရိုက်နိုင်ခဲ့ဘူး။ ခုသမီးအလှည့်ကျ ဖြည့်စွက်စာချက်နည်းလေးတွေ video လေးတွေရိုက်ထားပြီး ပြန်မျှဝေနေပါတယ်။ အောက်က page လေးကို follow လုပ်ထားဦးနော် 😘

01/08/2025

City Mart ရဲ့ လမ်း ၅၀ ဆိုင်ခွဲအသစ်လေးကို ဖွင့်ပွဲနေ့မှာရောက်ခဲ့ပါတယ်🥰
ဇူလိုင်လ (၃၀) ရက်နေ့မှာ စဖွင့်ပြီး ပရိုမိုးရှင်းတွေလည်း အများကြီးရှိတော့ မေမေမွန်လည်း လိုအပ်တာတွေ အများကြီးသွားဝယ်ဖြစ်လိုက်တယ်ရှင် 🛒

City Mart, City Care, Season နဲ့ Gong Cha ဆိုင်တွေမှာ ဝယ်ယူပြီး စုစုပေါင်း ၃၀,၀၀၀ ဖိုးပြည့်တာနဲ့ Lucky Draw တစ်ကြိမ် ကံစမ်းခွင့်လည်း August လ (3) ရက်နေ့အထိ ရှိသေးတာမို့ လမ်း ၅၀ အနီးက ဈေးဝယ်ချစ်သူအားလုံးကို သွားရောက်ဖို့ တိုက်တွန်းလိုက်ရပါတယ်နော် ✨

Want your public figure to be the top-listed Public Figure in Hlaing?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Hlaing