Nini Online Business
Magic
လှိုင်သာယာကနေ စံပြစျေးကို
အသွားအပြန်ကားခ ၄၀၀သက်သာအောင်
စက်ဘီးနဲ့အလုပ်လာဆင်းတဲ့
အလုပ်ကြမ်းသမားတွေကို သင်မြင်ဖူးရင်
သိပ်အရေးမကြီးတဲ့ကိစ္စတွေအတွက်
သောင်းနဲ့ချီအကုန်ခံပြီး
သင်ကားငှားမစီးတော့ပါဘူး...
ဒါပေမယ့်
ကား၃စီးရှိပြီး
မြို့ထဲမှာကားပိတ်လွန်းလို့
ကိုယ်တိုင်ကားမမောင်းချင်တော့တဲ့သူတွေကို
သင်မြင်ရင်ကားငှားစီးရတာ
ရှက်စရာတစ်ခုလို့သင်မြင်လာပါလိမ့်မယ်။
ဟုတ်ကဲ့
အချိန်ပို၂နာရီ
ခြေတိုအောင်အလုပ်လုပ်လို့
ရလာတဲ့အချိန်ပိုကြေး၁၅၀၀လောက်ကို
အပြန်မှာညစာအတွက်
ငါးပိချက်နဲ့တို့စရာဝယ်ပြီး
လစာကိုအပွန်းပဲ့မခံပဲ
စုနေရတဲ့သူတွေမြင်ရင်...
စားမကုန်ဘဲဒီတိုင်းထားခဲ့ရတဲ့
ဆိုင်က ဟင်းပွဲတွေကို
သင်နှမြောတက်လာမှာပါ...
ဒါပေမယ့်
ညစာအတွက်သိန်းနဲ့ချီကုန်နေတဲ့
dinnerတွေကို
သင်မြင်ရင်တော့
သင်မှာယူထားတဲ့ ဟင်းပွဲ၅ပွဲလောက်ကို
နည်းတယ်ထင်လာတော့မှာပါ...
တနေ့တမျိုးမရိုးရအောင်
ချစ်ပြကြင်နာပြနေကြတဲ့
fb ပေါ်ကအမျိုးမျိုးသောစုံတွဲတွေရဲ့
ကြည်နူးဖွယ်ပုံတွေကိုမြင်ရင်
သင့်ဆီမှာရှိတဲ့လက်တွဲဖော်ဟာ
မပြည့်စုံတဲ့သူ
လိုအပ်ချက်တွေရှိနေတဲ့သူလို့
ထင်ကောင်းထင်မိနိုင်ပါတယ်...
ဒါပေမယ့်
အဲဒီ romantic couple photos တွေ
နောက်ကွယ်က
ပြဿနာပေါင်း သောင်းခြောက်ထောင်တွေ
အယူအဆမတူကြတာတွေ
အဆင်မပြေမှုတွေကို
သေချာသိသွားရင်တော့
သင့်ဘေးမှာရှိတဲ့သင့်အရိပ်လိုလူကို
သင်တန်ဖိုးပိုထားတော့မှာပါ
လောကကြီးက
တဖက်စောင်းနင်းဖြစ်လွန်းတယ်
ငါ့ကျမှ ကံဆိုးရတယ်
ငါ့နားမှာဘယ်သူမှမရှိကြဘူး
ငါအဆင်မပြေဘူး ဆိုတဲ့
တွေးတောမှု ခံစားမှု
အပြစ်ရှာမှု သိမ်ငယ်မှုတွေဟာ
များသောအားဖြင့်
ကိုယ့်စိတ်ခံယူချက်နဲ့သာသက်ဆိုင်ပါတယ်
ကိုယ့်ခံစားမှု အတိမ်အနက်နဲ့သာ
သက်ဆိုင်ပါတယ်
ဒါ့ကြောင့်
အရာအားလုံးဟာ
သင်ကိုင်ထားတဲ့ပေတံနဲ့သာဆိုင်ပါတယ်။
သင်ကြည့်တဲ့အကြည့်
သင်ခံစားနေတဲ့နှလုံးသားနဲ့သာ
သက်ဆိုင်ပါတယ်။
တိုသောပေတံနဲ့လိုက်တိုင်းနေသရွေ့
အရာရာဟာရှည်နေမှာဖြစ်ပြီး...
ကျဉ်းမြောင်းသောအကြည့်
အတ္တကြီးသောနှလုံးသားနဲ့
ဆုံးဖြတ်နေမယ်ဆိုရင်တော့
အရာရာဟာဘယ်တော့မှ
သင့်အတွက်အဆင်ပြေလာမှာမဟုတ်ပါဘူး..
ဟုတ်ကဲ့
လူ့ဘဝဆိုတာ
မျက်လုံးတွေကကြည့်တတ်ဖို့
ခေါင်းတွေက တွေးတတ်ဖို့နဲ့
နှလုံးသားကကိုယ်ချင်းစာတတ်ဖို့
သင်ကြားရင်း
ပြေးလွှားနေကြရတဲ့
မဆုံးနိုင်တဲ့ မာရသွန်ပြေးပွဲတစ်ခုပါ...
ဒါ့ကြောင့်
ပြေးနေတုန်းလဲကျတဲ့အခါ
ဆက်ပြေးနိုင်တဲ့သူတွေကိုဒေါသမထွက်ဖို့
မနာလိုမဖြစ်ဖို့...
ပြေးနေတုန်း မောလာတဲ့အခါ
မိမိကိုယ်ကို စိတ်မပျက်ဘဲ
ခဏအနားယူတတ္ဖို့....
ပြေးနေတုန်း ဘေးမှာ
သင့်အတွက်ရှိနေတဲ့ရှုခင်းလေးတွေကို
ခံစားကြည့်ရှုတတ်ဖို့နဲ့....
ပန်းတိုင်ရောက်သွားနိုင်သူတွေကို
မနာလိုခြင်းမရှိဘဲ
မုဒိတာပွားနိုင်ဖို့ လေ့ကျင့်ကြပါစို့လား...
------------
အလုပ်အကိုင် လုပ်ငန်းများ အောင်မြင်တိုးတက်ကြပါစေ။
Jobs4U
Seize The Opportunities!
-----------
Credit
shampoo 3
for today
haircare
Click here to claim your Sponsored Listing.
Category
Website
Address
Hlaing