Crazy Kick

Crazy Kick

Share

အားကစားသတင္းမ်ား, သံုးသပ္ခ်က္မ်ားက?

Photos from Crazy Kick's post 17/08/2025

■ ပရီးမီးယားလိဂ်ပွဲစဉ် (၁)ရလဒ်

မန်ချက်စတာယူနိုက်တက် ၀-၁ အာဆင်နယ်

ကာလာဖီအိုရီ (၁၃)မိနစ်

မန်ချက်စတာယူနိုက်တက်အသင်းဟာ အာဆင်နယ်နဲ့တွေ့ဆုံတဲ့ ပရီးမီးယားလိဂ်နောက်ဆုံး (၆)ပွဲဆက်နိုင်ပွဲပျောက်ခဲ့ပြီး (၅)ပွဲအထိ ရှုံးနိမ့်ခဲ့ပါတယ်။



Photos: Team's Facebook

15/08/2025

ပရီးမီးယားလိဂ်ရဲ့ သမိုင်းဝင်ပြိုင်ဘက်ကြီးတွေဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်တို့ရဲ့ အားပြိုင်ပွဲကြီးဟာ ဒီရာသီမှာ ပရိသတ်တွေကို ရင်ခုန်စိတ်လှုပ်ရှားမှုတွေ ထပ်မံပေးစွမ်းဖို့အတွက် နီးကပ်လာပါပြီ။

ဒီပွဲဟာ အမှတ် ၃ မှတ်အတွက်တင်မကဘဲ နှစ်သင်းစလုံးရဲ့ ဂုဏ်သိက္ခာအတွက်ပါ အရေးပါပါတယ်။နှစ်သင်းပေါင်း အကြိမ် ၂၄၄ ကြိမ် တွေ့ဆုံခဲ့ရာမှာ မန်ချက်စတာယူနိုက်တက်က ၉၉ ကြိမ်နိုင်ပြီး အာဆင်နယ်က ၉၀ ကြိမ်နိုင်ခဲ့ပါတယ်။ သရေပွဲ ၅၅ ပွဲရှိပါတယ်။

ဘောလုံးကို ထိန်းချုပ်ဖို့အတွက် အလွန်အရေးပါတဲ့ ကွင်းလယ်မှာ Bruno Fernandes နဲ့ Declan Rice တို့ရဲ့ ထိပ်တိုက်ရင်ဆိုင်မှုဟာ အားအပြင်းဆုံးဖြစ်လာနိုင်ပါတယ်။ ဘယ်အသင်းက ကွင်းလယ်ကို လွှမ်းမိုးနိုင်မလဲဆိုတာ ပွဲအဖြေအတွက် အဆုံးအဖြတ်ပေးပါလိမ့်မယ်။

အာဆင်နယ်ဟာ နောက်ဆုံး ၆ ပွဲမှာ ယူနိုက်တက်ကို မရှုံးနိမ့်သေးပါဘူး။ ဒါပေမယ့် ဘယ်တုန်းကမှ လွယ်ကူတဲ့ပွဲစဉ်မရှိခဲ့သလို ဒီပွဲမှာလည်း အားပြင်းတဲ့ တုံ့ပြန်မှုတွေကို ယူနိုက်တက်ဆီကနေ တွေ့မြင်ရမှာ သေချာပါတယ်။

ဒီပွဲဟာ ရာသီသစ်ရဲ့ အစောပိုင်းကာလ ပွဲစဉ်ဖြစ်ပေမယ့် ထိပ်တန်း ၄ သင်းစာရင်းဝင်ဖို့အတွက် အရေးပါတဲ့ အမှတ်တွေကို ရယူနိုင်ဖို့ နှစ်သင်းစလုံး အစွမ်းကုန် ကြိုးစားသွားကြပါလိမ့်မယ်။

ဘယ်အသင်းက နိုင်ပွဲနဲ့အတူ ရာသီကို အကောင်းဆုံး ဆက်လက်စတင်နိုင်မလဲဆိုတာကို စောင့်ကြည့်ရမှာပါ။

ခန့်မှန်းချက်
ခြုံငုံသုံးသပ်ရရင်တော့ အာဆင်နယ်က အခုပွဲမှာ အနိုင်ရဖို့ ရေပန်းစားပါတယ်။ သူတို့ရဲ့ ကစားသမားအင်အားနဲ့ နည်းပြ မီကယ် အာတီတာ (Mikel Arteta) ရဲ့ အစီအစဉ်ကျတဲ့ ကစားပုံကြောင့် မန်ယူကို အသာစီးရနိုင်ပါတယ်။

ဒါပေမဲ့ မန်ယူဟာ Old Trafford ကွင်းမှာဆိုရင် အာဆင်နယ်ကို အမြဲတမ်းလိုလို ဒုက္ခပေးနိုင်စွမ်းရှိပါတယ်။ ဒါကြောင့် နှစ်ဖက်စလုံးက ဂိုးတွေသွင်းယူနိုင်ပြီး ပွဲကောင်းတစ်ပွဲ ဖြစ်လာဖို့များပါတယ်။

အဆုံးသတ်ရလဒ်အနေနဲ့ အာဆင်နယ်က မန်ယူကို ၂-၁ (or) ၂-၀ လိုမျိုးရလဒ်နဲ့ အနိုင်ရနိုင်မယ် ကျွန်တော်ထင်ခန့်မှန်းထားပါတယ်။



Crazy Kick

Photos from Crazy Kick's post 08/08/2025

''Siu" အောင်ပွဲခံဟန် ၁၂ ပြည့်မှာ စီရော်နယ်လ်ဒို
ဟက်ထရစ် သွင်းယူနိုင်ခဲ့ပါတယ်။

အယ်လ်နာဆာက Rio Ave အသင်းကို (၄-၀) ဂိုးနဲ့အနိုင်ရတဲ့ပွဲမှာ စီရော်နယ်လ်ဒို ဟက်ထရစ်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

အယ်လ်နာဆာအသင်းကစားသမားအသစ်
ယော်အိုဖေးလစ်လည်း အစွမ်းပြပြီး စီရော်နယ်လ်ဒိုအတွက် ဂိုးဖန်တီးမှု နှစ်ကြိမ်ပြုလုပ်ပေးခဲ့ပါတယ်။

Photos: Al Nassr

555Mix အကောင့်သစ်ဖွင့်ပီး ကစားလိုပါက ကိုသာ Hi လိုက်ပါဗျ။

03/08/2025

ဘာစီလိုနာတိုက်စစ်ကစားသမား ဖာမင်လိုပက်ဇ်ကို ယူရိုသန်း(၇၀)နဲ့ ကမ်းလှမ်းဖို့ မန်ယူအသင်း ပြင်ဆင်နေ

မန်ယူအသင်းဟာ ဘာစီလိုနာအသင်းက စပိန်တိုက်စစ်ကစားသမား ဖာမင်လိုပက်ဇ်ကို ယူရိုသန်း(၇၀)နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။

မန်ယူအသင်းဟာ ရပ်ရှ်ဖို့ဒ်ကို ဘာစီလိုနာအသင်းဆီ အငှားချစဉ်ကတည်းက ဖာမင်လိုပက်ဇ်အတွက် ဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်းလည်း သိရပါတယ်။

ဖာမင်လိုပက်ဇ်(၂၂ နှစ်)ဟာ ဘာစီလိုနာအသင်းနဲ့ ၂၀၂၉ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပြီး ယူရိုသန်း (၅၀၀)တန် လျော်ကြေးစာချုပ် ချုပ်ဆိုထားကြောင်းလည်း သိရပါတယ်။

ဘာစီလိုနာအသင်းက ဘဏ္ဍာရေးအခြေအနေအရ ကစားသမားတချို့ကို ရောင်းထုတ်ဖို့ လိုအပ်နေတာကြောင့် ဖာမင်လိုပက်ဇ်ကို ခေါ်ယူဖို့ ချယ်လ်ဆီး၊ အာဆင်နယ်နဲ့ ဆော်ဒီကလပ်အသင်းတွေက ကမ်းလှမ်းခဲ့ပေမဲ့ ငြင်းပယ်ခံခဲ့ရကြောင်း သိရပါတယ်။

ဒါပေမဲ့ လက်ရှိအချိန်မှာ မန်ယူအသင်းက ယူရိုသန်း(၇၀)နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေပြီဖြစ်ကြောင်း ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

မန်ယူအသင်းက ဖာမင်လိုပက်ဇ်ကို ဘာစီလိုနာအသင်းမှာ ရရှိနေတဲ့လစာရဲ့ နှစ်ဆပေးဖို့ စီစဉ်ထားကြောင်းလည်း သိရပါတယ်။

Photos: X






555MIX အကောင့်သစ်ဖွင့်ပြီးကစားလိုပါက ကိုသာ Hiလိုက်ပါဗျ။

Want your business to be the top-listed Gym/sports Facility in Hlaing?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Thirimyaing Street
Hlaing
11051