WIEC - Win International Education Center
WIEC - Win International Education Center ကနေကြိုဆိုပါတယ်နော်?
13/07/2024
လတ်တလောဖြစ်ပေါ်နေတဲ့ ကာလဝမ်းရောဂါရန်ကနေ ကိုယ့်ကလေးကို ဘယ်လိုကာကွယ်ကြမလဲ ? ‼️
ရန်ကုန်မြို့မှာ ဝမ်းပျက်၊ ဝမ်းလျှောရောဂါတွေလတ်တလောဖြစ်ပေါ်နေကြတယ်ဆိုတော့ အရွယ်မရောက်သေးတဲ့ ကျောင်းနေအရွယ်ကလေးငယ်တွေအတွက် စိတ်ပူစရာပါပဲ။ ဒါကြောင့် ကိုယ့်ကလေးငယ်တွေကို ဝမ်းပျက်၊ ဝမ်းလျှော ရောဂါမဖြစ်ရအောင် ဒီအချက်လေးတွေကို သတိထားပြီး ဂရုစိုက်ပေးဖို့ မမေ့ပါနဲ့ ဖေဖေ၊ မေမေတို့ရေ။
🔰 အစားအစာ
~~~~~~~~~~~~
အစားအစာတွေကို သေချာကျက်အောင်ချက်ပြုတ်ပါ။
ပင်လယ်စာနဲ့ အသားငါးတွေကို အပူသေချာရရှိပြီး ကျက်အောင် ချက်ပြုတ်ပြီးမှသာ စာသုံးပါ။ အသီးအရွက်တွေကိုလည်း စင်ကြယ်အောင် သေချာစွာဆေးကြောပါ။
အမှည့်လွန်အသီး၊ ယင်နားစာတွေကို ရှောင်ရှားပြီး အကင်၊ တုတ်ထိုး ကြိုက်တတ်တဲ့ ကလေးတွေအတွက်လည်း street food တွေကို လတ်တလောမှာ ခဏမကျွေးဘဲ ရပ်ထားသင့်ပါတယ်။ အသားစိမ်းပါဝင်တဲ့ ဆူရှီတွေကိုလည်း မကျွေးသင့်ပါဘူး။
🔰 အိမ်သာ၊ ရေချိုးခန်း
~~~~~~~~~~~~~~~~~
စျေးဝယ်စင်တာတွေ၊ အများသုံးနေရာတွေမှာရှိတဲ့ သန့်စင်ခန်းတွေကို အထူးဂရုစိုက်ပြီး တတ်နိုင်သလောက် အသုံးမပြုပါနဲ့။ မိမိတို့ရဲ့ အိမ်သာ၊ ရေချိုးခန်းတွေမှာလည်း သန့်ရှင်းရေးကို အထူးဂရုစိုက်သင့်ပါတယ်။
🔰 သောက်သုံးရေ
~~~~~~~~~~~~~~
ရေသန့် သို့မဟုတ် ရေကို ကျိုချက်ပြီးမှ သောက်သုံးပါ။
🔰 တစ်ကိုယ်ရည်သန့်ရှင်းရေး
~~~~~~~~~~~~~~~~~~~~~~~
အိမ်သာတက်ပြီးတိုင်း ကလေးကို လက်ဆေးခိုင်းပါ။ လက်သန့်ဆေးမကြာခဏ အသုံးပြုပေးပြီး အစာမစားခင်မှာလည်း လက်ကိုစင်ကြယ်အောင် ဆေးပေးပါ။
🔰 ရောဂါလက္ခဏာတွေကို သတိထားပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဝမ်းလျှောခြင်း၊ အော့အန်ခြင်းနဲ့ ရေဓာတ်ခန်းခြောက်ခြင်းလိုမျိုး ကာလဝမ်းရောဂါလက္ခဏာတွေကို သတိထားနေပါ။ တစ်စုံတစ်ခု လက္ခဏာပြပြီဆိုတာနဲ့ ဆေးရုံ၊ ဆေးခန်းမှာ ဆေးကုသမှုချက်ချင်းခံယူပါ။
✔️ ဒါ့အပြင် ကာလဝမ်းရောဂါနဲ့ပတ်သက်တဲ့ သတင်းတွေ၊ အကြံပေးချက်တွေ၊ ကြော်ငြာချက်တွေကို အမြဲလေ့လာပြီး ဆောင်ရန်၊ ရှောင်ရန်တွေကိုလည်း လေ့လာဖတ်ရှုထားဖို့ မမေ့ပါနဲ့ဦးနော်။
သားသား၊မီးမီးတို့ အားလုံးပဲ ဝမ်းပျက်၊ ဝမ်းလျှောရောဂါကို အောင်မြင်စွာ ကျော်လွှားပြီး ဘေးရန်ကင်းကြပါစေလို့ WIEC မှ ဆုမွန်ကောင်းတောင်းပေးလျက်ရှိပါတယ်နော်။ 🙏
ကလေးငယ်လေးတွေရဲ့ ကျန်းမာရေးအတွက် ဒီစာလေးကို Like & Share ပြုလုပ်ခဲ့နိုင်ပါတယ်။
ကောင်းသောနေ့လေးဖြစ်ပါစေ။ 🤗
15/06/2024
သားသား နဲ့ မီးမီး တို့ရဲ့ အနာဂတ်အတွက် 𝐈𝐆𝐂𝐒𝐄 𝐂𝐥𝐚𝐬𝐬 ကောင်းကောင်းတစ်ခုကို ဘယ်မှာ သင်ရပါ့မလဲ ? 🤗
𝐈𝐆𝐂𝐒𝐄 စာမေးပွဲအတွက် 𝐂𝐥𝐚𝐬𝐬 ကောင်းကောင်းတစ်ခုကိုရှာဖွေနေတဲ့ မိဘများနဲ့ ကျောင်းသား၊ ကျောင်းသူ၊ သားသားမီးမီးများအတွက် -
❝𝐖𝐈𝐄𝐂 - 𝐖𝐢𝐧 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐂𝐞𝐧𝐭𝐞𝐫❞ မှ
မကြာခင်ဖွင့်လှစ်တော့မဲ့ 📖 𝐈𝐆𝐂𝐒𝐄 𝐖𝐞𝐞𝐤𝐞𝐧𝐝 𝐂𝐥𝐚𝐬𝐬 (𝐏𝐫𝐢𝐦𝐚𝐫𝐲 𝐋𝐞𝐯𝐞𝐥) တန်းခွဲအသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။
📖 𝐈𝐆𝐂𝐒𝐄 𝐖𝐞𝐞𝐤𝐞𝐧𝐝 𝐂𝐥𝐚𝐬𝐬 မှာဆိုရင် 𝐈𝐆𝐂𝐒𝐄 စာမေးပွဲအတွက် အဓိကလိုအပ်တဲ့ ဘာသာရပ်တွေဖြစ်တဲ့ 𝐄𝐧𝐠𝐥𝐢𝐬𝐡, 𝐌𝐚𝐭𝐡𝐞𝐦𝐚𝐭𝐢𝐜𝐬, 𝐒𝐜𝐢𝐞𝐧𝐜𝐞, 𝐂𝐨𝐦𝐩𝐮𝐭𝐢𝐧𝐠 စတဲ့ ဘာသာရပ် လေးခုကို စနစ်တကျ ထိရောက်စွာသင်ကြားပေးသွားမှာဖြစ်ပါတယ်။
📖 အတွေ့အကြုံရင့်ကျက်တဲ့ 𝐓𝐞𝐚𝐜𝐡𝐞𝐫 - 𝐃𝐚𝐰 𝐎𝐡𝐦𝐚𝐫 𝐖𝐢𝐧 မှ ကိုယ်တိုင်ဦးစီးပြီး 𝐎𝐧 𝐂𝐚𝐦𝐩𝐮𝐬 အနေနဲ့ စနစ်တကျ ထိရောက်စွာ သင်ကြားပေးသွားမှာပါနော်။
✅ ဒီလို ဆရာမကြီး ကိုယ်တိုင် ထိရောက်တဲ့သင်ရိုးညွှန်းတမ်း၊ နားလည်ရလွယ်ကူတဲ့ စာသင်ကြားရေးပုံစံတွေနဲ့အတူ သင်ကြားပေးသွားမှာဖြစ်လို့ သင့်ကလေးအတွက် 𝐈𝐆𝐂𝐒𝐄 စာမေးပွဲမှာ ရလဒ်ကောင်းမွန်စွာအောင်မြင်ဖို့ စိတ်ချထားနိုင်ပါတယ်။
𝟐𝟎𝟐𝟒 ခုနှစ်၊ 𝐉𝐮𝐥𝐲 လ၊ 𝟔ရက်နေ့မှာ မိဘတွေနဲ့အတူ ဆရာမကြီးတွေ ကိုယ်တိုင် တွေ့ဆုံဆွေးနွေးပြီး နံနက်စာနဲ့ တည်ခင်းဧည့်ခံပေးသွားမဲ့ 𝐎𝐫𝐢𝐞𝐧𝐭𝐚𝐭𝐢𝐨𝐧 𝐄𝐯𝐞𝐧𝐭 လေးတစ်ခုလည်းရှိတာကြောင့် စိတ်ဝင်စားကြတဲ့ မိဘများနဲ့ ကျောင်းသား၊ ကျောင်းသူများအားလုံးကို 𝐖𝐈𝐄𝐂 မှ နွေးထွေးစွာ ဖိတ်ခေါ်လိုက်ပါတယ်။ 🤗🤗
𝐈𝐆𝐂𝐒𝐄 𝐖𝐞𝐞𝐤𝐞𝐧𝐝 𝐂𝐥𝐚𝐬𝐬 ( 𝐏𝐫𝐢𝐦𝐚𝐫𝐲 𝐋𝐞𝐯𝐞𝐥 )
~~~~~~~~~~~~~~~~~~~~~~~~~
🗓️ 𝐒𝐭𝐚𝐫𝐭𝐢𝐧𝐠 𝐃𝐚𝐭𝐞 - 𝟔.𝟕.𝟐𝟎𝟐𝟒
🕐 𝐓𝐢𝐦𝐞 - 𝟗𝐀𝐌 𝐭𝐨 𝟏𝟐𝐀𝐌
🗓️ 𝐄𝐯𝐞𝐫𝐲 𝐒𝐚𝐭𝐮𝐫𝐝𝐚𝐲 & 𝐒𝐮𝐧𝐝𝐚𝐲
📖 𝐒𝐮𝐛𝐣𝐞𝐜𝐭𝐬 - 𝐄𝐧𝐠𝐥𝐢𝐬𝐡, 𝐌𝐚𝐭𝐡𝐞𝐦𝐚𝐭𝐢𝐜𝐬, 𝐒𝐜𝐢𝐞𝐧𝐜𝐞, 𝐂𝐨𝐦𝐩𝐮𝐭𝐢𝐧𝐠.
💵 𝐂𝐥𝐚𝐬𝐬 𝐅𝐞𝐞 - 𝟏𝟐𝟎𝟎𝟎𝟎𝐦𝐦𝐤 𝐩𝐫 𝐦𝐨𝐧𝐭𝐡.
✅ ဒါကြောင့် 𝐈𝐆𝐂𝐒𝐄 𝐖𝐞𝐞𝐤𝐞𝐧𝐝 𝐂𝐥𝐚𝐬𝐬 ရဲ့ 𝐎𝐫𝐢𝐞𝐧𝐭𝐚𝐭𝐢𝐨𝐧 𝐞𝐯𝐞𝐧𝐭 လေးကိုစိတ်ဝင်စားလို့ပဲဖြစ်ဖြစ်၊ 𝐖𝐈𝐄𝐂 မှ သင်ကြားပေးနေတဲ့ တခြားသော 𝐂𝐥𝐚𝐬𝐬 များစွာနဲ့ ပတ်သက်ပြီး သိချင်လို့ပဲဖြစ်ဖြစ် အောက်ပါ ဖုန်းနံပါတ်၊ လိပ်စာများမှတဆင့် ဆက်သွယ်ပြီး စုံစမ်း၊စာရင်းပေးသွင်းထားနိုင်ပါပြီရှင့်။
𝐏𝐡 𝐧𝐨 -
☎️𝟎𝟗𝟗𝟔𝟓𝟎𝟐𝟕𝟒𝟕𝟖
☎️𝟎𝟗𝟓𝟏𝟗𝟐𝟎𝟎𝟓
☎️𝟎𝟗𝟒𝟑𝟎𝟐𝟓𝟎𝟐𝟑
☎️ 𝟎𝟗𝟕𝟓𝟕𝟕𝟏𝟖𝟏𝟕
𝗪𝗜𝗘𝗖 - 𝗪𝗶𝗻 𝗜𝗻𝘁𝗲𝗿𝗻𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗘𝗱𝘂𝗰𝗮𝘁𝗶𝗼𝗻 𝗖𝗲𝗻𝘁𝗲𝗿
********************************************
🏢 𝐍𝐨 𝟒𝟖 , (𝐦𝐢𝐧𝐢 𝐜𝐨𝐧𝐝𝐨), 𝐏𝐚𝐫𝐚𝐦𝐢 𝐑𝐨𝐚𝐝𝐀𝐭 𝐭𝐡𝐞 𝐮𝐩 𝐨𝐟 𝐂𝐁 𝐛𝐚𝐧𝐤𝟏𝟔 𝐪𝐮𝐚𝐫𝐭𝐞𝐫, 𝐇𝐥𝐚𝐢𝐧𝐠 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩𝐘𝐚𝐧𝐠𝐨𝐧, 𝐌𝐲𝐚𝐧𝐦𝐚𝐫.
𝗡𝗲𝘄 𝗖𝗮𝗺𝗽𝘂𝘀 𝗔𝗱𝗱𝗿𝗲𝘀𝘀 ~
***************************
🏢 𝐒𝐜𝐡𝐨𝐨𝐥 𝐀𝐝𝐝𝐫𝐞𝐬𝐬 : 𝟑𝟒/ ဗဟိုလမ်း, အာရှတော်ဝင်ဆေးရုံအနီး 𝐂𝐚𝐩𝐢𝐭𝐚𝐥 𝐒𝐮𝐩𝐞𝐫𝐦𝐚𝐫𝐤𝐞𝐭 ရှေ့တည့်တည့်။
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
No. 40 ; Parami Road 16 Quarter Hlaing Township Yangon
Hlaing
11052