Brainless

Brainless

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Brainless, Photographer, Parami Road, Hlaing.

01/01/2025

VIP Guest ? Squid Game

31/12/2024

#ဝေးများဝေးရင်

အခြေအနေတွေဟာအမြဲတမ်း
ပြောင်းလဲနေတယ် အချစ်ရယ်

ဒီကမ္ဘာပေါ်မှာ ချစ်တိုင်းလည်း
မညားကြတဲ့သူတွေ အများကြီးပဲ

အို ချစ်သူလေးရယ်
မင်းနဲ့ကိုယ်ဒီလိုဝေးရမှာ အကြောက်ဆုံးပဲ

မဝေးချင်ဘူး

ကြင်နာသူရေ မင်းအနားနား
နီးနီးလေးပဲ ကိုယ်နေချင်တယ်

ပိုင်ဆိုင်ချင်တယ် အချစ်လေးရယ်
စိတ်ညစ်စေမယ့်စကား မင်းမပြောပါနဲ့

အို ရက်စက်မှာလားကွယ်
မင်းကိုယ့်ကို သေအောင် ဝေဒနာတွေ မပေးနဲ့

မဆွေးချင်ဘူး

ပြောင်းလဲတိုင်းမပြောင်းလဲနဲ့
ဘယ်တော့မှ မင်းမမုန်းနဲ့အချစ်ရေ

မင်းနဲ့တို့ ဝေးများဝေးရင်
အိုး သေချာတယ် ကိုယ့်အသက်တိုလိမ့်မယ်

ချစ်သူလေးရေ ကိုယ့်အသဲကို
ရက်ရက်စက်စက် ခွဲမသွားနဲ့ .. ခွဲ မသွားနဲ့

ကြင်နာသူရေ မင်းအနားနား
နီးနီးလေးပဲ ကိုယ်နေချင်တယ်

ပိုင်ဆိုင်ချင်တယ် အချစ်လေးရယ်
စိတ်ညစ်စေမယ့်စကား မင်းမပြောပါနဲ့

အို ရက်စက်မှာလားကွယ်
မင်းကိုယ့်ကို သေအောင် ဝေဒနာတွေ မပေးနဲ့

မဆွေးချင်ဘူး

ပြောင်းလဲတိုင်းမပြောင်းလဲနဲ့
ဘယ်တော့မှ မင်းမမုန်းနဲ့အချစ်ရေ

မင်းနဲ့တို့ ဝေးများဝေးရင်
အိုး သေချာတယ် ကိုယ့်အသက်တိုလိမ့်မယ်

ချစ်သူလေးရေ ကိုယ့်အသဲကို
ရက်ရက်စက်စက် ခွဲမသွားနဲ့ .. ခွဲ မသွားနဲ့

ပြောင်းလဲတိုင်းမပြောင်းလဲနဲ့
ဘယ်တော့မှ မင်းမမုန်းနဲ့အချစ်ရေ

မင်းနဲ့တို့ ဝေးများဝေးရင်
အိုး သေချာတယ် ကိုယ့်အသက်တိုလိမ့်မယ်

ချစ်သူလေးရေ ကိုယ့်အသဲကို
ရက်ရက်စက်စက် ခွဲမသွားနဲ့ .. ခွဲ မသွားနဲ့

Video
Text me😁(video ကြည့်ရေးတာ)

24/12/2024

❣️အာရုံကြောအားနည်း နေတဲ့ လက္ခဏာ (၇) မျိုး။

1. ထုံကျဉ်တာ

ခြေတွေ၊ လက်တွေ ထုံကျဉ်တာ ဖြစ်ဖူးတယ်မလား။ ရာသီဥတုအေးလို့လည်း မဟုတ်ပါဘဲ မကြာခဏ ထုံကျဉ်တာ နေရခက်ပါတယ်။ ဗီတာမင် B12 အားနည်းခြင်းက အာရုံကြောတွေကိုဖုံးအုပ်ပေးထားတဲ့ အကာအကွယ်အလွှာကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ Crohn’s ရောဂါ သို့မဟုတ် တခြား အူလမ်းကြောင်းရောဂါတွေကြောင့်လည်း ဗီတာမင်စုပ်ယူနိုင်စွမ်းကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။

2. ပိုချမ်းတတ်တာ

အရင်ကဆို မှုလောက်မှာမဟုတ်တဲ့ အအေးဓာတ်လောက်ကို အခုမှ အရမ်းချမ်းတတ်နေတာမျိုး။ နည်းနည်းအေးတာနဲ့ ကိုယ်က ခိုက်ခိုက်တုန်နေတာမျိုး ခံစားရတယ်ဆို သွေးအားနည်းနေတာဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းထဲမှာ B12 ဓာတ်မလုံလောက်လို့ သွေးနီဥတွေ နည်းတာ ဖြစ်စေနိုင်ပါတယ်။ ဒါဆို ခြေဖျား၊ လက်ဖျားတွေ အေးစက်ပြီး တဆတ်ဆတ်တုန်ပြီး ချမ်းတတ်တာပေါ့။

3. ဦးနှောက်လုပ်ဆောင်ချက်တွေကမောက်ကမ
ဖြစ်တာ

စိတ်ဓာတ်ကျတာ၊ အာရုံရှုပ်ထွေးတာ ၊မေ့တတ်လာတာ၊ အာရုံစူးစိုက်မရတာတွေက B12 အားနည်းရာကနေ ဖြစ်လာတဲ့လက္ခဏာတွေပါ။

4. အားနည်းတာ

လူကအားနည်းသလိုဖြစ်နေတယ်၊ ကြွက်သားတွေအားမရှိဘူး၊ ပင်ပန်းနုံးချိနေမယ်၊ ခေါင်းမူးတယ်ဆိုရင် အာရုံကြောအားနည်း တာဖြစ်နိုင်ပါတယ်။ ဒီလက္ခဏာတွေ ပိုဆိုးလာတယ်၊ ကြာလာတယ်ဆိုရင် ဆရာဝန်ပြပြီး အားဆေးသောက်သင့်သောက်ရပါမယ်။

5. နှလုံးခုန်မြန်တာ

နှလုံးခုန်မြန်တာကလည်း အာရုံကြောအားနည်း တဲ့ လက္ခဏာထဲမှာ ပါဝင်ပါတယ်။ ကြက်သား၊ ကြက်ဥ၊ ငါး တို့ကနေ ဗီတာမင်B12 ရရှိနိုင်ပါတယ်။ B12 ချို့တဲ့တယ်ဆိုရင် သွေးအားနည်းခြင်း၊ စိတ်အတက်အကျမြန်ခြင်း၊ အာရုံကြောထိခိုက်ခြင်းနဲ့ တခြားပြင်းထန်တဲ့ ရောဂါတွေ ဖြစ်လာစေနိုင်ပါတယ်။

6. ပါးစပ်အနာ

သွားဖုံး သို့မဟုတ် လျှာမှာ အနာလေးတွေ ဖြစ်လာတယ်ဆိုရင် B12 အားနည်းတာ၊ သွေးအားနည်းခြင်း
သို့မဟုတ် တခြားရောဂါ အကြောင်းရင်းတစ်ခုခုကြောင့် ဖြစ်နေနိုင်ပါတယ်။

7. ဗိုက်ပြဿနာ

ခံတွင်းပျက်တာ၊ အရမ်းပိန်သွားတာ၊ ဝမ်းချုပ်တာ စတဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ကိုယ်ထဲမှာ B12 ပမာဏချို့တဲ့လွန်းရင် ဆရာဝန်ပြပြီး အားဆေးထိုးသင့် ထိုးရပါမယ်။
Crd:

💝အာရုံကြောအားကောင်းစေတဲ့အစားအစာများ။

❣️အာရုံကြော အားနည်းလာပြီးလာဆိုရင် အာရုံကြောတွေ ပျက်စီးခြင်းတွေနဲ့ အခြားသော ခန္ဓာကိုယ်တွင် လက္ခဏာအမျိုးမျိုး ဖြစ်ပေါ်တတ်ပါတယ်။

❣️ဒါကြောင့် အာရုံကြော စနစ် အားကောင်းလာစေဖို့အတွက် အစားအစာကနေ ပြုလုပ်လိုရပါတယ်။ ကဲ ဘယ်လိုအရာတွေက အာရုံကြောစနစ်ကို အားကောင်းစေလလဲ ကြည့်လိုက်ရအောင်ရှင်

❣️အာရုံကြောစနစ် ကျန်းမာဖို့အတွက် ဒီဓါတ်တွေလိုအပ်ပါတယ်ရှင်

💓ဗီတာမင် B1 (သီရာမင်း)

ခြေထိပ်လက်ထိပ်လေးတွေမှာ အာရုံခံစားမိစေဖို့ လုပ်ဆောင်ပေးပါတယ်။

💓ဗီတာမင် B6

အာရုံခံစားမှုတွေကို သိရှိခံစားနိုင်စေဖို့ အရေးပါတဲ့ ဓါတ်တစ်ခုပါ။

💓ဗီတာမင် B12

ခြေလက်တွေ ထုံကျဉ်တာမျိုး မဖြစ်အောင်ကာကွယ်ပေးပါတယ်။

💓ကော့ပါး

သိမြင်မှုစွမ်းရည်ကိုကောင်းမွန်စေပြီး အာရုံကြောကို ကျန်းမာစေနိုင်ပါတယ်။

💝အာရုံကြောကျန်းမာစေဖို့ ဘာတွေစားမလဲ

💓ဟင်းနုနွယ်

အာဟာရနဲ့ဗီတာမင်တွေကြွယ်ဝစေတယ်။ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်တာကြောင့် ခန္ဓါကိုယ် ကျန်းမာစေနိုင်သလို ဦးနှောက်နဲ့အာရုံကြောကိုလည်း ကျန်းမာစေနိုင်ပါတယ်။

💓ဆန်လုံးညို

ဗီတာမင် B6 ကြွယ်ဝစွာပါဝင်တာကြောင့် စိတ်ပိုင်းဆိုင်ရာကျန်းမာစေနိုင်ပါတယ်။ အန္တရာယ်ရှိတဲ့homocysteines ပမာဏမြင့်တက်မှုကြောင့် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ မဂ္ဂနီဆီယမ်ပါဝင်တာကြောင့် အာရုံကြောစနစ်ကို ကျန်းမာစေနိုင်ပါတယ်။

💓ကိုကိုး

ဓါတ်တိုးဆန့်ကျင် အာနိသင်တွေကြွယ်ဝတာကြောင့်oxidative stressတွေကြောင့်ဖြစ်လာမယ့် အာရုံကြောထိခိုက်မှုပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

💓ငါး

အထူးသဖြင့်ကတော့ ပင်လယ်ငါးပါ။ Omega- 3 fatty acids ကြွယ်ဝစွာပါဝင်တာကြောင့် ဦးနှောက်နဲ့အာရုံကြောစနစ်တွေကို ကျန်းမာစေနိုင်ပါတယ်။

💓ငှက်ပျောသီး

ပိုတက်ဆီယမ်ကြွယ်ဝတဲ့ ငှက်ပျောသီးလေးက ဦးနှောက်နဲ့အာရုံကြောစနစ်ကိုရေဓါတ်ပြည့်အောင်ဖြည့်ပေးပြီး အာရုံကြောစနစ် ကျန်းမာအောင်လုပ်ဆောင်ပေးပါတယ်။

💓ကြက်သွန်ဖြူ

ဓါတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝစွာပါဝင်တာကြောင့် ဦးနှောက်နဲ့အာရုံကြောစနစ်ကို ကျန်းမာစေနိုင်ပါတယ်။
ဦးနှောက်နဲ့အာရုံကြောစနစ် ကျန်းမာစေဖို့အတွက် အခုပြောခဲ့တဲ့ အစားအသောက်လေးတွေကိုနေ့စဉ်တစ်ခု နှစ်ခုလောက်ပါဝင်အောင်စားသုံးပေးပြီး အာရုံကြောကျန်းမာအောင်စောင့်ရှောက်လိုက်ပါ

Copy photo n text

Want your business to be the top-listed Photography Service in Hlaing?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Parami Road
Hlaing