Healer Gems

Healer Gems

Share

Healer Gems
==========
ရတနာများ စုဝေးရာ

22/05/2024

"ဗျာ၊ ဖွား၊ ပွင့်၊ စံ
ဤလေးတန်မှတ်ရန် ဗုဒ္ဓနေ့ " နှင့်
ကဆုန်လပြည့်နေ့တွင်
ညောင်ရေသွန်းလောင်းရခြင်း အကြောင်းရင်း
===================
ကဆုန်လပြည့်နေ့ ဟာ ထူးခြားပါတယ်...
ဒီကဆုန်လပြည့်နေ့ကို ဗုဒ္ဓနေ့ လို့ သတ်သတ်မှတ်မှတ် ခေါ်ဆိုရတဲ့အကြောင်းကလည်း စာချိုးအတိုင်း တိုက်ဆိုင်စွာပဲ ဂေါတမဗုဒ္ဓရဲ့ သက်တော်စဉ်မှာ ကဆုန်လပြည့်နေ့တွေဆို ဖြစ်ပျက်ခဲ့တာတွေကြောင့်လို့ ဆိုနိုင်ပါတယ်။

ဗျာဒိတ်ခံယူသည့်နေ့ =
လေး အသင်္ချေကမ္ဘာတစ်သိန်း အစ
ကဆုန်လပြည့်နေ့။

ဖွား ) ဘုရားမွေးသည့်နေ့ =
မဟာသက္ကရာဇ် (၆၈)ခု၊
ကဆုန်လပြည့် (သောကြာနေ့)။(ဘီစီ ၆၂၃)

ပွင့် ) ဘုရားဖြစ်သည့်နေ့ =
မဟာသက္ကရာဇ် (၁၀၃)ခု၊
ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)။ (ဘီစီ ၅၈၈)

ဟော) ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့ =
မဟာသက္ကရာဇ် (၁၀၄)ခု၊
ကဆုန်လပြည့်နေ့။ (ဘီစီ ၅၈၇)

စံ) ပရိနိဗ္ဗာန်စံသည့်နေ့ =
မဟာသက္ကရာဇ် (၁၄၈)ခု၊
ကဆုန်လပြည့် (အင်္ဂါနေ့)။ (ဘီစီ ၅၄၃)

===================

အာ , ဗော , ကာ , ယ , ဆံ , ရွှေ , ကဏ်

အာ - - - အာနန္ဒာမထေရ်
ဗော - - - ဗောဓိပင်
ကာ --- ကာဠုဒါယီအမတ်
ယ - - - ယသော်ဓရာ
ဆံ - - - ဆန္ဒအမတ်
ရွှေ - - - ရွှေအိုးကြီးလေးလုံး
ကဏ် - - - ကဏ္ဍကမြင်း
ဒီ (၇) ဦးဟာ မြတ်စွာဘုရားရဲ့ ဖွားတော် (၇) ဦးဖြစ်ပါတယ်။

ဖွားဘက်တော်ဆိုတာ မြတ်စွာဘုရားမွေးဖွားတဲ့ နေ့ အချိန်မှာပဲ တပြိုင်နက်တည်း အတူတူမွေးဖွားလာကြတာဖြစ်ပါတယ်။

ထိုခုနှစ်ဦးထဲမှာ ဗောဓိပင်ဟာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဒီဗောဓိပင်အောက်မှာပဲ မြတ်စွာဘုရားရှင်သည် ဒေဝပုတ္တမာန် ကိလေသမာန် အဘိသင်္ခါရမာန် ခန္ဓမာန် မစ္စုမာန် ဆိုတဲ့ မာန်ငါးပါးကို အောင်မြင်တော်မူပြီး သဗ္ဗညုတဉာဏ်တော်ကြီးကို မဟာသက္ကရာဇ် (၁၀၃) ခု ကဆုန်လပြည့်နေ့ည အာရုဏ်မတက်ခင်မှာ ရရှိတော်မူခဲ့တာဖြစ်ပါတယ်။

ဘုရားဖြစ်တော်မူပြီးနောက်မှာလဲ ဗောဓိညောင်ပင်ကြီးကို သဗ္ဗညုတဉာဏ်တော်ကြီးကို ရရှိတော်မူခဲ့တဲ့နေရာပဲဆိုပြီး (၇) ရက်ပတ်လုံး ဖလသမာတ်ဝင်စားကာ နေတော်မူခဲ့ပါတယ်။ ထိုနောက် ဗောဓိပင်ရဲ့ အရှေ့မြောက်ယွန်းယွန်းမှာရှိသော ကုန်းတော်ပေါ်မှ ရပ်လျင် မမှိတ်မသုန်သော မျက်စိဖြင့် ကြည့်ရှုတော်မူရင်း (၇) ရက်ပတ်လုံး ဖလသမာပတ်ဝင်စားတော်မူခဲ့ပါတယ်။ ထိုနေရာဝန်းကျင်မှာပဲ ဆက်လက်ပြီး စင်္ကမနသတ္တာဟ၊ ရတနာဃရသတ္တာဟ၊ အဇပါလသတ္တာဟ၊ မုစလိန္ဒသတ္တာဟ၊ ရာဇာယတနသတ္တာဟ ဆိုပြီး သတ္တဌာန (၇) ဌာနမှာ (၇) ရက်ဆီ [၄၉] ရက်ပတ်လုံး ဖလသမာပတ်ဝင်စားကာ သီတင်းသုံးတော်မူခဲ့ပါတယ်။

ထို့ကြောင့် ဗောဓိပင်ညောင်ပင်ဟာ ဘုရားရှင်ရဲ့အသုံးအဆောင်ဖြစ်တာကြောင့် ပရိဘောဂစေတီထိုက်ပါတယ်။ စေတီထိုက်တယ်ဆိုတာ ပူဇော်ကိုးကွယ်ထိုက်တာကိုဆိုလိုတာဖြစ်ပါတယ်။ ထိုမူလဗောဓိပင်မှ တစ်ဆင့် သာဝတ္ထိပြည်သူတွေ ဘုရားမရှိတဲ့အချိန် ကိုးကွယ်ကြဖို့ သာဝတ္ထိမြို့မှာ ရှင်အာနန္ဒာဦးဆောင်စိုက်ပျိုးခဲ့ခြင်းကြောင့် အာနန္ဒာဗောဓိ ဟု အမည်တွင်သော ဗောဓိညောင်ပင်သည်လည်း မြတ်စွာဘုရားရှင်လက်ထက်တော်ကတည်းက စိုက်ပျိူးခဲ့တာ ယခုတိုင်ရှိနေဆဲဖြစ်ပါတယ်။ သာ၀တ္ထိမြို့သူမြို့သားတို့သည် ထိုဗောဓိပင်ကို အမွှေးနံ့သာ ပန်း ဆီးမီးတို့ဖြင့် ဆက်ကပ်ညှိထွန်းခြင်းဖြင့် ဘုရားရှင်အား ပူဇော်သည့်အနေဖြင့် အမြဲပူဇော်ခဲ့ကြပါတယ်။

တဖန် သာသနာနှစ် ၂၀၀ ကျော်မှာလဲ အသောကမင်း၏ ပို့ဆောင်ပေးမှုဖြင့် သီရိလင်္ကာနိုင်ငံမှာလည်း ဒေဝါနံပိယဒဿီ မင်းကိုယ်တိုင် သီဟိုဠ်ပြည်သူတွေ ကိုးကွယ်ရစ်ကြဖို့ ဗောဓိပင်ကို စိုက်ပျိူးခဲ့ပါတယ်၊ ၎င်းဗောဓိပင်သည်လည်း ယနေ့တိုင် သီရိလင်္ကာနိုင်ငံမှာ ရှိနေဆဲဖြစ်ပါတယ်။
ဒီလိုပရိဘောဂစေတီထိုက်သော ဗောဓိပင်ကို ဘုရားရှင်လက်ထက်က စပြီး ယနေ့တိုင်အောင် ဗုဒ္ဓဘာသာဝင်တွေဟာ ကိုးကွယ်လာခဲ့ကြတာဖြစ်ပါတယ်။

ဘုရားလက်ထက်က ရဟန္တာအရှင်သူမြတ်ကြီးတွေကလည်း သူတို့ရဟန္တာဖြစ်ပြီးနောက် သူတို့ရဲ့အတိက်အကြောင်းတွေကို ပြောပြတဲ့အခါ ဗောဓိပင်စိုက်ပျိုးခြင်းကြောင့် ရရှိတဲ့အကျိူးတရားတွေကို ပြောပြခဲ့ကြပါတယ်။ ထိုမထေရ်တို့ထဲက မှ အသနဗောဓိယမထေရ်အလောင်းသည် တိဿဘုရားရှင်၏ ဗောဓိပင်ကို စိုက်ပျိုးပူဇော်ရသော ကုသိုလ်ကြောင့် နတ်ပြည်၌ဖြစ်ရခြင်း၊ စကြာမင်းဖြစ်ရခြင်း၊ အပါယ်ဘေးမှလွတ်ကင်းရခြင်းအကျိုးများကို ခံစားခဲ့ရပြီး ဂေါတမမြတ်စွာဘုရားပွင့်တော်မူသောအခါ “ဗောဓိသိဉ္ဓက မထေရ်”အမည်ဖြင့် ပဋိသမ္ဘိဒါလေးပါး၊ ဝိမောက္ခရှစ်ပါး၊ အဘိညာဉ်ခြောက်ပါးတို့ကို ရရှိပိုင်ဆိုင်ကာ အာသဝေါကုန်ခမ်း “ရဟန္တာ”ဖြစ်တော်မူခဲ့တဲ့အကြောင်းကို ထေရာပဒါန်ကျမ်းဂန်၌ မထေရ်မြတ်ကြီး ကိုယ်တော်တိုင် သူရဲ့ဘဝဖြစ်တွေကို နောက်လူသားတို့အတုယူနိုင်ဖို့ ဟောကြားထားပါသည်။

တဖန် “ဂန္ဓောဒကတိဿမထေရ် အလောင်းသည်လည်း ပဒုမုတ္တရဘုရားရှင်၏ ဗောဓိပင်ကို နံ့သာရေဖြင့် သွန်းလောင်းသောကုသိုလ်ကြောင့် နတ်ပြည်၌ဖြစ်ရခြင်း၊ အနာရောဂါမရှိခြင်း၊ သောကကင်းဝေးခြင်း စသောအကျိုးများကို ခံစားရပြီး ဂေါတမမြတ်စွာဘုရားပွင့်တော်မူသော အခါ “ဂန္ဓောဒကိယမထေရ်” အမည်ဖြင့် ပဋိသမ္ဘိဒါလေးပါး၊ဝိမောက္ခရှစ်ပါး၊ အဘိညာဉ်ခြောက်ပါးတို့ကို ရရှိပိုင်ဆိုင်ကာ အာသဝေါကုန်ခမ်း ရဟန္တာဖြစ်တော်မူခဲ့လေသည်။

ထိုအကြောင်းတွေကြောင့် မြတ်စွာဘုရားရှင်၏ အသုံးအဆောင်ဖြစ်သော ဗောဓိပင်ကို ကိုးကွယ်ထိုက်တယ်လို့ ဆိုခြင်းဖြစ်ပါတယ်။

ထိုကဲ့သို့ ပူဇော်ထိုက် ကိုးကွယ်ထိုသော ဗောဓိညောင်ပင်ကို ဝမ်းတွင်းမြို့နယ်၊ ဆပ်ခင်းရွာ၊ လေးထပ်ကျောင်းဝန်းအတွင်းမှာလဲ ဗောဓိသဉ္စကမထေရ်ကဲ့သို့ ဗောဓိပင်စိုက်ပျိုးခြင်း ပူဇော်ပသခြင်း၊ အနေကဇာတင်ခြင်း၊ ဂန္ဓောဒကတိဿမထေရ်ကဲ့သို့ ညောင်ရေသွန်းလောင်းခြင်း မင်္ဂလာများကို ပြုလုပ်ပြီး နောက်လဲ နှစ်စဉ်လို ကဆုန်လပြည့်တိုင်းမှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။

ထို့ကြောင့် ဗောဓိညောင်ပင်ကို ရေသွန်းလောင်းသောအခါ မြတ်ဗုဒ္ဓသည် ဤဗောဓိပင်နေရာဌာန၌ပင် မာရ်စစ်သည်အပါင်းကို အောင်မြင်ပြီး၊ ဤဗောဓိပင်နေရာဌာန၌ပင် သစ္စာလေးပါးကို သိမြင်ကာ၊ ဤဗောဓိပင်နေရာဌာန၌ပင် ဘုရားအဖြစ်သို့ ရောက်တော်မူခဲ့လေသည် ဟု “မြတ်ဗုဒ္ဓ၏ ဂုဏ်တော်” တို့ကို လေးလေးနက်နက် အာရုံယူကာ “သံသရာ၀ဋ်ဆင်းရဲမှ ထွက်မြောက်ရန်”ဆုပန်ပြီး ရှေးက ရဟန္တာမထေရ်မြတ်ကြီးများ၏ နှလုံးကို အတုယူကာ သွန်းလောင်း ပူဇော်သင့်ပါကြောင်း တိုက်တွန်းချင်ပါတယ်။

ကိုးကား။ ။ နေမိန္ဒ


22 May 2024

29/03/2024

မင်မင်တို့မိသားစု မတည်ပြီး
၇ ရက်သားသမီးအလှူတော်မြတ်ပါ 🙏🙏🙏

Want your business to be the top-listed Jewelery/watch Store in Hlaing?
Click here to claim your Sponsored Listing.

Telephone

Address


Hlaing
11052

Opening Hours

Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00