Funny meme video

Funny meme video

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Funny meme video, Artist, Hlaing.

Photos from Funny meme video's post 28/03/2025

နောက်ဆက်တွဲ ငလျင်များ လှုပ်ခတ်လာနိုင်ကြောင်း ဆရာဦးဝင်းနိုင် သတိပေး
======

နောက်ဆက်တွဲအနေဖြင့် အင်အား ၆.၄ ရှိတဲ့ ပြင်းအားက မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်(တံတားဦး)အနီး ကို ဇဟိုပြုနေကြောင်း တွေ့ရပါတယ်လို့ အခုလိုပဲ အသိပေးလာခဲ့တာပဲ ဖြစ်ပါတယ်။

ဆိုတော့
အရေးကြီးစာရွက်စာတမ်းတွေကို လုံလုံခြုံခြုံနဲ့ယူရလွယ်အောင်ထုတ်ပိုးပြင်ဆင်ထားတာ

မိသားစုတွေ လူစုကွဲသွားရင်၊ အဆက်အသွယ်ပြတ်သွားရင် ပြန်ဆုံနိုင်မယ့် "ဆုံရပ်" ၂ နေရာ ၃ နေရာလောက် သတ်မှတ်အသိပေးထားတာ

ညအချိန်မတော် သဘာဝဘေးအန္တရာယ် တစ်ခုခုနဲ့ ကြုံလာရင် မြင်ရအောင် ဓါတ်မီး၊ ဘက်ထရီမီးချောင်းစသည်ဖြင့် အားသွင်းပြင်ဆင်ထားတာ

အပေါ်က ပြုတ်ကျလာနိုင်တဲ့ပစ္စည်းတွေကြောင့် အန္တရာယ်မဖြစ်အောင် နေရာရွှေ့ထားတာ

အဆောက်အဦနံရံတွေနဲ့ အုတ်စည်းရိုးတွေ ခိုင်ခန့်မှု ရှိ/မရှိ စစ်ဆေးတာ

အရေးပေါ်ဝင်ပုန်းလို့ရမယ့် ခိုင်ခန့်တဲ့ ခုံ/ခုတင်တို့လိုပစ္စည်းမျိုးတွေအောက်ကို လွယ်လွယ်ဝင်လို့ ရအောင်ရှင်းလင်းထားတာစသည်ဖြင့်

ကိုယ့်စိတ်ထဲမှာ ဖြစ်လာတဲ့အတိုင်း လိုအပ်မယ်ထင်တာကိုပြင်ဆင်ထားတာတော့ မမှားပါဘူး။

စိုးရိမ်စိတ်/ကြောက်စိတ်လွန်ကဲလို့လည်း မရပါ။

ကြောက်စရာမလိုဘူးဆိုပြီး အတင့်ရဲလို့လည်း မရပါ။

သဘာဝဘေးအန္တရာယ်တစ်ခုနဲ့ ကြုံရင် သတိလွတ်မသွားအောင် ထိန်းသိမ်းရင်း တစ်ခုတော့မှတ်ထားပါ။

"အသက်ကို ဉာဏ်စောင့်ပါတယ်"

အစိမ်းရောင်လမ်းက မိတ်ဆွေများ သဘာဝဘေးရန်မှ ကင်းရှင်းကြပါစေ 🙏

Crd # ဆရာဦးဝင်းနိုင်

Want your public figure to be the top-listed Public Figure in Hlaing?
Click here to claim your Sponsored Listing.

Category

Website

Address


Hlaing