Shwe La Pyae Hospital
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shwe La Pyae Hospital, Hospital, Thidaraye Main Road, Hlegu.
07/01/2026
အေးချမ်းတဲ့ ဒီဇင်ဘာမှာ မွေးဖွားလာကြတဲ့ ချစ်စရာ
ကလေးလေးတွေ 💚💚💚
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
28/12/2025
💌လတ်တလော ကလေးရောလူကြီးပါအဖြစ်များနေတဲ့ အူယောင်ငန်းဖျား(Typhoid)ရောဂါအကြောင်းမျှဝေပေးချင်ပါတယ်ရှင့်🍀
💥ရက်ရှည်ဖျားပြီး ဗိုက်နာတာနဲ့တွဲဖြစ်နေရင် အသက်အန္တာရယ်ရှိနိုင်တဲ့ အူယောင်ငန်းဖျားရောဂါဖြစ်နေနိုင်တယ်ဆိုတာ သတိထားသင့်ပါတယ်။
✨အူယောင်ငန်းဖျားရောဂါကို သန့်ရှင်းမှု့အားနည်းတဲ့ ပတ်၀န်းကျင်မှာကူးစက်မှု့တွေကိုတွေ့ရလေ့ရှိပြီးသေချာမကုသရင်ရောဂါဆိုးရွားတက်ပါတယ်။
💥ကူးစက်မှု့ပုံစံ
✴️Salmonella Typhoid လို့ခေါ်တဲ့ဘက်တီးရီးယားပိုးဟာ မသန့်ရှင်းတဲ့အစားအသောက်နဲ့ရေတို့မှာပါ၀င်တက်ပြီးဒါကိုစားသုံးမိရာကနေတစ်ဆင့်ကူးစက်ကာ အူယောင်ငန်းဖျားရောဂါကိုဖြစ်စေပါတယ်
🌸အူယောင်ငန်းဖျားရောဂါဖြစ်ရင်တွေ့ရဲ့တဲ့လက္ခဏာတွေကတော့
💁ရက်ရှည်အဖျားကြီးတက်ပါတယ်
💁မနက်မှာသက်သာပြီလို့ထင်ရပေမဲ့ ညနေဘက်တွေမှာ ပြန်ပြန်ဖျားနေတက်ပါတယ်
💁အစာအိမ်ရောင်ပြီး ဗိုက်နာတာနဲ့တွဲတွေ့ရတက်ပါတယ်
💁၀မ်းချုပ်တာ (သို့)၀မ်းလျှောတာလဲဖြစ်နိုင်ပါတယ်
ခေါင်းကိုက်တာမျိုး ကိုယ်လက်ကိုက်ခဲနေတာမျိူးဖြစ်နေတက်ပါတယ်
💁ခန္ဓာကိုယ်အပေါ်ပိုင်းတွေမှာ အနီရောင်အစက်တွေထွက်တက်ပါတယ်
💁ပိုဆိုးလာခဲ့ရင်တော့ သွေးဆိပ်တက်ပြီး တစ်ခြားကိုယ်တွင်းအဂ်ါတွေထိခိုက်ပြီး သတိလစ်တာ တွေ တခြားသောရောဂါလက္ခဏာတွေဖြစ်လာတာမျိုးတွေရှိတက်ပါတယ်
💥ကုသမှု့အနေနဲ့
🌸အူယောင်ငန်းဖျား လို့သံသယရှိရင်နီးစပ်ရာဆေးခန်းမှာဆရာ၀န်နဲ့ပြသပြီးဆေးကုသမှု့ခံယူပါ
✅အရေးကြီးဆုံးကတော့ဆရာ၀န်ပေးတဲ့ပိုးသတ်ဆေးကို အကြိမ်ပြည့်ရက်အပြည့်သောက်ပေးဖို့ဖြစ်ပါတယ်
❎ဆေးသောက်တာကို မိမိသဘောနဲ့ဖျက်လိုက်မယ်ဆိုရင်တော့ ရောဂါလက္ခဏာ ခနသက်သာသွားပေမဲ့ရောဂါပိုးက ခန္ဓာကိုယ်ထဲ အကြာကြီး ဆက်ရှိနေတက်ပြီး တခြားသူတွေကိုပါ ကူးစက်ပြန့်ပွားစေနိုင်ပါတယ်
💥ကာကွယ်ရေးနည်းလမ်းအနေနဲ့ကတော့
✅အိမ်သာတက်ပြီးတိုင်း,အစားစားခါနီးတိုင်း,ချက်ပြုတ်တိုင်းမှာ လက်ကိုဆက်ပြာနဲ့သေချာဆေးကြောရပါမယ်
✅သေချာသန့်စင်ထားတဲ့ရေကို သောက်သုံးသင့်ပါတယ်
အဖြစ်များနိုင်တဲ့နေရာတွေမှာအူယောင်ငန်းဖျားရောဂါ ✅ကာကွယ်ဆေးထိုးပြီးလဲ ကာကွယ်လို့ရပါတယ်
ပတ်၀န်ကျင်သန့်ရှင်းမှု့အားနည်းတဲ့ လူ့ပတ်၀န်းကျင်မှာ အူယောင်ငန်းဖျားရောဂါကို သတိထားကာကွယ်ဖို့ တိုက်တွန်းလိုက်ရပါတယ်ရှင့် 🙏
25/12/2025
နှစ်သစ်ကာလမှစ၍ စီးပွားဥစ္စာများဒီရေအလားတိုးပွားပြီးကျန်းမာပြည့်စုံသောဘ၀များရရှိပါစေရန် ရွှေလပြည့်မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့်🎄
Merry Christmas To U all 🎄
Click here to claim your Sponsored Listing.
Category
Website
Address
Thidaraye Main Road
Hlegu