Future Kids Preschool
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Future Kids Preschool, Nursery, Homalin.
11/07/2026
Cambridge Exams ဆိုတာ ကလေးတွေအတွက် အင်္ဂလိပ်စာကျွမ်းကျင်မှု (Listening, Speaking, Reading, Writing) ကို စစ်ဆေးတဲ့ နိုင်ငံတကာအသိအမှတ်ပြု စာမေးပွဲတွေပါ။ Cambridge English က စီစဉ်ကျင်းပပါတယ်။
ကလေးတွေအတွက် အခြေခံအဆင့် ၃ ဆင့်ရှိပါတယ်။
1. Pre A1 Starters (Starter)
* အသက် 6–8 နှစ် ခန့်
* အင်္ဂလိပ်စာ စတင်သင်နေတဲ့ ကလေးများအတွက်
* ရိုးရှင်းတဲ့ စကားလုံး၊ ဝါကျတိုတွေကို နားလည်ပြီး ပြောနိုင်မနိုင် စစ်ဆေးပါတယ်။
2. A1 Movers (Mover)
* အသက် 8–11 နှစ် ခန့်
* အခြေခံအင်္ဂလိပ်စာ ရရှိပြီးသား ကလေးများအတွက်
* နေ့စဉ်အသုံးများတဲ့ အင်္ဂလိပ်စကားကို ဖတ်၊ ရေး၊ နားထောင်၊ ပြောနိုင်မနိုင် စစ်ဆေးပါတယ်။
3. A2 Flyers (Flyer)
* အသက် 9–12 နှစ် ခန့်
* Young Learners အဆင့်အမြင့်ဆုံး
* အခြေခံအင်္ဂလိပ်နဲ့ ယုံကြည်မှုရှိစွာ ဆက်သွယ်ပြောဆိုနိုင်တဲ့ အဆင့်ဖြစ်ပါတယ်။
* ပြီးရင် A2 Key (KET) သို့မဟုတ် B1 Preliminary (PET) ကို ဆက်ဖြေနိုင်ပါတယ်။
စစ်ဆေးတဲ့ Skill ၄ မျိုး
* 🎧 Listening
* 📖 Reading
* ✍️ Writing
* 🗣️ Speaking
အမှတ်ပေးပုံ
ဒီစာမေးပွဲတွေမှာ Pass/Fail မရှိပါဘူး။
Skill တစ်ခုချင်းစီအတွက် Shields (အများဆုံး 5 Shields) ပေးပါတယ်။
* ⭐⭐⭐⭐⭐ = အလွန်ကောင်း
* ⭐⭐⭐⭐ = ကောင်း
* ⭐⭐⭐ = အခြေခံပြည့်မီ
ဘယ်အတန်းလောက်ဖြေသင့်လဲ။
* Age 6–8 → Starters
* Age 8–10 → Movers
* Age 10–12 → Flyers
Click here to claim your Sponsored Listing.
Category
Website
Address
Homalin