Sharing Corner
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Sharing Corner, Blogger, Hpa-an.
23/11/2024
အချိန်ကာလ အပိုင်းအခြားတစ်ခုကို
ဖြတ်ကျော်ခဲ့ပြီးနောက်မှာ
ကိုယ့်ကို ဖိအားပေးမယ့်အရာတွေ အလုပ်တွေဆို
ရှောင်မိလာတယ်...။
ကိုယ်စကားပြောရတာ
သက်တောင့်သက်သာ မဖြစ်တော့ဘူးဆိုရင်
ဘယ်သူ့ကိုမဆို စကားမပြောဘဲနေပစ်လိုက်ဖို့
အဆင်သင့် ဖြစ်လာတယ်...။
ဒါဟာ တချို့နေရာ တချို့လူတွေအတွက်
အတ္တဆန်တဲ့လုပ်ရပ်တွေ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
ဒါပေမယ့် ကိုယ့်ပျော်ရွှင်မှုကို ကိုယ်တိုင်မနည်းဖန်တီးယူနေရတဲ့ အချိန်တွေမှာ ကိုယ့်ကို စိတ်ထိခိုက်စေမယ့်
အရာတွေနဲ့ ဝေးအောင်နေခြင်းနဲ့ပဲ
လူသားဆန်လိုက်ပါတယ်..
—💛🌼
09/01/2024
Take care your Mind 🌱
ဒီ post မှာတော့ကိုယ့်ရဲ့စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီး ဂရုစိုက်ဖို့ အခြေခံအချက်အလက်လေးတွေ sharing လုပ်ပေးသွားမှာပါ။
ပထမဆုံးပြောလိုတာကတော့ ကျွန်ုပ်တို့တွေ စိတ်ကျန်းမာရေးဆိုတဲ့ စကားလုံးနဲ့ အတော်လေးစိမ်းကျပါတယ်။ ကျန်းမာရေးဆိုတာပုံမှန် နေ့ဓဒူ၀ ဂရုစိုက်သွားသင့်တဲ့ကိစ္စဆိုပေမယ့်လည်း Mental health (စိတ်ကျန်းမာရေး ) ကိုတော့ မဆိုင်သလိုနေမိတတ်ကျတယ်..
စိတ်ထဲမှာ heavy ဖြစ်တဲ့ စကားလုံးလိုမြင်ကျတယ်ပေါ့။
အဲ့ဒါကြောင့်လည်းလူမှုပတ်၀န်းကျင် မှာ ပေါင်းသင်းဆက်ဆံရခက်လာတာတွေ၊ စကားပြောအဆင်မပြေတာတွေ၊ Toxic ဖြစ်လာတာလေးတွေ ရှိတတ်ကျတာကိုသတိထားမိမှာပါ။ အဲ့ဒါကြောင့်ကိုယ့်ရဲ့ family, relations တွေနဲ့ အဆင်ပြေဖို့ဆိုရင် Mental health ဆိုတာလည်းဂရုစိုက်သင့်တဲ့ထဲ အပါအ၀င်ပါ။ အကြံပြုလိုတဲ့အချက်အလက်လေးအချို့ကိုဆွေးနွေးထားပါတယ်။
Human Body လူတစ်ယောက်ရဲ့ခန္ဓာကိုယ်မှာ စိတ်နဲ့ရုပ်ဆိုတာ ဒွန်တွဲနေတာဖြစ်လို့ စိတ်ချမ်းသာမှ ကိုယ်ကျန်းမာမှာဖြစ်သလို ကိုယ်ကျန်းမာမှလည်း စိတ်ချမ်းသာနိုင်မှာပါ။ ဒါကြောင့် နံပါတ် တစ် အနေနဲ့
(1) လေ့ကျင့်ခန်းပုံမှာလုပ်ပါ
အားကစားတခုခုကိုယ် ပုံမှန်မလိုက်စားနိုင်ရင်တောင် လေ့ကျင်ခန်းလုပ်ပေးပါ၊ gym မှာပဲဖြစ်ဖြစ် ကိုယ့်အိမ်မှာပဲဖြစ်ဖြစ် workout ပုံမှန်လုပ်ပါ
(2) အအိပ်နဲ့အစားကိုဂရုစိုက်ပါ
အာဟာရပြည့်၀အောင်စားဖို့နဲ့ အိပ်ချိန် 8 နာရီပြည့်အောင် အိပ်ပေးပါ (အသေးစိတ်ကို နောက်ထပ် post မှာဖော်ပြပေးပါမယ်)
(3) Meditation (တရားထိုင်ခြင်း)
Meditation လုပ်ခြင်းဟာ မိမိရဲ့မလိုလားအပ်တဲ့အတွေးတွေကိုထိန်းချုပ်နိုင်လာအောင်ကူညီ ပေးပါတယ်။ ဘာသာရေးအနေနဲ့ မဟုတ်ပဲ ကျန်းမာရေးအရလည်းအကျိုးရှိတာကြောင့်လူတိုင်းလုပ်နိုင်ပါတယ်၊ အားကစားလုပ်ရင်းနဲ့လည်း ကိုယ်လုပ်နေတဲ့( reps) အခေါက်ရေ ကိုမှတ်နေခြင်းဖြင့်လည်း meditation လုပ်နိုင်ပါတယ်။
(4) Stay away from toxic people
Toxic ဖြစ်တဲ့လူတွေနဲ့ ခပ်ခွာခွာနေပါ၊ အဆိုးမြင်ခြင်း၊ မနာလိုမုန်းတီးခြင်းတွေက စိတ်ရဲ့ကူးစက်ရောဂါလို့ဆိုနိုင်ပါတယ်။ အတူနေတဲ့လူတွေပါဒီလို အတွေးတွေကကူးစက်နိုင်တာကြောင့်ပါ။
(5) Be a good person
ကျွန်ုပ်တို့လူတွေမှာ စိတ်ထဲကနေ အခြားသူတွေအပေါ် နားလည် အကောင်းမြင်ပေးတာတွေ လုပ်ထဲပခါ ခန္ဓာကိုယ်ကနေ စိတ်ချမ်းသာစေတဲ့ hormones ေတွထွက်ပါတယ်။ စိတ်ချမ်းသာအောင်နေခြင်းက မိမိရဲ့စိတ်ကိုအကောင်းဆုံးဂရုစိုက်ခြင်းပါပဲ။ ကိုအကောင်းမြင်ပေးနေတဲ့သူက လူမှန်ဖြစ်ဖို့လိုတယ်ဆိုတာကတော့ဂရုစိုက်ဖို့ အကြံပြုပါတယ်။
အဆုံးထိဖတ်ပေးလို့ကျေးဇူးတယ်ပါတယ်။ အခြားသောအကြောင်းအရာတွေကို စိတ်၀င်စားတယ်ဆိုရင် page ကို follow လေးလုပ်ထားလို့ ရပါတယ်🤍
🙏
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Hpa-an