GTI Insein Interim Administrative Council
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from GTI Insein Interim Administrative Council, Government Organization, Insein.
13/08/2021
ပညာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကျောင်းသား၊ကျောင်းသူ လူငယ်များ စဉ်ဆက်မပြတ်သင်ယူနိုင်ရေးအတွက် ကြားကာလ ပညာရေးအစီအစဉ်အရ
အကောင်အထည်ဖော်ဆောင်သော ကာလတိုသင်ကြားရေး( Short Course) အစီအစဉ်
ကြားကာလပညာရေးအစီအစဥ် (Short Course for Students) ကိုဗစ်ကူးစက်မှုနှင့် အကြမ်းဖက်မှုတို့ကြောင့် ရပ်ဆိုင်းနှောင့်နှေးခဲ့ရသော ကျောင်းသူ ကျောင်းသားများကို ပညာဆက်လက်သင်ယူခွင့်ရရန် သက်ဆိုင်ရာပြည်တွင်း ပြည်ပပညာရှင်များဖြင့် အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ ပညာရေးဝန်ကြီးဌာနမှ စီစဥ်လျှက်ရှိသည်။
Korea နိုင်ငံ၏ Asean Cyber University Project နှင့် Cyber University of Korea (CUK) တို့ ပူးပေါင်းဖွင့်လှစ်သင်ကြားမည့် online interactive Korean Language class အစီအစဥ်ဖြစ်ပါသည်။
Basic Korean Language တက်ရောက်ရန် စိတ်ပါဝင်စားသူ တက္ကသိုလ်များမှ မည်သူမဆို အောက်ဖော်ပြပါ Link သို့ ၀င်ရောက်ပြီး စာရင်းပေးသွင်းနိုင်ပါသည်။
https://bit.ly/acu-cuk
သင်တန်းကာလ ၄ လ ကြာမြင့်မည်ဖြစ်ပြီး 16 August 2021 နောက်ဆုံးထားစာရင်းသွင်းရန်ဖြစ်ပါသည်။
Name of Course: Quick Korean
Period: September to December 2021
Course level: Basic
Channel: http://www.aseanoer.net နှင့် interactive online class အတွက် “ZOOM”
Platform အသုံးပြုမည်ဖြစ်ပါသည်။
Course syllabusအား အောက်ဖော်ပြပါ Linkတွင် downloadရယူနိုင်ပါသည်။
https://drive.google.com/file/d/15Lbog4vI3gLYiGhXUHx0Rg-Pv7T0mvpY/view?usp=sharing
30/07/2021
အင်းစိန် ဂျီတီအိုင်မှ ကျောင်းသားကျောင်းသူ / CDM ဆရာဆရာ မများ သိရှိစေရန် _
(၁)Software Development: An Introduction to Agile Framework and Methodologies -ကွန်ပျူတာ ဆော့(ဖ်)ဝဲ(ရ်) များ ဖန်တီးရေးသားခြင်း - အဂျိုင်း(လ်) နည်းလမ်း နှင့် လုပ်ဆောင်နည်း များ မိတ်ဆက် သင်တန်းအား ကွန်ပျူတာ ပရိုဂရမ် ဖန်တီးရေးဆွဲခြင်းကို သင်ယူနေသော ကွန်ပျူတာ တက္ကသိုလ်နှင့် ကောလိပ်များမှ ကျောင်းသားများ၊ ကွန်ပျူတာ ပရိုဂရမ် ရေးဆွဲဘူးသည့် အတွေ့အကြုံရှိသူများ၊ ကွန်ပျူတာ ပရိုဂရမ် ရေးဆွဲရန် ကြိုးစားနေသော သို့မဟုတ် သင်တန်းတက် နေသူများ အတွက် စီစဉ်နေပါသည်။
(၂)Design & Implementation of Gravity Flow Water Supply System for Small Communities- ချောင်းရေနှင့် စိမ့်စမ်းရေ ပေါများသော တောင်ပေါ်ဒေသ ကျေးရွာများတွင် ရေသွယ်ယူရန် လေ့လာ၊ တွက်ချက်၊ အကောင်အထည်ဖေါ်၊ ထိန်းသိမ်းခြင်း သင်တန်းကို ကိုယ့်ဒေသမှာ ကိုယ်တိုင် ဦးစီးပြီး၊ ဒါမှမဟုတ် ကျေးရွာလူထုတွေအတွက် ရေပေးဝေရေး ကိစ္စတွေ ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေကတဆင့် ရေသွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်လိုသူများ၊ ဖော်ပြပါ လုပ်ငန်းခွင်များတွင် ဝင်ရောက်ရန် ပြင်ဆင်နေသော တက္ကသိုလ် (အထူးသဖြင့်နောက်ဆုံးနှစ်) တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ အတွက် စီစဉ်နေပါသည်။
(၃)Personal Development Training- ကိုယ်ရည်ကိုယ်သွေး မြှင့်တင်ခြင်း
သင်တန်းကို လုပ်ငန်းခွင်ဝင်ရန် ပြင်ဆင်နေသော တက္ကသိုလ်ကျောင်းသား၊ကျောင်းသူများအတွက် ရည်ရွယ်ခြင်းဖြစ်၍ တတိယနှစ်၊ နောက်ဆုံးနှစ်ကျောင်းသားများအတွက် စီစဉ်နေပါသည်။
(၄)Basic Graphic Design -အခြေခံဂရပ်ဖစ်ဒီဇိုင်းများရေးဆွဲခြင်း သင်တန်း ကို ကွန်ပြူတာ အခြေခံတတ်မြောက်ပြီး Graphic Design ကို စိတ်ဝင်စားသည့် CDM လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်နေသည့် ပြည်သူ့ဝန်ထမ်းသူရဲကောင်းများ အတွက် ရည်ရွယ်၍ စီစဉ်နေပါသည်။
Unity School by Unity Corner Team နှင့်ပူးပေါင်းကာ ဦးစွာ ဖွင့်လှစ်သင်ကြား ပို့ချသွားမည်ဖြစ်ပါသည်။
စာရင်းပေးသွင်းရမည့်လင့်များ
တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ အတွက်
https://docs.google.com/forms/d/e/1FAIpQLSecbno4qeREWX28naHMW5pUOE9M0QzIVjTy28Nt9Nszdh4Q5g/viewform
CDM လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်နေသည့် ပြည်သူ့ဝန်ထမ်းသူရဲကောင်းများ အတွက်
https://docs.google.com/forms/d/e/1FAIpQLSe8kRLXj9RWqPN3QaR72fBD_F3COeAOKBIIm0vujQt8FzKkLw/viewform
17/06/2021
📌အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာန၏ ကြားကာလပညာရေးအစီစဉ်အား ကြေညာခြင်း
၂၀၂၁ခုနှစ်၊ ဇွန်လ(၁၆)ရက်
11/05/2021
ဂျီတီအိုင် (အင်းစိန်)ကြားကာလ ယာယီ အုပ်ချုပ်ရေးကောင်စီ ကို ပညာရေးဝန်ကြီးဌာန( အမျိုးသားညီညွှတ်ရေးအစိုးရ )မှ အသိမှတ်ပြုကြောင်း ကြေညာချက်အား ပေးပို့
နေ့စွဲ၊၂၀၂၁ခုနှစ်၊မေလ၊၁၁ရက်နေ့
___________________________________
ပညာရေးဝန်ကြီးဌာန (အမျိုးသားညီညွှတ်ရေးအစိုးရမှ အောက်ဖော်ပြ ပါအတိုင်း ပေးပို့ခဲ့ပါသည်။
သို့
ကြားကာလ ယာယီ တက္ကသိုလ်ကောင်စီ/ ကြားကာလ ယာယီ စီမံအုပ်ချုပ်ရေးကောင်စီ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊အမျိုးသားညီညွတ်ရေးအစိုးရ၊ပညာရေးဝန်ကြီးဌာန၏ ကြေညာချက်အမှတ်(၇/၂၀၂၁) ကောင်စီများအား အသိအမှတ်ပြုကြောင်း ကြေညာချက်အား ပူးတွဲပါ Attachment ဖြင့်ပေးပို့အပ်ပါသည်။
ရုံးအဖွဲ့
ပညာရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
Click here to claim your Sponsored Listing.
Category
Contact the organization
Website
Address
Insein
11012