CommitWealth

CommitWealth

Share

Strategies of how to live life differently in a more secure and efficient way by becoming a libertarian and a global citizen.

Photos from CommitWealth's post 12/01/2022

🇨🇦Entrepreneur တွေအတွက် Canada PR ရရှိဖို့ အရိုးရှင်းဆုံး၊ အလွယ်ကူဆုံးနဲ့ အမြန်ဆုံး နည်းလမ်း 🇨🇦

*Total Words: (1065)
*Estimated Time To Read: 20Âą mins

Canada နိုင်ငံရဲ့ Immigration System က အ​တော်စနစ်ကျပြီး ခိုင်မာပါတယ်။ Point Based Immigration System ကိုကျင့်သုံးတာ​ကြောင့် အသက်အရွယ်၊ ပညာအရည်အချင်း၊ အ​တွေ့အကြုံ၊ အလုပ်အကိုင် အ​တွေ့အကြုံ၊ ဘာသာစကားကျွမ်းကျင်မှု၊ ဝင်​ငွေ စတဲ့ အချက်များစွာကို ကြည့်ပြီး Point နဲ့ အမှတ်​ပေးရင်း Immigration တံခါးကို စနစ်ကျကျ ကိုင်တွယ်စိစစ်ပြီး အဖွင့်အပိတ်လုပ်​ပေးတဲ့ နိုင်ငံ ဖြစ်ပါတယ်။

လာရောက်အခြေချနေထိုင်လိုသူတွေအတွက် လုပ်ငန်းကျွမ်းကျင်မှု နယ်ပယ်အလိုက်၊ Skill တွေအလိုက် Federal ပြည်ထောင်စု အဆင့်မှာရော၊ Provincial ပြည်နယ်အဆင့်​တွေမှာပါ အခြေချနေထိုင်နိုင်မယ့် လမ်းကြောင်းတွေ အများကြီး ဖွင့်ပေးထားပါတယ်။

အဲဒီ လမ်းကြောင်းများစွာထဲက Entrepreneur တွေနဲ့ ကိုက်တဲ့ လမ်း​ကြောင်းတစ်ခုကတော့ Owner Operator LMIA Work Permit လမ်းကြောင်း ဖြစ်ပါတယ်။

Canada နိုင်ငံမှာ Business လုပ်ငန်းသစ်တစ်ခု Set Up လုပ်ချင်တဲ့၊ ဒါမှမဟုတ် Canada ကရှိပြီးသား Business လုပ်ငန်းတစ်ခုခုကို ဝယ်ယူပြီးတော့ ကိုယ်တိုင်စီမံလည်ပတ်ချင်တဲ့ နိုင်ငံခြားသား Entrepreneur တွေအတွက် စီစဉ်ပေးထားတဲ့ Federal Program မျိုးကတော့ တော်တော်လေးနည်းပါတယ်။

Federal Program For Self-Employed Immigrants ဆိုတဲ့ အစီအစဉ်တစ်ခုရှိပါတယ်။ ဒါပေမယ့် ဒီအစီအစဉ်က Athletes တွေနဲ့ Cultural Performer တွေအတွက် အဓိထားတဲ့ အစီအစဉ် ဖြစ်ပါတယ်။ နောက်တစ်ခုဖြစ်တဲ့ Federal Startup Visa Program၊ သူကလည်း သတ်မှတ်ထားတဲ့ အဖွဲ့အစည်းတွေနဲ့ Partner အဖြစ်လက်တွဲပြီး အတူတူလုပ်ရမယ်လို့ သတ်မှတ်ထားပြန်ပါတယ်။ အကယ်၍ ဒီ Federal Programs တွေက ကိုယ့်ရဲ့ လိုအပ်ချက်တွေနဲ့ မကိုက်ညီဘူး ဒါမှမဟုတ် PNP Two Step Entrepreneur Streams တွေက Process အရမ်းနှေးပြီးတော့ ကိုယ့်ရဲ့ Business Plan တွေအတွက်လည်း လုပ်ငန်းစဥ် ရှုပ်​ထွေးမှု​တွေရှိမယ်ဆိုရင် Owner Operator LMIA Work Permit လမ်းကြောင်းကို ရွေးချယ်နိုင်ပါတယ်။ ဒီနည်းလမ်းနဲ့ Canada မှာ ကိုယ်ပိုင် Business တစ်ခု Setup လုပ်ပြီး လုပ်ငန်းလည်ပတ်ရင်းနဲ့ အခြေချနိုင်မှာ ဖြစ်ပါတယ်။

Owner Operator LMIA လမ်း​ကြောင်းက Two Step Program တစ်ခုပါ။ ကနဦး Work Permit ရမယ်။ အဲဒီ Work Permit က​နေတဆင့် Canada မှာ PR ဖြစ်လာ​အောင် သွားနိုင်တဲ့ Platform တစ်ခုဖြစ်ပါတယ်။ ဒီလမ်းကြောင်းမှာ ပါဝင်တဲ့ အဆင့်တွေကတော့-

1. Canada မှာ လက်ရှိ လုပ်ငန်းလည်ပတ်နေတဲ့ လုပ်ငန်းတစ်ခုခုကို ဝယ်ယူ တာ ဒါမှမဟုတ် Canada မှာ လုပ်ငန်းအသစ်တစ်ခု ကိုယ်တိုင် စတင် Setup လုပ်ရမှာ ဖြစ်ပါတယ်။

2. အလုပ်ရှင်ဖြစ်တဲ့ ကိုယ်ကိုယ်တိုင်ကပဲ ကိုယ့်ဟာကိုယ် အလုပ်​နေရာ Position တစ်ခုကို လုပ်ငန်းထဲမှာ ပြန်ခန့်​ပေးရမှာပါ။ Boss ကလည်းကိုယ်ပဲ၊ ဝန်ထမ်းကလည်း ကိုယ်ပဲ ဖြစ်မယ့် လမ်း​ကြောင်း​ပေါ့။ အဲအတွက် Owner Operator LMIA လျှောက်ပေးဖို့ လိုအပ်ပါတယ်။

3. ကိုယ်ကိုယ်တိုင် ကိုယ့်ရဲ့ Business လုပ်ငန်းမှာ Work Permit နဲ့ ပြန်ပြီး ဝန်ထမ်း ပြန်လုပ်ရမှာ ဖြစ်ပါတယ်။

4. Express Entry ကတစ်ဆင့် Canada PR ကိုဆက်လက် ​လျောက်ထားနိုင်မှာ ဖြစ်ပါတယ်။

Owner operator လမ်းကြောင်းက Canada မှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားတဲ့ နိုင်ငံခြားသားတိုင်းကို ဖွင့်ပေး မထားပါဘူး။ Owner operator တစ်ယောက်အဖြစ် ဘောင်ဝင်ဖို့ဆိုရင် အရေးကြီးတဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီပြည့်မှီဖို့ လိုအပ်ပါတယ်။ ကိုယ်ကိုယ်တိုင် လုပ်ငန်းနဲ့ ပတ်သက်ပြီး Business Control ရှိဖို့၊ အလုပ်အကိုင်ဖန်တီးပေးခြင်း သို့မဟုတ် ကျွမ်းကျင်မှုတစ်ခုခုကို transfer လုပ်ပေးနိုင်ခြင်း တို့လို Canada အတွက် အကျိုးရှိစေမယ့် အချက်တွေနဲ့ ကိုက်ညီဖို့ လိုအပ်ပါတယ်။

လုပ်ငန်းပိုင်းဆိုင်ရာ ထိန်းချုပ်လုပ်ပိုင်ခွင့် ရှိမရှိ

ကိုယ် Owner operator အဖြစ်လုပ်ကိုင်မယ့် လုပ်ငန်းတစ်ခုဟာ ကိုယ်ကိုယ်တိုင် အပြည့်ပိုင်ဆိုင်တဲ့ လုပ်ငန်းဖြစ်နေရပါမယ်။ အဲလိုမဟုတ်ဘူးဆိုရင် ကိုယ်က လုပ်ငန်းရဲ့ ရှယ်ယာအများစုကို ပိုင်ဆိုင်ထားတဲ့သူ ဖြစ်ရပါမယ်။

Canada နိုင်ငံအတွက် အကျိုးတစ်စုံတစ်ရာ ရှိမရှိ

ကိုယ့်လုပ်ငန်းက Canada နိုင်ငံအတွက် အကျိုးတစ်စုံတစ်ရာ ပြန်ပြုပေးနိုင်ရပါမယ်။ ဥပမာ။ ။ ကိုယ့်လုပ်ငန်းက အလုပ်အကိုင်တွေဖန်တီးပေးနိုင်ရမယ်။ လုပ်ငန်းကျွမ်းကျင်မှုတွေ ဖန်တီးပေးနိုင်ရပါမယ်။ Canada လုပ်ငန်းတစ်ခုကို ဒီအတိုင်း အသားလွတ်ဝယ်လိုက်ပြီးတော့ ကိုယ့်ကိုယ်ကို အဲဒီအလုပ်မှာ ဝန်ထမ်းအဖြစ် ပြန်ဝင်လုပ်ရုံနဲ့ မရပါဘူး။ အရေးအကြီးဆုံး တိုင်းတာတဲ့ အချက်တစ်ခုက ကိုယ့်ရဲ့ Canada နိုင်ငံအတွင်း တည်ရှိမှုရယ်၊ လုပ်ငန်းအတွင်း ကိုယ့်ရဲ့ ပါဝင်ပတ်သက်မှုတွေက Canadians တွေအတွက် အလုပ်အကိုင်တွေဖန်တီးပေးနိုင်မှု ရှိမရှိ၊ ပြီးတော့ Canadian တွေအတွက် လုပ်ငန်းကျွမ်းကျင်မှုတွေ ပုံဖော်ပေးနိုင်ခြင်း ရှိမရှိ စတဲ့အချက်တွေကို ကြည့်ပါတယ်။

လုပ်ငန်းအတွင်း အမှန်တကယ် တက်ကြွပါဝင်စီမံမှု ရှိမရှိ

Owner operator လမ်းကြောင်းဖြစ်တဲ့အတွက် ရိုးရိုး ငွေကြေးထည့်ဝင်ပြီး ရင်းနှီးမြှုပ်နှံတဲ့ Passive Investment မျိုးနဲ့ မတူပါဘူး။ Owner operator ဆိုတဲ့အတိုင်း လုပ်ငန်းပိုင်ရှင်ကိုယ်တိုင် လုပ်ငန်း စီမံလည်ပတ်မှုထဲမှာ တက်တက်ကြွကြွ ပါဝင်ပတ်သက်ပေးနေရပါမယ်။

ကိုယ်လုပ်မယ့် လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ လုပ်ငန်းအတွေ့အကြုံ ကောင်းကောင်းရှိထားရပါမယ်။ ပြီးတော့ လုပ်ငန်းတစ်ခု တည်ထောင်ပြီး ရေရှည်တည်တံ့အောင် အောင်အောင်မြင်မြင်စီမံဖူးတဲ့ သမိုင်းကြောင်းကောင်း လည်း ရှိထားဖို့လိုအပ်ပါတယ်။ ကိုယ့်လုပ်ငန်းအတွက် အသေးစိတ်ကျတဲ့ Business Plan တစ်ခု ရေးဆွဲပြီးတော့ အဲဒီ Business Plan အတိုင်း လက်တွေ့စီမံလုပ်ကိုင်တဲ့အခါမှာလည်း ကိုယ်တိုင် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်မှု ရှိရပါမယ်။

Canada authority တွေကလည်း ကိုယ့်ရဲ့ Business Plan ကို အလုပ်ဖြစ်မဖြစ် စောင့်ကြည့်ဆန်းစစ်မှုတွေ လုပ်နေမှာဖြစ်သလို ကိုယ့်ရဲ့လုပ်ငန်းပိုင်း ကျွမ်းကျင်မှုနဲ့ ကိုယ့်ရဲ့ လုပ်ငန်းအပေါ် အမှန်တကယ် Control ရှိမရှိ၊ ပြီးတော့ ဒီလုပ်ငန်းထဲမှာ ကိုယ့်ရဲ့ တက်တက်ကြွကြွ ပါဝင်ပြီး စီမံလုပ်ကိုင်မှု ရှိမရှိ ဆိုတဲ့အချက်တွေကို စောင့်ကြည့်စစ်ဆေးသွားမှာ ဖြစ်ပါတယ်။

LMIA ASSESSMENT (CANADA အလုပ်အကိုင်ဈေးကွက်အပေါ် ထိခိုက်မှု ရှိမရှိစစ်ဆေးခြင်း လုပ်ငန်းစဉ်)

ကိုယ်က Canada ကို Temporary Foreign Worker Program အောက်ကနေ Skilled Worker အဖြစ်နဲ့ ဝင်ရောက် လုပ်ကိုင်ရမှာဖြစ်လို့ ကိုယ့်ရဲ့ လုပ်ငန်းရှင်/ကိုယ့်ရဲ့ ကုမ္ပဏီက LMIA လို့ခေါ်တဲ့ Labor Market Impact Assessment ကို အစိုးရသတ်မှတ်ချက်အတိုင်း လျှောက်ပေးရမှာပါ။ Owner operator အဖြစ်နဲ့ သွားမယ့် ကိုယ့်ရဲ့ အစီအစဉ်က ကိုယ့်အတွက် လျှောက်ပေးတဲ့ LMIA approval ကျမှပဲ ဆက်လုပ်လို့ ရမှာ ဖြစ်ပါတယ်။

ကိုယ်က လုပ်ငန်းအသစ်တစ်ခုကို စပြီး Set Up လုပ်မှာလား? ဒါမှမဟုတ် ရှိပြီးသား Canada လုပ်ငန်းတစ်ခုကို ဝယ်ယူမှာလား? ဆိုတဲ့အချက်ပေါ်မူတည်ပြီးတော့ Canada authority တွေဘက်က စစ်ဆေးမယ့် အချက်တွေက ကွဲပြားသွားမှာ ဖြစ်ပါတယ်။

ရှိပြီးသား CANADA လုပ်ငန်းတစ်ခုကို ဝယ်ယူခြင်း

အကယ်၍ ကိုယ်က ရှိပြီးသား လုပ်ငန်းတစ်ခုကို 100 ရာခိုင်နှုန်း အပြည့် ဝယ်လိုက်ပြီးတော့ အဲဒီလုပ်ငန်းရဲ့ Sole Owner ဖြစ်လာမယ်ဆိုရင် LMIA Assessment က ကိုယ့်ရဲ့ အဲဒီလုပ်ငန်းအတွင်း အလုပ်အကိုင်အသစ်ဖန်တီးပေးနိုင်မှု၊ ရှိလက်စ အလုပ်အကိုင်နေရာတွေကို မြဲအောင် ထိန်းပေးနိုင်မှု ပြီးတော့ ဝန်ထမ်းတွေကို လုပ်ငန်းပိုင်းနားလည်တတ်ကျွမ်းမှုတွေတိုးတက်အောင် ဘယ်လောက်ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ပေးနိုင်လဲ? ဆိုတာတွေအပေါ် မူတည်မှာ ဖြစ်ပါတယ်။

အကယ်၍ LMIA Approval ကျပြီး Work Permit ရမှ လုပ်ငန်းတစ်ခုကို အပြီးအပြတ်ဝယ်ယူတာမျိုး လုပ်ချင်တယ်ဆိုရင် Share Purchase Agreement လိုခေါ်တဲ့ လုပ်ငန်းရှယ်ယာဝယ်ယူရန် အကြိုသဘောတူညီမှု ပြီးစီးအောင်ဆောင်ရွက်ထားခြင်းနဲ့အတူ လုပ်ငန်းဝယ်ယူဖို့အတွက် ကြားခံ Escrow အကောင့်ဖွင့်ထားတာမျိုးတွေ လုပ်လို့ရပါတယ်။

လုပ်ငန်းဝယ်ယူပြီးမှ ကိုယ်ကိုယ်တိုင် LMIA တင်တာ၊ အလုပ်ပြန်ခန့်တာတွေ လုပ်လို့ရသလိုပဲ အဲဒီလုပ်ငန်းကို မဝယ်ယူခင် လက်ရှိလုပ်ငန်းရှင်က ကိုယ့်အတွက် LMIA အရင်တင်ပေးပြီး Approval ရတာနဲ့ ဝန်ထမ်းအဖြစ်ခန့်တာတွေလုပ်။ ဒါတွေအားလုံးပြီးသွားပြီဆိုမှ အဲဒီလုပ်ငန်းတစ်ခုလုံးကို လက်လွှဲရယူ ဝယ်ယူတာမျိုးတွေလည်း လုပ်နိုင်ပါတယ်။

အကယ်၍ ကိုယ်က လုပ်ငန်းတစ်ခုကို Partner နဲ့အတူ ဝယ်ယူတာမျိုး၊ ဒါမှမဟုတ် လုပ်ငန်းတစ်ခုလုံးကို အပိုင်ဝယ်ယူတာမျိုး မဟုတ်ဘဲ လုပ်ငန်းတစ်ခုရဲ့ Share တချို့ကို ဝယ်ယူတာဆိုရင် Authority တွေဘက်က LMIA Approval မပေးခင် အောက်မှာ ဖော်ပြထားတဲ့ အချက်တွေကို အဓိကထားပြီး စစ်ဆေးပါတယ်။

1. အဲဒီလုပ်ငန်းရဲ့ အဓိက Share အများစုကို ဝယ်ယူထားခြင်း ရှိမရှိ?

2. ကိုယ့်ရဲ့ သဘောထား၊ ဆန္ဒမပါဘဲနဲ့ ကိုယ့်ကိုခန့်ထားတဲ့ အလုပ် Position နေရာကနေ အလုပ်ထုတ်တာမျိုး လုပ်လို့ ရမရ?

3. လုပ်ငန်းရှယ်ယာ ပိုင်ဆိုင်မှုရှိသော်ငြားလည်း လုပ်ငန်းစီမံလည်ပတ်မှုအတွင်းမှာရော တက်တက်ကြွကြွနဲ့ ပါဝင်မှု ရှိမရှိ

4. ဝန်ထမ်းလစာတွေကို အလုပ်ရှင်တပိုင်း ဝန်ထမ်းတပိုင်းဖြစ်နေတဲ့ ကာယကံရှင်ဘက်က ငွေအိပ်စိုက်ပြီး ပေးနေရတာမျိုး မဟုတ်ဘဲနဲ့ လုပ်ငန်းလည်ပတ်မှုချည်းသက်သက်ကနေရလာတဲ့ ဝင်ငွေနဲ့တင် လုံလောက်အောင် ပေးနိုင်မှု ရှိမရှိ

5. အလုပ်ရှင်တပိုင်း ဝန်ထမ်းတပိုင်းဖြစ်တဲ့ ကာယကံရှင်ဘက်က အဲဒီလုပ်ငန်းမှာ အလုပ် Position တစ်ခု ရပြီဆိုတာနဲ့ သူ့ဘက်က စပြီး တာဝန်ခံရမယ့်၊ တာဝန်ယူရမယ့်အပိုင်းတွေကို ဆောင်ရွက်မှု ရှိမရှိ

လုပ်ငန်းသစ်တစ်ခု ကိုယ်တိုင် SET UP လုပ်ခြင်း

လုပ်ငန်းစီမံခန့်ခွဲမှုတွေမှာ Actively အမြဲပါဝင်ပတ်သက်နေဖို့ဆိုတာ Canada မှာ အခုမှစတင်ခါစ လုပ်ငန်းအသစ်တစ်ခုရဲ့ လုပ်ငန်းရှင်အနေနဲ့ ခက်ခဲမှုအချို့ ရှိနိုင်ပါတယ်။ ဒါကို LMIA နဲ့ Work Permit တွေတင်တဲ့အခါ လုပ်ငန်းအတွင်း ကိုယ်ယူထားရတဲ့ Role နဲ့ ဒီလုပ်ငန်းအသစ် ကောင်းကောင်း အထမြောက်လည်ပတ်နိုင်ဖို့ အစကနေအဆုံးထိ အစစအရာရာ ဦးစီးလုပ်ဆောင်နေရတဲ့ တာဝန်မျိုးစုံကို ကိုထောက်ပြရင်းနဲ့ သက်သေပြလို့ရပါတယ်။

အဲဒီတာဝန်မျိုးစုံထဲမှာ အောက်ဖော်ပြပါ အချက်တွေ ပါဝင်နိုင်ပါတယ်။

1. လုပ်ငန်းစတင်မှုအတွက် လိုအပ်မယ့် Contract မျိုးစုံအတွက် ညှိနှိုင်းမှုတွေလုပ်ဆောင်ရခြင်း၊ ရုံးလုပ်ငန်းလည်ပတ်မှုအတွက် နေရာအဆောက်အဦငှားရမ်းမှုတွေ၊ လုပ်ငန်းခွင်မှာ လိုအပ်မယ့် ကိရိယာအသုံးအဆောင်တွေအတွက် Contract တွေဆောင်ရွက်ရတာနဲ့ အခြား အလုပ်သမားတွေနဲ့ Appointment တွေယူရတာမျိုးတွေ။

2. လုပ်ငန်းသစ်စတင်နိုင်ဖို့အတွက် Canada Revenue Agency မှာ Business Number (BN) လျှောက်ရတာနဲ့ အခြား လုပ်ငန်းစည်းမျည်း သတ်မှတ်ချက်တွေအရ လုပ်ရတဲ့ လုပ်ငန်းစဉ်တွေ၊ လိုင်စင်တွေနဲ့ လိုအပ်တဲ့ ခွင့်ပြုချက်တွေရယူခြင်းတွေ။

3. လုပ်ငန်းပိုင်းဆိုင်ရာ ကိုယ့်ရဲ့ နားလည်ကျွမ်းကျင်မှုနဲ့ လုပ်ငန်းသစ်ကို စီစဉ်အကောင်အထည်ဖော်တဲ့ အရေးကြီးအဆင့်တွေမှာ ကိုယ့်ရဲ့ ပါဝင်မှုရှိကြောင်းတွေကို ဖော်ပြပေးမယ့် Business Plan အသေးစိတ်တစ်ခုကို ပြင်ဆင်ခြင်း။

4. LMIA တင်တဲ့အခါ တခြားအလုပ်အကိုင်တွေ အကုန်လုံးအတွက် လိုအပ်တဲ့ အလုပ်​ခေါ် ကြော်ငြာတင်ခြင်းကိစ္စကို Owner Operator LMIA မှာ ကင်းလွတ်ခွင့်ပြုထားပါတယ်။ အပေါ်မှာ ပြောခဲ့တဲ့ အချက်တွေအပြင် Authority တွေဘက်က နောက်ထပ်အလေးထား စိစစ်မယ့်အချက်တစ်ခုကတော့ English သို့မဟုတ် French Language တစ်ခုခုအ​ပေါ်မှာ ပိုင်နိုင်ကျွမ်းကျင်မှု ကိုယ်ဘယ်​လောက်ရှိလဲဆိုတဲ့ အချက် ဖြစ်ပါတယ်။

အခု ပြောခဲ့တဲ့ အချက် 4 ခုထဲမှာ အခက်အခဲ အရှုပ်အထွေးသိပ်မရှိဘဲ Positive LMIA ရရှိဖို့အတွက်ဆိုရင်တော့ ကာယကံရှင်အနေနဲ့ IELTS ဖြစ်ဖြစ်၊ CLB ဖြစ်ဖြစ် Valid ဖြစ်တဲ့ Language Test တစ်ခုခုကို ဖြေဆိုထားပြီး အနည်းဆုံး Score ဥပမာ။ ။ CLB 5.0 နဲ့ အထက် ရရှိထားရင် ပိုစိတ်ချရပါတယ်။

LMIA APPROVAL ရပြီးနောက်ပိုင်း

LMIA approval ရပြီးတော့ Work Permit ရအောင် ဆက်လက်လုပ်ဆောင်ရတဲ့ အဆင့်တွေက Temporary Foreign Worker Program အောက်ကနေ လျှောက်တဲ့ အခြားအလုပ်တွေအားလုံးနဲ့ အတူတူပါပဲ။

ကိုယ့်အတွက် Work Permit Approval ရပြီဆိုတာနဲ့ ကိုယ့်ရဲ့ Business မှာ စပြီး အလုပ်လုပ်လို့ရပါပြီ။ ပြီးတော့ PR ရှိဖို့အတွက် တခြား Skilled Worker တွေလိုပဲ ပြင်ဆင်စရာရှိတာတွေ ဆက်လက်ပြီးတော့ပြင်ဆင်ရုံပါပဲ။

ကိုယ့်ရဲ့ ကိုယ်ပိုင် Express Entry Profile ကို Create လုပ်ပြီးတော့ Federal Skilled Worker Program (FSWP) အတိုင်း ဆက်လျှောက်ရုံပါပဲ။ ကိုယ့်ရဲ့ ကိုယ်ပိုင် Canada Business လုပ်ငန်းကနေ ရရှိထားတဲ့ Job Offer ရှိနေပြီဖြစ်လို့ Canada Employer တစ်ဦးကပေးတဲ့ Full Time Job Offer ရှိမှ Express Entry မှာ ရနိုင်တဲ့ Points 200 ကို အလွယ်တကူ ဘောင်ဝင်နိုင်မှာ ဖြစ်ပြီး ITA (Invitation To Apply) ကိုလည်း ခပ်မြန်မြန်နဲ့ ရရှိမှာ ဖြစ်ပါတယ်။

ဒါမှမဟုတ် Skilled Worker တွေအတွက်ဖွင့်ပေးထားတဲ့ PNP (Provincial Nominee Program)Stream ကို ရွေးပြီးတော့လည်း PR status ရအောင် လုပ်လို့ရမှာပါ။ Provincial Nomination ကို ရခဲ့ရင် Points ပေါင်း 600 ရရှိပြီး PR အတွက် ITA ကို ရရှိနိုင်ပါတယ်။

OWNER OPERATOR လမ်းကြောင်း နှင့် PNP ENTREPRENEUR STREAM လမ်းကြောင်း

Owner Operator LMIA Work Permit လမ်းကြောင်းက PNP Entrepreneur Stream လမ်းကြောင်းကနေ လျှောက်တာထက် ပိုကောင်းတဲ့ အားသာချက်တချို့ ပေးပါတယ်။

Owner Operator LMIA ကို Federal Program For Temporary Worker ခေါင်းစဉ်အောက်ကနေ Process လုပ်တာပါ။ အဲတော့ PR ကို Federal လမ်းကြောင်းကနေ လျှောက်လို့ ရမှာပါ။ ဘာကွာသွားလဲဆိုရင် Federal လမ်းကြောင်းက လျှောက်တာဖြစ်လို့ Province, Territory ​တွေ ကန့်သတ်ချက်မရှိဘဲ ကိုယ်ကြိုက်တဲ့ Province, Territory ကို စိတ်ကြိုက်ရွေးပြီးတော့ Settle လုပ်နိုင်တဲ့ အခွင့်အရေးကို ရတာပါ။

PNP လမ်းကြောင်းကနေ လျှောက်တဲ့သူကျတော့ သူလျှောက်တဲ့ သက်ဆိုင်ရာ ပြည်နယ်မှာ Settle လုပ်ပေးဖို့ လိုအပ်ပါတယ်။ တခြားပြည်နယ်တွေမှာ ပိုကောင်းတဲ့ အခွင့်အလမ်းတွေ ရှိနေရင်တောင်ပေါ့။

PNP Entrepreneur Stream တွေမှာ ဒုတိယအနေနဲ့ သတိပြုရမယ့်အရာတစ်ခုက အနည်းဆုံး Net Worth ဘယ်လောက်ရှိရမယ် ဆိုတဲ့သတ်မှတ်ချက်နဲ့ အနည်းဆုံး ရင်းနှီးမြှုပ်နှံရမယ့် ပမာဏဆိုတာတွေ ရှိနေတာပါ။ Owner Operator လမ်းကြောင်းကကျတော့ ကိုယ်တတ်နိုင်သလောက်ရင်းနှီးမြှုပ်နှံဖို့ ခွင့်ပြုပေးပြီး Net Worth အများကြီး မရှိရင်တောင် ကိုယ့်ကို PR ပါဆက်လျှောက်နိုင်​အောင် တံခါးဖွင့်ပေးထားပါတယ်။

နောက်ဆုံးအချက်တစ်ခုကတော့ PR ရဖို့ PNP Stream လမ်းကြောင်းကနေလျှောက်တာက Owner Operator လမ်းကြောင်းက လျှောက်တာထက် အများကြီးပိုရှုပ်ထွေးတယ် ဆိုတာပါပဲ။

ပထမဆုံး ဒီ Program ကို စိတ်ဝင်စားကြောင်းပြောတဲ့ Expression of Interest ဆိုတာကို Submit လုပ်ရပါတယ်။ ပြီးရင် ကိုယ်အခြေချချင်တဲ့ အဲဒီပြည်နယ်ကို ပြင်ဆင်လေ့လာမှု ခရီးစဉ်တချို့သွားရပါတယ်။ ITA ရပြီးတာနဲ့ Business Performance Agreement လို့ခေါ်တဲ့ အဲဒီပြည်နယ်မှာ စီးပွားလုပ်ငန်းလုပ်ပါမယ်ဆိုတဲ့ သဘောတူညီချက်ကို ပြုရပါတယ်။ အဲဒါပြီးတာနဲ့ သတ်မှတ်ထားတဲ့ အနည်းဆုံး ရင်းနှီးမြှုပ်နှံမှုကိုလုပ်ရပြီး PR ဆက်လျှောက်ဖို့အတွက် Eligible မဖြစ်ခင် Work Permit နဲ့ အနည်းဆုံး 1 နှစ်ခွဲကနေ အများဆုံး 3 နှစ်အထိ အလုပ်လုပ်ရမှာ ဖြစ်ပါတယ်။
Owner Operator LMIA Work Permit လမ်းကြောင်းက Canada မှာ ကိုယ်ပိုင် လုပ်ငန်းစီးပွား လုပ်ကိုင်ဖို့ ဆုံးဖြတ်ချက်ချလိုက်တဲ့ တစ်နှစ်အတွင်းမှာ PR ဖြစ်လာဖို့ လွယ်ကူမျှတတဲ့၊ လုပ်ရကိုင်ရအစဉ်ချောတဲ့ အခြေအနေတစ်ခုကို လမ်းခင်းပေးထားပါတယ်။

Want your business to be the top-listed Business in Insein?
Click here to claim your Sponsored Listing.

Website

Address


Insein Township
Insein
11011