Hsu Online Shop
Quality တူရင်တောင် စျေးမှန်ပြီး၊သက်သာစေ?
11/09/2024
ကျောက်ဆည်၊ မြစ်သား၊ တံတားဦး၊ ဝမ်းတွင်း၊ မိတ္ထီလာ မြို့နယ်နေ ပြည်သူများအတွက် ရေဘေးအထူး သတိပေးချက် (အနီရောင်အဆင့်)၊ ကင်းတားဆည် ရေကျော်ပါတော့မယ်။ ရေဘေးလွတ်ရာကို အမြန် ပြောင်းရွှေ့ကြပါ။
🚨 🚨 🚨 🚨 🚨
ကင်းတားရေလှောင်တမံ ကန်ရေပြည့်အမှတ် 207.25m
ယခု 207m ရောက်သွားပါပြီ
မိုးကဆက်လက်ရွာသွန်းနေဆဲပါ
ရေပိုလွှဲရေတံခါး ၄ပေါက် 0.5m (1.5 ပေ) စီဖွင့်ထားပါတရ်
ကင်းတားရေလှောင်တမံ အောက်ဘက်မှ ရေဝင်ရောက်နိုင်သည့်နေရာများ ကြိုတင်ပြင်ဆင်ထားနိုင်ပါရန် မျှဝေးလိုက်ပါတယ်။
မန္တလေးတိုင်း၊ မြစ်သားမြို့နယ်၊ ပန်းလောင်မြစ်ပေါ်မှာ တည်ဆောက်ထားတဲ့ ကင်းတားဆည်ကို ရေကျော်ဖို့ ၁၀ လက်မလောက်ပဲ လိုတော့တယ်လို့ သိရပါတယ်။ ဆည်ရေပြည့်အမှတ်က ၂၀၇.၂၅ မီတာ ရှိရာမှာ လက်ရှိရေက ၂၀၇ မီတာသို့ ရောက်ရှိနေပါပြီ။ မကြာမီအချိန်အတွင်းမှာ ဆည်ကို ရေကျော်ပြီး ဆည်အောက်က ဒေသတွေ ရေဘေးကြုံရပါတော့မယ်။
လက်ရှိအချိန်မှာ ကင်းတားဆည်ရဲ့ ရေထိန်းတံခါး ၄ ခုကနေ ရေထုတ်လွှတ်ပေးနေတာကြောင့် ဆည်အောက်က ရွာတွေ သတိထားသင့်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
တောင်တရုတ်ပင်လယ်မှာ တိုက်ခတ်ခဲ့တဲ့ အင်အားပြင်း တိုင်ဖွန်းမုန်တိုင်း Yagi (ယာဂီ) ရဲ့ အရှိန်ကြောင့် ရှမ်းပြည်တောင်ပိုင်းက ပင်းတယ၊ ရွာငံ၊ ကလော၊ အောင်ပန်း စတဲ့ မြို့တွေနဲ့ ရှမ်းပြည်အရှေ့ပိုင်းက တာချီလိတ်မြို့တွေမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပါတယ်။
Photo and Source - Zawsoetun Zawsoetun
Click here to claim your Sponsored Listing.
Category
Website
Address
Phan Chat Factory Street
Insein
11011,11012,11013
Opening Hours
| Monday | 08:00 - 20:00 |
| Tuesday | 08:00 - 20:00 |
| Wednesday | 08:00 - 20:00 |
| Thursday | 08:00 - 20:00 |
| Friday | 08:00 - 20:00 |
| Saturday | 08:00 - 20:00 |
| Sunday | 08:00 - 20:00 |