H&S Japanese Language
ဂျပန်စာ လေ့လာမှု ဝေမျှမှု
05/07/2021
七夕🎋
ပုံပြင်လေးအကြောင်းကို အပြည့်အစုံဖတ်ချင်တဲ့ သူတွေကတော့ အောက်မှာဆက်ဖတ်နိုင်ပါတယ်
7လပိုင်း 7ရက်နေ့ကို ဂျပန်မှာ七夕(tanabata) ပွဲတော်နေ့အဖြစ် သတ်မှတ်ပါတယ်။
七夕(tanabata) ဆိုတာက 織姫(orihime)ဆိုတဲ့ နတ်မင်းကြီးသမီးလေး နဲ့ 彦星(hikoboshi) လို့ခေါ်တဲ့နွားကျောင်းသားလေးတို့ရဲ့ တစ်နှစ်မှာတကြိမ်ပဲဆုံတွေ့ရတဲ့နေ့လေးပါ။
ပုံပြင်လေးကတော့〜
တချိန်က ယက်ကန်းခတ်တာတော်တဲ့ 織姫(Orihime) လို့ခေါ်တဲ့မင်းသမီးလေးရယ်၊ အလုပ်အရမ်းကြိုးစားတဲ့ 彦星(hikkboshi) လို့ခေါ်တဲ့ နွားကျောင်းသားလေးရယ် ရှိကြပါတယ်။ 織姫(Orihime)ကတော့ နတ်မင်းကြီးရဲ့ သမီးတော်လေးပါ။
တနေ့မှာ နတ်မင်းကြီးက သူ့သမီးတော်လေးကို အလုပ်အရမ်းကြိုးစားတဲ့ နွားကျောင်းသားလေးနဲ့လက်ထပ်ပေးလိုက်ပါတယ်။
သမီးတော်လေးနဲ့ နွားကျောင်းသားလေးက အရမ်းချစ်ကြလို့ လက်ထပ်ပြီးထဲက အပျော်လွန်နေကြတာ ဘာအလုပ်မှမလုပ်ကြတော့ဘူးတဲ့...
မင်းသမီးလေးကလည်း ယက်ကန်းမခက်တော့ အဝတ်အထည်တွေရှားပါးလာပြီး
နွားကျောင်းသားလေးကလည်း နွားမကျောင်းတော့ နွားတွေဒုက္ခရောက်နေကြတယ်တဲ့
အဲ့ဒါကိုနတ်မင်းကြီးသိတဲ့အခါမှာတော့ အရမ်းစိတ်ဆိုးပြီး အလုပ်ပြန်လုပ်အောင်လို့ သူတို့နှစ်ယောက်ခြားမှာ 天の川(ama no gawa = Milky way) ကြီးခြားပြီး ချစ်ခြင်းကိုခွဲလိုက်ပါတော့တယ်။
တယောက်နဲ့တယောက် လုံးဝမတွေ့ကြရတော့ပါဘူး။
မတွေ့ရတော့တခါ လွမ်းနာကျပြီး ဘာအလုပ်မှမလုပ်နိုင်ပြန်ပါဘူးတဲ့။
ဒါနဲ့ နတ်မင်းကြီးက ဒီလိုဆိုရင်လဲမဖြစ်သေးဘူးဆိုပြီး သူတို့နှစ်ယောက်ကို တစ်နှစ်မှာတစ်ခါ 7လပိုင်း 7ရက်နေ့မှာ 天の川(ama no gawa) ကိုဖြတ်ပြီး တွေ့ဆုံခွင့်ပေးလိုက်ပါတယ်။
အဲ့ဒီနေ့ကို 七夕(tanabata) နေ့အဖြစ်သတ်မှတ်ကြတာပါ
ပုံပြင်ကပေးတဲ့ သင်ခန်းစာကတော့ - ဘယ်ခေတ်ပဲဖြစ်ဖြစ် ဘယ်လိုစုံတွဲမဆို အချစ်ကြီးကြတဲ့အခါ၊ အချစ်တစ်ခုထဲကိုပဲ မြင်နေကြတဲ့အခါ လက်တွေ့ဘဝနဲ့ဝေးသွားပြီး တကယ်လုပ်သင့်တဲ့ကိစ္စတွေကို မမြင်နိုင်ဖြစ်သွားတတ်ကြပါတယ်
ဒီပုံပြင်လေးကို ကလေးငယ်တွေကိုပြောပြထားရင် တချိန်အချစ်နဲ့တွေ့လာတဲ့အခါမှာ အဓိကနဲ့ သာမညကိုခွဲတတ်စေဖို့ရည်ရွယ်ပါတယ်
Click here to claim your Sponsored Listing.
Category
Contact the school
Website
Address
Insein