AShin Nanda Thara

AShin Nanda Thara

Share

ကမ္ဘာတစ်လွှားဗုဒ္ဓတရားပြန့်ပွားပါစေသော်။

24/05/2025

🎉《ကိုယ့်》▪︎▪︎▪︎အပေါ်
မေတ္တာ အစစ်အမှန်
ပေးတဲ့သူ▪︎▪︎▪︎ကို
မပြစ်မှားပါနဲ့

မတ်ေတာတရားဆိုတဲ့
စကားလုံးလေးဟာ
အင်မတန်▪︎▪︎▪︎မှ
ကြားလို့ကောင်းတယ်
နာလို့ကောင်းတယ်
ခံယူလို့ကောင်းတယ်

သိမ်မွေ့တယ်
နူးညံ့တယ်လို့
ခံစားရတယ်

ဒါပေမဲ့

အင်မတန် ထက်မြက်တဲ့
《ဓား》တစ်ချောင်း
မိုးကြိုးတစ်စင်း လိုလည်း
ဖြစ်နေတတ်တယ်

မေတ္တာ တရားလို့
ရွတ်ဆိုလိုက်လျှင်

သူ့▪︎▪︎▪︎နောက်မှာ
စေတနာပါတယ်

စေတနာ▪︎▪︎▪︎နဲ့ ကပ်လျှက်
ဂရုဏာတရား ပါတယ်

ဂရုဏာ ▪︎▪︎▪︎ဆိုတဲ့
သဘောတရား နောက်မှာ
သနားကြင်နာမှု တွေ
ကျန်သေးတယ်

ဒါနဲ့ တင်▪︎▪︎▪︎မပြီးသေးဘူး
ကိုယ့်▪︎▪︎▪︎အတွက်
ခွန်အားတချို့ကိုပါ
ဖြစ်တည်စေတယ်

ဒါကြောင့်

ရှေး▪︎▪︎▪︎ပညာရှိ တွေက
ပြောကြတယ်
မတ်ေတာ မစူးစနေဲ့တဲ့
မတ်ေတာတရား ကို
နားမလည်တဲ့သူ
တန်ဖိုးမထားတဲ့
သူတွေဟာ
ဝဋ် လည်တဲ့အပြင်
မတ်ေတာတရား
စူးရှတဲ့ ဒါဏ်ကိုပါ
ခံစားရတတ်တယ်

《လောက》▪︎▪︎▪︎မှာ
တစ်ချို့သော လူတွေက
မတ်ေတာတရား ကို
နားမလည်ကြဘူး

သူတို့ အတ္တတွေအတွက်
ကိုယ်ချင်းစာတရား
နည်းပါးကြတယ်

သူတို့《မာန》အတွက်
တစ်ဖက်လူရဲ့
ခံစားချက်ကို
မစာနာတတ်ကြဘူး

အဲ့ဒီလို လူတွေဟာ
မေတ္တာစူးတတ်တယ်

ဒါကြောင့်

ကိုယ့်အပေါ်▪︎▪︎▪︎ကို
မတ်ေတာ တရား
ထားပေးတဲ့သူ

ဝေမျှပေးတဲ့ သူတွေကို

မနာကျင်စေနဲ့
မထိခိုက်စေနဲ့
မလိုချင်ရင်တောင်
မစော်ကားမိစေနဲ့
ဝမ်းနည်းမှုတွေကို
ပြန်မပေးမိစေနဲ့

အဲဒီ▪︎▪︎▪︎လူတွေ
မရှိတော့တဲ့
အချိန်ကာလ တစ်ခုမှာ

ကိုယ် ပြုသမျှတွေက
ဝဋ်ကျွေး
ပြန်လိုက်တတ်တဲ့အပြင်

မေတ္တာတွေက
ပြန်လည်ပြီး
စူးတတ်တယ်

《ဘဝ》▪︎▪︎▪︎ မှာ
(ကိုယ့်)▪︎▪︎▪︎အပေါ်
ကောင်းတဲ့ သူတွေကို
ထိခိုက်▪︎▪︎▪︎ကြေကွဲ
ဝမ်းနည်းစေခြင်းဟာ

ကိုယ့်▪︎▪︎▪︎အတွက်
ပြန်လည်ပြီး
ပေးဆပ်ရမယ့်
ဝဋ်ကျွေး ကံကြမ္မာ
တစ်ခု▪︎▪︎▪︎ကို
မိမိ(အတ္တ)အတွက် နဲ့
ရယူလိုက်ခြင်းပဲလို့
(သတိ)ပြုကြရမယ်၊

🙏ကျေးဇူးတော်ရှင်

ပါမောက္ခချုပ် ဆရာတော်ဘုရားကြီး၊

09/04/2023

#ကံထပ်သူများ #သာသနာ့အမွေ
ရထိုက်,မရထိုက်
_____________________________

“ရဟန်းမဖြစ်သေးသူကို ရဟန်းအဖြစ်ရောက်အောင် ချီးမြှောက်တဲ့အတွက် သာသနာ့အမွေ ရတယ်ဆိုတာ ရှိပါစေတော့၊ ရဟန်း ဖြစ်ပြီးသူကို ကံထပ်သူများ သာသနာ့အမွေ ရထိုက်မရထိုက် သိချင်သတဲ့ကွယ့်၊ ဟုတ်တယ်မဟုတ်လား” “ဟုတ်မှန်ကြောင်းပါဘုရား”

“ရှင်မဟာမောဂ္ဂလိပုတ္တတိဿ မထေရ်ရဲ့ စကားအတိုင်းပြောရလျှင် ........

ယော ကောစိ အဒ္ဓေါ ဝါ ဒလိဒ္ဒေါ ဝါ အတ္တနော သြရသံ ပုတ္တံ ပဗ္ဗာဇေတိ၊
ဥပသမ္ပဒေတိ၊ သော သာသနေ ဒါယာဒသင်္ခံ ဂစ္ဆတိတဲ့။

ယော ကောစိ - အမှတ်မရှိ တစ်စုံတစ်ယောက်သော၊ အဒ္ဓေါဝါ-ကြွယ်ဝသောသူသည်လည်းကောင်း၊ ဒလိဒ္ဒေါဝါ- ဆင်းရဲသောသူသည်လည်းကောင်း၊ အတ္တနော- မိမိ၏၊ သြရသံ- ရင်၌ဖြစ်သော၊ ပုတ္တံ- သားကို၊ ပဗ္ဗာဇေတိ- ရှင်ပြုစေ၏၊ ဥပသမ္မာဒေတိ- ရဟန်းခံစေ၏၊ သော- ထိုသူသည်။ သာသနေ- သာသနာတော်၌၊ ဒါယာဒသင်္ခံ - အမွေခံဟူသော အရေအတွက်သို့၊ ဂစ္ဆတိ- ရောက်၏တဲ့။

ဒီပါဠိရဲ့ အဓိပ္ပါယ်က ကိုယ့်သားအရင်းကို ရှင်ပြုပေး၊ ရဟန်းခံပေးမှ သာသနာ့အမွေရတယ်လို့ တိုက်ရိုက်ဆိုထားတယ်။ ဒီလို ဘာလို့ဆိုတာလဲ မေးခဲ့လျှင် သားတော်မဟိန္ဒနှင့် သမီးတော် သင်္ဃမိတ္တာတို့ ရဟန်းအဖြစ် ရောက်ဖို့ ပြီးဆိုတာပဲကွယ်။

အမှန်ကတော့ သာသနာ့အမွေဆိုတာ သာသနာတော်ကြီး အရှည်တည်စေခြင်းပါပဲ။ ကိုယ့်သားပဲဖြစ်ဖြစ်၊ သူတစ်ပါးသားပဲ ဖြစ်ဖြစ် ရှင်ရဟန်းအဖြစ်ရောက်ပြီး သာသနာတော်နှင့်လျော်တဲ့ ပရိယတ်၊ ပဋိပတ်တရား ကျင့်ကြံပွားများမယ်ဆိုလျှင် ထိုရှင်၊ ထိုရဟန်းကြောင့် သာသနာတော် အရှည်တည်တံ့တာ အမှန်ပါပဲ။

ဒီတော့ သာသနာတော်ကို သန့်ရှင်း တည်တံ့ ပွားများအောင် ပြုလုပ်သူဟာ လူသားမဟုတ်ဘူး၊ ရှင်ရဟန်းဖြစ်တယ်။ အဲဒီ ရှင်, ရဟန်း သာသနာတော်ကို အရှည်တည်အောင် ပြုနိုင်တာကလည်း ရှင်ဒကာ, ရဟန်းဒကာကြောင့် ဖြစ်တယ်။ ဒါကြောင့် ရှင်ဒကာ ရဟန်းဒကာကို “သာသနာဒါယ- သာသနာ့အမွေခံ”လို့ ဟောခြင်းဖြစ်တယ်၊ မူလ ရှင်ဒကာ၊ ရဟန်းဒကာကိုတော့ ဦးခန့်ကြီးက မစောဒနာပါဘူး။ ဦးခန့်ကြီးစောဒနာတာက ရဟန်းဖြစ်ပြီးပုဂ္ဂိုလ်များကို ကံထပ်တဲ့ ဒုတိယ, တတိယ ရဟန်းဒကာများ သာသနာ့အမွေ ရထိုက်, မရထိုက်ဖြစ်တယ်။

ဟောဒီပြဿနာဟာ မြန်မာနိုင်ငံမှာ အတော်လေး ကျယ်လောင် ကျယ်လောင် ဖြစ်လာသကွယ့်၊ ဒါကြောင့် အဖြေကို ခပ်ရှည်ရှည်ကလေး ဖြေဆိုလိုက်မယ်” “မှန်ပါ၊ ခပ်ရှည်ရှည် ဖြေတော်မူပါဘုရား”
“သာသနာတော်လောကမှာ အထွတ်အမြတ်ထားကြတဲ့ စေတီ၊ ဘုရား၊ ရုပ်ပွားတော်များ ရှိကြတယ်။

အဲဒီ စေတီ, ဘုရား, ရုပ်ပွားတော်များ ဟောင်းနွမ်းသွားလျှင် မပြင်ဆင်ကြဘူးလား”
“ပြင်ဆင်ကြပါတယ်ဘုရား”
“ရွှေချထားတဲ့ ရွှေတိဂုံတို့၊ မဟာမြတ်မုနိတို့လို စေတီတော် ရုပ်ပွား တော်တွေကို ရွှေထပ်ထပ်ပြီး မချကြဘူးလား” “ချကြပါတယ်ဘုရား”
“ဘာဖြစ်လို့ ချနေကြတာလဲ၊ နဂိုက ရွှေရှိပြီးသား မဟုတ်လား”
“ဒါတော့ ကုသိုလ်ရချင်လို့ ချကြတာပေါ့ဘုရား” “ကုသိုလ်ကော ရကြသတဲ့လား” “ကုသိုလ်စိတ်နှင့်ပြုတော့ ကုသိုလ်ရတာပေါ့ဘုရား”

“မာဝ မညေထ ပုညဿ-ကုသိုလ်ကို မထီမဲ့မြင် မပြုကောင်းဘူး၊ နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ မိမိမှာ ကုသိုလ်ဖြစ်မယ်ဆိုလျှင် ပြုသင့်ကြတယ်။ သူတစ်ပါးထားလို့ ပန်းတွေပုံနေပြီ၊ ငါမလှူပါဘူးဆိုလျှင် ဘယ်သူ ကုသိုလ်မရသလဲကွယ့်” “မလှူသူ ကုသိုလ်မရတာပါပဲဘုရား”

“အေး...အဲဒီဥပမာလိုပဲ၊ သူတစ်ပါးရဟန်းခံထားတာ၊ ငါ ထပ်မံ ကံထပ်ဖို့ မလိုပါဘူးဆိုလျှင်လည်း ကံမထပ်သူ ကုသိုလ်မရတာပါပဲ။ ဘုရားသခင်က ရှေးကသမုတ်ပြီးသိမ်ကို ထပ်ပြီး မသမုတ်ရလို့ အမိန့်ထုတ်မထားသလို ရှေးက ရဟန်းဖြစ်ပြီးပုဂ္ဂိုလ်ကို ကံမထပ်ရလို့ ပညတ်ချက်မရှိပါဘူး။

ဒါကြောင့် အကြိမ်ပေါင်းများစွာ ကံထပ်သော်လည်း မအပ်မရှိပါဘူး၊ အပ်ပါတယ်။ သာသနာ့အမွေဆိုတာက ကိုယ်ကံထပ်ထားတဲ့ ပုဂ္ဂိုလ်က သာသနာတော် သန့်ရှင်း တည်တံ့ ပြန့်ပွား ခိုင်မာအောင် အားထုတ်နေလျှင် ဥပစာနည်းအား ဖြင့် မိမိလည်း သာသနာ့အမွေကို ရတယ်လို့ မှတ်သင့်တယ်။

တိစီဝရိတ်ဓုတင်ဆောင်ထားတဲ့ပုဂ္ဂိုလ်များ၊ ဧကာသနိက်ဓုတင်ဆောင်ထားတဲ့ပုဂ္ဂိုလ်များကတော့ သင်္ကန်းအပို မဆောင်ကောင်း၊ ဒါယကာလှူတဲ့ ဆွမ်းကို မစားကောင်းဘူး၊ အဲဒီပုဂ္ဂိုလ်များအတွက် ကံလည်း မထပ်ကောင်းဘူး။ ကျန်တဲ့ပုဂ္ဂိုလ်များအတွက်တော့ ကံထပ်ချင်သလောက်ထပ် အပြစ်တစ်စုံတစ်ရာ မဖြစ်တဲ့အပြင် ဒါယကာများ ကုသိုလ်တရား တိုးပွားအောင် စောင့်ရှောက်တဲ့အတွက် သာသနာပြုရာလည်း ရောက်တယ်။

ဒါကြောင့် နောက်တစ်ဖန် ကံထပ်ကြတဲ့ ဒါယကာများ သာသနဒါယဇ္ဇကုသိုလ်တရား တိုးပွားတဲ့အတွက် စွမ်းအားရှိသလောက် ကံထပ်အလှူ ပြုလုပ်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်ကွယ်”

“သာဓု ... သာဓု ... သာဓု”

ထီးချိုင့်မြို့ တည်တောဆရာတော်
ယနေ့ ဗုဒ္ဓဝါဒဆိုင်ရာအမေးအဖြေများ (၅)

Want your business to be the top-listed Media Company in Insein?
Click here to claim your Sponsored Listing.

Category

Website

Address


Insein