Tin Zar By Insurance and Financial Advisor
“မိတ်ဆွေနှင့် မိတ်ဆွေမိသားစု အနာဂတ်ဘဝလုံခြုံဖို့ အာမခံထားကြစို့”
18/08/2024
🪷🌹🙏နက်ဖြန်သည် ဝါခေါင်လပြည့်
မေတ္တာအခါတော်နေ့ ဖြစ်သောကြောင့်
သတ္တဝါများစွာ ဘေးရန်ကွာ
ကျန်းမာချမ်းသာကြပါစေ၊
အလုပ်အကိုင်တွေအဆင်ပြေကြပါစေ🪷🌹🙏
13/03/2024
အာမခံမှာ Life Assurance လို့ခေါ်တဲ့ အသက်အာမခံနဲ့ အသက်မပါသော
အထွေထွေအာမခံ General Insurance ဆိုပြီး နှစ်ပိုင်းရှိပါတယ် ..
ထို အာမခံ နှစ်မျိုးအနက် ဘယ်အာမခံက ရောင်းရခက်လည်းပေးရင် နှစ်မျိုးစလုံး ခက်ပါတယ် ✅
ဘယ်အမျိုးအစားက ပိုခက်သလဲပြောရရင် မြန်မာနိုင်ငံအနေနဲ့ အသက်အာမခံ က ပိုခက်ပါတယ်
ပိုခက်ရတဲ့ အကြောင်းအရင်းတွေကတော့
ဒို့လူမျိုးတွေ..
- အယူသီးတယ်
- သေမှာလို့ပြောရင် အရမ်းကြောက်တယ်
- အသက်အာမခံဆိုတာ သေမှ ရတာပါလို့ တစ်ယူသန်တယ်@
- နောက်လူကောင်းစားရေး ဘာလုပ်မှာလဲ လို့ အပြောများတယ်
- နမိတ်မရှိ နမာမရှိ လို့ အပြောများတယ်
- ငွေစုတာတွေ နားမလည် နောင်ခါလာ နောင်စျေး သမား များတယ်
- အပြောအဟောကောင်းလို့ စိတ်ဝင်စားပြန်တော့ ဆေးစစ်ရမှာ သေမလောက်ကြောက်ကြတယ်
- ကိုယ်က အာမခံထားဖို့ အဆိုလွှာဖြည့်ပြီး ဆေးစစ်ပြီးရင်လဲ အခြားသူတွေ ဖျက်လို့ ပျက်တဲ့သူတွေ အများသား
-
-
-
-
စသဖြင့် အကြောင်းများစွာ တွေ့ဖူးကြုံဖူးပါတယ် ..
ဒီကြားထဲ အသက်အာမခံ မတိုးတက်ရတဲ့ အဓိကကျတဲ့ အကြောင်းတွေမှာ..
ငွေကြေးဖောင်းပွမှု ( inflation) နဲ့အတူ အာမခံရောင်းတဲ့ သူဌေးတွေရဲ့
ကြောက်ရွံ့မှုက အဓိက အဟန့်အတားပါ...
(ခုတော့ နိုင်ငံခြားကုမ္ပဏီတွေပါ ပါဝင်လာလို့ သူတို့ဖော်တဲ့ New Products တွေက အရင်က ရောင်းနေတဲ့
Products တွေထက် ပိုကောင်းနေပါပြီ)
ဒါပေမဲ့လည်း
ပစ္စည်းနဲ့ လူထက် ပစ္စည်းကို ပဓာန ထားတတ်ကြလို့ ( နမူနာ ကားတစ်စီး မတော်တဆဖြစ်ရင် လူဘာဖြစ်လည်းလို့ ဆိုတာထက် ကားဘာဖြစ်လည်း အရင်မေးတတ်ကြတာမျိုးတွေပေါ့)
အသက်အာမခံက ပိုအရေးကြီးတယ် မထင်ကြသေးတာကလည်း
အဓိကအကြောင်းအရင်းပါ ✅✅
ကိုမျိုး-အာမခံ
Click here to claim your Sponsored Listing.
Category
Address
Yangon
Insein