Erotic 007

Erotic 007

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Erotic 007, Garden Center, No. 34, Tharyar Street, Bo Kone Quarters, Insein Township, Insein.

01/04/2025

လာလှူမဲ့ အလှူရှင်များဖတ်ပေးရန်

မြို့ခံတစ်ယောက်အနေနဲ့ ဘယ်လိုမှ သည်းမခံနိုင်လို့ ပြောခြင်းဖြစ်ပါတယ်။ မြင်နေရတာတွေကလဲ အကုသိုလ်များလိုက်တာ။ နောက်လာလှူမဲ့ အဖွဲ့တွေအတွက် Info; ပါ သေချာဖတ်ပေးပါ။

ခုငလျင်မှာ ပြိုတာက တိုက်တွေပါ ၊ အိမ်တွေလဲ ပျက်စီးတာ ရှိပေမဲ့ တိုက်အလုံး ၅၀ ပြိုမှ အိမ်က ၁အိမ်နှုန်းပါ။ ပြောရရင် တကယ်ပျက်စီးသူ ပြိုကျသူတွေက အိမ်ကို သူခိုးရန် ၊ ငလျင်ဒဏ်တွေက​နေပူနေရတာနဲ့ ဘာမှတောင် မလုပ်နိုင်ဘူး။

ခုအလှူရှင်တွေ မြို့ကို အများကြီးလာကြတယ် ၊ တချို့အဖွဲ့တွေဆို ဆရာဝန်တွေ ကယ်ဆယ်ရေးတွေ မုန့်တွေ ခြင်ထောင်တွေ အကုန်အပြည့်စုံနဲ့ လာလှူကြတာပါ။ ဒါပေမဲ့ ခုတန်းစီပြီး ယူနေတဲ့သူတွေသည် ဒုက္ခရောက်နေတဲ့ သူတွေ မပါပါ။ အိမ်တံခါးသော့ခတ်ပြီး အိတ်ကြီးတစ်လုံးယူ ဆိုင်ကယ်နဲ့ ပတ်တန်းစီပြီး ယူနေတဲ့ အဖွဲ့တွေက များနေတယ်။ ထမင်းထုပ် ၁၀ခါဝေရင် ၁၀ခါ တန်းစီတယ် ၊ ရေ ၁၀ခါ ဝေရင် ၁၀ခါ တန်းစီတယ်။ ပြီးရင် အိတ်ကြီး အိတ်ငယ်တွေနဲ့ အပြည့်ရသွားကြပြီး တကယ်လိုအပ်တဲ့သူတွေ ဘယ်သူမှ မရပါ။ လာရင် ကုန်သွားတာက များနေတယ်။ ဒုက္ခရောက်နေသူတွေ အများကြီးကို ကိုယ်ချင်း မစာမနာနဲ့ ပတ်ယူနေကြတာ။ ပြီးရင် ခိုင်နှင်းဝေ လာတယ် နော်ဖောလာတယ် ဖြူဖြူထွေးလာတယ်နဲ့ ကယ်ဆယ်ရေးလာတာ Fan Meeting လာလုပ်တာ မဟုတ်ပါ။ လာရင် စုပြေးကြပြီး ရပ်ကွက်ဆူညံနေတာပဲ။ ပြီးရင် ဝေတာနဲ့ မတူဘူး ၊ ယူတာကို အကုန်လုပြီး ဓားပြတိုက်သလို လုယူနေကြတာ ပေးတဲ့သူတောင် မပေးချင်တော့သလိုပဲ။

ခုနောက်အလှူရှင်များ လှူချင်ရင် လှူမဲ့ ပစ္စည်းများကို ကြွပ်ကြွပ်အိတ်ထဲ အကုန်စုထည့်ပြီး တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်ဝေပေးပါ။ ပင်ပန်းမှာ သိပေမဲ့ မထိရောက်တာချင်းတူတူ အပင်ပန်းခံလိုက်တာ ပိုတန်ပါတယ်။ မဟုတ်ရင် အကုန် waste ဖြစ်ကုန်ပြီး ဘာမှ မထူးခြားပါ။ တော်တော်ဆိုးရွားလွန်းလို့ လူမုန်းခံပြီး ပြောခြင်း ဖြစ်ပါတယ်။ ဒုက္ခရောက်နေတာခြင်းတူတူ ကိုယ်ချင်းစာစိတ်လေး ထားကြပါ။

တကယ်လို့ အလှူရှင်တွေ ဘယ်နေရာ အရောက်နည်းလဲ ၊ ဘယ်နေရာတွေ လိုနေသေးလဲ သိချင်ရင် လာမေးပါ ၊ တတ်နိုင်သလောက်လေး ပြောပြပေးပါ့မယ်။ စာမပြန်ရင်လဲ စိတ်မရှိပါနဲ့ လိုင်းသိပ်မကောင်းလို့ပါ။

crd

Want your business to be the top-listed Home Improvement Business in Insein?
Click here to claim your Sponsored Listing.

Category

Website

Address


No. 34, Tharyar Street, Bo Kone Quarters, Insein Township
Insein