Little Baby Store
New Born, baby, kids and teen All of children Clothes, shoes, sandal, toy, doll , bicycle , battery car/cycle, bike, roller skate, board skate, scooter. .
17/08/2017
🛑အော်တဇင် (Autism) ဆိုတာဘာလဲ
********************************
ကျွန်မ ဒီ စာရေးရခြင်းရဲ့ ရည်ရွယ်ချက် (၂) ခုရှိပါတယ်။ မိဘတစ်ဦး ဒီစာဖတ်ပြီးတဲ့အခါ ကိုယ့်ကလေးကို အော်တဇင်ရှိရင်ရှိကြောင်းစောစောသိဖို့နဲ့ ရှိတာသိပြီးရင် ကလေးကို လိုအပ်တဲ့ အကူအညီ အမြန်ဆုံးပေးဖို့ပါ။ လက်ရှိသုသေတနပြုသူများအရ ကမ္ဘာတဝှမ်းလုံးမှာ ကလေး ၁၀၀ မှာ ၁ ယောက် အော်တဇင်ရှိတယ်ဆိုတော့ အဖြစ်များတယ်ပြောလို့ရပါတယ်။
အော်တဇင်ရောဂါဟာ သွေးစစ်လို့မသိနိုင်သလို ဓာတ်မှန်ရိုက်လို့လဲ မပေါ်ပါဘူး။ကလေးတစ်ယောက်မှာရှိကြောင်း ပထမဆုံး သံသယရှိရမယ့်သူက "အုပ်ထိန်းသူမိဘ"ပါ။ ဒါကြောင့် မိဘတိုင်း အော်တဇင်ကလေးက ဘယ်လိုလေးလဲလို့ သိထားသင့်ပါတယ်။
🛑အော်တဇင်ဘာကြောင့်ဖြစ်လဲ
**************************
ဦးနှောက်တစ်နေရာရာက ဖွံ့ဖြိုးမှု အရှိန်လွန်ပြီး ဦးနှောက်ရဲ့ အခြားနေရာတွေနဲ့ စည်းကိုက်ဝါးကိုက် လိုက်လျောညီထွေမပြုမူနိုင်တော့တဲ့ပြသနာပါ။ မျိုးရိုးဗီဇနဲ့ သက်ဆိုင်မှုရှိကြောင်း တွေ့ရပါတယ်။ ကြီးပြင်းရာ ပတ်ဝန်းကျင်နဲ့ မသက်ဆိုင်ပါ။ ကာကွယ်ဆေးထိုးခြင်းကြောင့် အော်တဇင်မဖြစ်ပါ။ ရောဂါဖြစ်ရခြင်း အခြားအကြောင်းရင်းများကို ရှာဖွေနေဆဲပါ။
🛑အော်တဇင်လို့ ဘယ်အခါသံသယရှိမလဲ
**********************************
အော်တဇင် တစ်ယောက်နဲ့တစ်ယောက် ပုံမှန်မဟုတ်တာခြင်းမတူပါဘူး။ ဒါပေမယ့် သူတို့လေးတွေက အချက် (၃) ချက်မှာ ချို့ယွင်းမှု ဖြစ်နေတာခြင်းတော့ တူပါတယ်။
🔺(၁) စိတ်ခံစားမှု ပုံမမှန်ခြင်း
ဥပမာများ-
နေ့စဉ်ကြားနေကျအသံများကို အလွန်အကျွံကြောက်ရွံ့ခြင်း
လှုပ်ရှားနေသော အရာဝတ္ထုများကိုမှ နှစ်ခြိုက်ခြင်း
အပူဓာတ်နှင့် နာကျင်ခြင်းကို သူများထက် ခံနိုင်ရည်ရှိခြင်း (ဥပမာ-ချော်လဲ ခေါင်းပေါက်တာတောင် မငိုခြင်း)
စိတ်ဆိုး ဒေါသထွက်လွယ်ခြင်း
ကလေးပီပီ အရုပ်မျိုးစုံကို မနှစ်သက်ဘဲ တစ်မျိုး နှစ်မျိုးကိုပဲ စွဲလမ်းနှစ်ခြိုက်ခြင်း
လုပ်နေကျ အရာတစ်ခုမှ သွေဖယ်ရမှာကို လုံးဝလက်မခံခြင်း
🔺(၂) အပြုအမူ ပုံမမှန်ခြင်း
ဥပမာများ-
တစ်စုံတရာကို ထပ်ခါတလဲလဲ လှည့်နေခြင်း
တစ်စုံတရာကို ထပ်ခါတလဲလဲ စီတန်းနေခြင်း
လက်ဖဝါးကို မှောက်လိုက်လှန်လိုက် တစ်ချိန်လုံးလုပ်နေခြင်း
လက်နှိပ်ဓာတ်မီးကို ပိတ်လိုက်ဖွင့်လိုက် အချိန်တိုင်းလုပ်နေခြင်း
🔺(၃) စကားပြောနှင့် ပေါင်းသင်းဆက်ဆံရေး ပုံမမှန်ခြင်း
ဥပမာများ-
၁၂ လထိ လက်ညှိုးမထိုးတတ်ခြင်း
၁၂ လထိ တာ့တာ မလုပ်တတ်ခြင်း
၁၂ လထိ သူ့အမည်ခေါ်လျှင် လုံးဝ မတုံ့ပြန်ခြင်း
၁၈ လထိ စကားတစ်လုံးမှ မပြောခြင်း
၂ နှစ်အထိ စကားလုံးတွဲများ လုံးဝမပြောခြင်း
ပြောတတ်ပြီးသား စကားလုံးများ မပြောတော့ခြင်း
စကားလုံးတစ်လုံးကို အကြိမ်ကြိမ်ပြောခြင်း
ပြုံးပြရင် ပြန်မပြုံးခြင်း
အခြားကလေးတွေကို စိတ်မဝင်စားခြင်း
သူ့ကိုစကားပြောရင် အဝေးတစ်နေရာကို ငေးကြည့်နေတတ်ခြင်း
တစ်ယောက်ထဲ ကစားရတာကိုမှ နှစ်သက်ခြင်း
သူ့အကြိုက် သူစိတ်ဝင်စားတာကို သူများကို မပြောပြခြင်း
🛑အော်တဇင်ရှိတာ စောစောသိဖို့ ဘာလို့လိုအပ်လဲ
********************************
အော်တဇင်တိုင်းက ဉာဏ်ရည်မမှီသူများ မဟုတ်ပါဘူး။ ကြီးပြင်းလာတဲ့အခါ အများနည်းတူ အသက်မွေးဝမ်းကျောင်းပြုနိုင်ဖို့ ရာ အတွက် စကားသင်ဖို့နဲ့ ပညာသင်ကြားရေးမှာ အထူး အကူအညီလိုပါတယ်။
ကိုယ့်ကလေးမှာ အော်တဇင် ရှိတယ်လို့ သံသယရှိရင် မိသားစုဆရာဝန်မှတဆင့်ဖြစ်စေ၊ ကလေးဆရာဝန်နဲ့တိုက်ရိုက်ဖြစ်စေ အမြန် ဆွေးနွေးတိုင်ပင်ပါ။ ရောဂါရှိမရှိဆုံးဖြတ်ဖို့ ဆရာဝန်အပြင် စိတ်ပညာရှင်၊ ကလေးဦးနှောက်အထူးကုဆရာဝန်၊ ကလေး စိတ်ကျန်းမာရေးဆရာဝန် အစရှိသူတို့ အဆင့်ဆင့်စစ်ဆေးပြီး တိုင်ပင်ဆွေးနွေးရပါတယ်။ မြန်မာ အော်တဇင် အသင်းနဲ့လည်း ဆက်သွယ်နိုင်ပါတယ်။ အော်တဇင်ကို ကုသတဲ့ ဆေးဝါးမရှိပါ။ ဒါပေမယ့် ရောဂါရှိတာသိရင် လိုအပ်တဲ့ အထောက်အကူအများကြီးပေးခြင်းဖြင့် ကလေးရဲ့ အနာဂတ် အဆင်ပြေအောင် ပံ့ပိုးပေးနိုင်ပါတယ်။
အော်တဇင်က အခုမှ ပေါ်တဲ့ ရောဂါမဟုတ်ပါ။ အခုနောက်ပိုင်းမှာ သိသူပိုများလာတာပါ။ အော်တဇင်ရှိသူကလေးများကို လိုအပ်တဲ့ အကူအညီမပေးဘဲ "ငကြောင်" "ငပေါ" လို့ ခေါ်ဆိုခြင်း ကင်းဝေးနိုင်ကြပါစေ။ အော်တဇင်ကလေးများကို ကူညီထောက်ပံ့သော အဖွဲ့အစည်းများအား တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ဂုဏ်ပြုပံ့ပိုးနိုင်ကြပါစေဟု ဆန္ဒပြုပါသည်။
မှတ်ချက်- ကာကွယ်ဆေးထိုးလို့ အော်တဇင်မဖြစ်ပါ။
#နေနေမိုးဆွေ (Child Health Myanmar)
Reference- Autism Spectrum Australia, Raising Children Net.
Photo Credit to Google
26/07/2017
ပါမောက္ခဦးစောဝင်း
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
- - - - - - - - - - -
- - - - - - - - - - -
- - - - - - - - - - -
- - - - - - - - - - - - - - - - - - - -- - - - - - - - - - - - -
[Unicode]
H1N1 တုပ်ကွေးကြောင့် နေကောင်းနေတဲ့ ကလေးကို ကျောင်းမပို့ရလောက်အောင် စိုးရိမ်စရာမရှိပါဘူး . . .
ပါမောက္ခဦးစောဝင်း
ကလေးအထူးကု ဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
အခုအခါမှာ H1N1တုပ်ကွေးနဲ့ ပတ်သက်ပြီး ကလေးတွေကို ကျောင်းပို့ရ မလားဆိုတဲ့ မိဘပြည်သူ တွေကြားမှာ စိုးရိမ်စိတ်၊ ပူပင်စိတ်တွေ ဖြစ်ပေါ်လျက် ရှိပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ကလေးအထူးကု ဆရာဝန်ကြီး ပါမောက္ခဦးစောဝင်းကို ဆက်သွယ်မေးမြန်းဖော်ပြပေးလိုက်ပါတယ်။
Q. H1N1 တုပ်ကွေးနဲ့ ပတ်သက်ပြီး အခုအခါမှာ မိဘတွေစိတ်ထဲ စိုးရိမ်ပူပင်စိတ်များနေတဲ့အတွက် ကိုယ့်ကလေးကို ကျောင်းပို့ရမလား ဆိုတာ ဇဝေဇဝါ ဖြစ်နေကြပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဆရာ့အမြင်လေး သိပါရစေရှင့်။
A. H1N1ဆိုတာ တုပ်ကွေးဗိုင်းရပ်စ်ပိုးတစ်မျိုးပါပဲ။ အခုမှ ပေါ်တာ မဟုတ်ပါဘူး။ ၂၀ဝ၉ ခုနှစ်တုန်းက တစ်ကမ္ဘာလုံးဖြစ်ခဲ့တဲ့ အမျိုးအစား (Pandemic) ဖြစ်ပါတယ်။ နှစ်တိုင်း နှစ်တိုင်း ဖြစ်တဲ့ တုပ်ကွေးထဲ မှာလည်း ဒီပိုးဟာ ပါချင်ပါနိုင်ပါတယ်။ ဒီတုပ်ကွေးပိုး က အင်မတန် အဆင့်မြင့်တဲ့ ဓာတ်ခွဲစမ်းသပ်မှုလုပ်မှ ပိုးအမျိုးအစားကို ခွဲလို့ရတာကိုး။
သာမန်အားဖြင့် တုပ်ကွေးဖြစ်ရင် နှာစေးတယ်၊ ချောင်းဆိုးတယ်၊ ကိုယ်လက်ကိုက်ခဲတယ်၊ နှာရည် ယိုတယ်။ အခုဖြစ်တဲ့ တုပ်ကွေးတွေ ကလည်း တော်တော်လေး ပြင်းထန်ပါတယ်။ ဒါပေမဲ့ အန္တရာယ်ဖြစ်နိုင်တဲ့ လူနာအုပ်စု (Risk factor ရှိတဲ့ လူနာအုပ်စု) ကလွဲရင် Anti-viral ဆေး ပေးလေ့မရှိဘူး။ နောက်ဆက်တွဲဖြစ်တဲ့ အဆုတ်အအေးမိဝေဒနာတွေ ဖြစ်ရင်တော့ Anti-viral ဆေး ပေးလို့ရပါတယ်။
ဒီတုပ်ကွေးဖြစ်နေတယ်ဆိုပြီး အခုမှ ဒီံH1N1 ပိုးဆိုပြီး သိတာပါ။ တကယ်တော့ ရှိနေတာ ကြာလောက်ပါပြီ။ တချို့တွေလည်း ဖြစ်ပြီး ခံနိုင်ရည်ရှိ နေတာမျိုး၊ တုပ်ကွေးကာကွယ်ဆေး ထိုးထားလို့ ခံနိုင်ရည် ရှိနေတာမျိုး ဖြစ်တတ်ပါတယ်။ တုပ်ကွေး ဖြစ်တာက ဘာမှမဆန်းပါဘူး။ ဒီပိုးကလည်း ၂၀ဝ၉ ခုနှစ်ကတည်းက ကမ္ဘာမှာ ဖြစ်ခဲ့တာပါ။ ဒီလောက် ကြီး ကြောက်စရာ မဟုတ်ပါဘူး။
တုပ်ကွေးဖြစ်ရင် အသက်ရှူလမ်းကြောင်းဆိုင် ရာရောဂါတွေ ဖြစ်တဲ့ နှာချေတယ်၊ ချောင်းဆိုးတယ် . .ဒီတော့ တုပ်ကွေးဖြစ်သူနဲ့ ထိတွေ့ရင် အလွယ်တ ကူ ကူးစက်နိုင်ပါတယ်။ ဒါကြောင့် မိဘတွေကို မှာ ချင်တာက ကိုယ့်ကလေး နေမကောင်းဖြစ်ရင် ကျောင်းကို မလွှတ်ပါနဲ့၊ ကျောင်းက ဆရာ/ဆရာမ တွေလည်း ကလေးဖျားနေရင် မလာခိုင်းပါနဲ့၊ တခြား ကလေးတွေ မကူးအောင်လို့ပါ။
ဒါပေမဲ့ နေကောင်းနေတဲ့ ကလေးကို ကျောင်းမပို့ရလောက်အောင် စိုးရိမ်စရာ မရှိပါဘူး။ ဒါက အခုမှ ဖြစ်တာလည်း မဟုတ်သလို မြန်မာပြည်မှာ ဖြစ် နေတာ ဘယ်လောက်ကြာပြီမှန်းလည်း ဘယ်သူမှ မသိပါဘူး။ နိုင်ငံတကာမှာလည်း ရာသီတုပ်ကွေး (Seasonal Flu)က အမြဲဖြစ်နေတာပါပဲ။ ဆရာတို့လည်း ဆေးခန်းတွေမှာ တုပ်ကွေးလူနာတွေကို တွေ့နေရတာပါပဲ။ ဆရာ့အတွေ့အကြုံအရ အခုချိန်အ ထိ ရိုးရိုးတုပ်ကွေးနဲ့ သေပျောက်မှု မရှိသေးပါဘူး။ ဒီတော့ ကိုယ့်ကလေးကို ကျောင်းမလွှတ်ဘဲ ထားမယ်ဆိုလည်း ဘယ်လောက်အကြာကြီး ထားမှာလဲ၊ မလိုအပ်ဘဲ အရမ်းကြီးစိုးရိမ်ပူပင်မှု ဖြစ်ဖို့ မလိုပါဘူး။
- - - - - - - - - - -
Q. H1N1 တုပ်ကွေး ကာကွယ်ဖို့ ကလေးတွေကို မိဘတွေက ဘာတွေ သင်ပေးသင့်ပါသလဲ ဆရာ။
A. ဘယ်သူမဆို နှာချေ၊ ချောင်းဆိုးရင် လက်ကိုင်ပဝါနဲ့ အုပ်ပြီး ဆိုးရမယ်။ လူစုလူဝေးရှိတဲ့ နေရာကို မလိုအပ်ရင် မသွားရပါဘူး။ ပြီးရင် လက်ဆေး တဲ့ အကျင့် လုပ်ရပါမယ်။ ဖြစ်နိုင်ရင် နှာခေါင်းအုပ်တဲ့ Mask လေး တပ်ထားရပါမယ်။
ကျောင်းမှာ ကလေး တစ်ယောက်က တုပ်ကွေး ဖြစ်ရင် နောက်ကလေး တွေ မကူးစက်အောင် ဆရာမက အိမ်ပြန် လွှတ်သင့်ပါတယ်။ တစ်ဆက်တည်း ဆရာမတွေကို မှာချင်တာက ကိုယ့်ကျောင်းက
ကလေးတစ်ယောက် သွေးလွန်တုပ်ကွေးဖြစ်ရင် နောက်ကလေး ဖျားတဲ့အခါ သွေးလွန်တုပ်ကွေးဖြစ်နိုင်တယ်၊ ဒါကို မိဘတွေကို သတိပေးသင့်ပါတယ်။
H1N1 တုပ်ကွေးနဲ့ ရိုးရိုးတုပ်ကွေး လက္ခဏာတွေက ဆင်ပါတယ်။ နှာစေး၊ ချောင်းဆိုးတာ၊ ကိုယ်လက်ကိုက်ခဲတာတွေပါပဲ။ သွေးလွန်တုပ်ကွေးမှာ တော့ နှာစေး၊ ချောင်ဆိုးတာက သိပ်မဖြစ်ဘူး။
- - - - - - - - - - -
Q. တုပ်ကွေးကာကွယ်ဆေး ထိုးထားတဲ့ ကလေးတွေမှာ H1N1 ဖြစ်မှာကို စိုးရိမ်ဖို့ လိုပါသလား ဆရာ။
A. တုပ်ကွေးကာကွယ်ဆေးထိုးထားရင် တုပ်ကွေးပိုး အမျိုးအစား ၃-၄ မျိုးပါတဲ့အတွက် ဆေးမထိုးထား သူတွေနဲ့စာရင် H1N1 ကို ကာကွယ်မှု ပိုရှိတယ်။ ဒါပေမဲ့ ခက်တာက တုပ်ကွေးကာကွယ်ဆေးက လို ချင်သ လောက် အလုံအလောက် မရှိတာပါပဲ။ အရင်တုန်းက အသုံးနည်းခဲ့တယ်၊ အခု အသုံးများလာတော့ သွင်းတာနဲ့ မလုံလောက်ဘူး ဖြစ်နေပါတယ်။
- - - - - - - - - - -
Q. H1N1 နဲ့ ပတ်သက်ပြီး စိုးရိမ်နေကြတဲ့ မိဘပြည်သူတွေကို ဆရာအကြံပြုစကားလေး ပြောပေးပါဦး။
A.အခုလောလောဆယ် H1N1 တုပ်ကွေးဖြစ်တာက လူကြီးတွေမှာပါ။ နေကောင်းနေတဲ့ ကလေးတွေကို ကျောင်းမလွှတ်ဘဲ ထားရင် ဘယ်လောက် ကြာကြာထားနိုင်မှာလဲ၊ တချို့လည်း ဖြစ်ပြီးပြီလို့ ထင် တယ်။ ဒီလောက်အထိ စိုးရိမ်ကြောက်လန့်စရာ မလိုပါဘူး။
♦ #ယခုဆောင်းပါးကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ အခြားမီဒီယာများ၊ Page Admin များအနေဖြင့် ဆောင်းပါးတစ်ပုဒ်လုံးသော်လည်းကောင်း၊ တစ်ပိုင်းတစ်စသော်လည်းကာင်း ကူးယူဖော်ပြခွင့်မရှိပါ။ ကူးယူဖော်ပြလိုပါက Healthy Life ဂျာနယ်သို့ ခွင့်ပြုချက် တောင်းခံရပါမည်။
(အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်တွင် ပြည်တွင်းနှင့် နိုင်ငံတကာ ကျန်းမာရေးသတင်းဦး၊ သတင်းထူးများကို ဖော်ပြလျက် ရှိပါသည်။)
21/05/2017
https://m.facebook.com/story.php?story_fbid=1983536681877250&id=1605107426386846
အသိနောက်ကျ၍ အသက်ပေးလိုက်ရတဲ့ ကလေးတစ်ယောက်ရဲ့ကြေကွဲဖွယ် ဖြစ်ရပ်မှန် အလုပ်မှပြန်လာသော အဖေဆီသို့ အပြေးအလွားပြေးပြီး အိတ်ကိုဆွဲ၍ ကြိုလာသော သမီးကို ကြည့်ကာ မြ တစ်ယောက် ပြုံးနေမိသည်… ၅ နှစ်ကျော် ၆ နှ...
06/02/2017
https://m.facebook.com/story.php?story_fbid=1312820728760861&id=120616274647985
ရန်ကုန်ရှိ မြို့နယ်ငါးခုမှာ ကပ်ရောဂါအသွင် ၀က်သက်ရောဂါဖြစ်ပွားနေ - Click - SearchMyanmar ရန်ကုန်တိုင်းအတွင်း လှိုင်သာယာအပါအ၀င် မြို့နယ် ငါးမြို့နယ်မှာ ၀က်သက်ရောဂါဟာ ကပ်ရောဂါအသွင်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ လှိုင်သာယာမြို့နယ်မှာ ယခု ရက်ပိုင်းအတွင်း အသက်ကိုးလမှ သက်ကြီးပိုင်းအရွယ်အထိ လူ ၈၄ ဦးမှာ ၀က်သက်ရောဂါ ဖြစ်ပွားခဲ့ပြီး တွံတေး၊ အင်းစိန်၊ ကြည့်မြင်တိုင်နဲ့ သာကေတမြို့နယ်တွေမှာလည်း ၀က်သက်ရေ...
10/12/2016
Teaching Art (credit: share from Nan Htike )
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
No. 658. 9st East Gyogone
Insein
Opening Hours
| Monday | 08:30 - 17:00 |
| Tuesday | 08:30 - 17:00 |
| Wednesday | 08:30 - 17:00 |
| Thursday | 08:30 - 17:00 |
| Friday | 08:30 - 17:00 |
| Saturday | 08:30 - 17:00 |