KING ZION Production
Photography and Video production - Commercial (beauty , fashion and Ads) - Portrait and artistic photography - Weddings - Model portfolios
23/06/2024
တစ်ချိန်တုန်းက သရုပ်ဆောင်မင်းသား လုပ်ခဲ့စဉ်က 🤩🤩🤩
Chicken Curry - Lwin Ko Ko Woo - The best short film award 2014, Myanmar Youth Film Festival.- The final play list inSalamindanaw International Film Festival 2014,Philippines.
The Great Banquet Musical Drama ရဲ့ နောက်ကွယ်က ပုံဖော်ထားတဲ့ ပုံရိပ်တွေပါ။ ပါဝင်ပေးကြတဲ့ လူတိုင်းလည်း အရမ်းပေးဆပ်ကြတယ်။ နာခံကြတယ်။ သာသနာအတွက် နှလုံးသားကို ပုံအပ်ထားခဲ့ကြတယ်။ ဘာရလဲမေးရင် ဖြေစရာသိပ်များများမရှိပေမယ့် ခရစ််တော်ရဲ့ ကယ်တင်ခြင်းက အားလုံးအတွက် လူသားတိုင်းအတွက်ဆိုတဲ့ သတင်းစကားကလေးကိုကြားပြောနိုင်ခဲ့တယ်။
ပါဝင်ခဲ့တဲ့အမှုအရာတွေအားလုံးက သေးသေးလေးပါပဲ။ ဒါပေမယ့် ကောင်းကင်ယဉ်ကျေးမှုကို အတူတူဖော်ဆောင်နိုင်ခဲ့တယ်။ အချိန်တိုအတွင်းမှာ လိုအပ်ချက်တွေများစွာနဲ့ပြုလုပ်ခဲ့ရတဲ့အတွက်ကြောင့် ကောင်း၏ ဆိုး၏ အမျိုးမျိုး ပြောကြပေမယ့် လူများစွာ ခရစ်တောရှေ့မျာ မျက်ရည်နဲ့ နောင်တ နှလုံးသားနဲ့ ဆုတောင်းခံ တိုးဝင်နေတာတွေ့ခဲ့ရတော့ "ကိုယ်တော််ကောင်းမြတ်လိုက်တာပေ့ါ"
The City Yangon ဆရာ၊ဆရာမတွေနဲ့ အယောက်စီတိုင်းကိုလည်း သာ၍ဘုရားဘုန်းတော်ထင်ရှားပါစေကြောင်းနဲ့ အထူးပဲကျေးဇူးတင်ကြောင်းဖော်ပြလိုပါတယ်။ ပါဝင်တဲ့သူအယောက်စီတိုင်းလည်း ဘုရားသခင်သာ၍ အသုံးပြုပါစေလို့ဆုတောင်းရင်း...
နောက်ထပ်လည်း လာဉီးမှာဖြစ်ကြောင်း....
Bless You All.
25/12/2023
😇
24/12/2023
The Great Banquet
ရှေ့ဦးစွာဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်။
The Great Banquet Musical Drama ကို ဒီနှစ်မှာလည်း The City Yangon နဲ့အတူလက်တွဲလုပ်ဆောင်ခွင့်ရခဲ့ပါတယ်။ အတူလက်တွဲလုပ်ဆောင်ခွင့်ပေးသော တာဝန်ရှိ ခေါင်းဆောင်များ ဆရာ၊ဆရာမများအားလုံးကို အထူးကျေးဇူးတင်ကြောင်း ဖော်ပြလိုပါတယ်။
အခက်အခဲအမျိုးမျိုးကြားမှာ ပါဝင်ကြသော သီချင်းရေးစပ်ပေးသောဆရာ၊ဆရာမများ၊ သရုပ်ဆောင်များ၊ အကသင်ပေးသောဆရာဆရာမများ၊ ရိုက်ကူးရေးတာဝန်ရှိသူများ၊ အသံအဖွဲ့များ၊ Set Design အဖွဲ့များ၊ မီးအလင်းအမှောင်တာဝန်ရှိသူအဖွဲ့များ၊ နောက်တန်းမှာ ပါဝင်ကူညီပေးသူအယောက်စီတိုင်း ကို အထူးကျေးဇူးတင်ကြောင်းဖော်ပြလိုပါတယ်။
ဘုရားသခင်သာ၍ အသုံးပြုပါစေကြောင်း...
Stay Tune!
22/12/2022
ကျေးဇူးတော်ကြောင့် Our King Musical Drama ကို အခက်အခဲအမျိုးမျိုးကြားမှ The City Church နှင့်လက်တွဲပြီး ပြုလုပ်ခွင့်ရခဲ့ပါတယ်။ ဘုရားအသုံးပြုခြင်းကိုခံစားရတဲ့အတွက်လည်း ဝမ်းသာရပါတယ်။
Our King "ငါတို့ရဲ့ဘုရင်" Musical Drama ကတော့ သခင်ယေရှုရဲ့ ဇာတ်ကြောင်းကို အသစ်တဖန် ပုံစံမတူပဲ မေတ္တာ အနှစ်သာရတွေခံစားရအောင် ပုံဖော်ထားတဲ့ ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။
ဇာတ်လမ်းဇာတ်ညွန်းနဲ့ သီးချင်းသုံးရေးစပ်သူတို့ ပူးပေါင်းပြီး သီးချင်းများ၊ တေးဂီတများ၊ ဇာတ်ကောင်များကို အတူတူဇာတ်ကွက်ကျကျပုံဖော်ထားတဲ့ ခေတ်သစ် Jesus Christ ဆိုရင်လည်းမမှားပါဘူး။
ထူးခြားချက်တွေကတော့ သီချင်းတွေက ဇာတ်လမ်းအရ သေချာသီကုံးထားတာဖြစ်ပြီး သရုပ်ဆောင်များကလည်း သီချင်းသီဆိုရင်း ရုပ်ဇာတ်ပေါ်အောင် သရုပ်ကြခြင်းဖြစ်ပါတယ်။
ကျင့်ချိန် ၂ လ ပြင်ဆင်ချိန် ၄ လနဲ့ ပုံဖော်ထားပါတယ်။
ဒီလိုအခက်အခဲအမျိုးမျိုးကြားထဲမှာ ပါဝင်ကူညီဖေးမဆုတောင်းပြီး အင်တိုက်အားတိုက် ပါဝင်ကြတဲ့ သရုပ်ဆောင်များ၊ ဉီးဆောင်လက်တွဲတဲ့ The City Church မှ Pastors ၊ ဆရာဆရာမများ၊ နောက်ကွယ်မှအမြဲပံ့ပိုးဆုတောင်းပေးတဲ့ မားမီလားရှီးနှင့် ယောက်စီတိုင်း၊ အဖက်ဖက်မှ ကူညီလမ်းပြပေးတဲ့ သူအယောက်စီတိုင်းကို ကျေးဇူးတင်ကြောင်းဖော်ပြလိုပါတယ်။
King Zion ရဲ့ အဖွဲ့သားအယောက်စီတိုင်း Proud of You ပါ။
အယောက်စီတိုင်းအပေါ်ဘုရားသခင်ကောင်းကြီးရှိပါစေ။
(နောက်ကွယ်ပုံရိပ်တစ်ချို့ပုံပါ။)
Click here to claim your Sponsored Listing.
Category
Contact the establishment
Telephone
Website
Address
Insein
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 13:00 |