Kaung Thit Auto Sales Center

Kaung Thit Auto Sales Center

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kaung Thit Auto Sales Center, Business Center, အမှတ် ၂၈၉ ၊မဂ္ဂင်ကျောင်းလမ်း တောင်သူကုန်းရပ်ကွက်၊ အင်းစိန်မြို့နယ်, Insein.

24/05/2022

#မိုးရာသီတွင် ယာဉ်မောင်းသူများ သတိပြုရန် အချက်များ .....

ယခုအချိန် ဟာဆိုရင် မိုးရာသီရောက်လာပြီ ဖြစ်တဲ့အတွက် ယာဉ်မောင်းသူများ သွားရလာရတာ ခက်ခဲလာပါတယ်။
အထူးသဖြင့် ညအချိန်ခရီးဝေးသွားရလို့ လမ်းမှာ မိုးရွာရင် ပိုအန္တရာယ်ရှိပါတယ်။ ဒါကြောင့် မိုးရာသီမှာ မောင်းနှင်သွားလာကြမယ့် ယာဉ်မောင်းသူတွေ အတွက် သတိပြုဖွယ်အချက်လေးတွေကို မျှဝေ လိုက်ရပါတယ်။

(၁) လက်နှစ်ဖက် ဖြင့် စီယာရင်ကို ကိုင်ပါ။

ရာသီဥတုသာယာနေတဲ့ အချိန်မှာဆို စတိုင်ကျကျ စတီယာရင်ကို လက်လေး တစ်ဖက်တည်းနဲ့ မောင်းနိုင်ပေမယ့် မိုးတွင်းမှာ ဆိုရင်တော့ လက်နှစ်ဖက်နဲ့ သေချာကိုင်ပြီး မောင်းဖို့လိုအပ်ပါတယ်။

(၂) စိတ်ပျံလွင့်စေမယ့်အရာတွေ ခဏ ဖယ်ထားပါ။

မိုးတွင်းမှာ ကားမောင်းတဲ့အခါ ဖုန်းသုံးတာဟာ တကယ်ကို အန္တရာယ်များပါတယ်။ သာမာန်ရာသီဥတုမှာတောင် ကားမောင်းရင်း ဖုန်းသုံးတာကြောင့် မလိုလားအပ်တာတွေ ဖြစ်တတ်သေးတာ ရာသီဥတု ဆိုးရွားတဲ့ အချိန်ဆို ပိုဆိုးပါတယ်။
လျှပ်စီးကူးမှုအပါအ၀င် မဖြစ်သင့်တာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် မိုးတွင်းမှာ ကားမောင်းမယ်ဆိုရင် ဖုန်းကို ခပ်ဝေးဝေးမှာ သာထားပါ။
ဖြစ်နိုင်ရင် ရေဒီယိုတောင် မဖွင့်သင့်ပါဘူး။

(၃) ဘေးဘယ်ညာကို မျက်ခြေမပြတ်ပါစေနဲ့

ကားမောင်းရင်းနဲ့ ရှေ့ကိုသာမက နောက်ကြည့်မှန်ကနေရော ဘေးမှန်တွေကပါ ပါတ်၀န်းကျင်ကို အကဲခတ်နေပါ။
ဒါမှသာ ကိုယ်သွားနေတဲ့ လမ်းပေါ်မှာ ချိုင့်တွေ၊ သစ်ပင်လဲနေတာတွေ၊ ဓါတ်ကြိုးပြတ်ကြတာတွေကို ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။

(၄) ရှေ့မီးကြီးကို သုံးပါ

မိုးအရမ်းသည်းနေတဲ့အချိန်ပဲဖြစ်ဖြစ်၊ မိုးအတော်အသင့်ရွာနေတဲ့ အချိန်ပဲဖြစ်ဖြစ် ရှေ့မီးကြီးကို ဖွင့်ထားပါ။
ဒါမှသာ ကိုယ်တိုင်လည်း ရှေ့ကို သဲသဲကွဲကွဲမြင်နိုင်မှဖြစ်သလို၊ ရှေ့ကလာနေတဲ့ ကားကလည်း ကိုယ့်ကို မြင်နိုင်မှာပါ။

(၅) ကပ်မလိုက်ပါနဲ့

ရှေ့ကားကို အရမ်းကြီးကပ်လိုက်တာဟာ အန္တရာယ်ရှိနိုင်ပါတယ်။ လမ်းကြောင့် ဖြစ်စေ၊အခြားအကြောင်း တစ်ခုခုကြောင့်ဖြစ်စေ
မတော်တဆ ရှေ့ကကား တစ်ခုခုဖြစ်ပါက ကိုယ့်ကိုလဲ လာရောက်ထိခိုက်နိုင်တာကြောင့် ခပ်ခွာခွာသာလိုက်ပါ။

(၆) အရှိန်မြှင့်မမောင်းပါနဲ့

မိုးရွာထဲမှာကားကို အရှိန်မြင့်မောင်းနှင်တာဟာ ကိုယ့် အန္တရာယ်ကိုယ်ဖိတ်ခေါ်နေတာပါ။
လမ်းကချော်နေတာကြောင့်ရော၊ မိုးတွင်းဆိုရင် ဘရိတ်တွေရဲ့ စွမ်းရည်တွေက ကျနေ တတ်တာကြောင့်ရော ရုတ်တရတ် ဘရိတ်အုပ်လိုက်ရင် အရှိန်မထိန်းနိုင်ဘဲ
မလိုလားအပ်တဲ့ အန္တရာယ်တွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

(၇) ရေလျှံနေတဲ့ လမ်းတွေကို ရှောင်ပါ

ကိုယ်သွားချင်တဲ့နေရာကို တခြားလမ်းက သွားရင်ရောက်နိုင်ရဲ့သားနဲ့ ဖြတ်လမ်းလိုက်ပြီးတော့ ရေကြီးရေလျှံနေတဲ့ လမ်းတွေကို တတ်နိုင်သမျှ
မမောင်းပါနဲ့။ ကားအင်ဂျင်ထဲရေ၀င်တာ၊ ရေကြီးနေတဲ့အောက်က အချွန်အတက်တွေကြောင့် ကားဘော်ဒီ၊တာယာ တစ်ခုခုဖြစ်နိုင်တာ၊ မြေကျွံတာတွေအပြင်
ပါဝါစတီယာရင်ဂန်းနဲ့ မော်တာကို ကားအောက်ပိုင်မှာတပ်ဆင်ထားတဲ့ အချို့ မော်ဒယ်မြင့်ကားတွေ (ဥပမာ-Crown,Mark X) ဆို မော်တာထဲကို ရေ၀င်ပြီး
မလိုအပ်ဘဲ ငွေကုန်ကြေးကျများနိုင်ပါတယ်။

(၈) လေကာမှန်တွေကို ရေငွေ့မရိုက်ပါစေနဲ့

ကားတွင်း အပူချိန်ကြောင့် လေကာမှန်တွေမှာ ရေငွေ့တွေရိုက်နေပြီဆိုရင် အဲကွန်းက လေထုတ်လမ်းကြောင်းကို လေကာမှန်ရှိရာသို့ပြောင်းပေးပြီး
ရေငွေ့ကို ပိုမြန်မြန်ဖယ်ရှားနိုင်ပါတယ်။ အဲကွန်းမနိုင်တဲ့ကားတွေဆို ရေငွေ့သုတ်ဖို့ ကားထဲမှာ သဘက်လို အ၀တ်တစ်ခုဆောင်ထားသင့်ပါတယ်။

(၉) မိုးရေမတင်နိုင်တဲ့ ဆေးရည်ကို မှန်မှာ ဖြန်းထားပေးပါ

Rain Repellent လို့ခေါ်တဲ့ ကားမှန်ပေါ်ကို ရေမတင်အောင်ကာကွယ်နိုင်တဲ့ဆေးရည်လေးကို မှန်ပေါ်မှာ ဖြန်ထားမယ်ဆို ရေစက်တွေ အရမ်းတင်လို့ အပြင်ကို မမြင်ရတဲ့ ပြသနာကို အထိုက်အလျှောက် ပြေလည်စေပါလိမ့်မယ်။ ကားပစ္စည်းရောင်းတဲ့ဆိုင်တော်တော်များများမှာ Rain Repellent ဆေးရည်ကို၀ယ်ယူလို့ရပါတယ်။

(၁၀) ကြိုတင်ပြင်ဆင်ထားပါ

မိုးရာသီမှာ ညဘက် အနီးအနားဖြစ်စေ၊ ခရီးဝေးဖြစ်စေ မလွှဲမရှောင်သာသွားရတော့မယ်ဆို ကြိုတင်ပြင်ဆင်မှုတွေလုပ်ထားပါ။
မိုးကာအကျီ၊ လက်နှိပ်ဓါတ်မီး၊ အပိုဘီး၊ ဂျိုက်၊ ဂွ စတာတွေ အစုံအလင် ကားထဲမှာ ထားထားပါ။
ခရီးဝေးသွားရမယ်ဆို လမ်းခုလတ်မှာ မိမိဘာသာ မပြုပြင်နိုင်တဲ့ စက်ပိုင်းဆိုင်ရာချို့ယွင်းတာပဲဖြစ်စေ၊ အရေးပေါ်အခြေအနေကြုံလာတာပဲဖြစ်စေ
အကူအညီတောင်းလို့ရအောင် မိမိရဲ့လက်ကိုင်ဖုန်းကို အားပြည့်အောင်သွင်းထားပါ။

(ဗဟုသုတ အနေဖြင့်ပြန်လည်မျှဝေခြင်းသာ ဖြစ်ပါသည်)

Credit မူရင်းရေးသားမျှဝေသူအားကျေးဇူးတင်ပါသည်။

27/04/2022

ကားတစ်စီး၏ မရှိမဖြစ် fluid (၆) မျိုး💥💥💥

ကားတွေကို စတင်တီထွင်တဲ့အချိန်ကစလို့ အခုချိန်ထိလူတွေဟာ ကားမောင်းရတာ ပိုချောမွေ့ပြီး အဆင်ပြေစေမယ့် နည်းလမ်းတွေကို ရှာဖွေနေဆဲဖြစ်ပါတယ်။

အခုခေတ်ရဲ့ နောက်ဆုံးပေါ်ကားတွေမှာတောင် ကားဘယ်လောက်ကောင်းကောင်း သေချာဂရုစိုက်မွမ်းမံနေမှသာ ချောချောမွေ့မွေ့မောင်းနှင်နိုင်ပြီး ကြာရှည်ခံနိုင်မှာဖြစ်ပါတယ်...

ဒါကြောင့် ကားတွေမှာ ဂရုစိုက်ဖို့ အလိုအပ်ဆုံးက essential fluids တွေဖြစ်ပြီး ဘာလို့အရေးကြီးလဲဆိုတော့ သူတို့ကိုမှန်ကန်တဲ့ level ရောက်အောင် အမြဲ check up လုပ်နေရုံနဲ့ ကားမောင်းနှင်ရတာ အဆင်ပိုပြေစေပြီး အင်ဂျင်လည်ပတ်မှုစနစ်ကိုလည်း အထောက်အကူအများကြီးပြုလို့ပါ။

1. အင်ဂျင်ဝိုင်

FUEL ပြီးတာနဲ့ အင်ဂျင်ဝိုင်က ကားအတွက်မရှိမဖြစ်လိုအပ်တဲ့ အရေးအပါဆုံး fluid ဖြစ်ပါတယ်။ အင်ဂျင်ထဲက အစိတ်အပိုင်းတွေအကုန်လုံးဟာ အင်ဂျင်အလုပ်လုပ်နေတာနဲ့အမျှ လည်ပတ်လှုပ်ရှားနေရတာပါ။ ဒါကြောင့် သူတို့ကို ချောချောမွေ့မွေ့လည်ပတ်စေဖို့ အင်ဂျင်ဝိုင်ကို ပုံမှန်စစ်ပြီးလဲလှယ်ပေးရပါမယ်။

2. Coolant

အင်ဂျင်ဟာ combustion တွေနဲ့ ပွတ်တိုက်မှုတွေဖြစ်ပေါ်တဲ့အတွက် အပူတွေအများကြီးထွက်ပါတယ်။ Antifreeze ခေါ် Coolant တွေက engine ကအပူတွေကိုစုပ်ယူပေးတဲ့အပြင် overheating မဖြစ်အောင် အပူကို radiator ကတစ်ဆင့် ဖြတ်စီးပြီး ထွက်စေပါတယ်။

3. Power Steering Fluid

Classic car မောင်းဖူးရင် ကား steering အရမ်းလေးတာကို သတိထားမိမှာပါ...
နောက်ပိုင်း modern cars တွေကတော့ power steering upgrade လုပ်ထားပြီး ဘယ်လိုအရှိန်မျိုးမှာမဆို အလွယ်တကူကွေ့နိုင်အောင် ပြုလုပ်ထားပါတယ်။
Power steering system က hydraulic တွေပဲများပါတယ်၊ ကွေ့တဲ့အချိန်မှာ pressurized fluid သုံးပြီး တစ်ချို့ model အသစ်တွေမှာတော့ electric steering သုံးတတ်ပါသေးတယ်။ Steering fluid ကိုလည်း ကွေ့ရလွယ်အောင် ၊ Steering မလေးပဲ smooth ဖြစ်ဖြစ်မောင်းနိုင်အောင် အချိန်တန်ရင် စစ်ဆေးလဲလှယ်ပေးရပါတယ်။

4. Brake fluid

ကားမှာ ဘရိတ်အရေးကြီးတာကတော့ အထူးတလည် ရှင်းပြစရာမလိုပါဘူး။ နောက်ပိုင်းကားတွေမှာ hydraulic brakes တွေသုံးပါတယ်၊ pedal ပေါ်ကိုနင်းလိုက်တာနဲ့ plunger ဟာ ဘရိတ်ဆီကိုဖိအားပေးတာကြောင့် brake pads တွေ အလုပ်လုပ်ကာ ကားကိုနှေးစေ/ရပ်စေပါတယ်။ ချက်ချင်းမရပ်တန့်သွားပဲ နှေးတာ သို့မဟုတ် တစ်ခုခုပုံမှန်မဟုတ်ပဲဖြစ်နေတာ ဆိုရင် ဘရိတ်ဆီကို ပထမဆုံးစစ်ဆေးရပါမယ်။

5. Transmission fluid

Transmission ထဲမှာရှိတဲ့ gear နဲ့ clutch စတဲ့ စက်ပစ္စည်းတွေလည်ပတ်တဲ့အခါ ဂီယာအချိန်းအပြောင်း ချောမွေ့စေဖို့ ချောဆီကဲ့သို့ဆောင်ရွက်ပေးပါတယ်။ တစ်ခါထည့်ပြီး တစ်သက်လုံးလဲလှယ်စရာမလိုဘူးဆိုပေမယ့် ဂီယာပြောင်းတိုင်း ထူးဆန်းတဲ့အသံတွေထွက်တာ၊ လျှောလျှောရှူရှူမဖြစ်တာတွေရှိလာရင်တော့ ကားနဲ့မကိုက်ညီတာကြောင့် ပြောင်းလဲအသုံးပြုလိုက်ပါ။

6. Windshield washer fluid

ကားအတွက် ဘာမှအကျိုးမပြုဘူးလို့ထင်ရပေမယ့် တကယ်တော့ ကားမောင်းတဲ့အခါ မြင်ကွင်းကောင်းကောင်းနဲ့ မြင်ရဖို့အရေးပါပါတယ်။ အားလုံးထဲမှာ စစ်ဆေးရလည်းအလွယ်ကူဆုံးဖြစ်ပါတယ်။

Crd

Photos from Kaung Thit Auto Sales Center's post 25/04/2022

💡သင့်ကားမှာပါတဲ့ VIN နံပါတ်တွေကနေ ဘာတွေသိနိုင်မလဲ

👉VIN လို့ခေါ်ကြတဲ့ Vehicle Identification Number (ယာဉ်သက်သေခံ နံပါတ်) တွင် အက္ခရာနဲ့ နံပါတ်တွေ ပါဝင်ပြီး၊ မော်တော်ယာဉ် ထုတ်လုပ်တဲ့သူတွေက ယာဉ်တစ်စီးချင်းစီအတွက် သတ်မှတ်ပေးထားတဲ့ နံပါတ်တွေ ဖြစ်ပါတယ်။

👉VIN နံပါတ်တွေကနေတစ်ဆင့် မော်တော်ယာဉ်ရဲ့ လေအိတ်အမျိုးအစား၊ ထုတ်လုပ်တဲ့နိုင်ငံ၊ အင်ဂျင်အရွယ်အစား၊ ထုတ်လုပ်တဲ့ ခုနှစ်၊ ယာဉ်အမျိုးအစား အစရှိတဲ့ အချက်အလက်တွေကို သိရှိနိုင်ပါတယ်။ VIN နံပါတ်ကို ပုံမှန်ဆိုရင်တော့ အရှေ့လေကာမှန်နားက ဒက်ရှ်ဘုတ်၊ ယာဉ်မောင်းသူတံခါးအတွင်းဘောင်၊ အင်ဂျင်ခန်းအတွင်း အစရှိတဲ့နေရာတွေမှာ တွေ့ရတတ်ပါတယ်။

👉VIN ရဲ့ ပထမဦးဆုံး စာလုံးသုံးလုံးသည် World Manufacturer Identifier (WMI) ကုဒ်တွေပဲဖြစ်ပါတယ်။ ပထမစကားလုံးသည် နိုင်ငံကိုကိုယ်စားပြုပြီး 1, 4, 5 အစရှိတဲ့ နံပါတ်တစ်ခုခုဖြစ်ပါက အဆိုပါယာဉ်သည် U.S. မှာ ထုတ်လုပ်တဲ့ကားဖြစ်ပြီး၊ 2 ဆို Canda, 3 ဆို Mexico, J ဆို Japan, K ဆို South Korea, S ဆို England, W ဆို Germany, Y ဆို Sweden (သို့) Finland နိုင်ငံတွေမှာ ထုတ်လုပ်တာ ဖြစ်ပါတယ်။

👉ဒုတိယတစ်လုံးကတော့ ထုတ်လုပ်သူတွေကို ကိုယ်စားပြုပါတယ်။ ဒုတိယတစ်လုံးသည် အက္ခရာစကားလုံးဖြစ်ခဲ့ပါက A ဆို Audi, B ဆို BMW, G ဆို General Motors, L ဆို Lincoln, N ဆို Nissan ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ A ဟာ Audi တစ်ခုတည်းကိုယ်စားပြုတာမဟုတ်ဘဲ Jaguar နဲ့ Mitsubishi လည်း ဖြစ်နေနိုင်ပါသေးတယ်။

👉နောက်ဆုံးတတိယတစ်လုံးကတော့ ယာဉ်အမျိုးအစားနဲ့ ထုတ်လုပ်တဲ့နေရာကို ကိုယ်စားပြုတာ ဖြစ်ပါတယ်။ WMI Code တွေနဲ့ပတ်သက်ပြီး ဘယ်နံပါတ် (သို့) အက္ခရာဟာ ဘယ်နိုင်ငံ၊ ဘယ်ထုတ်လုပ်သူကို ကိုယ်စားပြုတယ်ဆိုတာ အသေးစိတ်သိချင်ရင်တော့ အင်တာနက်ပေါ်မှာ World Manufacturer Identifier လို့ရိုက်ရှာပြီး ကြည့်ရှုလို့ရပါတယ်။

(၄) လုံးမြောက်ကနေ (၉) လုံးမြောက်အထိ

VIN နံပါတ်ရဲ့ (၄) လုံးမြောက်ကနေ (၈) လုံးမြောက်အထိကတော့ Vehicle Descriptor Section (VDS) ပဲဖြစ်ပြီး မော်တော်ယာဉ်နဲ့ပတ်သက်တဲ့အချက်အလက်တွေဖြစ်တဲ့ Model, Body Type, Restraint System, Transmission Type နဲ့ Engine Code တွေကို ကိုယ်စားပြုပါတယ်။ (၉) လုံးမြောက်ကတော့ Check Digit ပဲ ဖြစ်ပြီး တရားမဝင်တဲ့ VIN နံပါတ်တွေကို စစ်ဆေးဖို့အတွက် အသုံးပြုပါတယ်။

(၁၀) လုံးမြောက်ကနေ (၁၇) လုံးအထိ

နောက်ဆုံးကျန်တဲ့ရှစ်လုံးကိုတော့ Vehicle Identifier Section လို့ခေါ်ပါတယ်။ (၁၀) လုံးမြောက်သည် မော်တော်ယာဉ်ထုတ်လုပ်ခဲ့တဲ့ ခုနှစ်ကို ကိုယ်စားပြုပါတယ်။ A ကနေ Y အထိသည် ၁၉၈၀ ကနေ ၂၀၀၀ ခုနှစ်ကို ကိုယ်စားပြုတာဖြစ်ပြီး၊ ၂၀၀၁ ကနေ ၂၀၀၉ အထိကိုတော့ နံပါတ် 1 ကနေ 9 ဆိုပြီး သတ်မှတ်ထားပါတယ်။ အဲ့ဒီနောက် ၂၀၁၀ ရောက်တဲ့အချိန်မှာတော့ A ကိုပြန်လည်အသုံးပြုပြီး ၂၀၃၀ ရောက်တဲ့အထိ A ကနေ Y အထိ ဆက်လက်အသုံးပြုမှာ ဖြစ်ပါတယ်။

(၁၁) လုံးမြောက်ကတော့ မော်တော်ယာဉ်တပ်ဆင်တဲ့စက်ရုံနေရာပဲ ဖြစ်ပါတယ်။ နောက်ဆုံး (၆) လုံးကတော့ Production Sequence Number (or) Serial Number တွေပဲဖြစ်ပြီး စက်ရုံတွေရဲ့ Assembly Line ပေါ်မှာရှိနေစဉ်မှာ ရရှိခဲ့တဲ့ နံပါတ်တွေပဲ ဖြစ်ပါတယ်။

Credit - ကားသတင်းစုံ

Photos from Kaung Thit Auto Sales Center's post 09/02/2022

💡အာမခံချက်အပြည့်နဲ့ ဝယ်ယူသူစိတ်တိုင်းကျ အမြဲဆောင်ရွက်ပေးနေတဲ့ Kaung Thit Auto Sales Center မှ ကြိုဆိုပါတယ်🙏

🚘 Kaung Thit Auto Sales Center မှ ရောင်းချပေးမည့် ကားကောင်းလေးများနဲ့ မိတ်ဆက်ပေးပါရစေ💁‍♂️

🚘 မိတ်ဟောင်းမိတ်သစ်များ တိုက်ဆိုင်မှုရှိလို့ စိတ်ဝင်စားလျှင် လာရောက်ကြည့်ရှု အားပေးခဲ့ ဖိတ်ခေါ်လိုက်ပါတယ် 🤷‍♀️

📞09518 2700, 09449 449 487

Want your business to be the top-listed Business in Insein?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


အမှတ် ၂၈၉ ၊မဂ္ဂင်ကျောင်းလမ်း တောင်သူကုန်းရပ်ကွက်၊ အင်းစိန်မြို့နယ်
Insein
11011