EQUAL MART

EQUAL MART

Share

အုတ်ခဲများဖြင့်ဖွံ့ဖြိုးတိုးတက် သာယာအဆင်​ပြေ သောလူနေမှုဘဝ တည်ဆောက်ကြမည်... ။
EQUAL LIFE.. = EQUAL MART..

31/07/2025

အလုပ်ဝင်တယ်ဆိုတာ ထွက်ဖို့မဟုတ်ဘူး

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်က အလုပ်တခုကို အတူတူဝင်ခဲ့ကြတဲ့ လုပ်ဖော်ကိုင်ဘက် သူငယ်ချင်းပြောခဲ့တဲ့ စကားပါ။

သူပြောတာ မှန်ပါတယ်။ အလုပ်ဝင်တယ်ဆိုတာ ထွက်ဖို့ ရည်ရွယ်ပြီး ဝင်ခဲ့ကြတာမှ မဟုတ်တာပဲနော။ ဒါဆို ကျုပ်တို့ ဘာလို့ အလုပ်တွေကနေ ထွက်ခဲ့ကြတာလဲ။ ဘယ်အချက်တွေကြောင့်လဲ။

ကျုပ် တကိုယ်ရည်အရဆိုရင်တော့ .. အလုပ်နေရာတခုကနေ အနည်းဆုံးအနေနဲ့ မျှော်လင့်တာက
၁။ ငွေ (ထိုက်တန်တဲ့လုပ်အားခ)
၂။ ပညာ/ အတွေ့အကြုံ
၃။ ရာထူး/ တိုးတက်ဖို့ အခွင့်အလမ်း ပါ။
အခြားကိုယ်ရေးကိုယ်တာ ကိစ္စရပ်တွေကြောင့်မှ မဟုတ်ရင် ဒီထဲက ပညာ/ အတွေ့အကြုံကို ပင်တိုင်ထားပြီး ၂ ခုမှ မရနိုင်ရင်တော့ အဲဒီနေရာကနေ စွန့်ခွာဖို့ ပြင်ဆင်တော့တာပါပဲ။

တခါတလေကျရင်တော့လည်း ဒီ ၃ ချက်လုံးရနေတာတောင် Organization Culture က ကိုယ့်ရဲ့ Value တွေနဲ့ မတိုက်ဆိုင်တာ သိပ်များလာရင်လည်း စွန့်ခွာဖြစ်တာမျိုးရှိသေးသကိုး။
ခဗျားတို့ဆိုရင်ရော…..

#ယူတို့ရဲ့ချစ်လှစွာသော
#အီစကို

09/07/2025

🌕 မြန်မာသက္ကရာဇ် ၁၃၈၇ ခု၊ ဝါဆိုလ (၁၅) ရက်နေ့ ၊
9.7.2025 ( ဗုဒ္ဓဟူးနေ့ ) ၊ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) မှ စ၍

💛 ပင်ပန်းရတဲ့ရက်တွေကနေ ဝေးကွာပါစေ
💛 စီးပွားရေးလုပ်ငန်းတွေအတွက် လွယ်ကူမြန်ဆန်တဲ့ ကြီးပွါးမှုတွေ တိုးပွားလာပါစေ
💛 ဘဝမှာ အေးချမ်းမှု၊ တိုးတက်မှု၊ ငွေကြေးလုံခြုံမှုတွေ တဖြည်းဖြည်းတိုးတက်လာပါစေ
💛 ပြည်သူပြည်သားအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း ခညောင်းပါစေ

ကျန်းမာချမ်းသာသော ဝါဆိုလပြည့်နေ့ဖြစ်ကြပါစေလို့ equal mart မှ မေတ္တာပို့သပြီး နှင့် ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ခင်ဗျ 🌕🌾

#ဝါဆိုလပြည့်

15/05/2025

ရေခဲချောင်းတုတ် အချောင်းရေ တစ်သောင်းခန့်ပါတဲ့ အိတ်ကြီးတွေ ပြန်ဝင်ပါပြီခင်ဗျာ...။
အနည်းဆုံး ၁အိတ်ဝယ်ယူရပါမယ်ခင်ဗျ...။ ခွဲမရောင်းပါ။

မေးမေးနေကြတဲ့ကာကာတွေ ပြန်လည်ဆက်သွယ်လို့ရပါပီဗျ..။

အရှည် - 11cm
အထူ- 1cm
KBZ Kpay / Wave pay ဖြင့်ပေးချေနိုင်သလို ရန်ကုန်မြို့တွင်း COD ရပါတယ်ခင်ဗျာ ။
နယ်ဂိတ်ချ ပေးပါတယ် ။
၅သိန်းနဲ့အထက် free deli ပါခင်ဗျ ။

❗ Kg နဲ့ချိန်ပြီး ထည့်တာဆိုတော့ အချောင်းရေ တစ်သောင်း အနည်းငယ် လိုနိုင်၊ ပိုနိုင်ပါတယ်ခင်ဗျာ။

❤️မှာယူချင်တယ်ဆိုပါက
09 987 350 962 (hotline)
တို့ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်သလို
viber or messenger မှတဆင့်လဲ မေးမြန်းနိုင်ပါတယ်ခင်ဗျ...

#ရေခဲချောင်းတုတ်
#ရေခဲချောင်းဒုတ်
#တုတ်ချောင်း

Want your business to be the top-listed Shop in Insein?
Click here to claim your Sponsored Listing.

Telephone

Website

Address


Mingalar Thiri Street
Insein
11011