COLD PLAY Air-Con Service

COLD PLAY  Air-Con Service

Share

Appliance Repair Service

23/10/2020

ဆိုင်မဖွင့်ခင် မနက်စောစော အဲကွန်းပျက်လို့ဆိုပြီးလာပြင်သောကား (မနေ့က senior ချိတ်သွားတာ)
ဘာမှ မဘာခင် ခေါင်းခန်းထဲဝင် ခလုတ်တွေအရင်ဖွင့်စစ်ကြည့်တော့ …
Thermostatic ကို အဆုံးချထားတာ တွေ့ရော။
(ယုဒ္ဓယထုတ် Vigo တွေမှာ A/C Push သပ်သပ်မပါဘူးရယ်၊ Thermostatic အပြာရောင်လိုင်းနဲ့ အဝိုင်းလှည့်စရာပဲပါတာ)
အ့ကောင်ကို အဆုံးချ Off လိုက်ရင် A/C ပိတ်တာပါပဲ။

ဆိုတော့ သူ့ကို လိုသလောက်အအေးရအောင်ချိန်ပြပေးလိုက်ရုံကလွဲ ဘာမှမလိုတော့ဘူးလေ။

ကောင်းနေတာကို…
ပြီးရော တစ်စီး။

ခဏနေတော့ နောက်တစ်စီး
Workshop ဆရာညီငယ်လေးတစ်ယောက်က ဖုန်းအရင်ဆက်ချိတ်ပြီး လွှတ်ပေးလိုက်လို့ရောက်လာတာ…
"ဆြာသူက အချိန်မရလို့ မွာသွားရမှာ…
အ့ဟာ အအေးနည်းလို့ Gas ဖြည့်ချင်တယ်ပြောနေတာ…"
"အေးကွာ…"
"သူရို့ကတော့ အဲကွန်းမအေးရင် အ့လိုကြီးပဲပြောကြတာပဲ”
"လွှတ်ကြည့်လိုက်ပေါ့ ၊ စစ်ပေးလိုက်မယ်"
ဆိုပြီးသကာလ

ရောက်လာတော့…
ထုံးစံအတိုင်း ( စက်ဖုံးအရင်မဖွင့်ဘူးနော် ၊ အ့လိုလုပ်တာ လူတော့ မရှိန်ဘူးပေါ့😎)
အထဲဝင်ထိုင်ပြီး အခြေအနေ အကဲခတ်ကြည့်တော့…
ဒီဆြာကားကလည်း ထိုနည်းနှင်နှင်ပဲ။
A/C ခလုတ်ကို ပိတ်ထားတာ။
သူ့ကျ Nissan Wingroad ပုံမှန်ကားတွေလိုပါပဲ A/C Push button ကြီး ပြူးနေအောင်မြင်ရပါတယ်။

အ့ဟာကို ဖိမဖွင့်ပဲ Fan ပဲ ဖွင့်ထားတော့ အဲကွန်းက ဘယ်အေးတော့မလဲလေ။

ကဲ…
အ့နဲ့ စက်ဖုံးမဖွင့်လိုက်ရပဲ မနက်စောစောမှာ ကျပ်ကျပ်မှ မရပဲ ကား၂ စီး စစ်ဆေးပြီးရော။

😁😎

ပြောချင်တာက အခုမှရောက်မှာ…

A/C မအေးဘူးဆို …
စစ်ဆေးစရာတွေအများကြီးပါ။
ဒါကိုမှ ထစ်ခနဲ့ရှိ ကြားဖူးနားဝနဲ့ Gas ဖြည့်ရမာ … ဂဖြည့်ပေးပါကြီးပဲ လာမလုပ်ကြပါနဲ့။

"လိုအပ်တာစစ်ကြည့်ပေးပါ…"

ဒါပဲပြောပေးကြပါခင်ဗျာ…

ကိုယ်က ရှေ့ကနေ ဂစ်ဖြည့်ပေးပါသွားလုပ်နေတော့ မသမာတဲ့သူနဲ့တွေ့ရင် ကားပိုင်ပြောသမျှ ဟုတ်ကဲ့ ဟုတ်ကဲ့ လိုက်ပြီး …
Gas ဖြည့်တာ မဖြည့်တာ အသာထား Pressure gauge ချိတ် ၊ Gas အိုးနဲ့ချိတ်ဟန်ရေးပြပြီး

(မရိုသေ့စကား) ဆြာတို့ကို ဖျင်ချသွားမှာပါ။

ဒါမျိုးကို လူတိုင်းမလုပ်သော်လည်း လုပ်သူတွေလည်းရှိတော့…
အချို့အုန်နာတွေကလည်း အဟုတ်ထင်ပြီး ငါပြောသလိုလုပ်လို့ အေးသွားတာဆိုပြီး ကိုယ်ဖျင်ချခံလိုက်ရတာကို မသိပဲ ကျေနပ်နေကြတော့…
အ့၂ဦးက အတူ တူပါပဲ။

ဆိုတော့ကာ…
သိသလိုလို တတ်သလိုလိုနဲ့ ဒီအလုပ်နဲ့ သက်မွေးဝမ်းကျောင်းနေသူတွေရှေ့မှာ (ဘယ်နေရာဖြစ်ဖြစ်)ဘာလုပ်ပေးပါ ညာလုပ်ပေးပါ အရင် သွားမပြောကြပါနဲ့။
ကိုယ်တကယ် သိ တတ်နေတောင် မပြောသင့်ပါဘူး။
(သူဘာလုပ်လဲ ပိုပြီးတောင် အကဲခတ်လို့ကောင်းသေး)
ကိုယ်သိလည်း စစ်ကြည့်ပေးပါပေါ့။

ဒီကနေမှ ပြုပြင်သူရဲ့ စစ်ဆေးတွေ့ရှိချက်အပေါ် ကိုယ်သိထားတာနဲ့ ချိန်ထိုးကြည့်ပေါ့။
အမှာ ဘတ်ကီး ဆြာလား ?
အမှန်အကန် ဆြာလား? ပေါ်လာမှာပဲလေ။

တစ်ခုရှိတာက လူတိုင်းအပေါ် သံသယစိတ်များသူတွေကလည်း ဆိုင်တစ်ဆိုင်ဝင်လိုက်ရင် ငါ့ ဘတ် မလားမသိဘူးဆိုတဲ့ စိတ်အစွဲ အခံရှိနေတတ်ကြပြီး
ထိုအခါမှာလည်း ရှေ့ကနေ ငါ သိပါတယ်ဆိုတဲ့ အချိုးနဲ့ "ဟေ့ အဲကွန်းမအေးဘူး‌ကွ၊ Gas ဖြည့်ပေးစမ်း"
ဒါမျိုးသွားလုပ်ပြန်ရော…

အ့မှာ အထက်က ဆြာနဲ့ဆို တွေ့ကြပြီပေါ့။

ဆိုတော့ကာ…
"လူတိုင်းကိုလည်း သံသယနဲ့ မကြည့်ပါနဲ့…"
"ကိုယ်ကိုတိုင်လည်း သိသလို လို နဲ့ မ အ ကြပါတော့နဲ့ …"
လို့သာ…

ဟုတ်ကဲ့…
ဘတ် ငွေ တွေ နှင့် ကျွန်တော် မရပ်တည်/ လက်မခံပါဗျာ…🙏🙏🙏

Want your business to be the top-listed Autos & Automotive Service in Kalemyo?
Click here to claim your Sponsored Listing.

Telephone

Website

Address


၄/၁၈ သခင်ကိုယ်တော်မှိုင်းလမ်း၊တပ်ဦးသီတာရပ်ကွက်၊ကလေးမြို့။
Kalemyo

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 08:00 - 17:00
Sunday 08:00 - 17:00