Intelligent Chinese Language Academy

Intelligent Chinese Language Academy

Share

တရုတ်စာ တရုတ်စကားကို တစ်ကယ်တတ်မြောက်အောင် သင်ကြားပေးတဲ့ Intelligent တရုတ်စာသင်တန်းမှာ သင်ယူလိုက်ပါ

12/04/2026

အားလုံးပဲမင်္ဂလာပါရှင့်...
တရုတ်ဘာသာစကားပြောတတ်ဖို့ဆိုတာ စိတ်ရှည်ပြီး ဇွဲရှိရသလို လေ့လာသင်ယူတဲ့နေရာမှာလည်း နည်းစနစ်ကျဖို့, သင်ယူပုံမှန်ကန်ဖို့ကလည်း အများကြီးအရေးကြီးပါတယ်နော်...
သင်ယူပုံလွဲမှားရင် တတ်မြောက်မှုနှောင့်နှေးပြီး အချိန်တွေကုန်တာမို့ ဒီနေ့မှာတော့ 𝐂𝐡𝐢𝐧𝐞𝐬𝐞 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 ကိုစတင်သင်ယူတဲ့အခါမှာ ပိုပြီးထိရောက်မှုရှိစေမယ့် လိုက်နာသင့်တဲ့နည်းလမ်းတစ်ချို့ကို ဝေမျှပေးလိုက်ပါတယ်နော် ☺️

(၁) 𝐏𝐢𝐧𝐲𝐢𝐧 ကို ပိုင်နိုင်အောင်လုပ်ပြီး Tone တွေကို အလွတ်မှတ်မိအောင် လေ့ကျင့်ပါ !!!

တရုတ်စာကို စလေ့လာပြီဆိုရင် 𝐏𝐢𝐧𝐲𝐢𝐧 ကိုအရင်ဆုံး မဖြစ်မနေရအောင်သင်ဖို့ လိုအပ်ပါတယ်နော်... 𝐥𝐞𝐯𝐞𝐥 ပိုမြင့်တဲ့အဆင့်တွေလေ့လာနိုင်ဖို့ 𝐏𝐢𝐧𝐲𝐢𝐧 အခြေခံပိုင်နိုင်မှရမှာဖြစ်လို့ အသံထွက်ပီသအောင်, 𝐓𝐨𝐧𝐞 တွေမှန်ကန်အောင်, အလွတ်မှတ်မိတဲ့အထိ များများလေ့ကျင့်ရပါမယ်...

(၂) စကားပြောအလွတ်မကျက်ပဲ 𝐆𝐫𝐚𝐦𝐦𝐚𝐫 တတ်အောင်သင်ပါ !!!

တရုတ်ဘာသာစကားကို စနစ်တကျတတ်မြောက်ဖို့ဆိုရင် 𝐆𝐫𝐚𝐦𝐦𝐚𝐫 က အရေးကြီးတဲ့နေရာမှ ပါဝင်ပါတယ်...
𝐆𝐫𝐚𝐦𝐦𝐚𝐫 မသင်ပဲ 𝐬𝐩𝐞𝐚𝐤𝐢𝐧𝐠 အမြန်ရချင်စိတ်နှင့် စကားပြောစာကြောင်းများကို
အလွတ်ကျက်တာတွေက (တစ်ချို့ဆို 𝐏𝐢𝐧𝐲𝐢𝐧 နဲ့စနစ်တကျမသင်ပဲ အသံထွက်တွေကို မြန်မာလိုရေးကျက်နေတာတွေက) သင်ယူပုံမှားယွင်းနေပြီး လက်တွေ့အပြင်မှာ ကျက်ထားတဲ့စာကြောင်းအတိုင်း ဒဲ့ပြောဆိုလို့ရမှာမဟုတ်တာမို့ 𝐆𝐫𝐚𝐦𝐦𝐚𝐫 ကိုသာတတ်အောင်သင်ထားရင် 𝐬𝐞𝐧𝐭𝐞𝐧𝐜𝐞 တည်ဆောက်ပုံတွေ, 𝐭𝐞𝐧𝐬𝐞 တွေနားလည်သိရှိတာမို့ အလွတ်ကျက်စရာမလိုပဲ အလိုလို လွယ်ကူစွာပြောဆိုနိုင်မှာဖြစ်ပါတယ်...

(၃) 𝐑𝐞𝐚𝐝𝐢𝐧𝐠 များများလေ့ကျင့်ပေးပါ !!!

တရုတ်ဘာသာစကားပြော တတ်မြောက်ဖို့အတွက် 𝐑𝐞𝐚𝐝𝐢𝐧𝐠 နဲ့ 𝐋𝐢𝐬𝐭𝐞𝐧𝐢𝐧𝐠 အပိုင်းတွေကလည်း အများကြီးအထောက်အပံ့ပေးပါတယ်...
တရုတ်စာများများဖတ်ခြင်းအားဖြင့် စာကြောင်းပုံစံတွေသိလာမယ်... 𝐂𝐡𝐢𝐧𝐞𝐬𝐞 𝐂𝐡𝐚𝐫𝐚𝐜𝐭𝐞𝐫 တွေကိုမှတ်မိလာမယ်... 𝐆𝐫𝐚𝐦𝐦𝐚𝐫 𝐮𝐬𝐚𝐠𝐞𝐬 တွေကို အသုံးချမှုမှာ ကျွမ်းကျင်လာမယ်... လေ့လာဖတ်ရှုတဲ့စာအုပ်အပေါ်မူတည်ပြီး ဗဟုသုတအသစ်တွေ 𝐕𝐨𝐜𝐚𝐛 အသစ်တွေသိရှိလာတာမို့ လက်တွေ့ပြောဆိုရမှာ စကားလုံးကြွယ်ဝလာပြီး 𝐬𝐩𝐞𝐚𝐤𝐢𝐧𝐠 အပြောပိုင်းမှာပါကျွမ်းကျင် နှစ်လိုဖွယ်ကောင်းစေပါတယ်...

(၄) 𝐋𝐢𝐬𝐭𝐞𝐧𝐢𝐧𝐠 ကိုလည်း အချိန်ပေးလေ့ကျင့် နားထောင်ပေးပါ !!!

𝐋𝐢𝐬𝐭𝐞𝐧𝐢𝐧𝐠 နားလည်ပြီး ဘာသာပြန်စွမ်းရည်ကောင်းမှ တစ်ဖက်ပြောတာကိုနားလည်ပြီး မိမိဘက်ကပြန်ပြောနိုင်မှာမို့ 𝐬𝐩𝐞𝐚𝐤𝐢𝐧𝐠 အတွက် 𝐋𝐢𝐬𝐭𝐞𝐧𝐢𝐧𝐠 𝐬𝐤𝐢𝐥𝐥 ကလည်းအရေးကြီးပါတယ်...
တရုတ်ဘာသာစကားလေ့လာနေသူတစ်ယောက်အတွက် အလွယ်တကူနှင့် အထိရောက်ဆုံး 𝐋𝐢𝐬𝐭𝐞𝐧𝐢𝐧𝐠 𝐏𝐫𝐚𝐜𝐭𝐢𝐜𝐞 နိုင်တာကတော့ 𝐒𝐨𝐜𝐢𝐚𝐥 𝐌𝐞𝐝𝐢𝐚 ပေါ်က 𝐜𝐡𝐢𝐧𝐞𝐬𝐞 𝐯𝐢𝐝𝐞𝐨 တွေကို ပုံမှန်နားထောင်ခြင်းပဲဖြစ်ပါတယ်...
𝐜𝐡𝐢𝐧𝐞𝐬𝐞 𝐯𝐢𝐝𝐞𝐨 တွေမှာက ပြောဟန်ဆိုဟန်တွေ, လေယူလေသိမ်းတွေ, 𝐂𝐮𝐥𝐭𝐮𝐫𝐞 တွေ အများကြီးပါတာမို့ ယူတတ်ရင် အကျိုးရှိစေမှာဖြစ်ပါတယ်..
𝐋𝐢𝐬𝐭𝐞𝐧𝐢𝐧𝐠 𝐒𝐤𝐢𝐥𝐥 ကောင်းဖို့အတွက် အ​ဓိကကတော့ များများနားထောင်ခြင်းပဲမို့ 𝐜𝐡𝐢𝐧𝐞𝐬𝐞 𝐝𝐫𝐚𝐦𝐚 တွေ, 𝐓𝐕 𝐬𝐡𝐨𝐰 တွေကိုလည်း နေ့စဉ် အနည်းဆုံး ၃၀မိနစ် မှ ၁နာရီအထိ အချိန်ပေးလေ့လာသင့်ပါတယ်...

(၅) အပြောစွမ်းရည်တိုးတက်စေဖို့ နေ့စဉ်ပြောဆိုလေ့ကျင့်ပါ !!!

တရုတ်ဘာသာစကားပြောတတ်ဖို့ လိုအပ်တဲ့အချက်တွေ လိုက်နာသင့်တဲ့အချက်တွေအများကြီးရှိပါတယ်...အခြေခံကစလေ့လာတဲ့သူများအနေနဲ့ မိမိရသလောက်ကို အထစ်အငေါ့မရှိပဲနဲ့ ကြိုးစားပြောဆိုသင့်ပြီး အသုံးအနှုန်း မှားမှာကိုမကြောက်ပဲ ရဲရဲပြောနိုင်အောင် သိထားသလောက်ပြောထွက်အောင် လေ့ကျင့်သင့်ပြီး အလေ့အကျင့်များလာတဲ့အခါ နောက်ပိုင်း သွက်သွက်လက်လက်ပိုပြောနိုင်လာပါလိမ့်မယ်...
ဒါ့အပြင် တရုတ်စကားကို နားရည်ဝနေမှ ပြန်ပြောနိုင်တာမို့ စကားပြောဖော်(သို့)လေ့ကျင့်ဖော်မရှိရင် 𝐋𝐢𝐬𝐭𝐞𝐧𝐢𝐧𝐠 အားကောင်းအောင်လုပ်ပြီး အမြဲခေါင်းထဲမှာ တရုတ်စာကြောင်းတွေကိုစီပြီး မိမိဘာသာနှုတ်ကနေပြောဆိုလေ့ကျင့်ခြင်းဖြင့် စကားလုံးတွေ ပိုမိုအသုံးချနိုင်မှာမို့ အပြောစွမ်းရည်ကိုအမြဲပိုမိုတိုးတက်အောင် လေ့ကျင့်ရပါမယ်...

(၆) စိတ်ရှည်ပြီးတော့ အချိန်ပေးပါ !!!

ဘာသာစကားသင်ယူတာက ထပ်တလဲလဲ သင်ယူလေ့ကျင့်ရပြီး အလွန်ဇွဲရှိဖို့လိုပါတယ်...
အချိန်ရသလောက် နေ့စဉ် 𝐓𝐚𝐫𝐠𝐞𝐭 ထားပြီးသင်ယူလေ့လာခြင်းအားဖြင့် တိုးတက်မှုအမြဲရရှိစေမှာပါ... ကိုယ်အချိန်ပေးလေ့လာရင် လေ့လာသလောက် ကိုယ့်ရဲ့ 𝐬𝐤𝐢𝐥𝐥𝐬 တိုးတက်ပြီး 𝐋𝐞𝐯𝐞𝐥 မြင့်လာမှာမို့ တစ်ကယ်တတ်မြောက်အောင်သင်ယူတဲ့သူတိုင်းအတွက် အချိန်ကာလတစ်ခုရောက်ရင် အသီးအပွင့်ခံစားရမှာပါ...

ဒါကြောင့်မို့ 𝐬𝐤𝐢𝐥𝐥 တစ်ခုခြင်းစီကို အသေးစိတ်လေ့လာကြိုးစားရင် ကိုယ့်ရဲ့တရုတ်စာ တရုတ်စကားစွမ်းရည်က သိသိသာသာတိုးတက်လာပါလိမ့်မယ်နော်

🔖 𝐈𝐧𝐭𝐞𝐥𝐥𝐢𝐠𝐞𝐧𝐭 ရဲ့ 𝐂𝐡𝐢𝐧𝐞𝐬𝐞 𝐂𝐥𝐚𝐬𝐬 တွေကို တက်ရောက်လိုပါက 𝐏𝐚𝐠𝐞 𝐂𝐡𝐚𝐭 𝐁𝐨𝐱 (ဒါမှမဟုတ်) 𝐏𝐡 - 𝟎𝟗𝟒𝟐𝟎𝟏𝟔𝟒𝟒𝟎𝟏 ကိုဆက်သွယ်ပြီး သင်တန်းအပ် register လုပ်လို့ရပါတယ်နော် ☺️

Want your school to be the top-listed School/college in Kamayut?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


လှည်းတန်း(၆)လမ်း, တိုက်နံပါတ်(၆), ပထမထပ်, ကမာရွတ်
Kamayut
YANGON