Excellent Fortune Life Insurance

Excellent Fortune Life Insurance

Share

Live Life Truly

Photos from Excellent Fortune Life Insurance's post 25/05/2026

ပြီးခဲ့တဲ့ မေလ ၂၄ ရက်မှာ ကျင်းပခဲ့တဲ့ Excellent Fortune Insurance (EFI) နှင့် Singapore Association of Myanmar (SAM) တို့ရဲ့ Seminar လေး အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါပြီ။

အားလုံးအတွက် ကျန်းမာရေးဗဟုသုတတွေ မျှဝေပေးခဲ့တဲ့ စင်ကာပူနိုင်ငံမှ အတွေ့အကြုံရင့် အရိုးအထူးကုဆရာဝန်ကြီး 𝐃𝐫. 𝐇𝐞𝐧𝐫𝐲 𝐂𝐡𝐚𝐧 ကို အထူးပင် ကျေးဇူးတင်ရှိပါတယ်။

ဒါ့အပြင် ဒီ Seminar လေး ဖြစ်မြောက်ဖို့အတွက် အစစအရာရာ အတူတကွ ပူးပေါင်းစီစဉ်ပေးခဲ့ကြတဲ့ Singapore Association of Myanmar (SAM) အဖွဲ့အစည်းမှ တာဝန်ရှိသူများအားလုံးကိုလည်း EFI မိသားစုမှ အထူးပင် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါတယ်။

ဒီ ဆွေးနွေးပွဲ အတွင်းမှာတော့ စင်ကာပူနိုင်ငံမှ အတွေ့အကြုံရင့် အရိုးအထူးကုဆရာဝန်ကြီး *𝐃𝐫. 𝐇𝐞𝐧𝐫𝐲 𝐂𝐡𝐚𝐧* က နေထိုင်မှုပုံစံမှားယွင်းခြင်းကြောင့် ဖြစ်တတ်တဲ့ အရိုးအဆစ်ဝေဒနာတွေ၊ Office Syndrome ပြဿနာတွေနဲ့ ပတ်သက်ပြီး တကယ့်ကို ထိရောက်ပြီး လက်တွေ့အသုံးချလို့ရမယ့် ကျန်းမာရေးဗဟုသုတတွေကို မျှဝေဆွေးနွေးပေးခဲ့ပါတယ်။ တက်ရောက်လာကြသူတွေဘက်ကလည်း မိမိတို့သိလိုသမျှကို တက်တက်ကြွကြွနဲ့ အမေးအဖြေပြုလုပ်ခဲ့ကြလို့ တကယ့်ကို အနှစ်သာရရှိတဲ့ ပွဲလေးတစ်ပွဲ ဖြစ်ခဲ့ရပါတယ်ရှင်။

ဒီ Seminar လေးကနေ ရရှိတဲ့ အဖိုးတန်အကြံပြုချက်တွေနဲ့အတူ အားလုံးပဲ နာကျင်မှုကင်းဝေးပြီး ကျန်းမာတက်ကြွတဲ့ ခြေလှမ်းတွေနဲ့ ရှေ့ဆက်နိုင်ကြပါစေ။

The special healthcare seminar, jointly organized by Excellent Fortune Insurance (EFI) and Singapore Association of Myanmar (SAM), was successfully held on May 24th!

We would like to express our heartfelt gratitude to *Dr. Henry Chan*, a highly experienced orthopedic specialist from Singapore, for sharing invaluable health insights with everyone.

Furthermore, the EFI family extends our warmest thanks to all the officials and team members from the Singapore Association of Myanmar (SAM) for incredible collaboration and support in making this seminar a reality.

During the event, *Dr. Henry Chan* shared highly practical and actionable health tips on addressing orthopedic conditions and Office Syndrome caused by improper lifestyle habits. It was truly an enriching session, made even more meaningful by the lively and interactive Q&A from our enthusiastic attendees!

We hope the valuable advice from this seminar helps everyone step forward into a pain-free, active, and healthier future.

18/05/2026

သင့်ရဲ့ အရိုးအဆစ်တွေကရော အကူအညီ လိုအပ်နေပြီလား?

အောက်ပါလက္ခဏာတွေထဲက တစ်ခုခုကို ခံစားနေရပြီဆိုရင်တော့ သင့်ရဲ့ အရိုးအဆစ်ကျန်းမာရေးကို ဂရုစိုက်ဖို့ အချိန်ရောက်ပါပြီ။

✅ မနက်အိပ်ရာနိုးတဲ့အခါ အဆစ်အမြစ်တွေ တောင့်တင်းနေခြင်း။
✅ လှေကားတက်တဲ့အခါ ဒါမှမဟုတ် ထိုင်ရာကထတဲ့အခါ ဒူးက အသံမြည်ခြင်း သို့မဟုတ် နာကျင်ခြင်း။
✅ ကွန်ပျူတာ သို့မဟုတ် ဖုန်းအသုံးများလို့ ဇက်နဲ့ ပခုံးတွေ အမြဲတမ်း ညောင်းညာနေခြင်း။

ဒီပြဿနာတွေကို ဘယ်လိုထိရောက်အောင် ဖြေရှင်းမလဲဆိုတာ သိရှိဖို့ Seminar ကို အခုပဲ စာရင်းပေးသွင်းလိုက်ပါနော်။

🔗 Register Here: https://forms.gle/GDhoPDainLsugKtQ7

Seminar အစီအစဉ်
🗓 နေ့ရက်: ၂၄ ရက်၊ မေလ၊ ၂၀၂၆ (တနင်္ဂနွေနေ့)
🕑 အချိန်: မွန်းလွဲ ၂:၀၀ နာရီ မှ ညနေ ၄:၀၀ နာရီ အထိ
📍 နေရာ: အမှတ် (၄၇/A)၊ ၇မိုင်ခွဲ၊ ပြည်လမ်း၊ မရန်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။

𝐈𝐬 𝐢𝐭 𝐭𝐢𝐦𝐞 𝐭𝐨 𝐠𝐢𝐯𝐞 𝐲𝐨𝐮𝐫 𝐣𝐨𝐢𝐧𝐭𝐬 𝐬𝐨𝐦𝐞 𝐞𝐱𝐭𝐫𝐚 𝐜𝐚𝐫𝐞?

If you are experiencing any of the following signs, it’s time to start paying closer attention to your bone and joint health:

✅ Morning Stiffness: Waking up with stiff, tight joints.
✅ Knee Discomfort: Hearing a popping sound or feeling pain in your knees when climbing stairs or standing up.
✅ Office Syndrome: Constant stiffness and ache in your neck and shoulders from prolonged computer or phone use.

Don't let joint pain hold you back! Register for our upcoming seminar now to learn effective ways to manage and overcome these issues.

🔗 Register Here: https://forms.gle/GDhoPDainLsugKtQ7

Seminar Details
🗓 Date: May 24, 2026 (Sunday)

🕑 Time: 2:00 PM – 4:00 PM

📍 Venue: No. (47/A), 7.5 Mile, Pyay Road, Mayangone Township, Yangon.

14/05/2026

မကြာခင်မှာ ကျောင်းဖွင့်ရာသီ ပြန်လည်ရောက်ရှိတော့မှာဖြစ်တာကြောင့် မိဘတိုင်းဟာ မိမိတို့ရဲ့ ရင်သွေးငယ်တွေအတွက် လိုအပ်တဲ့ ကျောင်းသုံးပစ္စည်းတွေနဲ့ ကျောင်းအပ်နှံဖို့ကိစ္စရပ်တွေအတွက် အားတက်သရော ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။🎒📚

ကလေးတစ်ယောက်ရဲ့ ပညာရေးခရီးလမ်းဟာ ရှည်လျားသလို အနာဂတ်မှာ သူတို့ဖြစ်ချင်တဲ့ ရည်မှန်းချက်တွေဆီ လျှောက်လှမ်းနိုင်ဖို့က မိဘတွေရဲ့ ပံ့ပိုးမှုအပြင် ခိုင်မာတဲ့ ငွေကြေးအာမခံချက်ရှိနေဖို့လည်း အထူးလိုအပ်ပါတယ်။ ဒါကြောင့် ကျောင်းအပ်ဖို့ ပြင်ဆင်နေတဲ့ ဒီအချိန်မှာ မိမိတို့ရဲ့ သားသမီးတွေအတွက် မမျှော်လင့်ထားတဲ့ အခက်အခဲတွေ ကြုံလာခဲ့ရင်တောင် သူတို့ရဲ့ ပညာရေးတစ်ပိုင်းတစ်စနဲ့ ရပ်တန့်မသွားစေဖို့ EFI ရဲ့ Education Life Insurance (ပညာရေးအသက်အာမခံ) နဲ့ ကြိုတင်ပြင်ဆင်ထားရှိဖို့ လိုအပ်ပါတယ်။ 🛡️👨‍👩‍👧‍👦

ပညာရေးအာမခံထားရှိခြင်းဟာ ကလေးတွေရဲ့ အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ပေးခြင်းဖြစ်သလို၊ မိဘတွေအနေနဲ့လည်း မိမိတို့ရဲ့ ချစ်ရတဲ့ ရင်သွေးငယ်တွေအတွက် အလေးနက်ဆုံးသော "မေတ္တာလက်ဆောင်" နဲ့ "လုံခြုံမှု" ကို ပေးအပ်ရာရောက်မှာ ဖြစ်ပါတယ်။❤️🎁

သားသမီးတို့ရဲ့ အနာဂတ်ပညာရေးအတွက် ယနေ့ကတည်းက စတင်ပြင်ဆင်မယ်ဆိုရင်တော့ www.efilmm.com သို့ ဝင်ရောက် ကြည့်ရှု့နိုင်သလို Page Messenger သို့မဟုတ် Hotline Number 09 7777 8888 4 သို့လည်း အသေးစိတ် ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်။

𝐏𝐫𝐨𝐯𝐞 𝐲𝐨𝐮𝐫 𝐩𝐫𝐞𝐜𝐢𝐨𝐮𝐬 𝐥𝐨𝐯𝐞 𝐰𝐢𝐭𝐡 𝐭𝐡𝐞 𝐬𝐭𝐫𝐨𝐧𝐠𝐞𝐬𝐭 𝐩𝐫𝐨𝐭𝐞𝐜𝐭𝐢𝐨𝐧❤️🛡️✨

With the school season just around the corner, parents are busily preparing everything from school supplies to enrollment for their little ones. 🎒📚

A child’s educational journey is a long road. To reach their future dreams, they need more than just support—they need a solid financial guarantee. As you prepare for the new school year, ensure that your child’s education never has to stop, even in the face of unexpected challenges. EFI’s Education Life Insurance is here to help you prepare in advance. 🛡️👨‍👩‍👧‍👦

Investing in education insurance is more than just planning; it is the most profound "Gift of Love" and "Security" you can provide for your beloved children. ❤️🎁

To start planning for your children’s future education today, you can visit www.efilmm.com, or reach out to us for more details via Page Messenger or our Hotline at 09 7777 8888 4.

08/05/2026

အမေ့ဆီက သင်ယူခဲ့ရတဲ့ အဖိုးတန်ဆုံး သင်ခန်းစာက ဘာများဖြစ်မလဲ... ✨

လောကကြီးထဲမှာ ပထမဆုံး စတင်ထိတွေ့ခဲ့ရတဲ့ ဆရာဆိုတာ "အမေ" ပါပဲ။ အမေဆိုတာ စာအုပ်ထဲက မပါတဲ့ ဘဝသင်ခန်းစာပေါင်းများစွာကို သူ့ရဲ့ လက်တွေ့ဘဝနဲ့ ရင်းပြီး သင်ကြားပေးတဲ့သူတွေပါ။

ဒီနှစ် အမေများနေ့မှာတော့ အမေ့ဆီက သင်ယူခဲ့ရတဲ့ အကောင်းဆုံး သင်ခန်းစာ ရခဲ့တဲ့ အမှတ်တရလေးတွေကို ပြန်လည်ဝေမျှရင်း အမေ့ကျန်းမာရေးအတွက် "Healthy Supplement Baskets" လက်ဆောင်မွန်လေးတွေ ကံထူးနိုင်မယ့် အစီအစဉ်လေးတစ်ခုကို EFI Life မှ ပြင်ဆင်ပေးထားပါတယ်ရှင်။ 🎁

ဒီအဆင့်လေး (၂) ဆင့်ကို လုပ်ဆောင်ရုံနဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ဆုလက်ဆောင်လေးတွေကို ပိုင်ဆိုင်နိုင်မှာပါ။

၁။ EFI Life Page ကို Like & Follow လုပ်ထားပေးပါ။
၂။ ဒီ Post ရဲ့ Comment မှာ "အမေ့ဆီက သင်ယူခဲ့ရတဲ့ အကောင်းဆုံး သင်ခန်းစာတစ်ခု" နဲ့ "အမေ့ကို အပြောချင်ဆုံး စကားလေးတစ်ခွန်း" ကို ရေးသားပြီး မန့်ခဲ့ပေးရုံပါပဲရှင်။

📅 မေလ (၁၂) ရက် အထိ ပဲမို့ အခုပဲ အမြန်ဆုံး ပါဝင်လိုက်တော့နော်။

❗ အငြင်းပွားဖွယ်တစ်စုံတစ်ရာပေါ်ပေါက်လာပါက 𝐄𝐅𝐈 𝐋𝐢𝐟𝐞 ရဲ့ ဆုံးဖြတ်ချက်သည်သာ အတည်ဖြစ်ပါတယ်❗

အမေ့အပေါ်ထားတဲ့ သားသမီးတို့ရဲ့ မေတ္တာရိပ်မြုံလေးတွေကို အတူတူ ဝေမျှရင်း အမေ့အတွက် ကျန်းမာရေးလက်ဆောင်လေးတွေ ကံစမ်းလိုက်ရအောင်နော်။ 🌸

𝐖𝐡𝐚𝐭 𝐢𝐬 𝐭𝐡𝐞 𝐦𝐨𝐬𝐭 𝐯𝐚𝐥𝐮𝐚𝐛𝐥𝐞 𝐥𝐞𝐬𝐬𝐨𝐧 𝐲𝐨𝐮 𝐥𝐞𝐚𝐫𝐧𝐞𝐝 𝐟𝐫𝐨𝐦 𝐌𝐨𝐦?✨

A mother is our very first teacher. She teaches us life lessons that aren't found in books, showing us the way through her own love and strength.

This Mother’s Day, 𝐄𝐅𝐈 𝐋𝐢𝐟𝐞 wants to celebrate those special memories! Share your story with us and stand a chance to win a "Healthy Supplement Basket" for your Mom’s well-being. 🎁

Follow these 2 simple steps to enter:

Like & Follow the 𝐄𝐅𝐈 𝐋𝐢𝐟𝐞 Page.

In the comments below, share "one great lesson you learned from Mom" and "one thing you want to say to her most."

📅 𝐃𝐞𝐚𝐝𝐥𝐢𝐧𝐞: 𝐉𝐨𝐢𝐧 𝐛𝐲 𝐌𝐚𝐲 𝟏𝟐𝐭𝐡!

(Note: In case of any dispute, EFI Life’s decision is final.)

Let’s honor our mothers by sharing our love and winning a gift for their health! 🌸

01/05/2026

၂၀၂၆ ခုနှစ်၊ မေလ (၁) ရက်နေ့မှာ ကျရောက်တဲ့ (၁၃၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ (May Day) ကို ဂုဏ်ပြုကြိုဆိုလိုက်ပါတယ်ရှင်။🛠️✨

အလုပ်ခွင်အသီးသီးမှာ ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ရုန်းကန်ကြိုးစားနေကြတဲ့ အလုပ်သမားထုတစ်ရပ်လုံး ဘေးအန္တရာယ်ကင်းရှင်းပြီး၊ မိသားစုနှင့်အတူ ပျော်ရွှင်ချမ်းမြေ့တဲ့ အနာဂတ်ဘဝများကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း EFI Life မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။🛡️❤️

Warmest greetings on the 136th International Workers' Day (May Day), May 1st, 2026! 🛠️✨

The EFI Life family would like to extend our heartfelt best wishes to all workers striving with their physical and intellectual strengths across various sectors. May you stay safe at work and enjoy a bright, happy future with your families. 🛡️❤️

Want your business to be the top-listed Finance Company in Kamayut?
Click here to claim your Sponsored Listing.

Telephone

Address


No. 106, University Avenue Road, Ward 9, Kamayut Township, Yangon
Kamayut
11041

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00