The N Project Myanmar
မြန်မာနိုင်ငံသားများ N-Wallet ကို အသုံးပြုပြီး လွတ်လပ်လုံခြုံသော ငွေကြေးစီးဆင်းမှု ဆောင်ရွက်နိုင်ရန်။
08/12/2022
𝐔𝐬𝐞𝐫 𝐀𝐜𝐜𝐨𝐮𝐧𝐭 𝐒𝐞𝐜𝐮𝐫𝐢𝐭𝐲?
Q : အသုံးပြုသူ၏ လုံခြုံရေးက စိတ်ချရပါမလား ?
N-Social အသုံးပြုသူများ သိချင်နေကြတဲ့ အများဆုံးမေးခွန်းက ဒီ N-Social ကို သုံးလို့ အသုံးပြုသူ၏ ကိုယ်ရေးအချက်အလက်များ လုံခြုံမှုရှိပါ့မလား ဆိုတာပါ။
A : Facebook နှင့် အခြားသော ဆိုရှယ်မီဒီယာများထက် ပိုပြီး လုံခြုံမှုရှိပါတယ်။ ဘာကြောင့်လဲ -
(၁) N-Social အသုံးပြုဖို့ Gmail အကောင့်တစ်ခုပဲ ရှိဖို့လိုပါတယ်၊
(၂) မိမိ၏ Gmail အကောင့်ကိုသုံးပြီး Google Login ဖြင့် ဝင်ရတာပါ၊
(၃) Google Login ဖြစ်တာကြောင့် Google တွင်သာ လူကြီးမင်း၏ အချက်အလက်များရှိပြီး၊ N-Social မှ လူကြီးမင်း၏ Gmail အမည်တစ်ခုကိုသာ သိခွင့်ရှိပါတယ်၊
(၄) Google က လူကြီးမင်း၏ ကိုယ်ရေးအချက်အလက်များကို N-Social ကို လုံးဝပေးမည်မဟုတ်ပါ၊
(၅) N-Social App မှ လူကြီးမင်း၏ Location (တည်နေရာ)၊ ဖုန်းနံပါတ် ဘာတစ်ခုမှ တောင်းဆိုထားခြင်း မရှိပါ၊
(၆) အသုံးပြုသူ၏ အချက်အလက်များကို နောက်ကွယ်တွင် သိမ်းဆည်းထားခြင်း မရှိခြင်း (ဆိုလိုသည်မှာ လူကြီးမင်းက ဖျက်လိုက်သည့် အကြောင်းအရာကို N-Social မှ အခြားတစ်နေရာတွင် သီးခြားသိမ်းဆည်းထားခြင်း မရှိပဲ၊ လုံးဝ ဖျက်ပေးလိုက်ခြင်းမျိုး ဖြစ်ပါသည်)
အကောင်းဆုံး အချက်မှာ
(၇) မည်သူမဆို မိမိကိုယ် အခြားသူ မသိစေချင်ပါက နှစ်သက်ရာ အမည်နှင့် သုံးနိုင်ပြီး၊ အသုံးပြုသူ မည်သူမည်ဝါဆိုသည်ကို တီထွင်သူများပင် မသိနိုင်သည့် အချက်ဖြစ်ပါသည်။
-
လွတ်လပ်ယဉ်ကျေးစွာ ပြောဆိုရေးသားနိုင်ခွင့်၊ ထင်မြင်ယူဆ ပိုင်ခွင့်သည် ကမ္ဘာပေါ်ရှိ လူသားတစ်ဦးချင်းစီတိုင်း၏ ကိုယ်ပိုင်အခွင့်အရေး ဖြစ်ပြီး၊ ၎င်းထင်မြင် ယူဆချက်များကို လွတ်လပ်စွာ သုံးသပ်ပြောဆို ဆွေးနွေးနိုင်ခွင့်နှင့် အသုံးပြုသူ၏ ဘေးကင်းလုံခြုံမှု ရှိရေးသည် N-Social ဆိုရှယ်ပလက်ဖောင်းကို တီထွင်ရခြင်း၏ အဓိက ရည်ရွယ်ချက် ဖြစ်ပါသည်။
-
Google Play Store မှ ဒေါင်းလော့ချပြီး အသုံးပြုနိုင်ပါတယ်၊ သတင်းမီဒီယာ၊ iOS အသုံးပြုသူများနှင့် content creator များအတွက် Google Chrome Browser မှ အသုံးပြုနိုင်မည့် Web Links ကို မက်စေ့ချ်မှ တောင်းယူ နိုင်ပါတယ်။
29/11/2022
𝗡 𝗦𝗼𝗰𝗶𝗮𝗹 ကို သုံးပြီး သူငယ်ချင်း မိတ်ဆွေ အသစ်များကို ယခုပဲ ရှာဖွေလိုက်ပါ...
N-Social ဆိုရှယ်မီဒီယာ အပ်ပလီကေးရှင်းတွင် ယခုဆိုရင် အသုံးပြုသူများစွာ ရှိလာပါပြီ၊ မိတ်ဆွေသစ်များစွာကလည်း လူကြီးမင်းတို့ကို စောင့်ကြိုနေပါပြီ၊ Facebook နှင့် ပုံစံမတူပဲ ဆန်းသစ်တဲ့ ပုံစံ၊ မြန်မာနိုင်ငံသား တိုင်းရင်းသားများအတွက် အသင့်တော်ဆုံးပုံစံ၊ အသုံးပြုသူများ၏ လုံခြုံရေးကို ဦးစားပေးထားသည့်စနစ်များဖြင့် ထွက်ရှိလာသည့် ဆိုရှယ်မီဒီယာ App အသစ်ကို ယခုပဲ Google Play Store မှ Download လုပ်ကာ အသုံးပြုနိုင်ပါပြီ။
ပြည်ပရောက် တိုင်းရင်းသားပညာရှင်များ တီထွင်ထားသည့် App အသစ်ကို သုံးပြီး ကမ္ဘာတစ်လွှားရှိ မြန်မာတိုင်းရင်းသားအားလုံး ဆုံစည်းကြပါစို့။
24/11/2022
N-Social အတွက် အကြံပြုချက်နှင့် စာများကို ဖိတ်ခေါ်ပါရစေ။
N-Social သုံးနေတဲ့ အသုံးပြုသူ အားလုံးကို မေးစရာ ရှိပါတယ်။ မိမိတို့အဖွဲ့က N-Social ကို မြန်မာနိုင်ငံရှိ အများပြည်သူအားလုံးအတွက် အဘက်ဘက်က အသုံးအတည့်ဆုံးနှင့် တိုင်းရင်းသား ဘာသာစကားများပါ အသုံးပြုနိုင်သည့် ဆိုရှယ်ပလက်ဖောင်းတစ်ခု ဖြစ်လာဖို့ ရည်ရွယ်ထားတာပါ။
ဒါကြောင့် N-Social မှာ ဘယ်လိုမျိုး Feature တွေကို လူကြီးမင်းတို့ လိုချင်လဲ၊ လိုအပ်လဲ၊ ဘယ်လို ပုံစံတွေကို နှစ်သက်လဲ၊ ဘာတွေ ဖြစ်ချင်တာလဲကို လွတ်လပ်စွာ ဝေဖန်ဆွေးနွေး အကြံပြုပေးကြဖို့ N-Social အဖွဲ့က နွေးထွေးစွာ ဖိတ်ခေါ်ပါတယ်။
မိမိတို့အဖွဲ့က မြန်မာနိုင်ငံနှင့် အဝေးကို ရောက်နေတာ ကြာပြီဆိုတော့ မမြင်တာတွေ လိုအပ်တာတွေ အများကြီး ရှိနိုင်ပါတယ်။ လူကြီးမင်းတို့၏ အကြံပြုချက်များကို ယခုပို့စ်အောက်မှာ ရေးပေးနိုင်သလို၊ ယခုစာမျက်နှာသို့ သီးသန့်မက်စေ့ချ် ပို့ပေးမယ်ဆိုရင်လည်း ရပါတယ်။
ကျွန်မတို့ တိုင်းရင်းသားပညာရှင်များ၏ ကြိုးစားအားထုတ်မှုကို ယုံကြည်စွာ အသိအမှတ်ပြု သုံးစွဲပေးနေသူများအားလုံးကို အထူးကျေးဇူးတင်ပါတယ်ရှင့်။
N-Social App ကို Google Play Store မှ ထည့်သွင်း အသုံးပြုနိုင်သလို၊ iOs သမားနှင့် content creator များအတွက် Web Version ကိုလည်း မက်စေ့ချ်မှာ တောင်းယူနိုင်ပါတယ်။
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
Kamayut