Recovery Tech

Recovery Tech

Share

Welcome to Our Recovery Tech Computer Repair Service!

01/07/2024

Bottleneck ဆိုတာဘာလဲ ဘာကြောင့်ဂရု့စိုက်သင့်လဲ ??
==========================
Computer တစ်လုံးမှာရှိတဲ့ Component တွေအကုန်လုံးက တူတူ တွဲပြီးအလုပ်မလုပ်နိုင်ကြပါဖူး။
Compatible မဖြစ်ကြပါဖူး။ ဒါပေမဲ့ အဲ့ Compatible မဖြစ်တဲ့ % ကို နည်းနိုင်သမျှ နည်းအောင် ဆင်ကြပါတယ်။ ဒါမှသာ ကျနော်တို့ ကုန်ကျထားတဲ့ ပိုက်ဆံ ရင်းနှီးထားတဲ့ ပိုက်ဆံနဲ့တန်တဲ့ Performance ကိုပြန်ရမှာပါ။
Bottleneck ဆိုတာ ဥပမာ ကျွန်တော်တို့သုံးထားတဲ့ CPU နဲ့ GPU ကောင်းကောင်းတွဲပြီးအလုပ်လုပ်သလား
မလုပ်ဖူးလားဆိုတာ တိုင်းတာလို့ရပါတယ်။ Compuer တစ်လုံးမှာ Bottleneck ဆိုတာရှိကိုရှိပါတယ်။
အဲ့ဒါက 10% ထက်ကျော်နေရင် မကောင်းပါဖူး။........
Bottleneck များရင်ဘာဖြစ်သလဲ?
---------------------------------
Bottleneck က GPU performance နဲ့ CPU performance မညီတဲ့အခါမျိုးမှာ ပိုနေတဲ့ Core တွေအလုပ်မလုပ်ဖြစ်တဲ့ Process တွေပေါ့။ ရေခွက်တစ်ခွက်ထဲမှာ ရေအပြည့်ရှိလို့ ရေပုံးထဲထည့်လိုက်လဲ ဒီ Amount က ဒီ amount ပဲ
ရေပုံးထဲက ပိုနေတဲ့ နေရာလွတ်က Bottleneck ပေါ့။
Intel i3 လေးနဲ့ 2080ti တွဲသုံးရင် i3 က ရေခွက်လေးဖြစ်ပြီး 2080ti က ရေပုံးဖြစ်နေမှာပါ။
Game မှာတင်မဟုတ်ဖူး။ CPU နဲ့ GPU တွဲလုပ်တဲ့ အလုပ်တွေမှာဆိုလဲ Performance လိုနေတတ်ပါတယ်။
2080ti ရဲ့ Performance တစ်ဝက်လောက်က CPU မနိုင်လို့အလုပ်မလုပ်ဖူးဆိုရင် သူ့ကိုပေးထားတဲ့ဈေးနဲ့မတန်တော့တဲ့အပြင်ကို ပစ္စည်းရဲ့ Performance အပြည့်လဲမရဖြစ်ပါတယ်။.....
Bottleneck ကိုဘယ်လိုတွက်မလဲ
--------------------------------
Bottleneck calculator တွေအများကြီးပါ။ နာမည်ကြီးပြီး သုံးရလွယ်တဲ့ကောင်လေးတစ်ခု့ပြောပြပါရစေ။
PC-builds ဆိုတဲ့ website ကလုပ်ထားပေးတာပါ။ CPU ရွေး GPU ရွေး RAM ရွေးပြီးရင် တွက်လို့ရပါပြီ။

Photos from Recovery Tech's post 31/05/2024

ကွန်ပြူတာများ ပျက်လို အိမ်အရောက်ပြုပြင်လိုပါသလား ရုံးအရောက် ပြုပြင်လိုပါသလား ကျွန်တော်တို့ Recovery Tech တာဝန်ယူ ဆောင်ရွက်ပေးနေပါပီ
June လ အတွင်း အထူး package များလဲ ရှိပါတယ်

09970262302,09444465929

Want your business to be the top-listed Computer & Electronics Service in Kamayut?
Click here to claim your Sponsored Listing.

Telephone

Address


Kamayut
11051