MCA Electrical
လျှပ်စစ်အသုံးပြုသူတိုင်း လျှပ်စစ်အန္တာရယ်ကင်းဝေးစေရမည်။
20/09/2021
နေစဉ့်အသုံးပြုနေတဲ့ ဒယ်နီတွေကြောင့် ဓါတ်လိုက်ဖူးကြမယ်ထင်ပါတယ်
-ဘာကြောင့်ဓါတ်လိုက်တာလဲ
-ဘယ်လိုကာကွယ်ရမလဲ
-အန္တာရာယ်ကင်းစွာဘယ်လိုအသုံးပြုရမလဲ
ဓါတ်လိုက်တဲ့အကြောင်းမစခင် လျှပ်ကူးပစ္စည်းနဲလျှပ်တားပစ္စည်းအကြောင်းလေးအရင်စပါမယ်။
-လျှပ်ကူးပစ္စည်းတွေကတော့ ရွှေ၊ငွေ၊ကြေး၊ဒန်၊သံ သတ္တုပစ္စည်းများဖြစ်ပါတယ်။ဥပမာကြေးချောင်းတစ်ချောင်းကို လျှပ်စစ်ရှိတဲ့ဓါတ်ကြိုးနဲထိလိုက်ခဲ့ရင် ထို့ကြေးချောင်းမှာ လျှပ်စစ်ဓါတ်အားတစ်ခုရှိသွားပြီး
လူတစ်ဦးတစ်ယောက်က ကြေးချောင်းကို ထိမိပြီး
လျှပ်စီးပတ်လမ်းတစ်ခုဖြစ်ပေါ်တာနဲ ထိသူအတွက်
အန္တာရာယ်များပါတယ်
-လျှပ်တားပစ္စည်းများကတော့ ဖန်၊မှန်၊ဖိုက်ဘာ၊ပလတ်စတစ် ခြောက်သွေ့နေတဲ့ သစ်သားချောင်းတို့ဖြစ်ပါတယ်။
ဈေးကွက်ထဲမှာ ဝယ်ယူရလွယ်တဲ့ ဒယ်နီတွေဟာ အသုံးပြုချိန်များလာတာနဲ ဒယ်နီအိုးရဲ့ အောက်ခြေမှာရှိတဲ့ပလပ်ခေါင်းကို
ရေနဲဟင်းချက်ဆီတွေ အနည်းငယ်ဝင်ပြီး ထို့နေရာများမှတစ်ဆင့် ဒယ်နီအိုးရဲ့ဘေးကာဗာတွေကို လျှပ်စီးယို့စိမ့်မှုတွေဖြစ်ပေါ်ပြီး ဓါတ်လိုက်နိုင်ပါတယ်။
ရေနဲဆီကဓါတ်လိုက်နိုင်သလား
ရေကဓါတ်လိုက်နိုင်ပါတယ် ရေရဲ့လျှပ်စီးခုခံနိုင်မှုကများပါတယ် ဥပမာ အိမ်သုံးလျှပ်စစ် ဓါတ်ကြိုးတစ်ချောင်းကို
ပေတစ်ရာလောက်ကျယ်တဲ့ကန်ရဲ့အလယ်မှာထည့်ထား
သည့်ဆိုပါစို့ ရေကန်အစပ်ကနေကိုင်ရင်ဓါတ်မလိုက်နိုင်ပေမဲ့
ဓါတ်ကြိုးနားနီးတာနဲ ဓါတ်လိုက်နိုင်ခြေများပါတယ်။
ဘယ်လိုကာကွယ်မလဲ အန္တာရာယ်ကင်းစွာဘယ်လိုအသုံးပြုရမလဲ
၁။ ။နည်းစနစ်မှန်ကန်သော မြေဓါတ်ချခြင်း
(Earth ချခြင်းမြေဓါတ်ချခြင်း Earthing
အကြောင်းနဲ Lightning Arresterမိုးကြိုးလွဲ
အကြောင်းPost တစ်ခုရေးပေးပါမယ်)
၂။ ။အသုံးပြုပြီးတိုင်းဆေးကြောတဲ့အခါ စနစ်တကျ
ဆေးကြောခြင်း။ဥပမာ ဒယ်နီကို ဘေစင်ထဲမှာ
အချိန်ကြာ မြင့်စွာမထားပဲဆေးသင့်ပါတယ်
ဆေးကြောပြီးခဲ့ရင်လဲ ခြောက်သွေ့တဲ့နေရာမှာထား
သင့်ပါတယ် )
၃။ ။RCBO (Residual Circuit Breaker with Over
Load.
RCCB (Residual Current Circuit Breaker)
များတပ်ဆင်အသုံးပြုခြင်း
(အသေးစိတ်ကို Postတစ်ခုနဲရှင်းပြပေးပါမယ်)
၄။ ။လျှပ်စစ်သွယ်တန်းတပ်ဆင်မှုစနစ်မှန်ကန်ခြင်း
၅။ ။လျှပ်စီးမကူးနိုင်တဲ့ လျှပ်တားပစ္စည်းများကိုကြားခံ
အသုံးပြုခြင်း
(ကြမ်းပြင်ပေါ်မှာတိုက်ရိုက်အသုံးမပြုပဲ ခြောက်သွေ့သော
ဖိနပ်၊သစ်သားခုံမှားနှင့်အသုံးပြုခြင်း)
လူကြီးမင်းတို့နေအိမ်၊စက်ရုံ အလုပ်ရုံများတွင်
-လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း၊ပြုပြင်ခြင်း
-လျှပ်စစ်အန္တာရာယ်ကင်းရှင်းရေးအတွက်စစ်ဆေးခြင်း
-Water Automatic System
-စက်ရုံသုံး၊အိမ်သုံး Electrical Control
-ATS (Auto Transfer Switch ) စသည့် အခက်အခဲများဖြစ်ပေါ်ခဲ့လျှင် ကျွန်တော်တို့ MCA Electrical မှမြန်မာနိုင်ငံ၏ လျှပ်စစ်ဥပဒေ လျှပ်စစ်စံနှုန်းများနဲ အညီ ၀န်ဆောင်မှုပေးပါရစေ။
Ph-09754822025
Photo Crd to စက်မှုဝန်ကြီးဌာန
လျှပ်စစ်အန္တရာယ်ကင်းဝေးကြပါစေ။
MCA Electrical
14/09/2021
ဘာကြောင့်မီးပြတ်တာလဲ
(1)Line Fault
ဒါကတော့ရိုးရှင်းပါတယ် လျှပ်စစ်ဖြန့်ချီတဲ့လိုင်းတွေ နေရာတစ်ခုမှာ အပြစ်ဖြစ်ရင် ကြုံတွေရပါတယ်
ဥပမာ-ရပ်ကွက်တစ်ခုမှာ လမ်းဆယ်လမ်းရှိတယ်
အဲ့ရပ်ကွက်ကို Transformer တစ်လုံးနဲ လျှပ်စစ် ဓါတ်အား ဖြန့်ဝေတယ်ဆိုပါစို့။
အဲ့အချိန် ဒုတိယမြောက်လမ်းမှာဖြစ်စေ အခြားသောလမ်းမှာဖြစ်စေ လျှပ်စစ်ဓါတ်အားဖြန့်ဝေတဲ့ဓါတ်ကြိုးပေါ်ကို သစ်ပင်ပြိုလဲလို့ပဲဖြစ်ဖြစ် ဓါတ်တိုင်ကိုကားဝင်တိုက်မိလို့ပဲဖြစ်ဖြစ် Short Circuit ဖြစ်ခဲ့ရင် အဲ့ရပ်ကွက်ကိုလျှပ်စစ်ဓါတ်အားဖြန့်ဝေဖို့ Transformerမှာရှိတဲ့ အကာအကွယ်ပြုပစ္စည်းတွေက လျှပ်စစ်ဓါတ်အားလိုင်းကိုဖြတ်ချပါတယ် (မြို့နယ်ခြင်းဆက် လျှပ်စစ်ဓါတ်အားလှိုင်းတွေလဲ ထို့အတူပါပဲ)
(2)လျှပ်စစ်ထုတ်လုပ်မှုလျော့နည်းခြင်း
ကျွန်တော်တို့နိုင်ငံက ရေအားလျှပ်စစ်ကို အများဆုံးအသုံးပြုတယ်ဆိုတော့ နွေရာသီလို အချိန်ကာလမှာ
ရေခမ်းခြောက်လို့ လျှပ်စစ်ထုတ်လုပ်မှု လျော့နည်းတဲ့အချိန် System Breakdown မဖြစ်အောင် သုံးစွဲတဲ့သူတွေကိုအလှည်ကျစနစ်နဲအသုံးပြုခိုင်းရပါတယ်
ဥပမာ-ရပ်ကွက်တစ်ခုမှာ အိမ်ခြေတစ်ရာရှိတယ်ဆိုပါစို့
ဆယ်အိမ်ကို မီးစက်တစ်လုံးနူန်းနဲ ၁၀လုံးသုံးပြီးမီးပေးတဲ့အချိန် မီးစက်တစ်လုံးက အကြောင်းကြောင်းကြောင့် ပျက်သွားသွားခဲ့ရင် ၁၀အိမ်က မီးပြတ်ရမှာပါ ထိုမီးစက်ကို ပြင်နေတဲ့အချိန် ရှိသမျှအိမ်ခြေအားလုံး အလှည့်ကျ
မျှဝေခံစား လျှပ်စစ်ဓါတ်အား ပြတ်တောက်မှုပုံစံမျိုးပါ
(3)Shut Down
ဖြန့်ဝေတဲ့ ဓါတ်ကြိုးတွေ အဆင့်မြှင့်တင်ရန်ဖြစ်စေ ဓါတ်အားလိုင်းအသစ်များတည်ဆောက်တဲ့အချိန်အန္တာရယ်ကင်ရှင်းရန်အတွက်အသုံးပြုပါတယ်။ (လက်ရှိတွင်အဆင်မပြေမှုရှိပေမဲ့ နောင်အချိန်များတွင် မီးပြတ်မှုနည်းနိုင်ပါတယ်ဗျ)
ဥပမာ-မိမိရဲ့နေအိမ်မှာ မီးချောင်းတစ်ချောင်း အသစ်ထပ်တိုးအသုံးပြုတဲ့အခါ ဆောင်ရွက်သူအတွက်
လျှပ်စစ်အန္တာရာယ် ကင်းဝေးစေရန် Main Breaker(မိန်းချ) ပိတ်ပြီးတပ်ဆင်သလိုမျိုးဖြစ်ပါတယ်
(4)System Breakdown
System breakdown ဆိုတာက တစ်နိုင်ငံလုံးအတွက်လျှပ်စစ်ထုပ်လုပ်မှုလုပ်ငန်းအားလုံး ရပ်ဆိုင်းသွားပြီး
တစ်နိုင်ငံလုံး အစိုးရရဲ့ လျှပ်စစ်ဓါတ်အားပေးမှုစနစ် ပျက်တောက်သွားတဲ့အချိန်အခါမျိုးပါ
ကျွန်တော်တို့နိုင်ငံကို 230kV မဟာဓါတ်အားလိုင်းနဲချိတ်ဆက်ထားပါတယ် (ယခုတိုးချဲ့ 500 kv)
ဘာတွေကြောင့်အဖြစ်များလဲဆို
Line Fault နဲ လျှပ်စစ်ထုတ်လုပ်မှုလျော့နည်းခြင်းကြောင့်အများဆုံးဖြစ်တက်ပါတယ် ဖြစ်ပေါ်ခဲ့ပြီးရင်လဲ
Synchronizing လုပ်ဖို့အတွက် အချိန် နှစ်နာရီခန့်ကြာမြင့်တက်ပါတယ်
လျှပ်စစ်အန္တာရာယ်ကင်းဝေးကြပါစေ
MCA Electrical and Control
Click here to claim your Sponsored Listing.
Category
Website
Address
Kamayut
Opening Hours
| Monday | 09:00 - 18:00 |
| Tuesday | 09:00 - 18:00 |
| Wednesday | 09:00 - 18:00 |
| Thursday | 09:00 - 18:00 |
| Friday | 09:00 - 18:00 |
| Saturday | 09:00 - 18:00 |
| Sunday | 09:00 - 18:00 |