Master of Development Studies - MDevS Program
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Master of Development Studies - MDevS Program, College & University, Corner of Pyay Road and Inya Road, Kamayut.
28/06/2025
#ဒေါက်တာလှမြင့်
♦️"ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဘောဂဗေဒကို လေ့လာခြင်း"
မူရင်းစာရေးသူ - ဒေါက်တာလှမြင့် (ပါမောက္ခ၊ လန်ဒန်စီးပွားရေးတက္ကသိုလ်)
မြန်မာပြန်ဆိုသူ - ခင်စိုးအောင်
ယခုစာအုပ်ဟာ ဒေါက်တာလှမြင့်ရဲ့ "THE ECONOMICS OF THE DEVELOPING COUNTRIES" စာအုပ်ကို ဘာသာပြန်ဆိုထားတာပါ။ ပရောဂျက်စီမံခန့်ခွဲခြင်း စာအုပ်ကို ရေးသားပြုစုသူ ဒေါ်ခင်စိုးအောင်က တာဝန်ယူပြီး ဘာသာပြန်ဆို ပေးထားပါတယ်။ ဒေါက်တာလှမြင့်ဆိုတာ London School of Economics ကနေ စီးပွားရေးပါရဂူဘွဲ့ကို မြန်မာလူမျိုးများထဲက အသက်အငယ်ဆုံး ရရှိခဲ့သူ။ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို စီးပွားရေး ဖွံ့ဖြိုးလာအောင် အဓိကလမ်းညွှန် ပေးခဲ့တဲ့ ကမ္ဘာ့အဆင့် development expert တစ်ယောက်၊ ဒီနေ့ ဂျပန်လို နိုင်ငံမျိုးကတောင် သူ့သီအိုရီတွေကို အသုံးပြုပြီး တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာအောင် တည်ဆောက်ခဲ့ရကြောင်း ဝန်ခံထားရသူ။ နာမည်ကျော် ဘောဂဗေဒပညာရှင် မောင်စူးစမ်းရဲ့ ဆရာရင်းလည်း ဖြစ်ပါတယ်။
ဆရာကြီးဟာ ပညာရှင် မာယ်သပ်စ်၊ ဒေးဗစ်ရီကာဒိုတို့ နောက်ပိုင်း ဖွံ့ဖြိုးရေးဘောဂဗေဒကို အာသာလူးဝစ်၊ ဒဗလျူရော့စတိုး တို့နှင့်အပြိုင် ခေတ်ပြိုင်ဖွံ့ဖြိုးမှု သဘောတရား ကိုယ်ပိုင်ဟန်ကို ထူထောင်ပြနိုင်သူ ဖြစ်ပါတယ်။
လွန်ခဲ့သော ၈နှစ်ခန့်က ဆရာကြီးဟာ ဘောဂဗေဒ နိုဗယ်ဆုရှင်၊ ကိုလံဘီယာတက္ကသိုလ် ပါမောက္ခ ဒေါက်တာဂျို့ဇက်စတစ်ဂလစ်ရှ်၊ မြန်မာပြည်ဖွား ဘောဂဗေဒပညာရှင် ဒေါက်တာအာရ်ဖင်းဒ်လေး တို့နှင့်အတူ မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကြံပြုဆွေးနွေးပွဲများကို ရန်ကုန်နှင့် နေပြည်တော်တို့တွင် လာရောက် ဟောပြောခဲ့ဖူးပါတယ်။
ဒီစာအုပ်ထဲမှာ စစ်ပြီးခေတ် ဖွံ့ဖြိုးမှုနိမ့်ကျနေတဲ့ နိုင်ငံများရဲ့ ဘောဂဗေဒကို စနစ်တကျ ချဉ်းကပ်လေ့လာထားပါတယ်။ လယ်ယာကဏ္ဍကို ဦးစားပေး လုပ်ကိုင်နေကြတဲ့ နိုင်ငံများရဲ့ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လေ့လာချက်များ၊ လယ်ယာကဏ္ဍနဲ့ ငွေကြေးအဆောက်အအုံဆိုင်ရာ ဆက်စပ်မှုများကို အသးစိပ် လေ့လာတင်ပြ ထားပါတယ်။ ဒီစာအုပ်မှာ အခန်း(၁၀) ပါဝင်ပါတယ်။ ဘောဂဗေဒဘာသာရပ်ကို သင်ယူလေ့လာနေတဲ့ ကျောင်းသားကျောင်းသူများ ၊ ဖွံ့ဖြိုးဆဲနိုင်ငံများရဲ့ ဘောဂဗေဒဆိုင်ရာ အချက်အလတ်များကို လေ့လာလိုသူများ အထူးပြု ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်း တစ်အုပ်လည်း ဖြစ်ပါတယ်။
..........
♦️"အရှေ့တောင်အာရှနိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးမှု ပေါ်လစီများ"
မူရင်း - Southeast Asia's Economy: Development Policies in the 1970s' By Dr. Hla Myint
မြန်မာပြန်ဆိုသူ - ဗဟုသုတစာစဉ်
အရှေ့တောင်အာရှနိုင်ငံတွေ အဓိကရင်ဆိုင်နေရတဲ့ တိုးတက်ဖွံ့ဖြိုးရေးဆိုင်ရာ ပြဿနာအရပ်ရပ်ကို သုံးသပ်ပြီး အကြံဉဏ်ပေးဖို့ ၁၉၆၉ ခုနှစ်၊ ဧပြီလ ဘန်ကောက်မြို့မှာ ကျင်းပတဲ့ စတုတ္ထကြိမ်မြောက် အရှေ့တောင်အာရှ စီးပွား ရေးညီလာခံက (ADB) အာရှဖွံ့ဖြိုးရေးဘဏ်ကို မေတ္တာရပ်ခံခဲ့ပါတယ်။ ၁၉၇၀ ပြည့်လွန်နှစ်တွေမှာ (၁၉၇၀-၁၉၈၀) အရှေ့တောင်အာရှနိုင်ငံတွေ ဘယ်လိုစီးပွားရေးလမ်းစဉ်ချမှတ်သင့်သလဲဆိုတာ ကျွမ်းကျင်သူတွေက အကြံပေးဖို့ သက်ဆိုင်ရာအစိုးရတွေကို တောင်းဆိုခဲ့ပါတယ်။ ကဏ္ဍပိုင်းဆိုင်ရာ အစီရင်ခံစာ Special Reports တွေကို သက်ဆိုင်ရာပညာရှင်အသီးသီးက ရေးသားပြီး အရှေ့တောင်အာရှ စီးပွားရေးတစ်ခုလုံး ခြုံငုံတင်ပြတဲ့အစီရင်ခံစာ Overall Reportကို လန်ဒန်စီးပွားရေးတက္ကသိုလ် ပါမောက္ခ ဒေါက်တာလှမြင့်က ရေးပါတယ်။ မြန်မာပြည်ကလွဲလို့ အရှေ့တောင်အာရှနိုင်ငံတွေကို သွားရောက်လေ့လာပြီး ရေးသားခဲ့တဲ့ အစီရင်ခံစာပါပဲ။
ဒေါက်တာလှမြင့်ဆိုတာ London School of Economics ကနေ စီးပွားရေးပါရဂူဘွဲ့ကို မြန်မာလူမျိုးများထဲက အသက်အငယ်ဆုံး ရရှိခဲ့သူ။ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို စီးပွားရေး ဖွံ့ဖြိုးလာအောင် အဓိကလမ်းညွှန် ပေးခဲ့တဲ့ ကမ္ဘာ့အဆင့် Development Expert တစ်ယောက်၊ ဒီနေ့ ဂျပန်လို နိုင်ငံမျိုးကတောင် သူ့သီအိုရီတွေကို အသုံးပြုပြီး တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာအောင် တည်ဆောက်ခဲ့ရကြောင်း ဝန်ခံထားရသူ။ နာမည်ကျော် ဘောဂဗေဒပညာရှင် မောင်စူးစမ်းရဲ့ ဆရာရင်းလည်း ဖြစ်ပါတယ်။ ဆရာကြီးဟာ ပညာရှင် မာယ်သပ်စ်၊ ဒေးဗစ်ရီကာဒိုတို့ နောက်ပိုင်း ဖွံ့ဖြိုးရေးဘောဂဗေဒကို အာသာလူးဝစ်၊ ဒဗလျူရော့စတိုး တို့နှင့်အပြိုင် ခေတ်ပြိုင်ဖွံ့ဖြိုးမှု သဘောတရား ကိုယ်ပိုင်ဟန်ကို ထူထောင်ပြနိုင်သူ ဖြစ်ပါတယ်။
လွန်ခဲ့သော ၁၀ နှစ်ခန့်က ဆရာကြီးဟာ ဘောဂဗေဒ နိုဗယ်ဆုရှင် ကိုလံဘီယာတက္ကသိုလ် ပါမောက္ခ ဒေါက်တာဂျို့ဇက်စတစ်ဂလစ်ရှ်၊ မြန်မာပြည်ဖွား ဘောဂဗေဒပညာရှင် ဒေါက်တာအာရ်ဖင်းဒ်လေး တို့နှင့်အတူ မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကြံပြုဆွေးနွေးပွဲများကို ရန်ကုန်နှင့် နေပြည်တော်တို့တွင် လာရောက်ဟောပြောခဲ့ဖူးပါတယ်။
အရှေ့တောင်အာရှတိုးတက်ဖွံ့ဖြိုးရေးမှာ အရေးကြီးတဲ့ အဓိကလေ့လာမှု တစ်ခုအတွက် ပါမောက္ခ ဦးလှမြင့်ဟာ မြန်မာပြည်ကို ၀င်ခွင့်မရခဲ့ပါဘူး။ တိုင်းပြည် တိုးတက်ဖွံ့ဖြိုးပြီး ကမ္ဘာ့စီးပွားရေးရေစီးကြောင်းမှာ ရှင်သန်နိုင်မဲ့ နည်းလမ်းကို ရှာဖွေပေးဖို့ အရှေ့တောင်အာရှအစိုးရအသီးသီးက ပညာရှင်တွေကို အကူအညီ တောင်းနေစဉ် မြန်မာပြည်မှာ အထီးကျန်ဆိုရှယ်လစ်လမ်းစဉ် ကျင့်သုံးနေတာကြောင့် အကြံဉာဏ် တောင်းရကောင်းမှန်း မသိခဲ့ပါဘူး။ ၁၉၈၈ ခုနှစ်မှာ ဆိုရှယ်လစ်အစိုးရကို တစ်ပြည်လုံးက ကန့်ကွက်ဆန္ဒပြတဲ့ အခါမှာ စစ်အုပ်စုက ဆန္ဒပြပွဲကို ဖြိုခွဲပြီး အရင်းရှင်စျေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးမယ်လို့ ကြေညာ ပါတယ်။ ဒါပေမဲ့ စျေးကွက်မပီသပါဘူး။
အခြားအရှေ့တောင်အာရှနိုင်ငံတွေနဲ့ယှဉ်လိုက်ရင် မြန်မာပြည်ဟာ နှစ်ပေါင်း ၃၀ ကျော် နောက်ကျနေပါတယ်။ ပါမောက္ခဦးလှမြင့်ရဲ့ အရှေ့တောင်အာရှစီးပွား ရေးစာအုပ်ဟာ လွန်ခဲ့တဲ့ ၄၉ နှစ်က (၁၉၇၂ ခုနှစ်) ထုတ်ဝေခဲ့ပေမဲ့ ခေတ်နောက် ကျနေတဲ့ မြန်မာပြည်အတွက်ကတော့ သင်ခန်းစာယူစရာ အများအပြားပါ၀င်ပါ တယ်။
Genius Book House
_________
🔴𝐏𝐚𝐫𝐢𝐬 𝐏𝐮𝐛𝐥𝐢𝐬𝐡𝐢𝐧𝐠 𝐇𝐨𝐮𝐬𝐞's Page မှ ကူးယူဖော်ပြပါသည်။
10/06/2024
MDevS/EMDevS ဝင်ခွင့်လျှောက်ထားသော လူကြီးမင်းများရှင့်-
-အနီးကပ်သင်တန်းပို့ချမည့်အချိန်စာရင်းကို သိရှိစေရန်အသိပေးအကြောင်းကြားအပ်ပါသည်။
-အနီးကပ်သင်တန်းကြေးမသွင်းရသေးသူများ အနီးကပ်သင်တန်းတက်လို့ပါကသင်တန်းကြေးပေးသွင်းစေလိုပါသည်။K pay ဖြင့်လည်း သင်တန်းကြေးသွင်းနိုင်ပါသည်
-Zoom link ကိုအနီးကပ် သင်တန်းဖွင့်မည့်ရက်ကို သင်တန်းမစခင် ရက်အတွင်း ထပ်မံပေးပို့လိုက်ပါမည်ရှင့်။
MDevS (online class) & EMDevS (online class)
Training for Entrance
(12 June 2024) to (20 June 2024)
Deadline for Submission - 11 June 2024
Join up-☎(09-5059618, 09-455308087 and 09-766909099)
ရန်ကုန်စီးပွားရေးတက္ကသိုလ်/ဘောဂဗေဒဌာနမှ ၂၀၂၄ခုနှစ်အတွတ် Online Class
(1)Master of Development Program (MDevS)
(2)Executive Master of Development Program EMDevS)
ဖွံ့ဖြိုးတိုးတက်မှုနယ်ပယ်တွင် အလုပ်လုပ်သူများနှင့် စိတ်ပါဝင်စားသူများအားလုံး အချိန်မီလျှောက် ထားနိုင်ရန်အတွက် သတင်းပေးအပ်ပါသည်။
📢အဝေးမှဝယ်ယူသူ၊ Form တင်သွင်းလိုသူများအတွတ် စီစဥ်ပေးနိုင်ရန် အောက်ပါဖုန်းနံပါတ်များကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။
(၂၈.၃.၂၀၂၄)မှ(၂၁.၆.၂၀၂၄)ထိ ဝယ်ယူနိုင်ပါသည်။
📞09- 5059618၊ 09-420038785၊09-455308087
14/02/2024
SI Leader Lab 2024 | Swedish Institute Leadership Program | Fully Funded
SI Leader Lab 2024 | Swedish Institute Leadership Program | Fully Funded SI Leader Lab 2024 is a fully funded leadership program by the Swedish Institute. The aim of the youth leadership program
Click here to claim your Sponsored Listing.
Category
Contact the university
Telephone
Website
Address
Corner Of Pyay Road And Inya Road
Kamayut
-