Easy Referral Service

Easy Referral Service

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Easy Referral Service, Medical and health, Kamayut.

Photos from Easy Referral Service's post 20/11/2023

လေဖြတ်ခြင်းနှင့် လေဖြန်းခြင်း

ဒီစကားလုံး ၂ လုံးဟာ ကျွန်တော်တို့နဲ့ မစိမ်းပါဘူး. ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ခဏခဏကြားနေရတဲ့ ရောဂါတွေ ဖြစ်လို့ပါဘဲ၊ ဆက်ပြီး ဖတ်ကြည့်ကြရအောင်⏩

🫀လေဖြတ်ခြင်းသည် ဦးနှောက်၏ အစိတ်အပိုင်းများသို့ သွေးထောက်ပံ့မှု ပြတ်တောက်ခြင်း (သို့) လျော့နည်းသွားကာ ဦးနှောက်တစ်ရှူးများ၏ အောက်ဆီဂျင်နှင့် အာဟာရများ ဆုံးရှုံးသွားသောကြောင့် ဦးနှောက်ဆဲလ်များ သေစေပြီး အမြဲတမ်း ပျက်စီးစေပါသည်။ လေဖြတ်ခြင်း ၂ မျိုး ရှိသည့်အနက် ပထမတခုမှာ သွေးခဲ၍ နှလုံးသွေးကြော ပိတ်/ကျဉ်းပြီး လေဖြတ်ခြင်းနှင့် နောက်တခုမှာသွေးတိုးသောကြောင့် သွေးကြောပေါက်၍ အနီးနားရှိ ဦးနှောက်တစ်ရှူးသို့ သွေးယိုစိမ့်ပြီး လေဖြတ်ခြင်းတို့ ဖြစ်ပါသည်။

🫀 လေဖြန်းခြင်းကတော့ လေမဖြတ်ခင် အဆင့် ဖြစ်ပါသည်။ အမြဲတမ်းပျက်စီးမှုမဖြစ်စေဘဲ ဦးနှောက်သို့ သွေးထောက်ပံ့မှု ယာယီပြတ် တောက်မှုဖြစ်သည်။ လေဖြတ်ခြင်းနှင့် လေဖြန်းခြင်း နှစ်မျိုးလုံးသည် ချက်ချင်းဂရုပြုရန်လိုအပ်သည့် ပြင်းထန်သော ကျန်းမာရေးအခြေအနေများဖြစ်သည်။

🤷🏻‍♀️ဘာကြောင့် ဖြစ်ရတာလဲ🤷🏻‍♀️

🙅🏼‍♀️သွေးတိုးခြင်း။
🙅🏼‍♀️ဆေးလိပ်သောက်ခြင်း။
🙅🏼‍♀️ဆီးချိုရောဂါ ရှိခြင်း။
🙅🏼‍♀️သွေးတွင်း ကိုလက်စထရော များခြင်း။
🙅🏼‍♀️အဝလွန်ခြင်း။
🙅🏼‍♀️ပုံမှန် နှလုံးညှစ်မနေဘဲ ခါနေခြင်း။
🙅🏼‍♀️မိသားစုထဲတွင် လေဖြတ်သော ရာဇဝင်ရှိခြင်း။အသက်ကြီးလာသည်နှင့်အမျှ ဖြစ်နိုင်ခြေများခြင်း။
🙅🏼‍♀️လေဖြတ်/လေဖြန်းဖူးသော ရာဇဝင်ရှိခြင်း။

🤢ဘယ်လိုတွေ ခံစားရမလဲ

🤷🏻‍♀️မျက်နှာ၊ လက်၊ ခြေထောက်တို့တွင် ရုတ်တရက် ထုံကျင်ခြင်း (သို့) အားနည်းခြင်း၊ အထူးသဖြင့် ခန္ဓာကိုယ် တခြမ်းထဲတွင် ဖြစ်ခြင်း။
🤷🏻‍♀️ရုတ်တရက် စိတ်ရှုပ်ထွေးခြင်း (သို့) စကားပြောရာတွင် အသံ မပီသလာခြင်း။
🤷🏻‍♀️မျက်လုံးတစ်ဖက် (သို့) နှစ်ဖက်စလုံးတွင် ရုတ်တရက်မြင်ရခက်ခြင်း။
🤷🏻‍♀️ရုတ်တရက် လမ်းလျှောက်ရာတွင် ခက်ခဲခြင်း၊ မူးဝေခြင်း၊ ဟန်ချက်ပျက်ခြင်း၊ ပုံမှန် မဟုတ်ခြင်း။
🤷🏻‍♀️အကြောင်းရင်းမသိဘဲ ရုတ်တရက် ပြင်းထန်စွာ ခေါင်းကိုက်ခြင်း။

🚩လေဖြန်းရောဂါလက္ခဏာများသည် လေဖြတ်ခြင်း၏ လက္ခဏာများနှင့် ဆင်တူသော်လည်း ပုံမှန်အားဖြင့် ပြန်ကောင်းရန် မိနစ်အနည်းငယ်မှ နာရီအနည်းငယ်သာ ကြာကြောင်း သတိပြုရန် အရေးကြီးပါသည်။

🏥 အထက်ပါ ရောဂါလက္ခဏာတွေ ကြုံတွေ့လာရပီဆိုလျှင် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းတွေမှာ အမြန်ဆုံး ဆေးကုသခံယူဖို့ လိုအပ်ပါတယ်ဆိုတာ ဗဟုသုတအနေနှင့် မျှဝေအပ်ပါသည်။

🤍အားလုံး ကျန်းမာပျော်ရွှင်ပြီး စိတ်နှလုံးအေးချမ်းကြပါစေ။🤍

Want your business to be the top-listed Health & Beauty Business in Kamayut?
Click here to claim your Sponsored Listing.

Category

Address


Kamayut

Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 08:00 - 20:30
Sunday 08:00 - 20:00