APN Contents Creation

APN Contents Creation

Share

APN for your online business Details of services provided Page Messenger for more information You ca

10/06/2024
26/05/2024

လူတွေဟာ သူတို့သိထားတဲ့ အကြောင်းအရာတွေ သိထားသမျှ အဖြစ်အပျက်တွေကို ပြန်လည်ဝေမျှတက်တဲ့အကျင့်ရှိပါတယ်။ ဒီလိုစကားတွေဖောက်သည်ချတဲ့အခါ နားထောင်နေတဲ့သူတွေကတစ်ဆင့် လူပေါင်းများစွာကို အလွယ်တကူပဲပြန့်နှံစေနိုင်ပါတယ်။

ဒီလိုအယူအဆတစ်ရပ်ကို Seth Godin ရဲ့
Purple Cow စာအုပ်မှာလည်း ဖော်ပြခဲ့ဖူးပါတယ်။အမှတ်ရဖွယ် အကြောင်းအရာတွေကို ပြောဆိုမှုတွေဟာ တဖက်လူကိုလည်း မှတ်မိစေနိုင်တဲ့ မှတ်မှတ်ရရရှိသွားစေနိုင်ကြောင်းကို Remarkableဆိုတဲ့ topicsနဲ့ ပြောဆိုထားပါတယ်။

Marketingမှာလည်း တစ်ဆင့်စကားပြောဆိုခြင်းနဲ့ပတ်သက်ပြီး ယူဆချက်တွေများစွာရှိပါတယ်။ကိုယ့်ကုန်ပစ္စည်း ဝန်ဆောင်မှုတွေကို တစ်ဆင့်စကားနဲ့ကျယ်ကျယ်ပြန့်ပြန့် သိလာစေဖို့ လုပ်ဆောင်မှုတွေရှိကြတာပါပဲ။ဒီလိုလုပ်ဆောင်ချက်ကဏ္ဍရပ်တွေများစွာရှိတဲ့ထဲက ကျနော်အခုပြောမှာကတော့ Andy Sernovitzရေးးထားတဲ့ Word of Mouth Markrting စာအုပ်ထဲက အကြောင်းအရာတစ်ချို့ကို ကောက်နုတ်တင်ပြထားခြင်းဖြစ်ပါတယ်။

ကျနော်တို့တစ်ဆင့်စကားတစ်ဆငိ့သယ်ဆောင်လာတာကို မားကက်တင်းမှာတော့
Word of mouthလို့ခေါ်ပါတယ်။အဲ့မှာ၂မျိုးထပ်ကွဲပါတယ်။တစ်မျိုးကတော့ တမင်လူပြောများလာအောင်ရည်ရွယ်ဖန်တီးပြီး လူတွေကလည်းကျေကျေနပ်နပ် ပါဝင်ကြတဲ့ တစ်ဆင့်စကား(organic word of mouth)နဲ့ ထွင်လုံးလို့အလွယ်သုံးလို့ရတဲ့ ချဲ့ကားထားတဲ့တစ်ဆင့်စကား(amplified word of mouth)ဆိုပြီး ထပ်ရှိပါတယ်။

လုပ်ငန်းတစ်ခုမှာ word of mouth marketing ကဏ္ဍကလည်း အတော်လေးအရေးပါတဲ့နေရာမှာရှိပါတယ်။ဝယ်သူအချင်းချင်းကပြန်ညွှန်းတာပဲဖြစ်ဖြစ် စကားစပ်မိရင်း ပြောတာပဲဖြစ်ဖြစ် တော်တော်လေး effectiveကြီးတဲ့ ကဏ္ဍတစ်ခုလို့ပြောလို့ရပါတယ်။

ဒီတစ်ဆင့်စကားတစ်ဆင့်နား ဆိုတဲ့ word of mouthကိုသတ်မှတ်ပေးထားတဲ့ အချက်(၅)ချက်ရှိပါတယ်။
Five Tsလို့ခေါ်ပါတယ်။

Talkers : ပြောတဲ့သူတွေပေါ့။" ဟဲ့ရေ နင်သိပြီးပြီလား အဲ့ပစ္စည်းလေဈေးကနဲတော့ အစကမယုံရဲဘူး သုံးကြည့်မှဟယ် သိလား မတရားကောင်းတာဟယ်" ဘာညာတော်ကီဖုတ်တဲ့အပိုင်းပေါ့။

Topics: အကြောင်းအရာတွေကိုရည်ညွှန်းတာပါ။" ဟာ ဒီဆိုင်ကဟာကပန်ကာက ဈေးနဲနဲလေးပိုကွာတယ်ဆိုပေမယ့် ညည်းဝယ်ထားတဲ့ဟာထက် အကြမ်းခံတယ်လေ။ခုပဲကြည့်ပါလား ညည်းပန်ကာက လည်တာနွားဘီးရွေ့နေသလောက်ပဲရှိတာ" ဆွေးနွေးချင်တဲ့ အကြောင်းအရာတစ်ခုအပေါ်အခြေခံပြီးတင်ပြတာပေါ့။

Tools: ဒါကတော့အွန်လိုင်းဘက်ကိုရည်ညွှန်းရာလဲရောက်ပါတယ်။ဒီဘက်ခေတ်မှာဆို အရင်လိုမဟုတ်တော့ဘဲ chat apps တွေရာချီပေါ်နေပြီဖြစ်ပါတယ်။အဲ့ကတစ်ဆင့် ပြောကြတာမျိုးပေါ့။

Taking Part: ဒီကဏ္ဍကတော့ ပြောတဲ့သူကောနားထောင်သူပါ ပါလာတာတဲ့သဘောပေါ့။blogတွေjoinတာမျိုးတွေ Fb groupတွေjoinတာမျိုးတွေ စကားတွေအပြန်အလှန်မေးကြဆွေးနွေးကြတာမျိုးတွေဖြစ်ပါတယ်။

Track: ဒီအပိုင်းကတော့ ခြေရာခံတဲ့အပိုင်းတစ်ခုကိုရောက်ပြီလို့ဆိုနိုင်ပါတယ်။ဘရန်းတွေဘက်က နည်းပညာပိုင်းဆိုင်ရာတွေကို ကိုယ့်ဘရန်းကိုစိတ်ဝင်တစား ပြောဆိုစောင့်ကြည့်နေကြတဲ့ လူတွေဆီကို သွယ်ဝှိက်သောနည်းနဲ့ကော တိုက်ရိုက်နည်းနဲ့ပါ မြင်လာအောင်တွန်းပေးရတဲ့ ကဏ္ဍတစ်ခုဖြစ်ပါတယ်။

ဆိုတော့ WOM (Word of Mouth Marketing) ဆိုတာ Analog ခေတ်ကနေ ခု Digital age ထိကို သုံးမြဲသုံးဆဲ အသုံးဝင်နေဆဲ strategy တစ်ခုလို့ကို ဆိုရမှာပါပဲ။ ဘယ်ခေတ်မှာပဲ မားကတ်တင်းလုပ်လုပ် အရေးကြီးတာက တစ်ခုထဲပါပဲ။ အဲ့တာကလူတွေရဲ့ စိတ်ခံစားချက်ကို လှုပ်ကိုင်နိုင်ဖို့ပါ။ WOM ဆိုတာ လူတွေရဲ့စိတ်ခံစားချက်တွေနဲ့ Trust တွေကို လှုပ်ကိုင်ပေးနိုင်တဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လို့ Brand တွေ၊ မာကတ်တာတွေအနေနဲ့ သေချာလေး ဂရုတစိုက်သုံးသင့်တဲ့ process တစ်ခုပါလို့ပြောရင်း ဒီမှာတင် နိဂုံးချုပ်လိုက်ပါရစေ။ ဒီလောက်ဆို WOM Strategy ရဲ့အနှစ်သာရကို သိလောက်ပြီထင်ပါတယ်။

ကျေးဇူးတင်ပါတယ်……

Youtube Channelမှာလည်း ကဏ္ဍအလိုက် Playlistsတွေခွဲပြီး Video Contentsတွေတင်ပေးထားပါတယ်
https://www.youtube.com/

Designs resourcesတွေနဲ့ သင်ခန်းစာCoursesတွေကိုSharingလုပ်ပေးနေတဲ့ Telegram Channelကိုလည်းjoinထားနိုင်ပါတယ်
https://t.me/apndesignresources

25/04/2024

Porter's Five Forces

စီးပွားရေးလုပ်ငန်းတွေအနေနဲ့ မိမိတို့ရဲ့ လုပ်ငန်းတွေဟာ ဘယ်လိုအခြေအနေမျိုးမှာရှိနေတယ် ဘယ်လိုအပိုင်းတွေကအားသာပြီး ဘယ်အပိုင်းကအားနည်းနေတယ်ဆိုတာမျိုးတွေ တိုင်းတာဖို့ရာ အခုကျနော်ဖော်ပြပေးမယ့် Poter's Five Forces ဟာအတော်လေးအသုံးဝင်ပါတယ်။ကိုယ့်လုပ်ငန်းအခြေအနေကို ပြန်လည်သုံးသပ်ပြီး မဟာဗျူဟာကျကျ ပြန်လည်ရေးဆွဲတဲ့အပိုင်းမှာလည်း ဒီframeworkကို ကောင်းစွာပြန်လည်အသုံးချနိုင်မှာဖြစ်ပါတယ်။

Michael Porter ရဲ့ Porter's Five Forces မှာသတ်မှတ်ချက်(၅)ခုရှိပါတယ်။

The Bargaining Power of Buyers
The Bargaining Power of Suppliers
Threat of New Entrants
Threat of Substitute products
Competitive Rivalry within an Industry

The Bargaining Power of Buyers

လူတွေဟာ ရွေးချယ်စရာတွေသိပ်များလာတဲ့အခါ သူတို့အတွက် အကောင်းဆုံးဖြစ်နိုင်မယ်လို့ ယူဆရတဲ့အရာတွေကိုသာ ဦးစားပေးရွေးချယ်လေ့ရှိပါတယ်။Suppliersတွေဘက်က ရောင်းချင်တဲ့ဘယ်လိုထုတ်ကုန်ကိုမဆို ဈေးတက်ရောင်းချနိုင်သလို ဝယ်သူတွေဘက်ကလည်း ပိုပြီးဈေးသက်သာတဲ့နေရာကနေ ကြိုက်သလို ဝယ်ယူနိုင်ပါတယ်။ဒီနေရာမှာ အထူးသိထားသင့်တာကတော့ ကိုယ်လုပ်ငန်းရဲ့ ပုံမှန်ဝယ်နေကျ regular consumersတွေက ဘယ်လောက်ပမာဏထိရှိသလဲ။ဝယ်လိုအားဘယ်လောက်ရှိတယ် ဈေးနှုန်းကွာဟမှုရှိလို့ တခြားနေရာကဝယ်ရင်တောင် အလွယ်တကူဝယ်ယူနိုင်လားဆိုတာတွေဟာ ဝယ်သူတွေဘက်က ပြုလုပ်ဖန်တီးနိုင်တဲ့ Bargaining Powerတွေပဲဖြစ်ပါတယ်။ဆိုတော့ ဝယ်သူတွေရဲ့ ရွေးချယ်မှု(Buyer's Choice)ဝယ်ယူမှုကြိမ်နှုန်း(Buying Frequency)ထုတ်ကုန်အရည်အသွေး(Product Quality)နဲ့ ကုန်ကျစရိတ်ပြောင်းလဲမှု(Charging Costs)တွေအားလုံးဟာ ဖောက်သည်တွေဘက်ကနေ လိုသလိုတည်ဆောက် လွှမ်းမိုးနိုင်တဲ့ အရာတွေဖြစ်တယ်ဆိုတာ သိထားရပါမယ်။ဒါကြောင့် ကိုယ့်လုပ်ငန်းက ဘယ်လိုအနေအထားမှာရှိနေတယ် competitorsတွေနဲ့ ကွာဟာမှုနှုန်း(switching cost)တွေဘယ်လိုရှိနေတယ်ဆိုတာကို သုံးသပ်နိုင်ပါတယ်။

The Bargaining Power of Suppliers

လုပ်ငန်းကြီးသမားတွေကရော အိမ်တွင်းစီးပွားဖြစ်လုပ်ကိုင်နေတဲ့ လုပ်ငန်းလေးတွေကအစ resources တွေလိုအပ်ပါတယ်။တနည်းအားဖြင့် ကုန်ကြမ်းပေါ့။ဒီလိုအရာတွေကို ဘယ်သူတွေကsupply ပေးနေလဲဆိုတော့ suppliers တွေကလုပ်ပေးပါတယ်။ဒီအချက်မှာတော့ suppliersတွေရဲ့ လွှမ်းမိုးနိုင်စွမ်းတွေကို ရည်ညွှန်းထားတာဖြစ်ပါတယ်။ဥပမာ Retail လုပ်ငန်းလေးတွေအတွက် ပို့နေကျပစ္စည်းတွေကို supplierဘက်က မပို့ဘူးဆိုရင် တိုင်ပတ်မှာပါ။Supplierတွေအနေနဲ့ သူတို့ဆီကို ငွေလက်ငင်းရှင်းပေးနိုင်တဲ့သူတွေ သူတို့ကုန်ပစ္စည်းကို များများအော်ဒါယူပေးနိုင်တဲ့သူကိုပဲ ဦးစားပေးရွေးချယ်ရောင်းချမှာပါ။နောက်တစ်ချက်က ဈေးကစားနိုင်ခြင်းပါ။Supplierတွေဘက်က ဈေးနှုန်းအတက်အကျဟာလည်း မိမိတို့လုပ်ငန်းလည်ပတ်နေမှုရဲ့ ရရှိလာမယ့်အမြတ်အစွန်းမှာ သိသိသာသာသက်ရောက်နိုင်ပါတယ်။ဒီလိုအခြေအနေမျိုးမှာ လက်လီသမားတွေအနေနဲ့ supplyလုပ်ပေးနိုင်တဲ့Suppliers အရေအတွက်တွေ ပြီးတော့ သူတို့ဘက်ကပေးနိုင်တဲ့ Valueတွေကို Pricingတွေကိုပါ ထည့်တွက်ပြီးစဉ်းစားရပါတယ်။ဒါကြောင့် လုပ်ငန်းကြီးလုပ်နေသူတွေက ဒီလိုပြဿနာကိုဖြေရှင်းဖို့အတွက် Supply Chainကိုဦးစွာကိုင်တွယ်ဖြေရှင်းလေ့ရှိပါတယ်။ဥပမာ ဘဲကင်ဆိုင်ဖွင့်မယ်ဆိုရင် ဘဲမွေးမြူးရေးလုပ်ငန်းပိုင်းကို အဆင့်ဆင့်လုပ်ပြီးအသားကျလာမှ ဘဲကင်ဆိုင်စဖွင့်တာမျိုးပေါ့။နောက်ကြာလာတော့ ဆိုင်ခွဲတွေများစွာဖွင့်လာနိုင်တာမျိုးဟာ တနည်းအားဖြင့် Bargaining Power of Supplierကိုလျော့ချပစ်တဲ့သဘောပါပဲ။

Threat of New Entrants

ကိုယ်နဲ့လုပ်ငန်းတူ ပြိုင်ဘက်အသစ်တွေ ဈေးကွက်ထဲနေရာယူဝင်ရောက်လာရင် ကိုယ့်လုပ်ငန်းအခြေအနေပေါ် ဘယ်လောက်အတိုင်းအတာအထိ ထိခိုက်နိုင်လဲဆိုတာကို သုံးသပ်တဲ့အချက်တစ်ခုဖြစ်ပါတယ်။ဈေးကွက်မှာ လုပ်ငန်းတူပြိုင်ဘက်လုပ်ငန်းတွေ ဝင်ရောက်လာခဲ့ရင် အနည်းနဲ့အများဆိုသလို ကိုယ့်လုပ်ငန်းရဲ့ အကျိုးအမြတ်ကိုတော့ သက်ရောက်မှုရှိနိုင်ပါတယ်။ဒါကြောင့်ပြိုင်ဘက်တွေ အလုံးအရင်းနဲ့ဝင်လာလို့
မရအောင် ကြိုတင်ပြီးဗျူဟာကျကျစီမံထားဖို့အတွက် လုပ်ဆောင်ရတဲ့ကဏ္ဍတစ်ခုလို့ပြောလို့လည်းရပါတယ်။ဒီလိုပြိုင်ဘက်သစ်တွေ အလွယ်တကူ ဝင်မလာနိုင်အောင် အစိုးရရဲ့ နည်းဥပဒေထုတ်ပြန်ချက်တွေ တင်းကျပ်တဲ့စည်းမျဉ်းစည်းကမ်းတွေ အခွန်တွေနဲ့ တားမြစ်ထားပါတယ်။သဘောကတော့ ငွေကြေးနယ်ပယ်ကို ဥပဒေနဲ့ ကန့်သတ်ထားခြင်းမျိုးပါပဲ။

Threat of Substitute Products

အပေါ်မှာပြောခဲ့သလို ပြိုင်ဘက်လုပ်ငန်းတွေဝင်လာမှာကို စိုးရိမ်ရသလို ကိုယ်ရဲ့ဝန်ဆောင်မှုတွေထုတ်ကုန်ပစ္စည်းတွေကို အစားထိုးလာနိုင်တဲ့ အရာတွေကိုလည်း ကြောက်ရပါတယ်။ဈေးကွက်မှာ အကြီးမားဆုံးခြိမ်းခြောက်မှုကိုပြောပါဆိုရင် ရွေးစရာသိပ်များလာတယ်လို့ပဲ ဦးဆုံးပြောရပါလိမ့်မယ်။ဒီဘက်ခေတ်လို ရွေးစရာအပုံအပင်ရှိနေတဲ့အချိန်မှာ အစားထိုးလာနိုင်တဲ့ ထုတ်ကုန် ဝန်ဆောင်မှုတွေဟာ threatတစ်ခုဖြစ်လာစေတာပါပဲ။သောက်နေကျ သာမန်ရိုးကျ လက်ဖက်ရည်ဆိုင်လေးနဲ့ မလှမ်းမကမ်းမှာလာဖွင့်တဲ့ Coffe Shopဟာ လက်ဖက်ရည်ဆိုင်အတွက်တော့ threatတစ်ခုဖြစ်စေပါတယ်။ခေတ်ကာလပြောင်းလာတာနဲ့အမျှ လူတွေဟာစနစ်တကျအသေးစိတ်ပြင်ဆင်ပြီးကာမှ ဈေးကွက်ကိုဝင်တာပါ။Coffe Shopနဲ့ ဥပမာဆက်ပြောရရင်ဆိုင်ဖွင့်ကတည်းက ဓာတ်ဖမ်းလို့ရမယ့် spaceလေးတွေဖန်တီးထားတာမျိုး အပြင်ဆင်decorationကအအသေးစိတ်ချယ်သထားတာမျိုးတွေဟာ လူတွေကိုမတူညီတဲ့ vibesတွေရရှိစေပါတယ်။ဈေးလည်းသိပ်မကွာဘူးဆိုရင် အေးဆေးငြိမ့်လို့ရမယ့် Coffe ဆိုင်ကိုပဲသွားကြမှာ သေချာပါတယ်။ဒီလိုအခြေအနေဟာ ထုတ်ကုန် ဝန်ဆောင်မှုတွေကို အစားထိုးခံရတာဖြစ်ပြီး အစားထိုးနိုင်တဲ့ထုတ်ကုန်တွေဝန်ဆောင်မှုတွေကို ကာထားနိုင်ဖို့ရာ ကိုယ့်ဘက်က မတူညီတဲ့ ဝန်ဆောင်မှုတွေ Uniqueဖြစ်စေတဲ့အရာမျိုးစတဲ့ Value တစ်ခုခုပေးနိုင်ဖို့ လိုအပ်ပါတယ်။

Competitive Rivalry within an Industry

ဒီအချက်ကတော့ ဈေးကွက်မှာရှိနေတဲ့ ကိုယ်နဲ့ပုံစံတူ ပြိုင်ဘက်လုပ်ငန်းတွေရဲ့ အခြေအနေကို သုံးသပ်တဲ့အဆင့်တစ်ခုဖြစ်ပါတယ်။ဈေးကွက်မှာ အများဆုံးMarket shareရယူထားတာဘယ်သူတွေလဲ သူတို့တွေဘယ်လိုပုံစံတွေနဲ့ ပြိုင်ဆိုင်မှုတွေကိုလုပ်ဆောင်နေကြလဲဆိုတာဟာ ချည်းကပ်လေ့လာတဲ့ ကဏ္ဍတစ်ခုဖြစ်ပါတယ်။ဒီလိုပြိုင်ဆိုင်မှုတွေကြုံတွေရလာပြီဆိုရင် ကိုယ့်ဆီကအမြဲတမ်းအားပေးနေကျ အမာခံဖောက်သည်တွေဟာ လွန်စွာမှ အရေးပါတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဒီလိုအမြဲတမ်းဖောက်သည်တွေများများရှိထားလေ ပြိုင်ဆိုင်မှုကို အနည်းနဲ့အများတော့ ကာထားနိုင်ပါတယ်။ဆိုတော့ Competitive Advantageများများရှိနေလေ ပြိုင်ဆိုင်မှုတွေကို ကောင်းကောင်းရင်ဆိုင်နိုင်လေဖြစ်ပါတယ်။နောက်တစ်ချက်ကတော့ Innovationပါ ကိုယ့်ပြိုင်ဘက်တွေနဲ့မထူးမခြားနား ထုတ်ကုန်ဝန်ဆောင်မှု ဈေးနှုန်းတွေ ခေတ်နဲ့လျော်ညီတဲ့ အတွေးအမြင်အသစ်အဆန်းတွေနဲ့ Innovative မလုပ်နိုင်ဘူးဆိုရင်တော့ ဈေးကွက်မှာ ယှဉ်ပြိုင်မှုဟာ နောက်ကောက်ကျခဲ့နိုင်ပါတယ်။

ကျနော်အပေါ်မှာ အကျဉ်းကျုံး ရှင်းပြခဲ့တဲ့ key factors 5ခုဖြစ်တဲ့ Poter's Five Forces Farmeworkဟာ industry analysis နဲ့ business strategy developmentလုပ်ရာမှာ လွန်စွာအသုံးဝင်ပါတယ်။ဒီထက်ပိုပြီး detailsကျကျ ဖတ်ရှုချင်သူတွေအတွက် key notesတွေသီးသန့်စုပြီးဖော်ပြထားတဲ့ အောက်ကebookလေးတွေကတစ်ဆင့်လေ့လာနိုင်ပါတယ်။

Five Forces Porter
……………………...........
https://drive.google.com/drive/folders/1mHPVKcjPC5ykRWLkO_4eUmNs_L6BhB93?usp=sharing

Youtube Channelမှာလည်း ကဏ္ဍအလိုက် Playlistsတွေခွဲပြီး Video Contentsတွေတင်ပေးထားပါတယ်
https://www.youtube.com/

Designs resourcesတွေနဲ့ သင်ခန်းစာCoursesတွေကိုSharingလုပ်ပေးနေတဲ့ Telegram Channelကိုလည်းjoinထားနိုင်ပါတယ်
https://t.me/apndesignresources

Want your business to be the top-listed Media Company in Kamayut?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Kamayut