Genius English Language Centre
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Genius English Language Centre, Language school, Kamayut.
✨ ရင်သွေးငယ်တို့ရဲ့ အနာဂတ်အတွက် စိတ်မပူရအောင် "Genius" မှာ ပြင်ဆင်ကြစို့ ✨
6.6.2026 စနေ နေ့တွင် စတင်သင်ကြားပါမည်။
မိဘတိုင်းရဲ့ အိမ်မက်ကတော့ ကိုယ့်သားသမီးလေးတွေကို နောင်တစ်ချိန်မှာ အောင်မြင်တဲ့သူတွေ ဖြစ်စေချင်တာပါ။ ဒါပေမဲ့ ၁၂ တန်း (Grade 12) ရောက်တဲ့အခါ အင်္ဂလိပ်စာ Unseen (မမြင်ဖူးတဲ့ မေးခွန်းတွေ) ကို ရင်ဆိုင်ရမှာ ဖြစ်လို့ အလွတ်ကျက်ရုံနဲ့ မရတော့ပါဘူး။ အင်္ဂလိပ်ဘာသာစကားကို တကယ် တတ်မြောက်ထားမှသာ အေးဆေးစွာ ဖြေဆိုနိုင်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် နောင်တစ်ချိန် လူကြီးဘဝ လုပ်ငန်းခွင်ထဲဝင်တဲ့အခါ အင်္ဂလိပ်စာမရလို့ စိတ်ဖိစီးမှုတွေ မကြုံရအောင်၊ ဘဝမှာ အခွင့်အလမ်းကောင်းတွေ လက်မလွှတ်ရအောင် ငယ်ရွယ်စဉ်ကတည်းက စနစ်တကျ ပြုစုပျိုးထောင်ပေးဖို့ အရေးကြီးဆုံးပါပဲ။
ကလေးတို့ရဲ့ အင်္ဂလိပ်စာ အရည်အသွေးကို ဘက်စုံဖွံ့ဖြိုးစေဖို့ Genius English Language Centre က အသင့်ရှိနေပါပြီ။
📚 ဘာတွေသင်ကြားပေးမလဲ? (4 Skills + 4 Pillars)
အင်္ဂလိပ်စာ အခြေခံကစပြီး ကျွမ်းကျင်တဲ့အထိ အောက်ပါ အဓိက အစိတ်အပိုင်း (၈) ခုကို စနစ်တကျ အချိတ်အဆက်မိမိ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
🎧 Listening (နားထောင်မှုစွမ်းရည်)
🗣️ Speaking (ရဲရဲဝံ့ဝံ့ ပြောဆိုနိုင်မှု)
📖 Reading (ဖတ်ရှုနားလည်မှု)
✍️ Writing (စာစီစာကုံးနှင့် စာကြောင်းအလှ ရေးသားမှု)
🔤 Phonetics (အသံထွက်မှန်ကန်စေမည့် နည်း)
📝 Grammar (သဒ္ဒါစည်းမျဉ်းစနစ်များ)
💡 Vocabulary (ဝေါဟာရ ကြွယ်ဝမှု)
🔄 Translation (ဘာသာပြန်ဆိုမှု စွမ်းရည်)
⏱️ အတန်းချိန်နှင့် Level အစီအစဉ်များ
ကလေးရဲ့ အင်္ဂလိပ်စာ အဆင့်အတန်းကို တိတိကျကျ သိရှိနိုင်ဖို့ Placement Test (အရည်အချင်းစစ် စာမေးပွဲ) စစ်ဆေးပြီးမှ သင့်တော်ရာ Level အလိုက် ခွဲခြားသင်ကြားပေးမှာ ဖြစ်ပါတယ်။
(မှတ်ချက် - အသက် ၆ နှစ် နှင့် ၇ နှစ် ကလေးငယ်များအတွက် Placement Test ဖြေဆိုရန် မလိုပါ။)
🗓️ သင်တန်းရက် - စနေ ၊ တနင်္ဂနွေ (ဥပုသ်နေ့များတွင်လည်း ပုံမှန်ဖွင့်လှစ်ပါသည်။)
Level 1 : 8:00 AM – 9:00 AM
Level 2 : 9:00 AM – 10:00 AM
Level 3 : 10:00 AM – 11:00 AM
Level 4 : 11:00 AM – 12:00 PM
👧 ဘယ်အရွယ်တွေ တက်ရောက်နိုင်မလဲ?
အသက် ၆ နှစ်မှ ၁၈ နှစ်အထိ ကလေးများနှင့် လူငယ်များ တက်ရောက်နိုင်ပါသည်။
💰 သင်တန်းကြေး
တစ်လလျှင် - ၃၀,၀၀၀ ကျပ် (စာအုပ်ဖိုး သီးသန့်ရှိပါမည်။)
🏫 ကျောင်းလိပ်စာ နှင့် ဆက်သွယ်ရန်
Genius English Language Centre
ရတနာပုံ (၃) လမ်း၊ မြဝတီရပ်ကွက်၊ ဟင်္သာတမြို့။
📞 ဖုန်းနံပါတ် - 09-422548254, 09-982590154
သားသမီးတို့ရဲ့ နောင်ရေးအတွက် "နောင်တ" မရစေဖို့ အခုပဲ စာရင်းပေးသွင်း လိုက်ကြပါစို့။ 🌟
အင်္ဂလိပ်စာကို ဘာကြောင့် Phonetics (အသံထွက်) ကနေ စတင်လေ့လာသင့်သလဲ?
ကျွန်တော် ကြိုက်တာတော့
အင်္ဂလိပ်စာကို အခြေခံကနေ စတင်မယ့်သူတိုင်းအတွက် အကောင်းဆုံးနဲ့ အမြန်ဆုံး လမ်းကြောင်းကတော့ Phonetics (အသံထွက်စနစ်) ကနေ စတင်ဖို့ပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့-
၁။ ပါးစပ်သန်စေတယ် (Developing Muscle Memory)
အစကတည်းက Pronunciation (အသံထွက်) ကို မှန်မှန်ကန်ကန် လေ့ကျင့်ထားရင် ပါးစပ်နဲ့ လျှာက အင်္ဂလိပ်အသံတွေနဲ့ ယဉ်ပါးသွားပါတယ်။ အထူးသဖြင့် Pronunciation course တွေမှာပါတဲ့ Tongue twisters (လျှာလိပ်စကားလုံးများ) ကို ကျွမ်းကျင်အောင် လေ့ကျင့်ထားရင် စကားပြောတဲ့အခါ ထစ်ငေါ့မှုမရှိဘဲ ချောမောစေပါတယ်။
၂။ Listening (နားထောင်ခြင်း) စွမ်းရည် တက်စေတယ်
ကိုယ်တိုင်က အသံထွက်မှန်မှ သူများပြောတာကိုလည်း နားလည်နိုင်မှာပါ။ Phonetics ကို နားလည်ထားတဲ့အခါ တစ်ဖက်လူပြောတဲ့ စကားလုံးတွေကို ခွဲခြားရလွယ်ကူသွားပြီး Listening စွမ်းရည် သိသိသာသာ တိုးတက်လာပါလိမ့်မယ်။
၃။ Speaking (စကားပြော) အတတ်မြန်စေတယ်
အခြေခံစကားပြော (Basic Speaking) လေ့ကျင့်တဲ့အခါ အသံထွက်ကို ပူစရာမလိုတော့တဲ့အတွက် ဝါကျတည်ဆောက်ပုံအပေါ်မှာပဲ အာရုံစိုက်နိုင်သွားပါတယ်။ ဒါကြောင့် တခြားသူတွေထက် စကားပြော ပိုမြန်မြန် တတ်လာမှာပါ။
၄။ ယုံကြည်မှု ရှိစေတယ် (Clear & Confident)
အသံထွက်က ကြည်ကြည်လင်လင်၊ ပီပီသသ ရှိနေတဲ့အတွက် စကားပြောတဲ့အခါ မိမိကိုယ်ကိုယ် ယုံကြည်မှု အပြည့် ရှိစေပါတယ်။ အသံထွက် ပီသခြင်းဟာ သင့်ရဲ့ English Skill ကို ပိုပြီး Professional ဆန်စေပါတယ်။
Phonetics ကို အရင်စလုပ်ပါ။ အသံထွက် အုတ်မြစ်ခိုင်မှ နောက်ပိုင်း လေ့လာမှုတွေက ပိုလွယ်ကူပြီး အောင်မြင်မှာ ဖြစ်ပါတယ်။
Phonetics
/t//d/
Saya Wai Lin Kyaw
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Kamayut
ရတနာပုံ(၃)လမ်း၊မြဝတီရပ်ကွက်