ORA Learning Hub

ORA Learning Hub

Share

Japanese Language Center

13/01/2023

#အဆောက်အဦးသန့်ရှင်းရေးလုပ်ငန်း
အဆောက်အဦးအတွင်းပိုင်းကို သန့်ရှင်းရေးလုပ်ရသည့်အလုပ်






#ピエス日本語学校

#海外人材紹介会社
#人材紹介

13/01/2023

#မည်ကဲ့သို့လုပ်ဆောင်ပါကအလုပ်လုပ်ခွင့်ရနိုင်မည်နည်း
အထူးကျွမ်းကျင်လုပ်သားနံပါတ်(၁) နေထိုင်ခွင့်ဗီဇာဖြင့် အလုပ်လုပ်ရန်အတွက် ဂျပန်စာအရည်အချင်းစစ်စာမေးပွဲ နှင့် ကျွမ်းကျင်မှုစစ်ဆေးသည့်စာမေးပွဲကို ဖြေဆိုအောင်မြင်ရန် လိုအပ်ပါသည်။
နည်းပညာလေ့လာရေးနံပါတ်(၂) ကို ကောင်းမွန်စွာပြီးဆုံးထားသောသူမှာ စာမေးပွဲအောင်ရန် မလိုအပ်ပါ။ သို့သော်လည်း တခြားသောနယ်ပယ်တွင် အလုပ်လုပ်မည့်အခါမျိုးတွင်မူ အလုပ်လုပ်ချင်သည့် နယ်ပယ်၏ ကျွမ်းကျင်မှုစစ်ဆေးသည့်စာမေးပွဲ အောင်ရန်လိုအပ်ပါသည်။
ထို့နောက် ကုမ္ပဏီနှင့် စာချုပ်ချုပ်လိုက်ပါက အထူးကျွမ်းကျင်လုပ်သား နေထိုင်ခွင့်ဗီဇာကို လျှောက်ထားနိုင်မည်ဖြစ်ပါသည်။

#မြန်မာနိုင်ငံတွင်ရှိသူဖြစ်ပါက…..

၁) ဂျပန်စာအရည်အချင်းစစ်စာမေးပွဲ၊ ကျွမ်းကျင်မှုစစ်ဆေးသည့်စာမေးပွဲ အောင်ထားရန် (နည်းပညာလေ့လာရေးကို ကောင်းမွန်စွာပြီးဆုံးထားသောသူမှာ စာမေးပွဲအောင်ရန် မလိုအပ်ပါ။)
စာမေးပွဲ

၂) ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုခြင်း

၃) လူဝင်မှုကြီးကြပ်ရေးရုံးတွင် နေထိုင်ခွင့်ဗီဇာ လျှောက်လွှာတင်ခြင်း
လိုအပ်သော စာရွက်စာတမ်းများ

၄) အလုပ်လုပ်ခြင်း

#ဂျပန်တွင်ရှိနေသည့်ပညာတော်သင်ကျောင်းသားဖြစ်ပါက

၁) ဂျပန်စာအရည်အချင်းစစ်စာမေးပွဲ၊ ကျွမ်းကျင်မှုစစ်ဆေးသည့်စာမေးပွဲအောင်ထားရန်

၂) ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုခြင်း

၃) လူဝင်မှုကြီးကြပ်ရေးရုံးတွင် နေထိုင်ခွင့်ဗီဇာ လျှောက်လွှာတင်ခြင်း
လိုအပ်သော စာရွက်စာတမ်းများ

၄) အလုပ်လုပ်ခြင်း

#ဂျပန်တွင်ရှိနေသည့်နည်းပညာလေ့လာရေးသင်တန်းသားဖြစ်ပါက (တူညီသော ကုမ္ပဏီ)

၁) လူဝင်မှုကြီးကြပ်ရေးရုံးတွင် နေထိုင်ခွင့်ဗီဇာ လျှောက်လွှာတင်ခြင်း

၂) အလုပ်လုပ်ခြင်း

#ဂျပန်တွင်ရှိနေသည့်နည်းပညာလေ့လာရေးသင်တန်းသားဖြစ်ပါက (မတူညီသော ကုမ္ပဏီ)

၁) ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုခြင်း

၂) လူဝင်မှုကြီးကြပ်ရေးရုံးတွင် နေထိုင်ခွင့်ဗီဇာ လျှောက်လွှာတင်ခြင်း

၃) အလုပ်လုပ်ခြင်း
*နည်းပညာလေ့လာရေး၏အလုပ်နှင့် ဆက်နွယ်မှုရှိသော နယ်ပယ်တွင် အလုပ်လုပ်သည့်အခါ။






#ピエス日本語学校

#海外人材紹介会社
#人材紹介

13/01/2023

နေထိုင်ခွင့်ဗီဇာ "အထူးကျွမ်းကျင်လုပ်သား" ဆိုသည်မှာ
အထူးကျွမ်းကျင်လုပ်သားဖြင့် အလုပ်လုပ်နိုင်သည့်နယ်ပယ်များမှာ အောက်ပါနယ်ပယ် ၁၂ ခုဖြစ်ပါသည်။
အထူးကျွမ်းကျင်လုပ်သားနံပါတ်(၁)အဖြစ် အလုပ်လုပ်နိုင်သော နယ်ပယ်

#သူနာပြုစောင့်ရှောက်မှုလုပ်ငန်း
ခန္ဓာကိုယ် မသန်မစွမ်းဖြစ်နေသူများကို အထောက်အပံ့ပေးရသည့်အလုပ်

#အဆောက်အဦးသန့်ရှင်းရေးလုပ်ငန်း
အဆောက်အဦးအတွင်းပိုင်းကို သန့်ရှင်းရေးလုပ်ရသည့်အလုပ်

#ဆောက်လုပ်ရေးလုပ်ငန်း
အိမ်၊ အဆောက်အဦးစသည့် အဆောက်အအုံများ တည်ဆောက်သည့်အလုပ်

#စက်အစိတ်အပိုင်းနှင့်စက်ကိရိယာလုပ်ငန်းများ (သတ္တုလုပ်ငန်း)၊
#စက်မှုစက်ရုံလုပ်ငန်း၊ လျှပ်စစ်၊ အီလက်ထရောနစ်နှင့် #သတင်းအချက်အလက်ထုတ်လုပ်ရေးလုပ်ငန်း

#စက်အစိတ်အပိုင်းနှင့်စက်ကိရိယာလုပ်ငန်းများ (သတ္တုလုပ်ငန်း)
စက်ပစ္စည်းအစိတ်အပိုင်း စသည့်ပစ္စည်းများကို ပြုလုပ်သည့် အလုပ်

#စက်မှုစက်ရုံလုပ်ငန်း
စက်ပစ္စည်းအစိတ်အပိုင်း စသည့်ပစ္စည်းများကို ပြုလုပ်သည့် အလုပ်

#လျှပ်စစ်၊အီလက်ထရောနစ်နှင့်သတင်းအချက်အလက် လုပ်ငန်း
စက်ပစ္စည်းအစိတ်အပိုင်း စသည့်ပစ္စည်းများကို ပြုလုပ်သည့် အလုပ်

#သင်္ဘောဆောက်ခြင်းနှင့်သင်္ဘောစက်ရုံလုပ်ငန်း
သင်္ဘောများကို တည်ဆောက်သည့် အလုပ်

#ကားပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း
မော်တော်ကားကို စစ်ဆေးခြင်းနှင့် ပြုပြင်ထိန်းသိမ်းသည့်အလုပ်

#လေကြောင်းလုပ်ငန်း
လေယာဉ်တွင် ကုန်ပစ္စည်းများတင်ဆောင်ခြင်း၊ လေယာဉ်ကို စစ်ဆေးခြင်း၊ ပြုပြင်ထိန်းသိမ်းသည့် အလုပ်

#ဟိုတယ်လုပ်ငန်း
ဟိုတယ်တွင် ဧည့်ကြိုခြင်းနှင့် ဝန်ဆောင်မှုပေးသည့် အလုပ်

#စိုက်ပျိုးရေးလုပ်ငန်း
ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရိတ်သိမ်းသည့် အလုပ်
ဝက်၊ နွား နှင့် ကြက်စသည့်တိရိစ္ဆာန်များ မွေးမြူသည့်အလုပ်

#ရေလုပ်ငန်း
ငါးဖမ်းခြင်း၊ ငါးမွေးခြင်း အလုပ်

#စားသောက်ကုန်ထုတ်လုပ်မှုလုပ်ငန်း
အစားအသောက်များကို ပြုလုပ်သည့် အလုပ်

#အစားအသောက်ဝန်ဆောင်မှုလုပ်ငန်း
စားသောက်ဆိုင်များတွင် ဧည့်ကြိုခြင်းနှင့် ဟင်းပွဲများကို သယ်ပေးရသည့် အလုပ်






#ピエス日本語学校

#海外人材紹介会社
#人材紹介

Want your school to be the top-listed School/college in Kamayut?
Click here to claim your Sponsored Listing.

Category

Telephone

Address


Aung Myay Thar Zi Housing B-3, Room 004, Ground Floor
Kamayut
11041