Rainbow Channel

Rainbow Channel

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Rainbow Channel, เว็บไซต์ข่าวและสื่อ, Kyaikto.

Photos from Rainbow Channel's post 02/10/2025

◼️နမ္မတူနဲ့ မန်တုံမြို့ကို စစ်ကောင်စီဗုံးကြဲသဖြင့် ပြည်သူ ၄ ဦးသေဆုံးပြီး ကလေးငယ်အပါ ၅ ဦးဒဏ်ရာရ

၂ အောက်တိုဘာ ||| နွေဦးအသံ |||

တအာင်းတပ်မတော် TNLA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ နမ္မတူနဲ့ မန်တုံမြို့တွေကို အကြမ်းဖက်စစ်ကောင်စီက အောက်တိုဘာ ၂ ရက်၊ မနက် ၇ နာရီ ၂၀ မိနစ်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၄ ဦးသေဆုံးပြီး ကလေးငယ်အပါအဝင် ၅ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီက ပြည်သူလူထုတွေရှိရာကို ဦးတည်ပြီး ရည်ရွယ်ချက်ရှိရှိ လေကြောင်းမှ နမ္မတူမြို့ကို ၁ လုံး၊ မန်တုံမြို့ကို ၄ လုံး ပေါင် ၅၀၀ ဗုံးတွေ ကြဲချတိုက်ခိုက်ခဲ့တာကြောင့် နမ္မတူမြို့ရှိ အမျိုးသား တဦး၊ အမျိုးသမီး ၃ ဦးသေဆုံးခဲ့ပြီး ကလေးငယ် ၁ ဦး၊ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၂ ဦးဒဏ်ရာရရှိခဲ့တဲ့အပြင် နေအိမ် ၈ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မိုးကုတ်မြို့အနောက်ပိုင်း၊ ရေထွက်ကြီးကျေးရွာကိုလည်း စစ်ကောင်စီက အောက်တိုဘာ ၁ ရက်မှာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၁ လုံးလည်း ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။

ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ရှောင်ရှားနိုင်ဖို့ စစ်ရေးသတိ အမြဲရှိဖို့လိုအပ်သလို လေကြောင်းအန္တရာယ်မှ ကာကွယ်နိုင်ဖို့ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေကို လိုက်နာဆောင်ရွက်ဖို့လိုအပ်ကြောင်း တအာင်းတပ်မတော် TNLA က သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

©The Voice of Spring




✅ ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

02/10/2025

သေနတ် ၈ချက်တည်းနဲ့ ကန့်ဘလူနယ်က
ပျူစောထီးကင်းစခန်းကို သိမ်း

▪️သေနတ် ၇လက်ရပြီး စစ်သုံ့ပန်း ၆ဦးဖမ်းမိဟု ဗိုလ်ပိုင်ချဲပြော

အောက်တိုဘာ-၂ ၊ ၂၀၂၅။မိုမို /People's Spring

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ အုန်းတော ပျူစောထီးရွာ ကာကင်းစခန်းကို ဝင်ရောက်စီးနင်းခဲ့ရာ လက်နက်ခုနစ်လက်နဲ့ စစ်သုံ့ပန်း ၆ဦးဖမ်းမိတယ်လို့ ကန့်ဘလူခရိုင်ပကဖ လှုပ်ရှားရေးတပ် ဒုတပ်ရင်းမှူး ဗိုလ်ပိုင်ချဲက ပြောပါတယ်။

မနေ့က(အောက်တိုဘာ ၁ ရက်)ည ၁၀နာရီဝန်းကျင်မှာ ထန်းကုန်းနဲ့ ဒန်းပင်ကျေးရွာကြားက အုန်းတောပျူစောထီးရွာ ကင်းစခန်းကို ကန့်ဘလူခရိုင် ပကဖလှုပ်ရှားရေးတပ်ရင်း၊ကန့်ဘလူခရိုင် အမှတ်၃(PDF)တပ်ရင်းနဲ့ နယ်မြေခံ ပကဖတွေ ဝင်ရောက်စီးနင်းခဲ့တာလို့ ဆိုပါတယ်။

G3 သုံးလက်၊ ကာဘိုင်နှစ်လက်၊ ပြောင်းချောနှစ် လက် သိမ်းရပြီး စစ်အုပ်စုအဖွဲ့ဝင် နှစ်ဦးသေပြီး ၆ဦးကို ဖမ်းဆီးခေါ်ဆောင်ခဲ့တယ်လို့ အသိပေးပါတယ်။

"အုန်းတောက ပျူရွာတွေရဲ့အလယ်ခေါင်ဝန်းထဲမှာရှိနေတာ။ကျွန်တော်တို့က တိတ်တဆိတ်ဝင်ရောက်စီးနင်းတဲ့အချိန်မှာ ဒီကောင်တွေဂိတ်မှာရှိတဲ့ ရှစ်ယောက်စလုံးကို တစ်ယောက်မှမလှုပ်နဲ့လက်မြှောက်ဆိုပြီး အသာတကြည်ကောက်သိမ်းခဲ့တာ"လို့ ဗိုလ်ပိုင်ချဲက တိုက်ပွဲ ဖြစ်စဥ်ကို ရှင်းပြပါတယ်။

စီးနင်းမှုမှာ သေနတ်ရှစ်ချက်ပဲဖောက်ခဲ့ရပြီး ရဲဘော်တွေအားလုံး အထိခိုက်မရှ်ိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

ပြီးခဲ့တဲ့လ ၁၇ ရက်ကလည်း ကန့်ဘလူမြို့နယ်ဇီးကုန်းမြို့ရဲစခန်းကို ကန့်ဘလူခရိုင်ပကဖက ဦးဆောင်ပြီး ရေဦးဓူဝံပကဖနဲ့ နယ်မြေခံပကဖတွေ စက်တင်ဘာလ ၁၇ ရက် ညနေမှာ စီးနင်းတိုက်ခိုက်ခဲ့ပါတယ်။

အဲ့ဒီစစ်ဆင်ရေးမှာ စစ်ကောင်စီအရာရှိအပါ အဝင် ၆ဦးသေဆုံးပြီး ၁၁ဦး ဖမ်းမိခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

(ဖမ်းဆီးရရှိတဲ့ စစ်သုံ့ပန်း ​တွေ၊လက်နက်ခဲယမ်း​တွေ နဲ့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေ။ ဓါတ်ပုံ -ကန့်ဘလူခရိုင် ပကဖ )

02/10/2025

မြ၀တီရဲတပ်ဖွဲ့မှူး ရဲမှူး အောင်နိုင်ဌေး ၆၁ နှစ်မြောက် ရဲတပ်ဖွဲ့နေ့ ညစာစားပွဲတက်အပြီး KTV ဟိုင်းခန်းတွင် မူးယစ်ဆေးအလွန်အကျွံ့သုံးစွဲ​ သေဆုံး၊ ဦးနှောက်သွေးကြောပေါက်သည်ဟု ကြေးနန်းတင်ပြပြီး သတင်းလိမ်လည်ဖြန့်

ရန်ကုန်၊ အောက်တိုဘာ ၂

ကရင်ပြည်နယ်၊ မြ၀တီရဲတပ်ဖွဲ့မှူး ရဲမှူး အောင်နိုင်ဌေးသည် ယမန်နေ့ ကျရောက်သည့် ၆၁ နှစ်မြောက် ရဲတပ်ဖွဲ့နေ့ ညစာစားပွဲတက်အပြီး KTVသို့ သွားရောက်ကာ ဟိုင်းခန်းတွင် အပျော်လွန် မူးယစ်ဆေးအလွန်အကျွံ့သုံးစွဲ​၍ သေဆုံးသွားကြောင်း မြ၀တီမြို့နယ်ရဲတပ်ဖွဲ့မှ ရဲသတင်းရင်းမြစ်က ပြောဆိုသည်။

အောက်တိုဘာလ ၁ ရက်နေ့သည် ၆၁ နှစ်မြောက်ရဲတပ်ဖွဲ့ နှစ်ပတ်လည်နေ့ဖြစ်ပြီး ယင်းနေ့တွင် နေ့ခင်းပိုင်းတွင် မြ၀တီခရိုင်တွင် အထိမ်း အမှတ်အခမ်းအနား ပြုလုပ်ခဲ့ကြောင်း၊ ညပိုင်းတွင် ညစာစားပွဲ ပြုလုပ်ခဲ့ပြီးနောက် မြ၀တီမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်နိုင်ဌေးမှာ အခြားရဲအရာရှိတချို့နှင့်အတူ KTV ဟိုင်းခန်းသို့ သွားရောက် သောက်စားမူးယစ်ပျော်ပါးခဲ့ကြကြောင်း၊ ယင်းနောက် KTV တွင်ပင် မူးယစ်ဆေးဝါး အလွန်အကျွံ့သုံးစွဲမှုကြောင့် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

ထိုသို့ မူးယစ်ဆေးဝါးသုံးစွဲရင်း သေဆုံးခဲ့သော်လည်း မြ၀တီမြို့နယ်ရဲတပ်ဖွဲ့က သက်ဆိုင်ရာရဲရုံးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာနသို့ ကြေးနန်း အစီရင်ခံစာတင်ပြရာတွင် ဦးနှောက်သွေးကြော ပြတ်၍ သေဆုံးသွားသည်ဟု လိမ်လည်တင်ပြထားကြောင်း သိရှိရသည်။

လိမ်လည်တင်ပြထားသော ကြေးနန်းစာတွင် အောက်တိုဘာလ ၂ ရက်နေ့ နံနက် ၀၀ နာရီ ၅၀ မိနစ်အချိန် မြို့နယ်ရဲတပ်ဖွဲ့မှူး အောင်နိုင်ဦးသည် နေအိမ်တွင် သတိလစ် မူးလဲနေသည်ကို တာဝန်ကျ ဒုရဲအုပ် ဝင်းကိုကိုက တွေ့ရှိသဖြင့် အခြားရဲတပ်ဖွဲ့ဝင်များနှင့်အတူ မြ၀တီခရိုင် ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ခဲ့ကြောင်း၊ ယင်းသို့ တင်ပို့စဉ် မြ၀တီဆေးရုံမှ တာဝန်ကျ ဆရာဝန် ဒေါက်တာအောင်ကောင်းမြတ်က လက်ခံ၍ အရေးပေါ် လူနာဆောင်တွင် တင်ထားပြီး ဆေးကုသပေးခဲ့ကြောင်း၊ ဆေးကုသမှု ခံယူနေစဉ် ရဲမှူး အောင်နိုင်ဦးသည် နံနက် ၀၀ နာရီ ၅၅ မိနစ်အချိန် ဦးနှောက်သွေးကြောပေါက်ရောဂါဖြင့် သေဆုံးသွားခဲ့ကြောင်း၊ ရဲမှူး အောင်နိုင်ဦး သေဆုံးမှုနှင့်ပတ်သက်၍ ၎င်း၏ မိသားစုထံသို့ ဆက်သွယ် အကြောင်းကြားထားရှိပါကြောင်း၊ သဂြိုလ်ဆောင်ရွက်မှုအား အချိန်နှင့်တပြေးညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိနိုင်ပါရန် တင်ပြအပ်ပါသည်ဟု လိမ်လည်ရေးသားထားသည်။

"၆၁ နှစ်ပြည့် နှစ်ပတ်လည် ရဲတပ်ဖွဲ့ ဒင်နာအပြီးမှာ KTV ကို ဆက်သွားကဲကြတာ။ ဒင်နာမှာကတည်းက အရက်က အတော်သောက်ထားပြီးသား။ KTV ဟိုင်းခန်းမှာပါ E တွေ ၊ K တွေ (Ecstasy နှင့်Ketamine)တွေ ထပ်သုံးတော့ နှစ်ပင်လိမ်ကုန်တာ။ KTV ကနေပဲ အကုန်၀ိုင်းပြီး ဆေးရုံပို့ကြတာ။ မြ၀တီက အတော်များများ သိကြတယ်။ မနေ့ညက ဖြစ်သွားတာကို " ဟု မြ၀တီအခြေစိုက် သတင်းရင်းမြစ်က ပြောဆိုသည်။

Want your business to be the top-listed Media Company in Kyaikto?
Click here to claim your Sponsored Listing.

Telephone

Website

Address


Kyaikto
84320