ZHT Computer Training Centre

ZHT Computer Training Centre

Share

Ph: 09 440997451
09 686507530
09 264330537

24/10/2025

ကွန်ပျူတာ/Laptop နာမည် ပြောင်းနည်း (Windows 10/11)

သင့်ရဲ့ ကွန်ပျူတာ ဒါမှမဟုတ် Laptop ကို ကိုယ်ပိုင်နာမည်လေး ပေးထားချင်ပါသလား။ နာမည်အသစ်ပေးလိုက်ခြင်းက သင့်စက်ကို network ထဲမှာ ဒါမှမဟုတ် အခြား device တွေနဲ့ ချိတ်ဆက်တဲ့အခါ ပိုမိုလွယ်ကူစွာ ခွဲခြားသိရှိနိုင်ပါတယ်။ Windows 10 နဲ့ Windows 11 မှာ ကွန်ပျူတာနာမည်ကို ဘယ်လိုပြောင်းမလဲဆိုတာ လွယ်ကူတဲ့အဆင့်တွေနဲ့ ဖော်ပြပေးလိုက်ပါတယ်။
Windows 10/11 တွင် ကွန်ပျူတာနာမည် (PC Name) ပြောင်းနည်း
ကွန်ပျူတာ/ Laptop နာမည်ပြောင်းဖို့အတွက် အလွယ်ကူဆုံးနည်းလမ်းကတော့ Settings ကနေတစ်ဆင့် ပြောင်းလဲတာပဲ ဖြစ်ပါတယ်။
အဆင့် (၁) - Settings ကို ဖွင့်ပါ
* Start Button (Windows ပုံစံ ခလုတ်) ကို နှိပ်ပြီး Settings (ဂီယာပုံစံ) ကို ရွေးပါ။
* ဒါမှမဟုတ်၊ Windows Key + I ကို တစ်ပြိုင်နက်တည်း နှိပ်ပြီး Settings ကို ဖွင့်နိုင်ပါတယ်။
အဆင့် (၂) - System သို့ သွားပါ
* Settings ဝင်းဒိုးထဲက System ကို နှိပ်ပါ။
အဆင့် (၃) - About ကို ရွေးပါ
* ဘယ်ဘက်ရှိ menu ထဲတွင် အောက်ဆုံးနားမှာရှိတဲ့ About ကို နှိပ်ပါ။
အဆင့် (၄) - Rename this PC ကို နှိပ်ပါ
* ညာဘက်ခြမ်းမှာ သင့်ကွန်ပျူတာရဲ့ လက်ရှိနာမည်ကို တွေ့ရပါလိမ့်မယ်။ အဲဒီအောက်နားမှာရှိတဲ့ "Rename this PC" ခလုတ်ကို နှိပ်ပါ။
အဆင့် (၅) - နာမည်အသစ် ရိုက်ထည့်ပါ
* ပေါ်လာတဲ့ ဝင်းဒိုးအသစ်မှာ သင်ပြောင်းချင်တဲ့ နာမည်အသစ်ကို ရိုက်ထည့်ပါ။
* (သတိပြုရန်- နာမည်တွင် စာလုံး၊ ဂဏန်းနှင့် Hyphen (-) ကိုသာ အသုံးပြုသင့်ပြီး နေရာလွတ် (Space) များကို ရှောင်ကြဉ်ပါ။ အများအားဖြင့် စာလုံးရေ ၁၅ လုံးထက် မကျော်သင့်ပါ)
အဆင့် (၆) - Restart ချပါ
* နာမည်အသစ် ရိုက်ထည့်ပြီးပါက "Next" ကို နှိပ်ပါ။
* ပြောင်းလဲမှုများ အကျိုးသက်ရောက်စေရန်အတွက် သင့်ကွန်ပျူတာကို Restart (ပိတ်ပြီး ပြန်ဖွင့်) လုပ်ရပါမယ်။ "Restart now" ကို နှိပ်ပြီး ချက်ချင်း Restart ချနိုင်သလို၊ နောက်မှ ပြန်လုပ်ဖို့အတွက် "Restart later" ကိုလည်း ရွေးချယ်နိုင်ပါတယ်။
ကွန်ပျူတာ ပြန်ပွင့်လာတဲ့အခါ သင့်ရဲ့ ကွန်ပျူတာ/ Laptop နာမည်ကို အသစ်ပေးထားတဲ့ နာမည်နဲ့ မြင်တွေ့ရပါပြီ။
အပိုဆောင်း နည်းလမ်း (System Properties မှ ပြောင်းလဲခြင်း)
အကယ်၍ Settings မှ နာမည်ပြောင်းရတာ အဆင်မပြေဘူးဆိုရင် ဒီနည်းလမ်းကိုလည်း အသုံးပြုနိုင်ပါတယ်။
* Windows Key + R ကို နှိပ်ပြီး Run ဝင်းဒိုးကို ဖွင့်ပါ။
* ပေါ်လာတဲ့ Box ထဲမှာ sysdm.cpl လို့ ရိုက်ပြီး Enter နှိပ်ပါ။
* System Properties ဝင်းဒိုး ပွင့်လာပါလိမ့်မယ်။ "Computer Name" Tab ကို သေချာကြည့်ပါ။
* ထို့နောက် "Change..." ခလုတ်ကို နှိပ်ပါ။
* "Computer name" ရဲ့ အောက်မှာ နာမည်အသစ်ကို ရိုက်ထည့်ပြီး "OK" ကို နှိပ်ပါ။
* ပေါ်လာတဲ့ Prompt တွေအတိုင်း OK နဲ့ Close ကို ဆက်တိုက်နှိပ်ပြီး ကွန်ပျူတာကို Restart ချပေးပါ။
ဒီနည်းလမ်းနှစ်ခုထဲက ကြိုက်ရာတစ်ခုနဲ့ သင့်ကွန်ပျူတာကို စိတ်ကြိုက်နာမည်လေး ပေးလိုက်လို့ ရပါပြီ
မူရင်း post ကို credit ပေးပါသည်

17/10/2025

Disk (C:) အနီပြနေတာ ဘာကြောင့်လဲ? ဘယ်လိုဖြေရှင်းရမလဲ?
++++++++++++++++++++++++++++++++++++++

ကွန်ပျူတာသုံးတဲ့သူတိုင်း Disk (C:) မှာအနီပြနေတာကို မြင်ဖူးကြမယ်လို့ထင်ပါတယ်။ အဲဒီအနီပြတာက ဘာကိုဆိုလိုတာလဲဆိုရင် သင့် System Drive (C:) မှာ လွတ်တဲ့ memory/space နည်းနည်းပဲကျန်နေပြီဆိုတဲ့ သတိပေးချက်ပါ။
ဘာကြောင့် အနီပြလဲ?

Windows System Files Update များ၊ Cache များကြောင့် system file size ကြီးလာတတ်ပါတယ်။

Software & Program များ C drive ထဲမှာ သွင်းထားတဲ့ application တွေ၊ games တွေက နေရာများများစားပါတယ်။

Downloads Folder မဖျက်ဘဲ စုထားတဲ့ file များကြောင့်လဲ Drive နေရာပြည့်တတ်ပါတယ်။

Temporary Files Browser cache, Windows temp file တွေ များလာတာကြောင့်ဖြစ်ပါတယ်။

Recycle Bin မလွတ်ခြင်း ဖျက်ထားတဲ့ file တွေ Recycle Bin ထဲမှာနေရင်လည်း C drive ကို ဆက် occupy လုပ်နေပါတယ်။

ဘာတွေဖြစ်လာနိုင်မလဲ?
++++++++++++++

ကွန်ပျူတာ နှေးလာမယ်။
Program တချို့ မဖွင့်နိုင်တော့ဘဲ error ပြတတ်တယ်။
Update တွေ install မဖြစ်နိုင်တော့ဘဲ system error တွေဖြစ်တတ်တယ်။

ဖြေရှင်းနည်း (Step by Step)Disk Cleanup သုံးပါ။Start > Search Disk Cleanup > C Drive ရွေး > Temporary Files, System Cache, Recycle Bin အကုန်ရွေးပြီး Clean လုပ်ပါ။

2. မသုံးတဲ့ Program / Games တွေ ဖျက်ပါ
Control Panel > Programs > Uninstall a Program > မသုံးတဲ့ software တွေကို ဖျက်ပါ။

3. Personal Files တွေရွှေ့ပါ။
Photos, Videos, Movies တို့ကို D Drive သို့မဟုတ် External HDD/SSD ထဲကိုရွှေ့ပါ။

4. Recycle Bin ကို Empty လုပ်ပါ။
Desktop ပေါ်က Recycle Bin ကိုမကြာခဏ ရှင်းပေးပါ။

5. Storage Sense သုံးပါ (Windows 10/11)
Settings > System > Storage > Storage Sense ကို ON လုပ်ထားပါ။

6. System Restore Point မလိုအပ်တာတွေ ဖျက်ပါ။
Control Panel > System > System Protection ထဲဝင်ပြီး Restore Point မလိုတာတွေကို Delete လုပ်ပါ။

အကြံပြုချက်
=========
C Drive ကို အနည်းဆုံး 15% 20% လောက် အလွတ်ထားပါ။
တစ်လတစ်ကြိမ်လောက် Disk Cleanup လုပ်ပေးတာက PC ကို မြန်ဆန်စေပါတယ်။
C drive ကို System Drive အတွက်ပဲ သုံးပြီး Personal Data မထားတာ အကောင်းဆုံးဖြစ်ပါတယ်။

27/09/2025

Windows ကို Reset (ပြန်ချ) နည်း
Windows 10 နဲ့ Windows 11 အတွက် နည်းလမ်းတူညီပါတယ်။

Windows ပြန်ချနည်း (Reset This PC)
ဒီနည်းကို သုံးရင် သင့်ရဲ့ File တွေ မဆုံးရှုံးစေဘဲ Windows ကို ပြန်လည်စတင်နိုင်ပါတယ် (သို့) အားလုံးဖျက်ပြီး ပြန်တင်နိုင်ပါတယ်။

အဆင့် (၁) - Reset လုပ်မယ့်နည်းလမ်းကို ရွေးပါ
1. Start Menu ကိုနှိပ်ပါ > Settings () ကိုဝင်ပါ။ (သို့) `Windows + I` နှိပ်ပြီး Settings ဖွင့်ပါ။
2. Update & Security (Windows 10) သို့ System > Recovery (Windows 11) ကိုဝင်ပါ။
3. Recovery အောက်က Reset this PC မှာ Get Started ကိုနှိပ်ပါ။

အဆင့် (၂) - File တွေကို ဘယ်လိုထားမလဲဆိုတာ ရွေးပါ
- Keep my files Apps နဲ့ Settings တွေ ပျက်သွားမယ်၊ ဒါပေမယ့် ကိုယ့်ရဲ့ Personal Files (ဓာတ်ပုံ၊ ဖိုင်တွေ) ကျန်မယ်။
- Remove everything ကွန်ပျူတာကို အသစ်အတိုင်း ပြန်ဖြစ်စေမယ် (ဖိုင်အားလုံး ဖျက်မယ်)။

အဆင့် (၃) - Windows ကို ဘယ်လိုပြန်တင်မလဲဆိုတာ ရွေးပါ
- Cloud Download Microsoft Server ကနေ Windows ကို ဒေါင်းလုပ်ဆွဲပြီး ပြန်တင်မယ် (အင်တာနက် လိုအပ်မယ်)။
- Local Reinstall ကွန်ပျူတာထဲမှာရှိတဲ့ Windows File တွေနဲ့ ပြန်တင်မယ်။

အဆင့် (၄) - Additional Settings (ရွေးချယ်စရာများ)
- Remove my files ကိုရွေးရင် Data Erasure (ဖိုင်တွေကို အပြီးဖျက်မယ်) နဲ့ Drive Cleaning (ဒရိုက်တစ်ခုလုံးသန့်မယ်) ရွေးလို့ရတယ်။
- Just remove my files ဖိုင်တွေကို ရိုးရိုးဖျက်မယ် (ပြန်ပြောင်းလို့ရနိုင်သေးတယ်)။

အဆင့် (၅) - Reset စတင်ပါ
- Reset ကိုနှိပ်ပါ > ကွန်ပျူတာ Restart ဖြစ်ပြီး Windows ပြန်တင်မယ်။
- အချိန် ၃၀ မိနစ်မှ ၂ နာရီ အထိကြာနိုင်ပါတယ်။

သတိထားရန်
- Backup အရင်လုပ်ပါ အရေးကြီးတဲ့ဖိုင်တွေကို External Drive သို့ Cloud Storage (Google Drive, OneDrive) မှာ သိမ်းထားပါ။
- Power မပြတ်စေနဲ့ Reset လုပ်နေစဉ် Laptop/PC ကို မပိတ်ပါနဲ့။

> အကူအညီလိုရင် Windows ပြန်ချတဲ့အခါ Error တက်ရင် USB Bootable Drive သုံးပြီး Clean Install လုပ်ဖို့လိုနိုင်ပါတယ်။

ဒီနည်းအတိုင်းဆိုရင် Windows ကို လွယ်လွယ်ကူကူ Reset လုပ်နိုင်ပါလိမ့်မယ်!

မူရင်းရေးသားသူကို လေးစားလျက်
Laptop iLap

20/08/2025

မိမိ Computer SSD စွမ်းရည်မကျဆင်းအောင် ထိန်းသိမ်းနည်း။
=====================================

✅ SSD တွေဟာ အချိန်ကြာလာတာနဲ့အမျှ စွမ်းဆောင်ရည်ကျဆင်းတတ်ပါတယ်။ ဒါပေမဲ့ ဒီနည်းလမ်းတွေကို လုပ်ထားမယ်ဆိုရင် သင့်ရဲ့ SSD ကို ကောင်းမွန်တဲ့ အခြေအနေမှာ အချိန်အကြာကြီး ထိန်းသိမ်းထားနိုင်မှာပါ။

✅ SSD ကို အပြည့်မဖြည့်ပါနဲ့

သင့်ရဲ့ SSD ကို ၁၀% ကနေ ၂၀% လောက်အထိ လွတ်လပ်တဲ့ နေရာလပ် (free space) ချန်ထားပေးပါ။ SSD တွေမှာ အချက်အလက်တွေကို စီမံခန့်ခွဲတဲ့ နည်းလမ်း (wear leveling) အတွက် လွတ်နေတဲ့နေရာတွေ လိုအပ်ပါတယ်။ နေရာလပ်များများ ရှိလေလေ၊ SSD ရဲ့ စွမ်းဆောင်ရည်နဲ့ သက်တမ်း ပိုကောင်းလေလေပါပဲ။

✅ TRIM ကို ဖွင့်ထားပါ

TRIM ဆိုတာက သင့်ကွန်ပျူတာမှာ ဖျက်လိုက်တဲ့ အချက်အလက်တွေ (data blocks) ကို SSD ကို အသိပေးပြီး ရှင်းလင်းစေတဲ့ command တစ်ခုပါ။ ဒါက SSD ကို မလိုအပ်တဲ့ အချက်အလက်တွေကို အလိုအလျောက် ဖယ်ရှားစေပြီး နောက်ထပ် data အသစ်တွေ ရေးဖို့အတွက် နေရာလွတ်တွေကို အသင့်ပြင်ဆင်ပေးပါတယ်။ (ဥပမာ- Windows 10/11) အများစုမှာ TRIM က မူလအတိုင်း ဖွင့်ထားပြီးသား ဖြစ်ပေမယ့် သေချာအောင် စစ်ဆေးကြည့်သင့်ပါတယ်။ ( စစ်ဆေးနည်းကိုလဲ တင်ထားပေးတာရှိပါတယ်)

✅ မလိုအပ်တဲ့ Write Operation တွေကို လျှော့ချပါ။

SSD တွေရဲ့ သက်တမ်းဟာ data ရေးသားမှု (write cycles) အပေါ်မှာ မူတည်ပါတယ်။ ဒါကြောင့် မလိုအပ်ဘဲ data တွေ အများကြီး ရေးသားတာကို ရှောင်ရှားသင့်ပါတယ်။

✅ Defragmentation ကို ပိတ်ပါ။

HDD (Hard Disk Drive) တွေနဲ့ မတူဘဲ၊ SSD တွေက defragmentation လုပ်ဖို့ မလိုအပ်ပါဘူး။ ဒါက SSD ရဲ့ သက်တမ်းကိုပဲ ကုန်စေပါတယ်။ Windows မှာ SSD ကို "Optimize Drives" ထဲကနေ ပိတ်ထားနိုင်ပါတယ်။

✅Indexing ကို ပိတ်ပါ။

Windows ရဲ့ Indexing feature ဟာ file ရှာဖွေမှုတွေကို မြန်ဆန်စေဖို့အတွက် အချက်အလက်တွေကို မှတ်တမ်းတင်ပါတယ်။ ဒါပေမဲ့ ဒီလုပ်ဆောင်ချက်က SSD မှာ မလိုအပ်ဘဲ data တွေ အများကြီး ရေးသားတတ်တာကြောင့် ပိတ်ထားနိုင်ပါတယ်။

✅ Hibernate ကို ပိတ်ပါ။

Hibernate mode ဟာ ကွန်ပျူတာရဲ့ RAM ထဲက အချက်အလက်အားလုံးကို SSD ပေါ်မှာ သိမ်းဆည်းပါတယ်။ ဒါကလည်း Write cycle တွေ အများကြီး ကုန်ဆုံးစေတဲ့အတွက် မလိုအပ်ရင် ပိတ်ထားသင့်ပါတယ်။

✅ Firmware ကို မကြာခဏ Update လုပ်ပါ။

SSD ထုတ်လုပ်သူတွေက စွမ်းဆောင်ရည် ပိုမိုကောင်းမွန်ဖို့နဲ့ bug တွေကို ပြုပြင်ဖို့အတွက် firmware update တွေကို ထုတ်ပြန်လေ့ရှိပါတယ်။ သင့်ရဲ့ SSD မော်ဒယ်အတွက် နောက်ဆုံးပေါ် firmware ကို ထုတ်လုပ်သူရဲ့ ဝက်ဘ်ဆိုက်မှာ ပုံမှန်စစ်ဆေးပြီး update လုပ်ပေးပါ။

✅ အပူချိန်ကို ထိန်းသိမ်းပါ။

SSD တွေဟာ အပူဒဏ်ကို ခံနိုင်ရည်ရှိပေမယ့် အပူလွန်ကဲတာက စွမ်းဆောင်ရည်နဲ့ သက်တမ်းကို ထိခိုက်စေနိုင်ပါတယ်။ ကွန်ပျူတာအတွင်း လေဝင်လေထွက်ကောင်းဖို့ စစ်ဆေးပါ၊ လိုအပ်ရင် case fan တွေ ထပ်ထည့်တာမျိုး လုပ်ဆောင်နိုင်ပါတယ်။

Desa Bal

09/08/2025

ခွဲထားတဲpartition ပြန်ပေါင်းနည်း

09/08/2025

Partition ခွဲနည်း

27/07/2025

(PC-personal computer) မြန်အောင်လုပ်နည်း
+++++++++++++++++++++++++++++++++

ကွန်ပျူတာကို ဆိုင်မပို့ဘဲ ကိုယ့်ဘာသာကိုယ် clean ရအောင်(PC-personalcomputer) မြန်အောင်လုပ်နည်း
လေးပါ။ပထမဆုံး Start အောက်ကနေ run box ကိုဖွင့်လိုက်ပါ။ (Window + R ) နဲ့ တွဲဖွင့်ရင်လည်းရပါတယ်
အဲဒီ Run box မှာပဲ
၁။ temp ရိုက် Select All (Ctrl +A) လုပ် ( Shift + Delete ) နဲ့ဖျက်ပစ်လိုက်။
၂။ %temp% ရိုက် Select All (Ctrl +A) လုပ် ( Shift + Delete ) နဲ့ဖျက်ပစ်လိုက်။
၃။ prefetch ရိုက် Select All (Ctrl +A) လုပ် ( Shift + Delete ) နဲ့ဖျက်ပစ်လိုက်။
၄။ recent ရိုက် Select All (Ctrl +A) လုပ် ( Shift + Delete ) နဲ့ဖျက်ပစ်လိုက်။
၅။ cookies ရိုက် Select All (Ctrl +A) လုပ် ( Shift + Delete ) နဲ့ဖျက်ပစ်လိုက်ပါ.....။
နောက်တနည်းကတော့ကျွန်တော်ပေးထားတဲ့ကုဒ်တွေကို copy ကူးပြီထည့်လိုက်ရုံပါ ဘယ်လိုလုပ်ရမယ်ဆိုတာ
ပြောပြပါမယ် ပုံကိုကြည့်လုပ်ပါအောက်ပုံပါငယ်ချင်းတို့
ကလစ်တစ်ချက်ထောက်လိုပါ ပုံမှာမြင်ရသည်အတိုင်ပါ New ပေါ်ကလစ်တင်လိုက်ပါ ဘောက်တစ်ခုကြပါပါလိပ်
မယ် Text Document ကိုကလစ်လိုက်ပါ file တစ်ခုကြလာပါမယ် အဲ file ကိုဖွင့်လိုက်ပါ ကျွန်တော်ပေးထား
တဲ့ code ကို copy ယူထည့် လိုက်ပါနော်အာက်ပုံပါနော်။
save as ကိုနှိပ်လိုက်တာနဲ့ ဘောက်တစ်ခုကြပါလိပ်မယ်အုမှာ save နဲသိမ်းရမှာပါ အောက်ပုံပါနော်
မိမိဘယ်မှာသိမ်းမှာလဲ desktop ပေါ်မှာသီမ်းမယ်ဆို desktop အရင်ကလစ်လိုက်ပါ နာမည်က pc clear.bat
လို့ မှန်အောင်ရေးထည့်ရမာဖြစ်ပါတယ် ဒါဆိုရပြိပေါ့နော် မိမိရဲ desktop icon လေးတွေ့ပါလိပ်မယ် ကလစ်
(၂) ချင် (၃) ချင်နှိပ်လိုက်ရုံနဲ့ မိမိတို ကွန်ပျူတာကို ဆိုင်မပို့ဘဲ ကိုယ့်ဘာသာကိုယ် clean ရအောင်(PC-personal computer) မြန်အောင်လုပ်နည်း ဖြစ်သွားတာပေါ့ code ကိုတော့ အောက်မှာယူလိုက်နော်
offdel /s /f /q c:\windows\temp\*.*rd /s /q c:\windows\tempmd c:\windows\tempdel /s /f /q C:\WINDOWS\Prefetchdel /s /f /q %temp%\*.*rd /s /q %temp%md %temp%deltree /y c:\windows\tempor~1deltree /y c:\windows\tempdeltree /y c:\windows\tmpdeltree /y c:\windows\ff*.tmpdeltree /y c:\windows\historydeltree /y c:\windows\cookiesdeltree /y c:\windows\recentdeltree /y c:\windows\spool\printersdel c:\WIN386.SWPcls

Credit…..Original Writer

27/07/2025

Windows ကို Reset (ပြန်ချ) နည်း

Windows 10 နဲ့ Windows 11 အတွက် နည်းလမ်းတူညီပါတယ်။
ပြန်ချနည်း (Reset This PC)
ဒီနည်းကို သုံးရင် သင့်ရဲ့ File တွေ မဆုံးရှုံးစေဘဲ Windows ကို
ပြန်လည်စတင်နိုင်ပါတယ် (သို့) အားလုံးဖျက်ပြီး ပြန်တင်နိုင်ပါတယ်။
အဆင့် (၁) - Reset လုပ်မယ့်နည်းလမ်းကို ရွေးပါ
1. Start Menu ကိုနှိပ်ပါ > Settings ( ) ကိုဝင်ပါ။
(သို့) `Windows + I` နှိပ်ပြီး Settings ဖွင့်ပါ။
2. Update & Security (Windows 10) သို့ System > Recovery (Windows 11) ကိုဝင်ပါ။
3. Recovery အောက်က Reset this PC မှာ Get Started ကိုနှိပ်ပါ။
အဆင့် (၂) - File တွေကို ဘယ်လိုထားမလဲဆိုတာ ရွေးပါ
- Keep my files – Apps နဲ့ Settings တွေ ပျက်သွားမယ်၊
ဒါပေမယ့် ကိုယ့်ရဲ့ Personal Files (ဓာတ်ပုံ၊ ဖိုင်တွေ) ကျန်မယ်။
- Remove everything –
ကွန်ပျူတာကို အသစ်အတိုင်း ပြန်ဖြစ်စေမယ် (ဖိုင်အားလုံး ဖျက်မယ်)။
အဆင့် (၃) - Windows ကို ဘယ်လိုပြန်တင်မလဲဆိုတာ ရွေးပါ
- Cloud Download – Microsoft Server ကနေ
Windows ကို ဒေါင်းလုပ်ဆွဲပြီး ပြန်တင်မယ် (အင်တာနက် လိုအပ်မယ်)။
- Local Reinstall – ကွန်ပျူတာထဲမှာရှိတဲ့
Windows File တွေနဲ့ ပြန်တင်မယ်။
အဆင့် (၄) - Additional Settings (ရွေးချယ်စရာများ)
- Remove my files ကိုရွေးရင် Data Erasure
(ဖိုင်တွေကို အပြီးဖျက်မယ်) နဲ့ Drive Cleaning
(ဒရိုက်တစ်ခုလုံးသန့်မယ်) ရွေးလို့ရတယ်။
- Just remove my files – ဖိုင်တွေကို ရိုးရိုးဖျက်မယ်
(ပြန်ပြောင်းလို့ရနိုင်သေးတယ်)။
အဆင့် (၅) - Reset စတင်ပါ
- Reset ကိုနှိပ်ပါ > ကွန်ပျူတာ Restart ဖြစ်ပြီး
Windows ပြန်တင်မယ်။
- အချိန် ၃၀ မိနစ်မှ ၂ နာရီ အထိကြာနိုင်ပါတယ်။
သတိထားရန်
- Backup အရင်လုပ်ပါ – အရေးကြီးတဲ့ဖိုင်တွေကို External Drive သို့ Cloud Storage (Google Drive, OneDrive) မှာ သိမ်းထားပါ။
- Power မပြတ်စေနဲ့ – Reset လုပ်နေစဉ် Laptop/PC ကို မပိတ်ပါနဲ့။
> အကူအညီလိုရင် – Windows ပြန်ချတဲ့အခါ Error တက်ရင် USB Bootable Drive သုံးပြီး Clean Install လုပ်ဖို့လိုနိုင်ပါတယ်။
ဒီနည်းအတိုင်းဆိုရင် Windows ကို လွယ်လွယ်ကူကူ
Reset လုပ်နိုင်ပါလိမ့်မယ်!

မူရင်းရေးသားသူကို လေးစားစွာဖြင့်
credit ပေးလိုက်ပါသည်။

Want your business to be the top-listed Computer & Electronics Service in Kyaukme?
Click here to claim your Sponsored Listing.

Website

Address


Kyaukme