Kaung Pyae Trading Co.,Ltd

Kaung Pyae Trading Co.,Ltd

Share

Be Satify, join with us.

19/04/2022

လေးစားအပ်ပါသော customer များခင်ဗျာ
ကျွန်တော်တို့ထံတွင် မှာယူထားသော ကြက်ပေါက်များသည် တရုတ်ဖက်တွင် ရောဂါအခြေအနေကြောင့် lockdown များဆက်လက်ရှိနေသေးခြင်းကြောင့်နှင့် လမ်းခရီးအခြေအနေအမျိုးမျိုးကြောင့် သတ်မှတ်ရက်များအတွင်း မရောက်ရှိနိုင်သေးပါကြောင်း ရှေးဉီးစွာ အနူးညွတ်တောင်းပန်လိုပါတယ်။ ကျွန်တော်တို့အနေနှင့် တတ်နိုင်သမျှ အစွမ်းကုန် အော်ဒါထားသော ကြက်များရရှိရန်အလို့ငှာ ကြိုးစားနေကြောင်းလည်းအသိပေးအပ်ပါသည်။ မည်သည့်ရက်တွင်ရရှိမည်ကို အတိအကျမသိသော်ငြားလည်း အချိန်ကာလ အလွန်အမင်းကြာမြင့်မည်မဟုတ်ပါ။ ကြက်များရောက်လာမည့် (၂) ရက်အလိုတွင် လူကြီးမင်းများထံသို့ အကြောင်းကြားပေးလာမည်ဖြစ်ပါသဖြင့် စိတ်ရှည်သည်းခံစွာဖြင့် စောင့်ဆိုင်းပေး ပါရန် အနူးညွှတ် တောင်းဆိုအပ်ပါသည်။

Photos from Kaung Pyae Trading Co.,Ltd's post 15/04/2022

ရိုင်းကြက်၏အချက်အလက်များ

ရိုင်းကြက်သည် တရုတ်ပြည်တွင်းကြက်များအနက် စားသုံးများသော ကြက်မျိုးဖြစ်သည်။ ရိုင်းကြက်သည် အရည်အသွေးအားဖြင့် အင်မတန်ကောင်းသောအမျိုးအစားတွင်မပါဝင်သော်လည်း အသားနှင့်ဥတွင် အာဟာရဓာတ်များ များစွာပါဝင်နေသည်။ အားနည်ချက်အနေဖြင့် ထောက်ပြရမည်ဆိုလျှင် ကြက်၏အရည်အသွေးမှာ အသားတိုး CP ကြက်များကဲ့သို့ ပုံစံချင်းတူနေသောကြောင့် အရည်အသွေး အသင့်အတင့်သာရှိသည်။ သို့သော် မျိုးပွားနှုန်းမြင့်ခြင်း၊ ကျန်းမာရေးမှာလည်း တခြားကြက်မျိုးများထက် အင်မတန် ပိုမိုကောင်းမွန်နေခြင်း၊ အသားနှင်ဥ များသည်လည်း အာဟာရနှင့် အရသာများပြည့်စုံနေခြင်း၊ ကြီးထွားနှုန်းလည်း မြန်ခြင်း၊ အစာမရွေးခြင်း စသောအချက်တို့သည် ရိုင်းကြက်တို့၏ အားသာချက်များဖြစ်နေသည်။
ရိုင်းကြက်များသည် 2016 ခုနှစ်တွင် တရုတ်ပြည်တွင်း၌ စားသုံးမှု တန်ချိန်စုစုပေါင်း (13သန်း) တန်ချိန်ရှိခဲ့ပြီး ယွမ် ဘီလီယံ (200) နီးပါး ရှိခဲ့သည်။ ၎င်းကိုကြည့်ခြင်းအားဖြင့် ရိုင်းကြက်များသည် စားသုံးမှုအတွက် အရေးပါမှုတွင် ကြီးမားနေကြောင်းကို သိရှိနိုင်သည်။
ကျွန်တော်၏ ထင်မြင်ယူဆချက်အရ ရိုင်းကြက်များသည် မြန်မာပြည်တွင် ဈေးကွက်မရှိသလောက်ဖြစ်နေသေးသည်။ တစ်ချို့သည်လည်း CP ကြက်ဟူ၍ မှားယွင်းစွာ ထင်မြင်နေမှုများကိုလည်း ကြားဖူးသည်။ တကယ်တော့ ရိုင်းကြက်များသည် CP ကြက်မဟုတ်ပါ။ CP ကြက်နှင့် ဒေသကြက်မျိုးများ၏ ကြားတွင်ရှိသော ကြက်မျိုးဟူ၍သားပြောပါရစေ။ အဘယ်ကြောင့်ဆိုသော် ဒေသကြက်များကဲ့သို့ အချိန်ကြာမြင့်စွာ မွေးမြူနေရခြင်းမဟုတ်သလို CP ကြက်များကဲ့သို့ အချိန်တိုတောင်းနေခြင်းလည်းမဟုတ်ဘဲ သူတို့နှစ်မျိုး၏ ကြားတွင်ရှိသော ကြာချိန်မျှသာ ကြာမြင့်နေခြင်းကြောင့်ဖြစ်သည်။
ကျွန်တော် နယ်စပ်သို့ ဒေသကြက်များ တင်ပို့နေချိန်တွင် တရုတ်နှင့် စကားပြောဖြစ်ခဲ့စဉ်က ရိုင်းကြက်၏ ကောင်းကျိုးများစွာပြောပြီး ရိုင်းကြက်များသာ ပို၍မွေးသင့်ကြောင်း အကြံပြုခံရဖူးပါတယ်။ သို့သော်ငြားလည်း ဈေးကွက်ကမသေချာသေးသောကြောင့် ရိုင်းကြက်ကို မွေးမြူမည်ဆိုပါက ကျွန်တော်တို့အတွက် စွန့်စားလွန်းခြင်းတစ်ခုဖြစ်နေပါတယ်။ မည်သို့ပင်ဆိုစေကာမူ ကျွန်တော်သည် အထက်ပါအကြောင်းအရာများကြောင့် ရိုင်းကြက်များကိုသာ မွေးဖို့ ဆုံးဖြတ်ထားပါတယ်။ ဆက်ရန်ရှိသည်။ အခုတော့ နားဉီးမည်။

08/04/2022

ယူနန်ကြက်ပေါက် - 1400ကျပ်
ရာကြက်ပေါက် - 1200ကျပ်
ရိုင်းကြက်ပေါက် - 1300ကျပ်
မန်ဒါလီပေါက် - 1800ကျပ်
ခြင်သေ့ငန်းပေါက် - 16000ကျပ်
ဂွမ်းကြက် မီးလွတ် - 6000ကျပ်
ရစ်လုံး မီးလွတ် - 6500ကျပ်
ကြက်ဆင် မီးလွတ် - 11000ကျပ်
ရစ်ပါးနီ မဒန်း 25000ကျပ်

06/04/2022

မင်္ဂလာပါခင်ဗျာ

ကြက်ပေါက်လေးများအတွက် အစာခွက်လေးတွေလည်း ရောင်းချပေးလျက်ရှိပါတယ်။
အရည်အသွေးကောင်းမွန်မှုရှိသောပစ္စည်းများကို အောက်ပါဈေးများဖြင့်ဝယ်ယူရရှိနိုင်ပြီ ဖြစ်ပါသည်။

လက်လီဈေးများ
35 (အသေး) = 1600 MMK
40 (အလတ်) = 3000 MMK
50 (အကြီး) = 4000 MMK
နယ်ဝေးမှ ဝယ်ယူအားပေးသည့်သူများအတွက် ပစ္စည်းတန်ဖိုးငွေချေပြီးနောက်နေ့ကားဂိတ်တင်ပေးပါမည်။

Ph - 09- 882122223
09- 664068699

Want your business to be the top-listed Business in Lashio?
Click here to claim your Sponsored Listing.

Telephone

Website

Address


Lashio