Lwin Medical Supply Distribution
ကျန်းမာရေးနဲ့ပတ်သက်တဲ့ ဗဟုသုတများကို နေ့စဥ်တင်ပေးနေတာမို့ Like and Follow လုပ်ထားဖို့မမေ့နဲ့နော် ❤️ ဆေးနှင့် ဆေးဝါးဆက်စပ်ပစ္စည်းများ လက်လီ၊လက်ကားရောင်းဝယ်ရေး
21/08/2023
ကလေးလိုချင်တဲ့စုံတွဲတွေ လုပ်သင့်သည့် သဘာဝနည်းလမ်းကောင်းများ
ကိုယ်ဝန်ရရန်ခက်ခဲတဲ့ ပြဿနာတွေဟာ စုံတွဲတော်တော်များများမှာဖြစ်တတ်ကြပါတယ်။ ကလေးလိုချင်လို့ ကြိုးစားလေ မရလေ ဖြစ်တတ်ပါတယ်။
ကလေးလိုချင်တဲ့ စုံတွဲတွေ လုပ်သင့်သည့် သဘာဝနည်းလမ်းကောင်းများကို ပြောပြသွားပါမယ်။
1️⃣ တားဆေးကို ကြိုဖြတ်ထားပါ။
တားဆေးဖြတ်ပြီး ဘယ်လောက်ကြာလျှင် ကိုယ်ဝန်ရမလဲဆိုတာ ဆရာဝန်ကို ကြိုမေးထားပါ။ တားဆေးအများစုဟာ သောက်တာရပ်ပြီး သိပ်မကြာခင် ကိုယ်ဝန်ရနိုင်ပေမယ့် ထိုးဆေးကတော့ လပိုင်းလောက်ကြာတတ်ပါတယ်။
2️⃣ မိမိရဲ့ ရာသီစက်ဝန်းကို အတိအကျမှတ်ထားပါ။
အမမျိုးဥနဲ့ အဖိုသုတ်ပိုးတို့ ပေါင်းစုံပြီး မျိုးအောင်မှသာ ကိုယ်ဝန်ရရှိနိုင်တာဖြစ်လို့ ovulation phase (အမမျိုးဥကြွေချိန်)ဟာ ကိုယ်ဝန်ရနိုင်ခြေ အများဆုံးချိန် ဖြစ်ပါတယ်။
ရာသီသွေးဆင်းတဲ့ ပထမရက်မှစ၍ နောက်၁၄ရက်ကြာတဲ့နေ့ဟာ အမမျိုးဥကြွေတဲ့နေ့ပါ။ထိုနေ့မှာ ကိုယ်ဝန်ရနိုင်ခြေ အများဆုံးချိန် ဖြစ်ပါတယ်။
တကယ်လို့ သင့်အနေနဲ့ ရာသီစက်ဝန်းကို အတိအကျမသိဖူးဖြစ်နေရင် သားဥကြွေချိန်ကို သိဖို့ Flo , Period Tracker စတဲ့ applications တို့ သုံးနိုင်ပါတယ်။
ဒါပေမယ့် တစ်ခုသတိပြုရမှာက ရာသီစက်ဝန်းနဲ့ သားဥကြွေချိန်ကိုပဲ စိတ်ထဲ စွဲမနေသင့်ပါ။ ဒီလိုမျိုးစွဲနေရင် မိမိနှင့် မိမိ အဖော်အတွက် ဖိစီးမှုတွေ များပြားစေနိုင်ပါတယ်။
3️⃣ စိတ်ဖိစီးမှု လျော့ချပေးခြင်း
ကလေးလိုချင်လို့ ကြိုးစားလေ မရလေ ဖြစ်တာဟာ စိတ်ဖိစီးမှုနဲ့လဲ သက်ဆိုင်ပါတယ်။ ကိုယ်ဝန်မရသေးလို့ ကြိုးစားအားထုတ်တဲ့အချိန်က စုံတွဲတိုင်း စိတ်ပင်ပန်းတဲ့ အချိန်ပါ။ ဒီလိုစိတ်ဖိစီးခြင်းဟာ ကိုယ်ဝန်မြန်မြန်ရနိုင်ခြေကို နှောင့်နှေးစေပါတယ်။
စိတ်ဖိစီးမှုတွေဟာ အမျိုးသမီးတွေမှာ သားဥကြွေခြင်းကို နှောင့်နှေးစေပြီး ရာသီစက်ဝန်းကို ကြာရှည်စေပါတယ်။ အမျိုးသားတွေမှာဆိုရင်တော့ သုတ်ရည်ထုတ်ခြင်းဆိုင်ရာ ပြဿနာတွေကို ဖြစ်လာစေနိုင်ပါတယ်။
ဒါကြောင့် အမျိုးသားရော အမျိုးသမီးပါ စိတ်ဖိစီးမှုလျော့ကျစေရန် ၂ဦးလုံး လုပ်ဆောင်သင့်ပါတယ်။
4️⃣ အားဆေးသောက်ပါ။
ကိုယ်ဝန်ယူမယ်လို့ ဆုံးဖြတ်ပြီးကတည်းက သင့်တော်တဲ့ သားဖွားမီးယပ်ဆရာဝန်နဲ့ အပ်ထားပြီး ကျန်းမာရေး အကြံပေးချက်တွေကို တိတိကျကျ လိုက်နာပါ။ ကိုယ်ဝန်ဆောင် အားဆေးကြိုသောက်ထားပါ။ ဒီလိုပြုလုပ်ခြင်းဟာ ကိုယ်ဝန်မြန်မြန်ရစေတာမျိုး မဟုတ်ပေမယ့် မွေးလာမဲ့ကလေးမှာ မွေးရာပါ ချို့ယွင်းချက်တွေကနေ ကာကွယ်ပေးနိုင်ပါတယ်။
5️⃣ ဆေးလိပ်နဲ့ အရက်ဖြတ်ပါ။
ဆေးလိပ်နဲ့ အရက်တွေက ပုံမှန်လူအတွက်တောင် ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်တာမလို့ ကိုယ်ဝန်ရလိုတဲ့အမျိုးသမီးတွေအတွက် မျိုးအောင်ခြင်းကိုပါ ထိခိုက်စေနိုင်ပါတယ်။
ဒါအပြင့် ကိုယ်ဝန်ဆောင်မယ့် အမျိုးသမီးတွေက ဆေးလိပ်ငွေ့တွေနဲ့ အဝေးဆုံးမှာ နေဖို့လိုပါတယ်။ ကိုယ်တိုင်လည်း မသောက်သင့်သလို သူများဆီက ထွက်လာတဲ့ အငွေ့ကိုပါ ရှောင်သင့်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးကို အနီးကပ်စောင့်ရှောက်ရမယ့် အမျိုးသားအနေနဲ့လည်း ကိုယ်ဝန်ရရန် ကြိုးပမ်းတဲ့ အချိန်မှာ ဆေးလိပ်ဖြတ်ထားဖို့ လိုပါတယ်။
ကိုယ်ဝန်ဆောင်မယ့် အမျိုးသမီးကတော့ အရက် လုံးဝမသောက်သင့်ပါ။ မတော်တဆ ကိုယ်မသိဘဲ ကိုယ်ဝန်ရှိသွားမယ်ဆိုရင် မွေးလာမဲ့ကလေးမှာ မွေးရာပါ ချို့ယွင်းချက်တွေ ပါလာနိုင်ပါတယ်။ အမျိုးသားအနေနဲ့လည်း မျိုးအောင်နိုင်စွမ်းကို ထိခိုက်နိုင်တဲ့အတွက် အရက်အလွန်အကျွံ သောက်တာကို ရှောင်သင့်ပါတယ်။
6️⃣ ကဖင်းဓာတ်(ကော်ဖီ၊လက်ဖက်ရည်) သောက်သုံးမှုကို လျှော့ပါ။��ကဖင်းဓာတ် အများအပြားသောက်သုံးလျှင် ခန္ဓာကိုယ်က သံဓာတ်စုပ်ယူမှုကိုလျော့နည်း စေပြီး ကလေးပျက်ကျခြင်းစတဲ့ ပြင်းထန်တဲ့ ကိုယ်ဝန်ဆောင်ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ အမျိုးသားရော၊ အမျိုးသမီးပါ ကဖင်းဓာတ်ပါဝင်တဲ့ ကော်ဖီ၊ လက်ဖက်ရည်နဲ့ ကိုလာတွေကို လျှော့သောက်ဖို့ လိုပါတယ်။ ကဖင်းပါတဲ့အရည်တွေ မသောက်ဘဲ နွားနို့နဲ့ ဒိန်ချဉ်ကို များများသောက်ပေးရင် ကယ်လ်စီယမ်ရရှိမှုများစေပြီး ကိုယ်ဝန်ဆောင်နိုင်ဖို့ အတွက်လည်း အထောက်အကူ ဖြစ်စေပါတယ်။
7️⃣ အမျိုးသားရော အမျိုးသမီးပါကိုယ်အလေးချိန်ထိန်းပါ။
အမျိုးသားက အဝလွန်နေလျှင် သုက်ကောင်ထွက်နှုန်းနဲ့ အရည်အသွေးကို ထိခိုက်စေနိုင်ပါတယ်။ BMI ၃၀အထက်ဆို အမျိုးသားတွေရဲ့ မျိုးပွားနှုန်းကို ထိခိုက်နိုင်ပါတယ်။
အမျိုးသမီးတွေမှာ အဝလွန်၊ အပိန်လွန် မဖြစ်စေရန် သတိထားရပါမယါ။ ပုံမှန် BMI ၂၀-၂၅ကြားမှာ ရှိနေသင့်ပါတယ်။ ၃၀အထက် ဒါမှမဟုတ် ၁၉အောက်ဆိုရင် ကိုယ်ဝန်ရနိုင်ခြေ နည်းသွားပါပြီ။
ပိန်လွန်း၊ ဝလွန်းခြင်းဟာ ခန္ဓာကို
ယ်ရှိ ဟော်မုန်းပမာဏနဲ့ သားဥကြွေခြင်းကို ထိခိုက်စေတဲ့အတွက် ကိုယ်ဝန်ရဖို့ ခက်ခဲစေပါတယ်။
8️⃣ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို စားသောက်ပါ။ /ရေများများသောက်ပါ။
✅အမျိုးသားရော၊ အမျိုးသမီးပါ ပရိုတင်း၊ သံဓာတ်၊ ဇင့်၊ ဗီတာမင် စီ၊ ဗီတာမင်ဒီ ပါဝင်တဲ့ အစာအစာတွေကို ဦးစားပေး စားသုံးသင့်ပါတယ်။
✅ ပဲအမျိုးမျိုး၊ အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်အမျိုးမျိုး၊ ဖရုံစေ့၊ ငှက်ပျောသီး၊ ဥအမျိုးမျိုး၊ ဗံဒါစေ့၊ အချဉ်ဓာတ်ပါသည့် သစ်သီးများ၊ တို့ဟူးနဲ့ ဆယ်လ်မွန်ငါးတို့ကလည်း ကိုယ်ဝန်ရနိုင်ချေ မြင့်စေတဲ့ အစားအစာတွေ ဖြစ်ပါတယ်။
✅ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ (ဥပမာ အသီးအနှံတွေ၊ ဂျုံတွေ၊ အသီးအရွက်နဲ့ သစ်သီး စသည်)ကိုလည်း များများစားပါ။
✅ အရက်၊ဘီယာ၊ အချိုရည် မဟုတ်ဘဲ အသီးဖျော်ရည်၊ ရေ များများသောက်ပါ။
❌ ကြာရှည်ခံအောင်ပြုလုပ်ထားတဲ့ အစားအစာတွေကို တတ်နိုင်သမျှ ရှောင်ကြဉ်ရမှာဖြစ်ပြီး လတ်ဆတ်တဲ့ အော်ဂဲနစ်အစားအစာတွေကိုသာ ရွေးချယ်စားသုံးသင့်ပါတယ်။
❌အချိုနဲ့ အငန်တွေကို လျှော့စားပါ။
👨🏻🍼 ဖခင်ဖြစ်လိုသူများအတွက် အကြံပြုချက်များ�
ကလေးရခြင်း/ မရခြင်းဟာ အမျိုးသမီးပေါ်ဘဲ မူတည်တာမဟုတ်ဘဲ အမျိုးသားများလည်း တာဝန်ရှိပါတယ်။
အမျိုးသားများအနေနဲ့
⁃ ရေပူချိုးခြင်း
⁃ တင်းကျပ်လွန်းတဲ့ အောက်ခံ ဘောင်းဘီနဲ့ အပြင်ဝတ် ဘောင်းဘီအကျပ်တွေ ဝတ်ဆင်ခြင်း
⁃ Laptop ကွန်ပျူတာကို ပေါင်ပေါ်မှာ တင်ထားပြီး အသုံးပြုခြင်း
⁃ ဆေးလိပ်၊ အရက်နဲ့ မူးယစ်ဆေးသုံးစွဲခြင်း
⁃ ကဖင်းဓာတ် သောက်သုံးမှုများခြင်း�
စတဲ့ အချက်တွေဟာ သုတ်ပိုးအရေအတွက်ကို ကျဆင်းစေပြီး သန္ဓေအောင်နိုင်စွမ်းလျော့ကျစေပါတယ်။
ကျန်းမာတဲ့ စုံတွဲတွေဖြစ်ပေမယ့်လည်း တစ်လမှာ ကိုယ်ဝန်ရနိုင်ခြေက ၂ဝ-၂၅ ရာခိုင်နှုန်းသာ ရှိပါတယ်။ ကလေးလိုချင်တဲ့ စုံတွဲ တွေဟာ ၁၂ လကျော်ကြာတဲ့အထိ ကလေးမရလျှင် ကျွမ်းကျင်တဲ့ဆရာဝန်ကို တိုင်ပင်ပြီး အကူအညီရယူဖို့ လိုအပ်ပါတယ်။
လက်မထပ်မီ ကလေးရနိုင်/ မရနိုင် စတဲ့အချက်တွေကို စစ်ဆေးလိုလျှင် Pre-marriage Check-up Program (လက်မထပ်ခင် ကျန်းမာရေးစစ်ဆေးခြင်း) ပြုလုပ်နိုင်ပါတယ်။
Credit
CrForeignMedicalService
21/07/2023
အစားအသောက်ရွေးစားတဲ့အခါ calorie ကို
တွက်ချက်စားပါ။
🥚ကြက်ဥပြုတ်က 80 cal ပဲရှိပေမယ့်
🍳ကြက်ဥကြော်ကြတော့ 219 cal ရှိပါတယ်။
စမူဆာ ၃ခုမှ 91 cal ရှိပေမယ့်
အီကြာကွေးကြတော့ 314 cal ပါ။
စားတော့မယ်ဆို ဒီ ဇယားလေး ကြည့်ကြည့်ပီး
cal တွက်ချက်စားပါ 😊😊😊
ဥပမာ- လူတယောက်က ပေါင် ၁၅၀ ရှိတယ်ဆိုရင်
သူစားဖို့ လိုအပၲတဲ့ cal က 3000 cal ပါ။
အဲ့ လိုအပ်တဲ့ 3000 cal အစား 1000 cal လျှော့ပီးတစ်ရက် 2000 cal တွက်ချက်စားရင် weight က တဖြေးဖြေး ကျကို ကျပါတယ်။
ကိုယ်စားတဲ့ အစားအသောက်ကို
cal တွက်ချက်စားခြင်းဖြင့်
ဝိတ်လျှော့ကြရအောင် 😍
ကယ်လိုရီတန်ဖိုးများ
----------------------
🍯🥔🍠ကစီဓာတ်( carbohydrate)🍠🥔🍯
ထမင်း(ပန်းကန်လုံးတလုံးစာ)- ၂၀၀ ကယ်လိုရီ
ခေါက်ဆွဲခြောက်တထုပ် - ၂၀၀ ကယ်လိုရီ
ပြောင်းဖူးတဖူး - ၁၃၀ ကယ်လိုရီ
အာလူးတလုံး - ၇၀ ကယ်လိုရီ
ပေါင်မုန့်တချပ် - ၃၀ ကယ်လိုရီ
ချပါတီတချပ် - ၈၀ ကယ်လိုရီ
နံပြားတချပ် - ၉၀ ကယ်လိုရီ
cracker - ၁၆ ကယ်လိုရီ
ကိတ်မုန့်တလုံး(အရှည်) - ၂၄၀ ကယ်လိုရီ
မုန့်တီတပွဲ - ၃၀၀ ကယ်လိုရီ
သကြား(လက်ဖက်ရည်တဇွန်း) - ၁၆ ကယ်လိုရီ
ပျားရည်(လက်ဖက်ရည်တဇွန်း)- ၂၁ ကယ်လိုရီ
🥩🍗🍖အသားဓာတ် (protein)🍖🍗🥩
ကြက်ပေါင် - ၁၃၅ ကယ်လ်ုရီ
ကြက်ရင်အုပ် - ၁၆၅ ကယ်လိုရီ
ဝက်သား(လက်တဖဝါးစာ) - ၂၅၀ ကယ်လိုရီ
အမဲသား(လက်တဖဝါးစာ) - ၂၅၀ ကယ်လိုရီ
ဘဲသား(လက်တဖဝါးစာ) - ၃၃၀ ကယ်လိုရီ
ဆိတ်သား(လက်တဖဝါးစာ) - ၂၁၀ ကယ်လိုရီ
ငါးကြင်းတကောင် - ၂၈၀ ကယ်လိုရီ
ငါးခူးတကောင် - ၁၁၀ ကယ်လိုရီ
ကြက်ဥတလုံး - ၈၀ ကယိလိုရီ
ငုံးဥတလုံး - ၁၅ ကယ်လိုရီ
🧀🧈အဆီဓာတ် (fat )🧈🧀
ဆီ(လက်ဖက်ရည်တဇွန်း) - ၄၀ ကယ်လိုရီ
ဆီ(ထမင်းစားဇွန်း တဇွန်း) - ၁၂၀ ကယ်လိုရီ
နေကြာစေ့(လက်ခုပ်တခုစာ) - ၁၈၀ ကယ်လိုရီ
သစ်ကြားသီးတလုံး - ၂၅ ကယ်လိုရီ
🥭🍇🥑သစ်သီး🍇🥭🥑
ပန်းသီး - ၉၀ ကယ်လိုရီ
လိမ္မော်သီး - ၆၀ ကယ်လိုရီ
ငှက်ပျောသီး - ၁၀၀ ကယ်လိုရီ
သစ်တော်သီး - ၁၀၀ ကယ်လိုရီ
သရက်သီး - ၁၃၀ ကယ်လိုရီ
သခွားသီး - ၄၅ ကယ်လိုရီ
နာနတ်သီး - ၄၅၀ ကယ်လိုရီ
စပျစ်သီး - ၃ ကယ်လိုရီ
စတော်ဘယ်ရီသီး - ၄ ကယ်လိုရီ
ကြက်မောက်သီး - ၇ ကယ်လိုရီ
ရှောက်သီး - ၂၅ ကယ်လိုရီ
သံပုရာသီး - ၂၀ ကယ်လိုရီ
ဖရဲသီး - ၁၃၇၀ ကယ်လိုရီ
ရွှေဖရုံသီး - ၃၀၀ ကယ်လိုရီ
ဂရိတ်ဖရု - ၁၀၀ ကယ်လိုရီ
သလဲသီး - ၇၀ ကယ်လိုရီ
မာလကာသီး - ၄၀ ကယ်လိုရီ
ထောပတ်သီး - ၂၄၀ ကယ်လိုရီ
(သစ်သီးတွေက အရွယ်အစားပေါ်မူတည်ပြီး ကယ်လိုရီတွေ မတူကြဘူး၊ ဥပမာ ခြောက်လက်မလောက်ပဲရ်ှတဲ့ ငှက်ပျော်သီးတလုံးဟာ ၇၀ ကယ်လိုရီလောက်ပဲရ်ှပြီး ကိုးလက်မကျော်အရွယ်စားရ်ှတဲ့ ငှက်ပျောသီးတလုံးဟာ ၁၃၀ ကယ်လိုရီလောက်ရှိတယ်။ ဖော်ပြထားတဲ့ ကယ်လိုရီတွေက ပျမ်းမျှအရွယ်အစားရှိတဲ့ သစ်သီးတွေရဲ့ ကယ်လိုရီပမာဏတွေ ဖြစ်ပါတယ်။ သစ်သီးတလုံးမြင်တာနဲ့ အနီးစပ်ဆုံး ခန့်မှန်းနိုင်ရင် လုံလောက်ပါပြီ)
🥬🍅ဟင်းသီးဟင်းရွက်🍅🥬
ခရမ်းချဉ်သီး - ၂၀ ကယ်လိုရီ
ကြက်သွန်ဖြူတစိတ် - ၄ ကယ်လိုရီ
ကြက်သွန်နီတလုံး - ၄၀ ကယ်လိုရီ
ခရမ်းသီး - ၃၅ ကယ်လိုရီ
မုန်လာဥနီတတောင့် - ၄၀ ကယ်လိုရီ
ပဲသီး၊ပဲတောင့်ရှည်(၁၀၀ဂရမ်) - ၈၀ ကယ်လိုရီ
ဟင်းနုနွယ်(၁၀၀ဂရမ်) - ၂၅ ကယိလိုရီ
ပန်းမုံလာ(၁၀၀ဂရမ်) - ၂၅ ကယိလိုရီ
ကိုက်လန်(၁၀၀ဂရမ်)- ၅၀ ကယ်လိုရီ
ကညွတ်တချောင်း - ၃ ကယ်လိုရီ
(၁၀၀ ဂရမ်က လက်သီးဆုပ် သို့မဟုတ် လက်ဆုပ်တခုစာ ပမာဏနဲ့ ညီမျှတယ်လို့ အလွယ်မှတ်ပါ)
🍹🍻ဖျော်ရည်နဲ့ ယမကာ🍹🍻
နွားနို့တခွက် - ၁၂၀ ကယ်လိုရီ
ဒိန်ချဉ်တခွက် - ၁၄၀ ကယ်လိုရီ
ကိုလာ(သံဗူး) - ၁၄၀ ကယ်လိုရီ
ကိုလာဗူးကြီး(1.25L) - ၅၄၀ ကယ်လိုရီ
ရေခဲမုန့်တခွက် - ၁၃၀ ကယ်လိုရီ
အုန်းရည်တခွက် - ၅၀ ကယ်လိုရီ
ကော်ဖီမှုန့် ( 1 teaspoon) - ၄ ကယ်လိုရီ
ကော်ဖီတခွက် - ၅၀ ကယ်လိုရီ
လက်ဖက်ရည် - ၇၀ ကယ်လိုရီ
ကျွဲရိုင်းတဗူး - ၁၁၀ ကယ်လိုရီ
အရက်တခွက်(45ml) - ၁၀၀ ကယ်လိုရီ
ဘီယာတခွက် - ၂၀၀ ကယ်လိုရီ
ဘီယာသံဗူး - ၁၅၀ ကယ်လိုရီ
ဝိုင်တခွက်(150ml) - ၁၂၀ ကယ်လိုရီ
(🔺ဘီယာတခွက်ဟာ ထမင်းတပန်းကန်စာနဲ့ ကယ်လိုရီညီမျှတယ်ဆိုတာ အရင်မှတ်သားသင့်တယ်။
🔺ကော်ဖီ ☕️ ၊လက်ဖက်ရည်တွေကတော့ နို့ဆီ၊ သကြားထည့်တာပေါ်မူတည်ပြီး ကယ်လိုရီတွေကွာခြားသွားတယ်။
🔺ပြီးတော့ ရိုးရိုး နွားနို့နဲ့အဆီထုတ်ထားတဲ့ နွားနို့နဲ့ မတူပါဘူး၊ ကယ်လိုရီ ၃၀ လောက်ကွာတယ်။
🔺ဟင်းတခွက်ရဲ့ ကယ်လိုရီတန်ဖိုးကို တွက်မယ်ဆိုရင် ပါဝင်ပစ္စည်းတွေကို တစ်ခုချင်းကြည့်ပြီး ပြန်ပေါင်းလိုက်ရုံနဲ့ အလွယ်တကူ တွက်ချက်နိုင်မှာဖြစ်ပါတယ်။)
Lwin Lashio Pharmacy
Credit
21/07/2023
အဖြစ်များသော လေးဘက်နာ ရောဂါများ
၁။အရေပြားလေးဘက်နာ (SLE)
၂။သွေးလေးဘက်နာ (RA)
၃။နှလုံးလေးဘက်နာ
၄။အရေပြားထူလေးဘက်နာ (Scleroderma)
အရေပြားလေးဘက်နာ (SLE)
အရေပြားလေးဘက်နာ (SLE)သည် အရိုးအဆစ်ရောဂါ တင် မဟုတ်ဘဲ ခန္ဓာကိုယ် အနှံ့ ရောင်ရမ်းသော ရောဂါတစ်မျိုးဖြစ်သည်။ အရေပြားလေးဘက်နာရောဂါ ဖြစ်ပေါ်ပုံမှာ ခန္ဓာကိုယ်၏
တုန့်ပြန်မှု ပုံမမှန်ခြင်း ကြောင့် ဖြစ်သည်။ ကျွန်ုပ်တို့၏ ခန္ဓာကိုယ်တွင် ပုံမှန်အားဖြင့် ပဋိပစ္စည်း ဟုခေါ်သော Antibodies များ ရှိပါသည်။ ထို ပဋိပစ္စည်း ဟုခေါ်သော Antibodies များ၏တာ၀န် မှာ
ခန္ဓာကိုယ် အတွင်းသို့၀င်ရောက် လာသော ဘတ်တီးရီးယား ဗိုင်းရပ်စ် များ နှင့် အခြားသော ပိုးမွှားများ ကို တိုက်ခိုက် ချေမှုန်း သော တာ၀န် ဖြစ်ပါသည်။ အရေပြားလေးဘက်နာ (SLE) ရောဂါ ရှင်များတွင်မူ ထို ပဋိပစ္စည်း ဟုခေါ်သော Antibodies များသည် ပုံမမှန် မှုဖြစ်ပေါ်ပြီး မိမိ ခန္ဓာကိုယ် မှတစ်ရှုး များ အင်္ဂါ များ ကို ပြန် လည် တိုက် ခိုက်ခြင်းဖြင့် ခန္ဓာကိုယ် အနှံ့ ရောင်ရမ်းခြင်းများဖြစ်ပေါ်စေပါသည်။
လက္ခဏာများမှာ
၁။ လက်ဆစ်များရောင်ရမ်း ကိုက်ခဲခြင်း
၂။ မနက်အိပ်ရာထထခြင်းတွင် တင်း၍အ ကွေး အဆန့် ခက်ခဲခြင်း
၃။ နေရောင်ထဲထွက်လျှင် မျက်နှာပေါ်တွင် အနီကွက်များထွက်လာခြင်း
၄။ ပါးစပ်တွင် အနာများပေါက်ခြင်း
၅။ဆံပင်ကျွတ်ခြင်း
၆။ရေကိုင်လျှင် လက်များဖြူ၍ ကိုက်လာခြင်း
၇။ကိုယ်၀န်မကြာခဏပျက်ကျခြင်း
တစ်ကိုယ်လုံးကိုက်ခဲသော ရောဂါဖြစ်သည့်အားလျော်စွာ နောက်ဆက်တွဲ ပြသနာ များ အဖြစ် ကျောက်ကပ်ရောင်ရမ်းခြင်း၊ နှလုံးနှင့်နှလုံးအမြှေးရောင်ရမ်းခြင်း၊
အဆုတ်နှင့် အဆုတ်အမြှေးရောင်ရမ်းခြင်း၊ ဦးနှောက်ရောင်ရမ်းခြင်း ခြင်ဆီအားနည်းခြင်းတို့ဖြစ်နိုင်ပါသည်။
အရေပြားလေးဘက်နာ ရောဂါသည် သက်လတ်ပိုင်းအမျိုးသမီးများတွင် အဖြစ်များသောကြောင့် သေသေချာချာ မကုသဘဲထားပါက အသက်ငယ်ငယ်ရွယ်ရွယ် နှင့် ကျောက်ကပ်ပျက်စီးပြီး ကျောက်ကပ်ဆေးရခြင်း၊ ကျောက်ကပ်လဲရခြင်း စသည်တို့ဖြင့်ငွေကုန်ကြေးကျများရုံသာမက ကျောက်ကပ်ကုသမှုများ၏ နောက်ဆက်တွဲ ပြသနာများကြောင့်ပင် သေဆုံးခြင်းဖြစ်ပေါ်တတ်ပါသည်။
ထို့ကြောင့် မိမိ လက်ဆစ် ခြေဆစ် များ ကိုက် သည်ဖြစ်စေ၊ ရောင် ရမ်း နေသည်ဖြစ်စေ၊ တင်း နေ ပြီးကွေးလို့ ဆန့် လို့ မကောင်းသည်ဖြစ်စေ ၊ ဖော်ပြထားသော လက္ခဏာ တစ်ရပ်ရပ် ရှိ သည် ဖြစ်စေ တတ်ကျွမ်းသော အရိုး အကြော အထူးကု သမား တော် နှင့် အမြန်ပြသတိုင်ပင်သင့်ပါသည်။
သွေး လေးဘက်နာရောဂါ(RA)
သက်ကြီးပိုင်းများတွင် အတွေ့များလေ့ရှိသော လက်များပုံပျက်ကောက်ကွေး နေသည့် ရောဂါ ၏အစမှာ သွေး လေးဘက်နာရောဂါဖြစ်ပါသည်။ ရောဂါဖြစ်ပေါ်ပုံ မှာ မျိုးရိုးလိုက်ခြင်း နှင့် ပြင်ပ မှ ဘတ်တီးရီးယား များ၊ ဗိုင်းရပ်စ် ပိုးများ ၀င် ရောက် လာခြင်း နှင့် ဆေးလိပ် သောက် ခြင်း တို့ နှင့် ဆက်စပ် လျက် ရှိသည် ဟု ယူဆထားပါသည်။ ထိုသို့ ပြင်ပလှုံ့ဆော် မှုများ ကြောင့် ခန္ဓာကိုယ် မှ ခုခံကာကွယ် သော ဆဲလ် များ ၊ ရောင် ရမ်း ဓာတ် များ ထွက် ခြင်း တို့ ဖြစ်ပေါ် ပြီးလက် ဆစ် ခြေ ဆစ် များ ရောင် ရမ်း ခြင်း ၊ ခိုင် သွားခြင်း ၊ ဆက်သွားခြင်း တို့ဖြစ်ပေါ်ပါသည်။
လက္ခဏာများမှာ
၁။ လက်ဆစ်များရောင်ရမ်း ကိုက်ခဲခြင်း
၂။ မနက်အိပ်ရာထထခြင်းတွင် တင်း၍အ ကွေး အဆန့် ခက်ခဲခြင်
၃။ လက်ဆစ်နှင့် တံတောင်ဆစ်များတွင် အလုံးများပေါ်လာခြင်း
၄။ အသက်ရှုမဝခြင်း
၅။ လက်များထုံကျင်ခြင်း
သွေးလေးဘက်နာသည်အရိုးအဆစ်များသာမက အရွတ်များ၊ ကြွက်သား တစ်ရှုးများနှင့် အခြားသောခန္ဓာကိုယ် အစိတ် အပိုင်းများပါ ရောင်ရမ်းခြင်းတို့ဖြစ်စေတတ်သော ကြောင့်
မိမိ လက်ဆစ် ခြေဆစ် များ ကိုက် သည်ဖြစ်စေ၊ ရောင် ရမ်း နေသည်ဖြစ်စေ၊ တင်း နေ ပြီးကွေးလို့ ဆန့် လို့ မကောင်းသည်ဖြစ်စေ ၊ ဖော်ပြထားသော လက္ခဏာ တစ်ရပ်ရပ် ရှိ သည် ဖြစ်စေ တတ်ကျွမ်းသော အရိုး အကြော အထူးကု သမား တော် နှင့် အမြန်ပြသတိုင်ပင်သင့်ပါသည်။
အရေပြားထူလေးဘက်နာ(scleroderma)
အရေပြားထူလေးဘက်နာ ရောဂါဖြစ်ပေါ်ပုံ မှာ အထက်ဖော်ပြပါရောဂါများကဲ့သို့ပင်ခန္ဓာကိုယ် မှ ခုခံကာကွယ် သော ဆဲလ် များ ၊ ရောင် ရမ်း ဓာတ် များ ထွက် ခြင်း တို့ ဖြစ်ပေါ် ပြီး ထို ဆဲလ်များ အရေပြားတွင်း ၀င်ရောက်ခြင်း ကြောင့်အရေပြား များ ထူလာခြင်း၊ မာလာခြင်း၊ သွေးကြောများအတွင်း ၀င်ရောက် ခြင်း ကြောင့် သွေးကြောနံရံများ ရောင် ရမ်း ခြင်း ၊ထူလာခြင်းတို့ဖြစ်လာပြီး သွေးစီးမှုလျော့နည်း လာရာမှ လက်ဖျားခြေဖျားထိပ်များသွေးငတ်ခြင်း ကြောင့် အနာများဖြစ်ခြင်း၊ ပုတ်၍ပြတ်ကျခြင်းတို့ဖြစ်စေပါသည်။
လက္ခဏာများမှာ
၁။ လက်ဆစ်များရောင်ရမ်း ကိုက်ခဲခြင်း
၂။ မနက်အိပ်ရာထထခြင်းတွင် တင်း၍အ ကွေး အဆန့် ခက်ခဲခြင်း
၃။ ရေကိုင်လျှင် လက်များဖြူ၍ ကိုက်လာခြင်း
၄။ အရေပြားများထူ၍ တင်းလာခြင်း
၅။ အစာမျိုရခက်ခဲခြင်း
၆။ အသက်ရှုမဝြခင်း
၇။ လက်ထိပ်ခြေထိပ်တွင် အနာများဖြစ်ပြီး မကျက်ခြင်း
၈။ သွေးတိုးခြင်း
အဆိုးဆုံးအနေဖြင့် ခန္ဓာကိုယ် နေရာ အနှံ့ ရောင် ရမ်းရာမှ ကျောက်ကပ်ပျက်စီးခြင်း၊ အဆုတ် ပျက်စီးခြင်း အပြင် လက်ထိပ် ခြေထိပ်မှအနာများကိုရောဂါမသိဘဲ ကုသနေခြင်း
ကြောင့် ခြေချောင်း လက်ချောင်းကလေးများ မလိုအပ်ဘဲ ဖြတ်ရခြင်းတို့ဖြစ်တတ်ပါသည်။
ထို့ကြောင့် မိမိ လက်ဆစ် ခြေဆစ် များ ကိုက် သည်ဖြစ်စေ၊ ရောင် ရမ်း နေသည်ဖြစ်စေ၊ တင်း နေ ပြီးကွေးလို့ ဆန့် လို့ မကောင်းသည်ဖြစ်စေ ၊ ဖော်ပြထားသော လက္ခဏာ တစ်ရပ်ရပ် ရှိ သည် ဖြစ်စေ တတ်ကျွမ်းသော အရိုး အကြော အထူးကု သမား တော် နှင့် အမြန်ပြသတိုင်ပင်သင့်ပါသည်။
နှလုံးလေးဘက်နာ သို့မဟုတ် ပိုးလေးဘက်နာ
နှလုံးလေးဘက်နာ သည် ဆယ်ကျော်သက် ကလေးများတွင် အဖြစ်များလေ့ ရှိပြီး ပိုး လေးဘက်နာ ဟုလည်း လူသိများပါသည်။ လူသိများသော လေးဘက်နာဖြစ်ပြီး လေးဘက် နာ ဟုဆိုလျှင် A*O ပိုးကောင်ရေပြေးစစ်ကြပြီး ပိုး လေးဘက်နာ ဟုပင်ထင်လေ့ ရှိကြပါသည်။
လက္ခဏာများမှာ
၁။ ဖျားခြင်း
၂။ လည်ချောင်းနာခြင်း
၃။ ရင်တုန်ခြင်း
၄။ ရင်ဘတ်အောင့်ခြင်း
၅။ အသက်ရှုမဝြခင်း
၆။ ခြေ၊ လက် ( အများအားဖြင့် လက်ကောက်၀တ်၊
တံတောင်၊ပုခုံး၊ ခြေချင်း၀တ် နှင့် ဒူး) ကိုက်ခြင်း တို့အဖြစ်များပါသည်။
လည်ချောင်းနာခြင်းကိုဖြစ်စေသော ပိုး(Streptococcal)မှတစ်ဆင့်ဖြစ်ပွားတတ်ပြီး အဆိုပါ ပိုးသည် ပိုးသတ်ဆေး ရေ ရှည် စွဲမသောက်ပါက နှလုံး အဆို့ရှင် ပျက်စီးခြင်းကိုဖြစ်ပေါ် စေပါသည်။ နှလုံးအဆို့ရှင် ပျက်စီး ခြင်းသည် ရောဂါပိုး ကြောင့်တိုက်ရိုက်ပျက်စီးခြင်းမဟုတ်ဘဲ ထို ရောဂါပိုး ကို တိုက်ခိုက်ရန် ခန္ဓာကိုယ် မှ ခုခံတုန့်ပြန်မှု ဆဲလ် များ ထွက်ပေါ်လာပြီး ထို ဆဲလ် များသည် နှလုံး ကြွက်သား များ အဆစ် များ တစ်ရှုးများ ကို တိုက်ခိုက်ရာမှ နှလုံးကြွက်သား ရောင်ရမ်း ခြင်း ၊ အရိုးအဆစ်များကိုက်ခြင်းတို့ဖြစ်စေပါသည်။ နှလုံးအဆို့ရှင်သည် ဆယ်နှစ် ဆယ့်ငါး နှစ် ကျော်မှ ဖြစ် တတ်ပြီး ငယ်စဉ်က ပိုး၀င်၀င်ချင်း သေချာ ကုသမှုမခံယူခဲ့ခြင်း ကြောင့်ဖြစ် ပြီး အဆို့ရှင် ပျက်စီးသော အခါ မှ ဆေး သောက် ၍ မရတော့ဘဲ ခွဲစိတ် မှုများလိုအပ်လာရပါသည်။ နှလုံးအားခွဲစိတ် ရသည့်အားလျော်စွာ အန္တရာယ် များရုံသာမက ငွေကုန်ကြေးကျလည်း အလွန်များနိုင်ပါသည်။
အထက်ဖော်ပြပါ လေးဘက်နာ ရောဂါခံစားနေရသူများ အနေဖြင့် မိမိရောဂါအကြောင်း သိရှိကြပြီး လက္ခဏာ ခံစားနေရသူများလည်းမပေါ့လျော့ကြစေရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။
Credit
Click here to claim your Sponsored Listing.
Category
Website
Address
Lashio