ZEST Gaming
welcome to zest gaming
17/10/2021
အဆင်မပြေမှန်းသိရက်နဲ့ ထားခဲ့ပြီးမှ
`` အဆင်ပြေအောင်နေပါ ´´ဆိုတဲ့
စိုးရိမ်သယောင်စကားတွေ ကျွန်တော့်ကို မပြောပါနဲ့
ပစ်ထားခဲ့ပြီးမှ ကျွန်တော့်စိတ်ကို ထင်ရောင်ထင်မှား ဖြစ်စေမယ့် အပြုအမူတွေမလုပ်ပါနဲ့
ခဗျားကျွန်တော့်အပေါ်မှာ ခံစားချက်တွေကျန်နေသေးတယ်လို့ ဇဝေဇဝါဖြစ်စေမယ့် အရာတွေကိုမလုပ်ပါနဲ့
ထွက်သွားပြီးမှတော့ ဝေးရာကိုဘဲပြေးပါ
ခဗျားသတ်ခဲ့တဲ့လူ သေလား ရှင်လား သိချင်ရုံ သဘောနဲ့တော့ ကျွန်တော့်နားမှာ ဝေ့လည်မနေပါနဲ့
ကျွန်တော့်စိတ်တွေကို ရှုပ်ထွေးအောင်မလုပ်ပါနဲ့ နာကျင်ရမှန်းသိရက်နဲ့ နောက်တစ်ကြိမ် ချောက်ထဲခုန်ချချင်အောင်မလုပ်ပါနဲ့
ကျွန်တော့်လည်း ကျွန်တော့်ဘဝကို လျှောက်လှမ်းရဦးမည်မို့
ခဗျားကို သံသယကင်းကင်းနဲ့ မုန်းလိုက်ချင်ပါတယ် နာကျည်းလိုက်ချင်ပါတယ်
ပြန်လာလိုက် ထွက်သွားလိုက် ချစ်ပြလိုက် ပစ်ချလိုက် ခဗျားစိတ်အလိုအတိုင်းလုပ်နေတာတွေကို လုံလုံလောက်လောက်ခံခဲ့ပြီးပြီမို့
တောင်းပန်ပါတယ် ကျွန်တော့်စိတ်လေးငြိမ်းချမ်းပါစေတော့ ။
17/10/2021
တတ်နိုင်တာထက်ပိုပြီး အားလုံးပေးခဲ့ခြင်းပါ
ပေးနိုင်သမျှအချစ်တွေ အားလုံးလည်းပေးခဲ့ပြီး
တတ်နိုင်တာထက်ပိုတဲ့ နားလည်မှုတွေလည်းပေးခဲ့ပါတယ်
ဆွဲနိုင်သလောက်လည်း အခါခါ ဆွဲထားခဲ့ပြီး
ခွင့်လွှတ်ပေးခဲ့တာလည်း အကြိမ်ကြိမ်ပါပဲ
ဒီထက်ပိုပြီး ကျွန်တော် ဘာမှမတတ်နိုင်တော့တာမို့ လက်လွှတ်လိုက်ခြင်းမျိုးပါ
အလိုမရှိတော့မှန်းသိတဲ့အခါ ကိုယ့်ခြေထောက်နဲ့ကိုယ် ထွက်လာခြင်းမျိုးပါပဲ
ပေးနိုင်သမျှ တကယ်အစွမ်းကုန်ပေးခဲ့ခြင်းဖြစ်လို့
ဒီခွဲခွာခြင်းအတွက် ကျွန်တော်ကတော့ နောင်တမရပါဘူး
အခုချိန်မှာ ကျွန်တော်ငိုရင်ငိုရပါလိမ့်မယ်
ခင်ဗျားကို သေမတတ်လွမ်းရင်လည်း လွမ်းနေပါလိမ့်မယ်
ဒါပေမဲ့ အချိန်တစ်ခုရောက်တဲ့အခါ နောင်တတွေနဲ့
ကျန်ခဲ့မယ့်သူက ခင်ဗျားပါပဲ
ခင်ဗျားကို ကျွန်တော်သိပ်ကောင်းခဲ့ကြောင်း နားလည်လာတဲ့အခါမျိုးမှာလေ ကျွန်တော့်ထက်ပိုကောင်းနိုင်တဲ့လူ ရှာလို့မတွေ့တော့တဲ့အခါမျိုးဖြစ်ဖြစ်ပေါ့ ။
Click here to claim your Sponsored Listing.
Category
Telephone
Address
Lashio
HELLO