Potato - Thrift Collection
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Potato - Thrift Collection, Thrift & Consignment Store, Mandalay Road, Myanmar, Burma (Myanmar), Lashio.
11/01/2022
𝐓𝐡𝐫𝐢𝐟𝐭 (ခြိုးခြံချွေတာခြင်း)
ကိုယ်ဝတ်မယ့် အဝတ်အထည်တွေကို ဘယ်လိုပုံစံနဲ့ ဝယ်လေ့ရှိလဲ ??
အိုကေ! ဒီဆယ်စုနှစ်တွေအတွင်းကို ပြန်ကြည့်ကြမယ်ဆိုရင် တစ်ခွန်းဆိုင်တွေ, Brand storeတွေ ,online shop တွေကနေ သေချာပေါက် ဝယ်ဖူးကြမှာပဲ။ ဒါပေမယ့် "ဘေထုပ်နှိုက်တယ်" လို့ ခေါ်ကြတဲ့ flea market, thrift market တွေမှာ ဝယ်တာမျိုးကိုတော့ လူ ၁၀ယောက်မှာ ၇ယောက်ပဲ လုပ်ဖူးလိမ့်မယ်လို့ မှန်းပါတယ်။ ဘာလို့လဲဆိုတော့ ဘေထုပ်ရဲ့ တစ်ပတ်ရစ်ဖြစ်မှု, စိတ်တိုင်းမကျရင် ပြန်လဲလို့မရတာ, warranty မရှိတာ, "ဘေထုပ်" ကို ရှက်စရာတစ်ခုလို့ မြင်ကြတာ စတာတွေက အဓိက အကြောင်းအရင်းဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ဒီနှစ်တွေအတွင်းမှာ အမြင်တွေ တဖြည်းဖြည်း လျော့ပါးလာတာကို သိသိသာသာမြင်ရတာ ဝမ်းသာစရာပါပဲ။
အဲ့တာတွေကို ဖယ်ကြည့်ပြီး သင့်တော်သက်သာတဲ့ ငွေamount တစ်ခုနဲ့ ဘေထုပ်ထဲမှာ ဘာတွေ ရနိုင်မလဲဆိုတာကလည်း စိတ်ဝင်စားဖို့ကောင်းလှပါတယ်။ ဘေထုပ်က တစ်လကို အနည်းဆုံး ၅သောင်းလောက်ထိ ကုန်နေတဲ့အဝတ်အစားဖိုးကို ပိုသက်သာ ပိုQualityကောင်းတဲ့ Alternative Choice အဖြစ် ပြောင်းလိုက်တဲ့ Game Changer ဖြစ်လာပါလိမ့်မယ်။
ဘေထုပ်လို့ပြောလိုက်ရင် မျက်လုံးထဲအချိုးမကျတဲ့အရောင်တွေ, cuttingတွေနဲ့အဝတ်တွေပဲ လှမ်းမြင်ကြမယ်ထင်တယ်။ များသောအားဖြင့်က အဲ့လိုပဲအကြမ်းဖျင်းသိထားတာမို့ ဘေထုပ်ကိုရှက်စရာ figureတစ်ခုအဖြစ်မြင်ကြတာပါ။ တကယ်တော့အဲ့လိုမဟုတ်ပဲ ကိုယ့်Fashion Senseကောင်းရင်ကောင်းသလို ဘေထုပ်လို့ထင်စရာမရှိအောင်ကို အရည်အသွေးကောင်းတဲ့ Authentic အဝတ်တွေရနိုင်ပါတယ်။
H&M, Urban Outfitters, Zara, Gap, Old Navy, Uniqlo, bathing ape, dickiesစတဲ့ Mid-range brandတွေ Adidas, Nike, Kappa, Asics, Under Armour, New Balance, Converse, Sport Brandတွေ
Levi's, Erwin, American Eagle, LEE, Tommy Hilfiger, Championလို ခပ်မြင့်မြင့်Brandတွေရယ်ကအစ
Brandအစုံ Artistအစုံ studioအစုံရဲ့ Merchအစစ်တွေ, တက္ကသိုလ်ပေါင်းစုံ ကျောင်းပေါင်းစုံကT-shirtအစုံကို ဘေထုပ်ထဲတွင်ရှာတွေ့နိုင်ပါတယ်။ ဒါပေမယ့် ဘေထုပ်ဟာဘေထုပ်ပဲမို့ brand new latest, trendyဖြစ်တာတွေကိုတော့ official showroom မှာပဲရနိုင်မှာပါ။
Brandအစွဲနဲ့မဟုတ်ပဲ comfortဖြစ်ဖို့ qualityကောင်းနေဖို့အဓိကဆိုရင်လဲ တကယ်မိုက်တဲ့ပုံစံပေါင်းစုံနဲ့အဝတ်အထည်တွေ ရာသီတိုင်းအတွက်ရှိသေးတယ်...ဒါပေမယ့် အပေါ်မှာပြောထားသလိုပဲ ဘေထုပ်သွားရွေးတိုင်းဒီလိုမျိုးတွေ့ရဖို့ကမသေချာလှပါဘူး။ ဒါတွေက ကိုယ်ရွေးဝယ်တဲ့အမျိုးအစား, ကိုယ့်ရဲ့ရွေးတတ်မှုနဲ့ Brand knowledge နဲ့လည်းဆိုင်ပါသေးတယ်။
ပွဲသွားပွဲလာမဟုတ်ရင် အဝတ်အသစ်တွေဝယ်ဖို့မလိုအပ်သေးရင် ထသွားထလာဝတ်အတွက် thriftingကိုစမ်းလုပ်ကြည့်ဖို့ တိုက်တွန်းပါရစေ။ တစ်ဦးနဲ့တစ်ဦးလက်ဆင့်ကမ်းထားတဲ့ pre-ownedလေးတွေကို ဝတ်ဆင်ခြင်းဟာ ရှက်စရာလည်းမဟုတ်သလို recycling လုပ်တာဖြစ်လို့ပတ်ဝန်းကျင်ကို ကောင်းမွန်တဲ့သက်ရောက်မှုတွေရှိပါသေးတယ်။😚
ဒါဟာ Thriftingရဲ့ တစ်ကိုယ်စာကောင်းကျိုးလေးတွေကို ပြောပြထားတာဖြစ်ပါတယ်။
Brand အစွဲမရှိပဲ ကိုယ်နဲ့ comfortable
ဖြစ်နိုင်ပီး အ၀တ်အစားတစ်မျိုးကို အချိန်အကြာကြီး ပေးမ၀တ်ချင်တဲ့ လူငယ်တွေအနေနဲ့ကတော့ 𝐓𝐡𝐫𝐢𝐟𝐭 𝐂𝐥𝐨𝐭𝐡𝐞𝐬 တွေကတော့ ရွှေပါပဲ
Crd.
11/01/2022
“ဘေထုပ်ဝတ်တာ ရှက်စရာမဟုတ်ပါ”
အခု မြန်မာနိုင်ငံမှာ ဘေထုပ် Fashion တွေ
ပြန်လည် ခေတ်စားလာတာကို
လူတိုင်း အသိပါနော်
အဓိက အကြောင်းအရင်းကတော့
လူငယ် တော်တော်များများဟာ
80s 90s British Outfit လေးတွေ
ဝတ်ရတာကို prefer ဖြစ်လာကြလို့ပါပဲ
ရှုပ်ယှက်ခတ်ပြီး ခေတ်ဆန်တာမျိုးတွေ
ဝတ်တာထပ် Vintage Style လေးတွေကို
တဖန်ပြန်လည်ဆန်းသစ်ပြီး ဝတ်တာက
လူတွေရဲ့ အမြင်အာရုံကို ပိုဖမ်းစားနိုင်မှာ
အသေအချာပါ
ဒီမှာ Admin က '' ဘေထုပ် '' ဆိုတာကို
သေချာလေး ရှင်းပြပေးပါမယ်
Bale (ဘေ) ဆိုတဲ့ ဝေါဟာရလေးက
english လိုဆို အစည်းလိုက် ၊ အစုလိုက် လို့
အဓိပ္ပာယ်ရပါတယ်
ဒါကို မြန်မာအခေါ်အဝေါ်အဖြစ်
Bale ထုပ် (ဘေထုပ်) ဆိုပြီး
အလွယ်ခေါ်ကြတာပါ
အဲ့ဒီအထုပ်တွေထဲမှာဆိုရင်
နိုင်ငံ အသီးသီး Branded အမျိုးမျိုးက
အဝတ်အစား စုံစုံလင်လင်ပါပါတယ်
Thrift တွေဆိုပေမယ့် Good Quality ထဲက
ဖြစ်ပြီး Made in (USA,Japan,Thailand,Korea)
တွေမို့လည်း လူငယ်တော်တော်များများဟာ
ဘေထုပ်ထဲကမှ Vintage ဆန်တာလေးတွေ
Retro Vibe လေးတွေနဲ့ Back to 80s 90s Fashion လေးတွေကို စျေးတန်တန် အထည်များများ
ဝတ်ရတာကြောင့် ပို အကြိုက်တွေ့လာရခြင်း
ဖြစ်ပါတယ် တခါတလေ ကံကောင်းရင်
Limited Edition တွေပါ ရနိုင်ပါတယ်နော်
အဲ့တော့ ပိုက်ဆံချွေတာချင်တဲ့ လူငယ်တွေ ၊
အဝတ်အစားအတွက် ပိုက်ဆံသိပ်မသုံးချင်တဲ့ လူတွေအတွက် Outfit တစ်စုံကို စျေးကြီးပေးဝယ်မယ့်အစား ဘေထုပ်ထဲက မွှေနှောက်ရှာပြီး Vintage Branded တွေကို တစ်ထည်ပြီးတစ်ထည်
ဝတ်ဖို့ကိုသာ recommend ပေးပါတယ် ❤
Click here to claim your Sponsored Listing.
Category
Website
Address
Mandalay Road, Myanmar, Burma (Myanmar)
Lashio