WH Computer Services Center
ဝင်ကြည့်ပါ လေ့လာစရာတွေအမြဲတင်ပေးနေ
20/03/2022
ကိုယ့်ရဲ့ Gaming PC လေးအတွက် PSU ကောင်းကောင်းလေး ရှာနေတယ်ဆိုရင်
ကောင်းတန်ကောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ ခင်ဗျ 😉
8pin ၂ချောင်း ပါဝင်ပီး ကြိုးကလဲ ရှည်တော့ ဟိုမရောက်ဒီမရောက်ဖြစ်နေမှာလဲ စိတ်ပူစရာမလိုဘူးပေါ့ 😇
W ကလဲ 750W ကိုမှ အပြည့် 1W လေးတောင်မလျော့ဘူးဆိုတော့ ☺️ Wow လို့ရပီပေါ့
ဒီဇိုင်းကကော ဘဘကြီးလားဆိုတော့ No ပါပေါ့
မမ လို လှပနေပီး မီးလေးကလဲပါတော့ အနေထားလေး ဖြစ်နေပီပေါ့
စျေးလေးကကောဆိုတော့
Logicon D750W တစ်လုံးကိုမှ 💲75000 ကျပ်လေးနဲ့ဆိုတော့ မမရဲ့အသံလေးလို ချိုနေပီမလား
ကဲ အာ့ဆိုရင်တော့ အပြေးလေး လာဝယ်ထားမှ စိတ်ချရမယ်နော်
မှာယူချင်တယ်ဆိုရင်
ရန်ကုန်မြို့တွင် C O D ဖြင့်ရပီး
နယ်မှ မှာယူချင်တယ်ဆိုရင်
Kpay+4% နဲ့ ငွေလွဲရောက်ပီး ၃ရက်အတွင်း royal express deli နဲ့ အိမ်အရောက်ပို့ဆောင်ပေးနေပါပီ ခင်ဗျ
ဆက်သွယ်ရန်
☎️☎️☎️
09421004990 / 0975107311
Chat box နှင့်
မြောက်ဥက္ကလာ ဝေဘာဂီ တွင်လည်း မှာယူနိုင်ပါတယ် ခင်ဗျ
16/02/2022
CPU အမြင့်တွေကို ဘာဖြစ်လို့ Motherboard အနိမ့်တွေနဲ့ မသုံးသင့်တာလဲ
ကျန်တော်တို့တွေ Desktop PC တွေဆင်ကြတဲ့အခါ CPU တွေ Graphic Card တွေကို အမြင့်တွေသုံးကြပေမဲ့ တချို့ component တွေကိုတော့ ဝိတ်လျော့ပြီးဆင်ကြတယ် အရင်တုန်းကတော့ Power Supply ပေါ့အခုတော့ PSU ကို ဝိတ်မလျော့သင့်ဘူးဆိုတာသိလာကြတော့ psu တော့ ကောင်းတာသုံးလာကြပြီ ဘယ်မှာသွား ဝိတ်လျော့လည်းဆိုတော့ Motherboard မှာပါ ကိုယ်က Cpu အမြင့်တွေ i5 i7 တွေသုံးထားပေမဲ့ Motherboard ကိုတော့ တော်ရုံတန်ရုံ H series ဘုတ်တွေ (H310 H410) လိုဘုတ်မျိုးတွေသုံးပြီးရသလောက် ဝိတ်လျော့ကြတယ် ဒါဆိုရင် Cpu အမြင့်တွေကို Motherboard အနိမ့်တွေနဲ့ တွဲသုံးလို့မရဘူးလား
အဖြေကတော့ ရပါတယ် တော်တော်များများ ကလည်း Motherboard ဆိုတာ ကြားထဲက ချိတ်ဆက်ပေးတဲ့ component တခုဘဲဆိုပြီး Motherboard ကိုတော်ရုံတန်ရုံလောက်ဘဲသုံးကြတာများတယ် အဲ့အယူအဆဟာ cpu အနိမ့်တွေ Pentium တွေ i3 လောက်မှာတော့ ပြသနာမရှိပေမဲ့ i5 i7 i9 တွေမှာတော့ မမှန်တော့ပါဘူး ဘာလိုလဲဆိုတော့ Motherboard အနိမ့်တွေမှာပါတတ်တဲ့ အလုပ်ဖြစ်ရုံထည့်ပေးထားတဲ့ VRM (Voltage Regulator Module) တွေကြောင့်ပါ VRM တွေက 8pin ကနေဝင်လာတဲ့ 12V ကို CPU အလုပ်လုပ်နိုင်တဲ့ 1.2V အဖြစ်ပြောင်းပေးတာပါ VRM ဆိုတာ CPU ရဲ့ Power Supply ပါဘဲ cpu socket ဘေးပတ်ချာလည်မှာ လေးထောင့်တုံးပုံစံလေးတွေရှိတယ် အဲတာတွေက phase တွေပါ အဲ့ phase တွေရဲ့ နောက်မှာမှ 5mm ပတ်လည်လောက် chip လေးတွေက VRM ပါ ဒါဖြင့် VRM မကောင်းတဲ့ ခပ်ညံညံဘုတ်တွေသုံးရင် ဘာဖြစ်မလဲ
i5 နဲ့အထက် cpu တွေမှာ သူရဲ့ speed ကို base clock နဲ့ boost clock ဆိုပြီးပြလေ့ရှိတယ် ဥပမာ 10gen i7 10700 ဆိုရင် base clock က 2.9ghz နဲ့ boost clock က 4.7 ghz ရှိတယ် မိတ်ဆွေက youtube ကြည့်တာမျိုး ပေါ့ပေါ့ပါးပါး သုံးနေရင်တော့ base clock နဲ့ဘဲ အလုပ်လုပ်ပြီး video edit လိုမျိုး heavy ဖြစ်တာမျိုးကြတော့ boost clock နဲ့ အလုပ်လုပ်မှာပါ CPU တလုံးဟာ အဲလို base clock ကနေ boost clock ကို တက်တော့မယ်ဆိုရင် လိုအပ်ချက်နစ်ခုရှိတယ် cooling ကောင်းကောင်းပေးရမယ် stable ဖြစ်တဲ့ power delivery လိုပါတယ် ဒီနေရာမှာ VRM ကအရေးပါလာပါပြီ cpu က base ကနေ boost ကိုတက်ဖို့ လိုတဲ့ power ကို VRM ကနေတောင်းပြီ ခပ်ညံညံဘုတ်တွေမှာပါတဲ့ VRM ကမပေးနိုင် အဲတာနဲ့ဘဲ အမြဲတမ်း base clock နဲ့ဘဲအလုပ်လုပ်နေရတယ် i7 cpu ကြီးဝယ်ထားပြီး အမြဲတမ်း base clock နဲ့ဘဲ အလုပ်လုပ်နေရရင် i5 ဝယ်ထားတာနဲ့ ဘာထူးတော့မှာဘဲ အတိုချုပ်ရရင် i5 နဲ့အထက်သုံးထားရင် motherboard ကို တော်ရုံတန်ရုံ ဘုတ်တွေအစား VRM ကောင်းတဲ့ ဘုတ်လေးတွေသုံးလိုက်တာက cpu performance အပြည့်ရမယ်ဆိုတာ sharing လုပ်ပေးလိုက်ပါတယ်
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Lashio