Daniel's English Home
I'm gladly here to help you guys to improve your English abilities. What are you waiting for. Join me for new updates�
27/06/2025
🙀🙀🙀🙀လကုန်တော့မယ်နော် နောက်ဆိုသင်တန်းစတော့မှာမို့ မြန်မြန်လာအပ်ထားကြ 😺😺😺လူပြည့်ဖို့3ယောက်ပဲကျန်တော့တယ် hurry up.....
+ အသေးစိတ်အချက်ကျကျလေ့လာချင်သလား
+ 4skillအပြင်critical thinkingတွေကောပါမှာနော်
+ 1 on 1 မို့ မထိရောက်မှာမပူနဲ့နော်
+ စနေ့နေ့တိုင်းမှာ free speaking class ဖြစ်တဲ့ social clubလေးရှိသေးတယ်နော်
+ Level တစ်ခုစီကို 5-6 လကြာပါတယ် အဲ့levelနဲ့ကိုက်ညီတဲ့ certificate တွေ knowledge တွေထိုက်ထိုက်တန်တန်ရရှိဦးမှာနော်
ဘာတွေမျှော်နေသေးလဲ helloသာ လုပ်ခဲ့လိုက်တော့...
#အင်္ဂလိပ်သင်တန်း
သင်သိပါသလား 👀👀👀👀
Good - ကောင်းသော ကို
Supercalifragilisticexpialidocious လို့ထပ်ပြောလို့ရတယ်ဆိုတာ.....🫰🫰🫰🫰
#အင်္ဂလိပ်သင်တန်း
08/06/2025
လာပြီ လာပြီ လာပြီဟေ့.....❤️🔥❤️🔥❤️🔥
Daniel's English Home မှာ ရှေ့လျှောက် Idioms တွေနဲ့အတူ slang များ၊ phrasal verbs များနှင့် Word of the day တို့ကို တွင်တွင်ကျယ်ကျယ်တင်ပေးသွားမှာဖြစ်ပါတယ်။
ဆိုတော့ကား.......
Idiom ဆိုတာဘာလဲ။ Slang ဆိုတာဘာလဲ။
Idiom ဆိုတာ တိုက်ရိုက်ဘာသာပြန်လို့မရတဲ့ စကားစုကိုခေါ်ပါတယ်။ စကားလုံးတစ်လုံးချင်းစီအလိုက်တိုက်ရိုက်ဘာသာပြန်တာမျိုးမဟုတ်ဘဲ စကားလုံးများစုပေါင်းလိုက်ရင်အဓိပ္ပာယ်နောက်တစ်မျိုးပြောင်းသွားတာမျိုးကိုဆိုလိုတာပါ။
ဥပမာ- break the ice - ရေခဲကိုဖျက်စီးလိုက်သည် ×
- စကားဖွင့်သည်/စကားဝိုင်းထဲဝင်သည် ✓
∆To break the ice, she told a funny story.
သူမဟာ ဟာသလေးတွေပြောပြီး စကားဝိုင်းစလိုက်တယ်။
Slang ဆိုတာက သာမန်အရပ်သုံးစကားပုံစံမျိုးကိုပြောတာဖြစ်ပါတယ်။ ပုံမှန်အားဖြင့် လူငယ်အုပ်စုများ အသုံးများတဲ့ informal စကားလုံးကိုဆိုလိုတာပါ။ သာမာန်အင်္ဂလိပ်စာထက် ပေါ့ပါးပြီး သီးသန့်အဓိပ္ပာယ်နဲ့အတူ အရပ်သုံးသောစကားလုံးတွေဖြစ်ပါတယ်။
ဥပမာ- Cool - မိုက်လိုက်တာ/သိပ်ကောင်းတယ်
That movie was so cool.
အဲ့ဒီရုပ်ရှင်ကတအားမိုက်တာ။
Idiom နဲ့ slang တို့ရဲ့ကွာဟချက်က Idiom ဟာများသောအားဖြင့် စကားလုံးအစုလိုက်ရှိတယ် မူလစကားလုံးနဲ့မတူတဲ့အနက်အဓိပ္ပာယ်နဲ့နေတယ် ရိုးရိုးအင်္ဂလိပ်စာအသုံးအနှုန်းတွေမှာသုံးတယ်။
ဥပမာ-You hit the nail on the head with your answer.
မင်းရဲ့အဖြေက လုံးဝကိုမှန်နေလိုက်တာ။
Slang ကျကတော့ စကားလုံးနည်းတယ် (အလွန်ဆုံး၂လုံး)။ အရပ်သုံးစကားဖြစ်တယ်။ ပေါ့ပေါ့ပါးပါးအပျော်သုံးစကားအရပဲသုံးတယ်။
ဥပမာ - Let's hang out after school.
ကျောင်းဆင်းရင်သွားလည်ကြရအောင်။
Idiom နဲ့ slang စကားလုံးအသစ်အသစ်တွေသိရဖို့ Page လေးကိုဝင်ကြည့်ဖို့နဲ့ like and share လုပ်ဖို့မမေ့နဲ့နော်။ ဒါ့အပြင်-
အပတ်စဉ် စနေနေ့တိုင်းမှာ free social club ရှိသေးတယ်နော်။ သာယာတဲ့နေ့ရက်လေးတွေပိုင်ဆုင်ရပါစေ။
#အင်္ဂလိပ်သင်တန်း
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Lashio