LONG KYI STORE

LONG KYI STORE

Share

မိမိမှာယူလိုသော ဆေးဝါး/အလှကုန်/လူသုံးကုန်ပစ္စည်းများ/စားသောက်ကုန်အခြောက်အခြမ်းမျိုးစုံကိုမှာယူနိုင်

23/12/2023

Japan ပန်းကန်sizeကြီး
တစ်ချပ်-15000ks
မာလာရှမ်းကော/ဂဏန်းမာလာ ထည့်စားတဲ့ဆိုက်ကြီးပန်းကန်
လားရှိုးမြို့တွင်းအိမ်ရောက်ငွေချေရသည်

Photos from LONG KYI STORE's post 23/12/2023

Japan ပန်းကန်sizeကြီး
တစ်ချပ်-18000ks
မာလာရှမ်းကော/ဂဏန်းမာလာ ထည့်စားတဲ့ဆိုက်ကြီးပန်းကန်
လားရှိုးမြို့တွင်းအိမ်ရောက်ငွေချေရသည်

09/04/2023

ဆားခါး (Epsom Salt)

ဆားခါး = မဂ္ဂနီဆီယမ် ဆာလဖိတ်
1kg-2500ks

(၁) - ခန္ဓာကိုယ်တွင်း အလွယ်တကူ စိမ့်ဝင်လွယ်။
- ဆားခါးမှ မဂ္ဂနီဆီယမ် သည် စရိုထိုးနင်း(serotonin) ထုတ်လုပ်မှုကို မြင့်တင်ခြင်းဖြင့် ခန္ဓာကိုယ် ဖိစီးမှုများကို သက်သာစေ။
- နှလုံးခုန်နှုန်း မြင့်တက်စေသော (adrenaline) အကျိုးဆက်ကိုလည်း လျော့ချပေး။
- မဂ္ဂနီဆီယမ်မှ ဆဲလ်များတွင်း စွမ်းအင်ထုတ်လုပ်မှုကို ကူညီပေးကာ လူကိုလန်းဆန်း အားတိုးစေ။

(၂) - ခန္ဓာကိုယ်တွင်း စိမ့်ဝင်လာသော ဆားခါးမှ ကြွက်သားများတောင့် နာကျင်ခြင်း နှင့် အဆစ်များ ရောင်ရမ်းခြင်းတို့ကို သက်သာစေ။
-ဆားခါးရေနွေး စိမ်၍ ချိုးခြင်းဖြင့် ခေါင်းအုံ ကိုက်ခဲခြင်း၊ ဝမ်းဗိုက်အောင့်ခြင်း တို့ကိုသက်သာစေ။
-နာကျင် ပင်ပန်း နွမ်းနယ်နေသော ခြေထောက်များကို ဆားခါးရေနွေးစိမ် ပြီး သက်သာစေနိုင်။

(၃) -ဆားခါးမှ _ အင်ဇိုင်း ဆိုင်ရာလုပ်ငန်းတာဝန်များကို အထောက်အကူပြု၊ ဆဲလ် အတွင်းရှိ အရည်အခြေအနေ ထိန်းသိမ်းခြင်းကို ကူညီပေး၊ ခန္ဓာကိုယ်တွင်း ကယ်လဆီယမ်မှ အာရုံကြော စနစ်များသို့ ဓာတုအချက်ပေးခြင်းများကို လွယ်ကူချော့မွေ့စေ။

(၄) -ဆားခါးသည် သွေးလည်ပတ်ခြင်းကို တိုးတက်ကောင်းမွန်စေပြီး နှလုံးနှင့်သွေးကြောတို့ ၏ ပြင်းထန် စိုးရိမ်ရသော နားမကျန် ဖြစ်ခြင်းကို တားဆီးပေး၊ သွေးလွှတ်ကြောတို့၏ ဆန့်ကျုံ့နိုင်မှုသတ္တိတို့ကို ကာကွယ်ပေး။
-ကျန်းမာ၍ ကောင်းမွန်သောသွေးလွှတ်ကြောများ၏အခြေအနေ ဆိုသည်မှာ သွေးခဲခြင်း၊ သွေးလွှတ်ကြောနံရံတို့ ဂျိုးတက်လာခြင်းနှင့် ပျက်စီးထိခိုက်ခြင်း စသည့် အန္တရာယ်တုိ့ကို လျော့နည်းစေခြင်းတို့ဖြစ်။
-တစ်ပတ် ၃-၄ ကြိမ်ခန့် ဆားခါးရေ စိမ်၍ ချိုးခြင်းဖြင့် စိတ်ဖိစီးမှု နည်းပါးစေ၊ သွေးဖိအားကျစေ၊ နှလုံးနှင့် သွေးကြောတို့၏ ကျန်းမာရေးကို တိုးတက်ကောင်းမွန်စေနိုင်။

(၅) -မဂ္ဂနီဆီယမ် နှင့် ဆာလဖိတ် နှစ်မျိုးလုံးသည် ခန္ဓာကိုယ်၏ အင်ဆူလင်ထုတ်လုပ်မှု နှင့် အသုံးပြုမှု စွမ်းရည်တို့ကို တိုးတက်စေရန် ကူညီပေး။
-ဆားခါးကို (အရေပြားမှတဆင့် စုပ်ယူစေခြင်းဖြင့်သော်၎င်း၊သောက်သုံးခြင်းနည်းဖြင့်သော်၎င်း) ပုံမှန်သုံးစွဲစေခြင်းဖြင့် သွေးတွင်း သကြားဓာတ်ကိုထိန်းညှိပေးပြီး ဆီးချို အန္တရာယ်ကိုလျော့ချနိုင်ကာ နေ့စဉ်စွမ်းအင်ပြည့်ဝနေစေရန် အထောက်အကူပြုနိုင်။

(၆) -ဝမ်းနုတ်စေရန် ရေနွေးတစ်ခွက်တွင် ဆားခါး လက်ဖက်ရည် တစ်ဇွန်း ကို ပျော်ဝင်သည်အထိ ရောမွှေပေးပြီး သောက်နိုင်။
*တစ်နေ့တစ်ခေါက်ထက် ပိုမသောက်ရ။
***ရက်အနည်းငယ်ကြာ သည်အထိ ရောဂါလက္ခဏာ မသက်သာလျှင် ဆရာဝန်နှင့် တိုင်ပင်ပါ။

(၇) -အဆူး စူးသောနေရာအစိတ်အပိုင်းအား ဆားခါးရေနွေးထဲသို့ မိနစ်အနည်းငယ်စိမ် ပေးခြင်းဖြင့် အလွယ်တကူ ကော်ထုတ်နိုင်။

(၈) -ဆားခါး နှစ်ခွက်ခန့် ရောစပ်ထားသော ရေနွေးထဲသို့ စိမ်ပေးခြင်းဖြင့် အဆစ်လွဲခြင်းနှင့် ပွန်းပဲ ဒဏ်ရာတို့ကြောင့် ကိုက်ခဲ နာကျင်ခြင်းတို့ကို သက်သာပြေပျောက်စေနိုင်။

(၉) -ဆားခါးတစ်ခွက် (၂၄၀ ဂရမ်ခန့်) ရောစပ်ထားသော ရေနွေးထဲသို့ ရေနွေးအေးသည်အထိ စိမ်ထားပေးခြင်းဖြင့် သဲဝဲ နှင့် ခြေသည်းမှိုစွဲခြင်း ရောဂါတို့ကို ကုသပေးနိုင်။

(၁၀) -ဆားခါး ထမင်းစားဇွန်း ၃-၄ ဇွန်း (၁ ဇွန်း= ၁၅ ဂရမ်ခန့်) ရောစပ်ထားသော ရေနွေးထဲသို့ အဆစ်အမြစ်ရောင်ရောဂါ (gout) ခံစားနေရသော ခန္ဓာကိုယ် အစိတ်အပိုင်းကို စိမ်ပေးနိုင်။
*မဂ္ဂနီဆီယမ် ဆာလဖိတ်တို့ သည်အရေပြားမှတဆင့် ကိုက်ခဲရောင်ရမ်းနေသော အဆစ်အမြစ်နေရာတို့ကို ရောက်ရှိပြီး နာကျင်ရောင်ရမ်းနေခြင်းတို့ကို သက်သာပြေပျောက်စေရန် ကူညီပေးနိုင်။

(၁၁) -စိုထိုင်းနေသော အရေပြားပေါ်သို့ ဆားခါး လက်တစ်ဆုပ်စာခန့် ပွတ်လိမ်းပေးခြင်းဖြင့် ဆဲလ်သေများကို အလွယ်တကူ ဖယ်ရှားပေးနိုင်ပြီး ကျန်းမာ ချောမွေ့သော အသားအရေ ကိုရရှိနိုင်။
*ခြေလက် နှင့် ခြေလက်ကြားတို့တွင်ပြုလုပ်ပေးနိုင်။

(၁၂) -ဆားခါးကို မျက်နှာသန့်စင် ဆပ်ပြာတို့နှင့်လည်း ရောစပ်၍အသုံးပြုနိုင်။

(၁၃) -ဆားဝက်ခြံ နှင့် အမည်းကွက်များအတွက် _
*ဆားခါးလက်ဖက်ရည်တစ်ဇွန်း(၅ ဂရမ်ခန့်) + အိုင်အိုဒင်း ၄ စက် + ရေပူ ခွက်တစ်ဝက်
*ဆားအားလုံး ပျော်ဝင်သွားပြီး ခပ်နွေးနွေး အနေအထားတွင် လိုအပ်သောနေရာ၌ လိမ်းကျံ ပေးနိုင်။
*ခြောက်အောင်ထားပြီးနောက် ရေနွေးဖြင့်မျက်နှာသစ်ပေးကာ ပုဝါသန့်သန့် ဖြင့်ခပ်ဖွဖွပုတ် ပေးပြီး ခြောက်သွေ့ပါစေ။

(၁၄) - ဆံပင်ပုံသွင်းပစ္စည်းများ ဖယ်ရှားရန် _
*ဆားခါးတစ်ခွက် (၂၄၀ ဂရမ်) + သံပရိုသီး + ရေ တစ်ဂါလံ
*၎င်းကို ၂၄ နာရီအုပ်ထားပြီနောက် ဆံပင်ပေါ်တွင် ၁၅-၂၀ မိနစ်ခန့်ထားပေးကာ ခေါင်းလျော်ပေးရန်။

(၁၅) - ဆံပင်ပမာဏ ထူစေရန်_
*ဆားခါး + ဆံပင်ပြုပြင်သည့်ဆေးရည် (ဆာလဖာ မပါဝင်သော conditioner)
*၎င်းကို ဆတူရောပြီး ခပ်နွေးနွေးအနေအထားပြုလုပ်ကာ ဆံပင်ပေါ်တွင် လိမ်းကျံပေးပြီး ၁၅-၂၀ မိနစ်ခန့် ကြာပြီးနောက် ခေါင်းလျော်ပေးရန်။

(၁၆) - အိုးခွက်၊ ဒယ်အိုး တို့၌ကပ်နေသော အတူးများ၊ ဂျိုးများကို ဆေးချွတ်ရန်သုံးနိုင်။

(၁၇) - ကြွေပြား အစွန်းအထင်းများကို ဆေးကြောရန် သုံးနိုင်။

(၁၈) - ဆားခါး + အလှဆီ(baby oil) ဆတူရောပြီး လက်ဆေးဆပ်ပြာအဖြစ်သုံးနိုင်။
*ပုံမှန်သုံးစွဲခြင်းဖြင့် လက်များကို နူးညံပြီး သန့်ရှင်းစေနိုင်။

(၁၉) - အဝတ်လျော်စက်ဂျိုးများကိုချွတ်ရန်_
*ဆားခါးတစ်ခွက်(၂၄၀ ဂရမ်) + ရှာလကာရည်(၆၀ မီလီ လီတာခန့်) + ရေနွေး
*စက်ကိုတစ်မိနစ်ခန့်လည်စေပြီးနောက် တစ်နာရီခန့်ဆက်၍စိမ်ထားရန်။

(၂၀) - ဆားခါးကို မြေသြဇာအဖြစ်သုံးနိုင်။
*အပင်ဖျက်ပိုးမွှားများ၊ ပက်ကျိစသည်များကို ဖယ်ရှားပေးနိုင်။

Credit.
ပြန်လည်မျှဝေသည်။

26/03/2023

မိမိရဲ့ တန်ဖိုးကြီးအပင်တွေအတွက် ရောစိုက်သင့်တဲ့ Perlite

Perlite ကို ၁၀% ကနေ ၃၀% လောက်ထိ မိမိစိုက်မယ့်စပ်မြေမှထည့်သွင်းကျပါတယ်

စပ်မြေ ၉ခွက် perlite ၁ခွက်
စပ်မြေ ၇ ခွက် perlite ၃ခွက် အဲ့လိုမျိုးပါ

မြန်မာနိုင်ငံမှာတော့ Perlite ကိုကျောက်ပွ ဖော့ကျောက်လို့ခေါ်ကျပါတယ်

ဘယ်ကရလဲ ?

Perlite ကိုမီးတောင်တွင်းထွက် ပစ္စည်းကနေ ရရှိတဲ့ကျောက်အမျိုးအစားတစ်ခုလို့အကြမ်းဖျင်းမှတ်ယူနိုင်ပါတယ်

စိုက်ပျိုးရေးမှာဘယ်လိုသုံးလဲ ?

Perlite ကို မြေမွမွလေး မြေမကြပ်ဖို့နဲ့ အမြစ်သန်ဖို့ ရောစပ်စိုက်ပျိုးကျပါတယ်

မြေဆီတွင်perlite ရောထည့်စိုက်ပျိုးခြင်းဖြင့်
မြေမကြပ်ပဲ လေ၀င် လေထွက်ကောင်းမွန်စေကာ အမြစ်ကြီးထွားဖို့အထောက်ကူပြုစေပါတယ်

ရေဆင်းကိုလဲ အထူးကောင်းစေတာကြောင့် ရေမကြိုက်တဲ့ တန်ဖိုးကြီး အပင်များမှာ ရေဓါတ်ထိန်းပီး ရေမကျန်ခြင်တဲ့ အပင်တွေမှာ မဖြစ်မနေ ထည်စိုက်သင့်ပါတယ်

စျေးနှုန်းလေးကတော့ 1200 ကျပ်ပါ

Want your business to be the top-listed Beauty Salon in Lashio?
Click here to claim your Sponsored Listing.

Telephone

Website

Address


Lashio